HomeCharacterရေဘုရင်ကြီး Namor အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

ရေဘုရင်ကြီး Namor အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၁၉၃၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marvel Comics #1 ထဲမှာ ပထမဆုံးအနေနဲ့ Namor ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ Marvel ကောမစ်က ပထမဆုံးဖန်တီးခဲ့တဲ့ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်ပြီးတော့ အတ္တလန်တစ်ရဲ့ ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Marvel ဇာတ်ကောင်တွေထဲမှာ ပျံသန်းနိုင်တဲ့ ဒုတိယဇာတ်ကောင်ဖြစ်ပြီးတော့ ပထမဆုံးကတော့ Human Torch ပဲ ဖြစ်ပါတယ်။ Namor ဟာ Live Action တွေမှာ မပါရသေးပေမယ့်လည်း သူနဲ့ပတ်သက်တဲ့ ကောမစ်ထဲက စိတ်ဝင်စားဖွယ် အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူဟာ Atlantean အစစ် မဟုတ်ပါဘူး။
photo via cbr

သူဟာ အတ္တလန်တစ်ရဲ့ ဘုရင်တစ်ယောက် ဖြစ်နေပေမယ့်လည်း Atlantean အစစ် မဟုတ်ပါဘူး။ Atlantean မင်းသမီး Fen နဲ့ သင်္ဘောသားတစ်ယောက် ဖြစ်တဲ့ Leonard Mckenzie တို့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်ကြပြီး နောက်ပိုင်းမှာတော့ မင်းသမီး Fen ဟာ သူ့ကို ကိုယ်ဝန်ရခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Atlantean အစစ် မဟုတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သန္ဓေပြောင်းလူသားတွေမှာရှိတဲ့ X-Gene ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူ့အဖေဟာ ဘာစွမ်းအားမှ မရှိပေမယ့်လည်း အဲ့ဒီ X-Gene ကို သူ့အဖေဆီကနေ အမွေရခဲ့တာ ဖြစ်ပါတယ်။

သူဟာ အဖွဲ့တွေတော်တော်များများထဲကို ဝင်ခဲ့ဖူးပါတယ်။
photo via cbr

အပေါ်မှာ ဖော်ပြခဲ့သလို သူဟာ အတ္တလန်တစ်ရဲ့ဘုရင်တစ်ယောက်ဖြစ်ပြီးတော့ အကြောင်းအမျိူးမျိူးကြောင့် ဖျက်စီးခံလိုက်ရပါတယ်။ အဲ့လိုနဲ့နောက်ပိုင်းတော့ သူဟာ Utopia ကျွန်းပေါ်မှာ ရှိနေတဲ့သန္ဓေပြောင်းလူသားတွေနဲ့ ပေါင်းမိသွားပါတယ်။ အကြောင်းကတော့ သန္ဓေပြောင်းလူသားတွေကလည်း အဲ့ဒီအချိန်တုန်းက တိုက်ခိုက်ခံနေရတာဖြစ်ပြီးတော့ သူဟာ သန္ဓေပြောင်းလူသားတစ်ယောက်ဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ X-Men တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့တန်ဖိုးထားတဲ့အရာတွေကို ကာကွယ်ကြပါတော့တယ်။ အဲ့ဒါတွေတင်မဟုတ်သေးဘဲ သူဟာ Avenger ၊ Defenders ၊ All-Winners နဲ့ Illuminati အဖွဲ့တွေထဲကို ဝင်ခဲ့ဖူးပါတယ်။

သူဟာ ရေထဲမှာ ရှိနေတဲ့အချိန်ဆိုရင် ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်း ရှိပါတယ်။
photo via cbr

သူ့ရဲ့ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်တဲ့အစွမ်းက Wolverine လောက်တော့ မကောင်းပေမယ့်လည်း ရေထဲရောက်နေတဲ့အချိန်ဆိုရင် ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်း ရှိပါတယ်။ အဲ့လိုမျိူး သူ့ရဲ့ ဒဏ်ရာတေွကို ပြန်လည်ကုသနိုင်တဲ့စွမ်းရည်ဟာ ရေစိုနေတဲ့အချိန်မှာ အကောင်းဆုံးဖြစ်ပြီးတော့ ခြောက်သွေ့နေရင်တော့ ပုံမှန်လူတစ်ယောက်အထိကို ကြာမြင့်နိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ခြေထောက်မှာ ရှိနေတဲ့အတောင်ပံဟာ ဒဏ်ရာရသွားရင် ပြန်လည်ကုသဖို့အတွက် အချိန်အကြာဆုံး ပေးရတာ ဖြစ်ပါတယ်။ အဲ့ဒီအတောင်ပံဟာ ရေကူးတဲ့နေရာမှာ အထောက်အကူပြုပြီးတော့ လေပေါ်ပျံနိုင်တဲ့ စွမ်းရည်ကိုလည်း ပိုင်ဆိုင်စေတာ ဖြစ်ပါတယ်။

သူဟာ ကမ္ဘာပေါ်မှာရှိသမျှ ဘာသာစကားတွေ အားလုံးနီးပါးကို ပြောတတ်ပါတယ်။
photo via cbr

သူဟာ မြေကြီးပေါ်မှာ နေထိုင်တဲ့သူတစ်ယောက် မဟုတ်ပေမယ့်လည်း လူသားတွေပြောကြတဲ့ ဘာသာစကားတွေ တော်တော်များများကို ကျွမ်းကျင်ပါတယ်။ ဒါ့အပြင် သူဟာ ဘုရင်တစ်ယောက်ဖြစ်တာကြောင့် နိုင်ငံတွေတော်တော်များများနဲ့ ဆက်ဆံရတာကြောင့်လည်း သူဟာ ဘာသာစကားတွေကို ကျွမ်းကျင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် X-Men အဖွဲ့ထဲကို ဝင်ခဲ့တဲ့အချိန်တုန်းကလည်း သူတို့တွေ နှစ်ပေါင်းများစွာ လေ့လာထားတဲ့ ဂြိုဟ်သားဘာသာစကားတစ်ခုကိုလည်း တတ်မြောက်ပါသေးတယ်။

သူဟာ Hulk ကို ပြည်နှင်ဒဏ်ပေးမယ့်အကြံကို ငြင်းဆိုခဲ့ပါတယ်။
photo via cbr

Planet Hulk ဇာတ်လမ်းဖြစ်လာမယ့်အချိန်မှာ Illuminati အဖွဲ့ဟာ Hulk ကို အာကာသထဲ ပြည်နှင်ဒဏ်ပေးသင့်မပေးသင့်ကို မဲပေးပြီးတော့ ဆုံးဖြတ်ကြပါတယ်။ အဲ့ဒီအချိန်က Hulk ဟာ ထိန်းချုပ်လို့မရနိုင်လောက်ကို ကြမ်းတမ်းနေတာကြောင့် သူ့ကို အာကာသထဲကို လွှတ်လိုက်တာဟာ အကောင်းဆုံးဖြစ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Namor ဟာ Defenders အဖွဲ့ဝင်တစ်ယောက် ဖြစ်နေတုန်းက Banner နဲ့ရင်းနှီးခဲ့ကြတာကြောင့် သူဟာအဲ့ဒီအကြံကို ကန့်ကွက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း မဲအရေအတွက်အရ သူဟာ ရှုံးနိမ့်သွားတာကြောင့် ဒီလိုလုပ်ရပ်အမှားကြီးကို မလုပ်သင့်ဘူးဆိုပြီး Illuminati အဖွဲ့တစ်ခုလုံးကို ဒေါသအကြီးအကျယ် ထွက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Iron Man ကိုရေထဲကျသွားအောင် ရိုက်ချလိုက်ပြီး ရေနှစ်သတ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဲ့ဒီအချိန်မှာ Doctor Strange ဟာ Iron Man ကိုဝင်ရောက်ကယ်ဆယ်ခဲ့တာကြောင့် သူဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပါတယ်။

သူဟာ Wakanda နဲ့စစ်ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

Secret Wars မဖြစ်ခင်အချိန်တုန်းက အတ္တလန်တစ်နဲ့ ဝါကန်ဒါတို့ရဲ့ ဆက်ဆံရေးတွေဟာ တဖြည်းဖြည်းနဲ့ တင်းမာလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်နိုင်ငံလုံးဟာ အချိန်အကြာကြီး စစ်ဖြစ်ကြပြီး နှစ်နိုင်ငံလုံးဟာ အထိနာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက Namor နဲ့ Black Panther တို့ဟာ multiverse ကြီးပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် Illuminati အဖွဲ့နဲ့အတူ အလုပ်တွဲလုပ်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ဝါကန်ဒါရဲ့ခေါင်းဆောင်ကတော့ Shuri ဖြစ်နေပြီးတော့ Black Panther ဟာ Namor နဲ့အတူတူ အလုပ်တွဲလုပ်နေတာကို သိလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ T’Challa ကိုမောင်းထုတ်လိုက်ပြီး T’Challa ဟာ ဝါကန်ဒါနိုင်ငံရဲ့ပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးရတဲ့သူတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ T’Challa ဟာ Namor ကြောင့် သူ့မှာရှိသမျှအရာအားလုံးဆုံးရှုံးသွားတာကြောင့် Namor ကိုအရမ်းကိုမုန်းတီးသွားခဲ့ပါတယ်။

ဒါ့အပြင် Secret Wars ထဲမှာတော့ သူတို့နှစ်ယောက်ဟာ Doctor Doom ကိုတားဆီးဖို့အတွက် ထပ်မံပြီးပူးပေါင်းခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း T’Challa ဟာ Doctor Doom ကိုတားဆီးပြီးသွားတာနဲ့ Namor ကိုပြန်ပြီးတော့ လက်စားချေမယ်ဆိုပြီး ဆုံးဖြတ်ထားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Doctor Strange ဟာ Doctor Doom ကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး မှော်ပစ္စည်းတွေနဲ့ စွမ်းအားကြီးပစ္စည်းတွေကို ထားခဲ့ပါတယ်။ အဲ့ဒီအထဲက စွမ်းအားအကြီးဆုံးတစ်ခုကတော့ Infinity Gauntlet ဖြစ်ပြီး အဲ့ဒီထဲမှာ Infinity Stone အပြည့်နဲ့ ထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Infinity Gauntlet ကို ဘယ်သူအသုံးပြုမှာလည်းဆိုတာကို ရွေးချယ်တဲ့အချိန်မှာတော့ Namor ဟာ T’Challa ကို အခုလိုပဲ ပြောခဲ့ပါတယ်။ ” ငါ့ကို မကြည့်ပါနဲ့။ ငါက မယုံရဘူးဆိုတာကို ငါတို့နှစ်ယောက်လုံး သိတာပဲလေ” ဆိုပြီး ပြောခဲ့တာကြောင့် T’Challa ဟာ Infinity Gauntlet ကို အသုံးပြုခဲ့ပါတယ်။

သူဟာ Phoenix Force ကို ပိုင်ဆိုင်ခဲ့ဖူးပါသေးတယ်။
photo via cbr

Avengers Vs. X-Men ဆိုတဲ့ ကောမစ်ထဲမှာတော့ သူဟာ စွမ်းအားအသစ်ကို ရရှိသွားခဲ့ပါတယ်။ သူဟာ အတ္တလန်တစ်ရဲ့ဘုရင်ဖြစ်တာကြောင့် ရေစွမ်းအားကို အသုံးပြုတာများပေမယ့်လည်း အဲ့ဒီထဲမှာတော့ မီးစွမ်းအားကိုပါ အသုံးပြုနိုင်ခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ Phoenix Force အပိုင်းအစတွေကို တားဆီးဖို့ကြိုးစားနေရင်းနဲ့ ကျဆုံးရှုံးသွားခဲ့ပါတယ်။ အဲ့လိုကျရှုံးသွားတာကြောင့် အဲ့ဒီ Phoenix Force ရဲ့အပိုင်းအစတွေဟာ သူ့ရဲ့ကိုယ်ထဲကို ဝင်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Phoenix Force ကို ပိုင်ဆိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၁၉၃၉ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Marvel Comics #1 ထဲမွာ ပထမဆုံးအေနနဲ႔ Namor ကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ သူဟာ Marvel ေကာမစ္က ပထမဆုံးဖန္တီးခဲ့တဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္ၿပီးေတာ့ အတၱလန္တစ္ရဲ႕ ဘုရင္တစ္ပါးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ Marvel ဇာတ္ေကာင္ေတြထဲမွာ ပ်ံသန္းႏိုင္တဲ့ ဒုတိယဇာတ္ေကာင္ျဖစ္ၿပီးေတာ့ ပထမဆုံးကေတာ့ Human Torch ပဲ ျဖစ္ပါတယ္။ Namor ဟာ Live Action ေတြမွာ မပါရေသးေပမယ့္လည္း သူနဲ႔ပတ္သက္တဲ့ ေကာမစ္ထဲက စိတ္ဝင္စားဖြယ္ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူဟာ Atlantean အစစ္ မဟုတ္ပါဘူး။
photo via cbr

သူဟာ အတၱလန္တစ္ရဲ႕ ဘုရင္တစ္ေယာက္ ျဖစ္ေနေပမယ့္လည္း Atlantean အစစ္ မဟုတ္ပါဘူး။ Atlantean မင္းသမီး Fen နဲ႔ သေဘၤာသားတစ္ေယာက္ ျဖစ္တဲ့ Leonard Mckenzie တို႔က ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ခ်စ္ႀကိဳက္ၾကၿပီး ေနာက္ပိုင္းမွာေတာ့ မင္းသမီး Fen ဟာ သူ႔ကို ကိုယ္ဝန္ရခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Atlantean အစစ္ မဟုတ္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ သေႏၶေျပာင္းလူသားေတြမွာရွိတဲ့ X-Gene ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ သူ႔အေဖဟာ ဘာစြမ္းအားမွ မရွိေပမယ့္လည္း အဲ့ဒီ X-Gene ကို သူ႔အေဖဆီကေန အေမြရခဲ့တာ ျဖစ္ပါတယ္။

သူဟာ အဖြဲ႕ေတြေတာ္ေတာ္မ်ားမ်ားထဲကို ဝင္ခဲ့ဖူးပါတယ္။
photo via cbr

အေပၚမွာ ေဖာ္ျပခဲ့သလို သူဟာ အတၱလန္တစ္ရဲ႕ဘုရင္တစ္ေယာက္ျဖစ္ၿပီးေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဖ်က္စီးခံလိုက္ရပါတယ္။ အဲ့လိုနဲ႔ေနာက္ပိုင္းေတာ့ သူဟာ Utopia ကြၽန္းေပၚမွာ ရွိေနတဲ့သေႏၶေျပာင္းလူသားေတြနဲ႔ ေပါင္းမိသြားပါတယ္။ အေၾကာင္းကေတာ့ သေႏၶေျပာင္းလူသားေတြကလည္း အဲ့ဒီအခ်ိန္တုန္းက တိုက္ခိုက္ခံေနရတာျဖစ္ၿပီးေတာ့ သူဟာ သေႏၶေျပာင္းလူသားတစ္ေယာက္ျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရသြားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ X-Men ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ သူတို႔တန္ဖိုးထားတဲ့အရာေတြကို ကာကြယ္ၾကပါေတာ့တယ္။ အဲ့ဒါေတြတင္မဟုတ္ေသးဘဲ သူဟာ Avenger ၊ Defenders ၊ All-Winners နဲ႔ Illuminati အဖြဲ႕ေတြထဲကို ဝင္ခဲ့ဖူးပါတယ္။

သူဟာ ေရထဲမွာ ရွိေနတဲ့အခ်ိန္ဆိုရင္ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္စြမ္း ရွိပါတယ္။
photo via cbr

သူ႔ရဲ႕ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္တဲ့အစြမ္းက Wolverine ေလာက္ေတာ့ မေကာင္းေပမယ့္လည္း ေရထဲေရာက္ေနတဲ့အခ်ိန္ဆိုရင္ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္စြမ္း ရွိပါတယ္။ အဲ့လိုမ်ိဴး သူ႔ရဲ႕ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္တဲ့စြမ္းရည္ဟာ ေရစိုေနတဲ့အခ်ိန္မွာ အေကာင္းဆုံးျဖစ္ၿပီးေတာ့ ေျခာက္ေသြ႕ေနရင္ေတာ့ ပုံမွန္လူတစ္ေယာက္အထိကို ၾကာျမင့္ႏိုင္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ေျခေထာက္မွာ ရွိေနတဲ့အေတာင္ပံဟာ ဒဏ္ရာရသြားရင္ ျပန္လည္ကုသဖို႔အတြက္ အခ်ိန္အၾကာဆုံး ေပးရတာ ျဖစ္ပါတယ္။ အဲ့ဒီအေတာင္ပံဟာ ေရကူးတဲ့ေနရာမွာ အေထာက္အကူျပဳၿပီးေတာ့ ေလေပၚပ်ံႏိုင္တဲ့ စြမ္းရည္ကိုလည္း ပိုင္ဆိုင္ေစတာ ျဖစ္ပါတယ္။

သူဟာ ကမာၻေပၚမွာရွိသမွ် ဘာသာစကားေတြ အားလုံးနီးပါးကို ေျပာတတ္ပါတယ္။
photo via cbr

သူဟာ ေျမႀကီးေပၚမွာ ေနထိုင္တဲ့သူတစ္ေယာက္ မဟုတ္ေပမယ့္လည္း လူသားေတြေျပာၾကတဲ့ ဘာသာစကားေတြ ေတာ္ေတာ္မ်ားမ်ားကို ကြၽမ္းက်င္ပါတယ္။ ဒါ့အျပင္ သူဟာ ဘုရင္တစ္ေယာက္ျဖစ္တာေၾကာင့္ ႏိုင္ငံေတြေတာ္ေတာ္မ်ားမ်ားနဲ႔ ဆက္ဆံရတာေၾကာင့္လည္း သူဟာ ဘာသာစကားေတြကို ကြၽမ္းက်င္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ X-Men အဖြဲ႕ထဲကို ဝင္ခဲ့တဲ့အခ်ိန္တုန္းကလည္း သူတို႔ေတြ ႏွစ္ေပါင္းမ်ားစြာ ေလ့လာထားတဲ့ ၿဂိဳဟ္သားဘာသာစကားတစ္ခုကိုလည္း တတ္ေျမာက္ပါေသးတယ္။

သူဟာ Hulk ကို ျပည္ႏွင္ဒဏ္ေပးမယ့္အႀကံကို ျငင္းဆိုခဲ့ပါတယ္။
photo via cbr

Planet Hulk ဇာတ္လမ္းျဖစ္လာမယ့္အခ်ိန္မွာ Illuminati အဖြဲ႕ဟာ Hulk ကို အာကာသထဲ ျပည္ႏွင္ဒဏ္ေပးသင့္မေပးသင့္ကို မဲေပးၿပီးေတာ့ ဆုံးျဖတ္ၾကပါတယ္။ အဲ့ဒီအခ်ိန္က Hulk ဟာ ထိန္းခ်ဳပ္လို႔မရႏိုင္ေလာက္ကို ၾကမ္းတမ္းေနတာေၾကာင့္ သူ႔ကို အာကာသထဲကို လႊတ္လိုက္တာဟာ အေကာင္းဆုံးျဖစ္မယ္ဆိုၿပီးေတာ့ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Namor ဟာ Defenders အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ေနတုန္းက Banner နဲ႔ရင္းႏွီးခဲ့ၾကတာေၾကာင့္ သူဟာအဲ့ဒီအႀကံကို ကန႔္ကြက္ခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း မဲအေရအတြက္အရ သူဟာ ရႈံးနိမ့္သြားတာေၾကာင့္ ဒီလိုလုပ္ရပ္အမွားႀကီးကို မလုပ္သင့္ဘူးဆိုၿပီး Illuminati အဖြဲ႕တစ္ခုလုံးကို ေဒါသအႀကီးအက်ယ္ ထြက္ပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Iron Man ကိုေရထဲက်သြားေအာင္ ႐ိုက္ခ်လိုက္ၿပီး ေရႏွစ္သတ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ ကံေကာင္းစြာနဲ႔ပဲ အဲ့ဒီအခ်ိန္မွာ Doctor Strange ဟာ Iron Man ကိုဝင္ေရာက္ကယ္ဆယ္ခဲ့တာေၾကာင့္ သူဟာ အသက္အႏၲရာယ္ကေန လြတ္ေျမာက္ခဲ့ပါတယ္။

သူဟာ Wakanda နဲ႔စစ္ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

Secret Wars မျဖစ္ခင္အခ်ိန္တုန္းက အတၱလန္တစ္နဲ႔ ဝါကန္ဒါတို႔ရဲ႕ ဆက္ဆံေရးေတြဟာ တျဖည္းျဖည္းနဲ႔ တင္းမာလာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ႏွစ္ႏိုင္ငံလုံးဟာ အခ်ိန္အၾကာႀကီး စစ္ျဖစ္ၾကၿပီး ႏွစ္ႏိုင္ငံလုံးဟာ အထိနာခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္တုန္းက Namor နဲ႔ Black Panther တို႔ဟာ multiverse ႀကီးပ်က္စီးမယ့္ အႏၲရာယ္ကေန ကာကြယ္ဖို႔အတြက္ Illuminati အဖြဲ႕နဲ႔အတူ အလုပ္တြဲလုပ္ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ဝါကန္ဒါရဲ႕ေခါင္းေဆာင္ကေတာ့ Shuri ျဖစ္ေနၿပီးေတာ့ Black Panther ဟာ Namor နဲ႔အတူတူ အလုပ္တြဲလုပ္ေနတာကို သိလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ T’Challa ကိုေမာင္းထုတ္လိုက္ၿပီး T’Challa ဟာ ဝါကန္ဒါႏိုင္ငံရဲ႕ပတ္ဝန္းက်င္ကို ေစာင့္ေရွာက္ေပးရတဲ့သူတစ္ေယာက္ ျဖစ္သြားခဲ့ပါတယ္။ T’Challa ဟာ Namor ေၾကာင့္ သူ႔မွာရွိသမွ်အရာအားလုံးဆုံးရႈံးသြားတာေၾကာင့္ Namor ကိုအရမ္းကိုမုန္းတီးသြားခဲ့ပါတယ္။

ဒါ့အျပင္ Secret Wars ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ Doctor Doom ကိုတားဆီးဖို႔အတြက္ ထပ္မံၿပီးပူးေပါင္းခဲ့ရပါေသးတယ္။ ဒါေပမယ့္လည္း T’Challa ဟာ Doctor Doom ကိုတားဆီးၿပီးသြားတာနဲ႔ Namor ကိုျပန္ၿပီးေတာ့ လက္စားေခ်မယ္ဆိုၿပီး ဆုံးျဖတ္ထားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Doctor Strange ဟာ Doctor Doom ေၾကာင့္ အသက္ဆုံးရႈံးခဲ့ရၿပီး ေမွာ္ပစၥည္းေတြနဲ႔ စြမ္းအားႀကီးပစၥည္းေတြကို ထားခဲ့ပါတယ္။ အဲ့ဒီအထဲက စြမ္းအားအႀကီးဆုံးတစ္ခုကေတာ့ Infinity Gauntlet ျဖစ္ၿပီး အဲ့ဒီထဲမွာ Infinity Stone အျပည့္နဲ႔ ထားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ Infinity Gauntlet ကို ဘယ္သူအသုံးျပဳမွာလည္းဆိုတာကို ေ႐ြးခ်ယ္တဲ့အခ်ိန္မွာေတာ့ Namor ဟာ T’Challa ကို အခုလိုပဲ ေျပာခဲ့ပါတယ္။ ” ငါ့ကို မၾကည့္ပါနဲ႔။ ငါက မယုံရဘူးဆိုတာကို ငါတို႔ႏွစ္ေယာက္လုံး သိတာပဲေလ” ဆိုၿပီး ေျပာခဲ့တာေၾကာင့္ T’Challa ဟာ Infinity Gauntlet ကို အသုံးျပဳခဲ့ပါတယ္။

သူဟာ Phoenix Force ကို ပိုင္ဆိုင္ခဲ့ဖူးပါေသးတယ္။
photo via cbr

Avengers Vs. X-Men ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ သူဟာ စြမ္းအားအသစ္ကို ရရွိသြားခဲ့ပါတယ္။ သူဟာ အတၱလန္တစ္ရဲ႕ဘုရင္ျဖစ္တာေၾကာင့္ ေရစြမ္းအားကို အသုံးျပဳတာမ်ားေပမယ့္လည္း အဲ့ဒီထဲမွာေတာ့ မီးစြမ္းအားကိုပါ အသုံးျပဳႏိုင္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူဟာ Phoenix Force အပိုင္းအစေတြကို တားဆီးဖို႔ႀကိဳးစားေနရင္းနဲ႔ က်ဆုံးရႈံးသြားခဲ့ပါတယ္။ အဲ့လိုက်ရႈံးသြားတာေၾကာင့္ အဲ့ဒီ Phoenix Force ရဲ႕အပိုင္းအစေတြဟာ သူ႔ရဲ႕ကိုယ္ထဲကို ဝင္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Phoenix Force ကို ပိုင္ဆိုင္ခဲ့ဖူးတာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular