HomeCharacterဗီလိန်မလေးတစ်ယောက်ဖြစ်တဲ့ Poison Ivy အကြောင်း စိတ်ဝင်စားစရာများ

ဗီလိန်မလေးတစ်ယောက်ဖြစ်တဲ့ Poison Ivy အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Poison Ivy ဟာ Bat Man ရဲ့အန္တရာယ်အများဆုံး ဗီလိန်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့နာမည်အရင်းကတော့ Dr. Pamela Lillian Isley ဖြစ်ပြီးတော့ ရုက္ခဗေဒပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ origin တွေကတော့ အကြိမ်အနည်းငယ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ အမှားအယွင်းတွေဖြစ်သွားတဲ့ စမ်းသပ်မှုတစ်ခုကြောင့် သူမဟာ Poison Ivy ဖြစ်လာခဲ့တာပါ။  အဲ့ဒီစမ်းသပ်ချက်ကြောင့်ပဲ သူဟာ သာမန်လူတွေထက် ထူးခြားတဲ့စွမ်းအားတွေရသွားပေမယ့်လည်း သူမရဲ့စိတ်ပိုင်းဆိုင်ရာကိုတော့ အနည်းငယ်ထိခိုက်သွားစေခဲ့ပါတယ်။ အဲ့ဒီအချက်တွေအပြင် တစ်ခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကို သိချင်ရင်တော့ အောက်မှာ ဆက်ပြီး ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

သူမကို ဖန်တီးရေးဆွဲခဲ့ရတဲ့ ပထမဆုံး ရည်ရွယ်ချက်ဟာ Bat Man ရဲ့ ချစ်သူအဖြစ် ဖန်တီးဖို့အတွက်ပါ။
photo via screenrant

သူမကို စတင်ဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ Bat Man ရဲ့ချစ်သူအဖြစ် ထည့်သွင်းချင်လို့ဖြစ်ပြီးတော့ အခုချိန်မှာ ထွက်နေတဲ့ comic တွေနဲ့ animated movie တွေထဲမှာလိုမျိုး ဗီလိန်ပုံစံ မဟုတ်ပါဘူး။ သူမဟာ ၁၉၆၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Batman #181 ဆိုတဲ့ comic မှာ ပထမဆုံး ပါဝင်ခဲ့ပါတယ်။ စတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက ဒီအတိုင်း comic ထဲကို ထည့်ဆွဲခဲ့တာဖြစ်ပြီး သူမရဲ့ origin ကိုတော့ ဖော်ပြထားခြင်းမရှိဘဲ ဖျားယောင်းသွေးဆောင်တတ်တဲ့ မိန်းကလေးတစ်ယောက်ပုံစံလိုမျိုး ဖန်တီးထားခဲ့ပါတယ်။ အဲ့ဒီ comic ထဲမှာတော့ သူမဟာ Bat Man ကို ပထမဆုံးတွေ့တဲ့အချိန်မှာ သူမဖန်တီးထားတဲ့ Love Potion နဲ့ ထောင်ခြောက်ဆင်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက သူမဟာ Bat Man ကို အရူးအမူးစွဲလမ်းနေတဲ့ ပုံစံမျိုး ဖန်တီးထားပြီးတော့ Bat Man ကတော့ ထုံးစံအတိုင်း သူမရဲ့စိတ်တိုင်းကျ လိုက်ပြီး မလုပ်ပေးခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သူမဟာ ပရိသတ်တွေကြားထဲမှာ တဖြည်းဖြည်းနဲ့ နာမည်ကြီးလာတာကြောင့် သူ့အတွက် origin ကိုဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီးတော့ သူမဟာ ပိုပြီး စွမ်းအားကြီးလာကာ Bat Man ရဲ့ အန္တရာယ်အများဆုံး ဗီလိန်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ အခုချိန်ထိ Bat Man နဲ့ တစ်ခါတစ်ရံကျရင် ဘာလိုလို ဖြစ်နေသေးပေမယ့်လည်း သူမဟာ အခုတော့ လူသားတွေကို ဂရုမစိုက်တော့ဘဲ သဘာဝပတ်ဝန်းကျင်နဲ့ အပင်တွေကိုပဲ ပိုပြီးအလေးထားတတ်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ။

သူမဟာ အပင်တွေကို အသုံးပြုပြီး မကောင်းဆိုးဝါးတွေကို ဖန်တီးနိုင်ပါတယ်။
photo via screenrant

သူမဟာ အရာတွေအများကြီးကို လုပ်နိုင်စွမ်းရှိပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာတော့ သူရဲ့အမိန့်ကို နာခံမယ့် အပင်တွေနဲ့ဖွဲ့စည်းထားတဲ့ မကောင်းဆိုးဝါးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူမဟာ အပင်တွေကို ထိန်းချုပ်နိုင်တဲ့အပြင် အပင်တွေရဲ့ ကြီးထွားမှုနှုန်းကိုလည်း အလိုရှိသလို အရှိန်မြှင့်တင်နိုင်တာကြောင့်ပဲ အဲ့ဒီမကောင်းဆိုးဝါးကြီးတွေကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီမကောင်းဆိုးဝါးတွေဟာ သူမအတွက် တိုက်ခိုက်ပေးရုံတင်မကဘဲ ဖုန်းဆက်သလိုမျိုး သူတို့ကနေဆင့် တစ်ခြားသူတွေနဲ့ စကားပြောဆို ဆက်သွယ်လို့ရပါတယ်။ ဒါ့အပြင် သူမဟာ အဲ့ဒီမကောင်းဆိုးဝါးတွေကို အဝေးကြီးကနေ လှမ်းပြီးထိန်းချုပ်နိုင်တဲ့အပြင် သူမအနားမှာ အပင်တွေရှိနေသရွေ့ အဲ့ဒီကောင်တွေကို ဖန်တီးလို့ရပါတယ်။ သူတို့ဟာ တိုက်ခိုက်တဲ့နေရာမှာလည်း အသုံးဝင်သလို ထောက်လှမ်းရေးလုပ်တဲ့နေရာမှာလည်း တော်တော်လေးကို အသုံးဝင်တဲ့ အရည်အချင်းတစ်ခုပါ။

သူမရဲ့အနမ်းတစ်ပွင့်ဟာ လူကိုသေစေနိုင်ပါတယ်။
photo via screenrant

သူမရဲ့ပုံစံတစ်မျိုးဖြစ်တဲ့ အပင်တွေနဲ့သူနဲ့ပေါင်းစပ်ထားတဲ့အချိန်မှာဆိုရင်တော့ သူမဟာ အဆိပ်အမျိုးအစားအားလုံးနဲ့ သေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ခံနိုင်ရည်ရှိပါတယ်။ ဒါ့အပြင် သူမဟာ Joker ရဲ့ ရယ်မောစေတဲ့ ဓာတ်ငွေ့ကို ခံနိုင်ရည်ရှိတဲ့ လူနည်းစုထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့လိုမျိုး အဆိပ်အတောက်တွေဟာ သူ့အပေါ်မှာ မသက်ရောက်ရတဲ့အကြောင်းအရင်းကတော့ သူရဲ့ခန္ဓာကိုယ်ထဲမှာကိုက သေစေနိုင်တဲ့အဆိပ်တွေ အများကြီး ရှိနေတာကြောင့် ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ သူမဟာ လူတစ်ယောက်ကို ထိတွေ့ရုံနဲ့တင် နာရီပိုင်းကနေ စက္ကန့်ပိုင်းအတွင်းထိ သူမအလိုရှိသလို သတ်ပစ်လို့ရပါတယ်။ ဒါပေမဲ့လည်း တစ်ချို့အခြေအနေတွေမှာတော့ အဲ့လိုထိတွေ့ရုံနဲ့တင် မသတ်ပစ်နိုင်ဘဲ သူမရဲ့အနမ်းတစ်ပွင့်ကသာ လူတစ်ယောက်ကို သတ်ပစ်နိုင်ပါတယ်။ ဒါ့အပြင် သူမဟာ သူ့ရဲ့ရန်သူတွေအပေါ် အဆိပ်ပေါင်းမျိုးစုံအသုံးပြုလေ့ရှိပြီး အသုံးအများဆုံးကတော့ စိတ်ကိုထိန်းချုပ်နိုင်တဲ့အဆိပ် ၊ ထင်ယောင်ထင်မှားတွေ မြင်စေနိုင်တဲ့အဆိပ်နဲ့ သူမကို မြင်မြင်ချင်း ချစ်မိသွားစေမယ့် Love Potion တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ Love Potion ဟာ ယောင်္ကျားတွေတင်မကဘဲ မိန်းမတွေအပေါ်မှာပါ သက်ရောက်ပြီးတော့ သူမရဲ့ Love Potion ကြောင့် ဒုက္ခရောက်ခဲ့တဲ့ ဟီးရိုးတွေလည်း အများကြီး ရှိပါတယ်။

လိင်တူလိင်ကွဲ စိတ်ဝင်စားသူတစ်ယောက်လည်း ဖြစ်ပါတယ်။
photo via screenrant

သူမဟာ အမြဲတမ်း ယောင်္ကျားလေးသာမက မိန်းကလေးတွေကို စိတ်ဝင်စားတတ်တဲ့ ပုံစံမျိုးကို အရင်က အရိပ်အမြွက်တွေ ပြခဲ့ဖူးတာကြောင့် ပရိသတ်တွေတော်တော်များများကြားမှာ သူမဟာ LGBT ဖြစ်ပါတယ်ဆိုတဲ့ သီအိုရီတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၅ ခုနှစ်မှာတော့ သူမဟာ တကယ့် LGBT တစ်ယောက်ဆိုတာကို ဖော်ပြခဲ့ပါတယ်။

သူမကို စတင်ဖန်တီးခဲ့တုန်းကတော့ Bat Man ရဲ့ချစ်သူအနေနဲ့ ထည့်သွင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ သူမဟာ Harlry Quinn အပေါ်မှာ ခံစားချက်တွေ ရှိနေခဲ့ပါတယ်။ Ivy နဲ့ Harley တို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူငယ်ချင်းတွေအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီးတော့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေကတော့ သူငယ်ချင်းတွေဆိုတာထက်ကို ပိုလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Harley Quinn comic စီးရီးတွေထဲက တစ်ခုမှာတော့ သူတို့နှစ်ယောက်ကြားက သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေကို ချပြခဲ့ပါတယ်။

သူမဟာ Clayface နဲ့လက်ထပ်ခဲ့ဖူးပါတယ်။
photo via screenrant

သူမဟာ လိုချင်တာကို ရဖို့အတွက် အမြဲတမ်း ယောင်္ကျားတွေကို လှည့်ဖျားနေတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ရည်မှန်းချက်တွေပြည့်ဖို့အတွက် တစ်ခြားလူတွေကို အသုံးချဖို့အတွက် လုံးဝနှောင့်နှေးနေခြင်း မရှိပါဘူး။ ဒါ့အပြင် Clayface ဟာလည်း သူမရဲ့သားကောင်တွေထဲက တစ်ယောက်ဖြစ်ခဲ့ဖူးပါသေးတယ်။ Detective Comics #15 ထဲမှာတော့ သူမနဲ့ Clayface ဟာလက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေပါလို့ Clayface ကိုယုံကြည်အောင် လှည့်ဖျားခဲ့ပါတယ်။ အဲ့လိုလုပ်ရတဲ့အကြောင်းအရင်းကတော့ သူမရဲ့အသက်ဟာ ခြိမ်းခြောက်ခံနေရပြီး အကာအကွယ်လိုအပ်နေတာကြောင့် အခုလို လှည့်စားခဲ့တာ ဖြစ်ပါတယ်။

အဲ့လိုလှည့်စားဖို့အတွက် သူမဟာ Clayface အပေါ်ကို Love Potion အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် Clayface ဟာ Arkham အရူးထောင်မှာ အဖမ်းခံထားရတဲ့အချိန်မှာလည်း သူမဟာ သူ့ကိုအရမ်းချစ်တဲ့အကြောင်းတွေကို စာတွေရေးပြီး ပို့ပေးခဲ့တဲ့အပြင် နောက်ပိုင်းမှာတော့ သူ့အတွက် ထောင်ဖောက်ပြီး ကယ်ထုတ်ပေးခဲ့ပါတယ်။ Love Potion ကြောင့်ရော အဲ့လိုအပြုအမူတွေရောကြောင့်ပါ Clayface ဟာ သူမကို အရမ်းစွဲလမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အစစ်မဟုတ်ဘူးဆိုတာကို Bat Man ကဖော်ထုတ်လိုက်တဲ့အချိန်မှာတော့ Clayface ဟာ အသဲကွဲပြီးတော့ အရမ်းကို ခံစားခဲ့ရပါတယ်။ Ivy ကတော့ သူ့ရဲ့လုံခြုံရေးအတွက် အသုံးချခဲ့ရုံသက်သက်ဖြစ်တာကြောင့် ဘာမှမခံစားခဲ့ရပါဘူး။

သူမဟာ အသက်ရှင်သန်ဖို့အတွက် နေရောင်ခြည်နဲ့ရေကို လိုအပ်ပါတယ်။
photo via screenrant

သူမဟာ အပင်တွေကို ချစ်ခင်တတ်တဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် အပင်တွေကိုလည်း ထိန်းချုပ်နိုင်တယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် သူမရဲ့ခန္ဓာကိုယ်ဟာ အပင်တစ်ပင်နဲ့ လူသားနဲ့ ပေါင်းစပ်ထားတာကြောင့် သူမကိုယ်တိုင်ကိုက အပင်တစ်ပင်လို့ ပြောလို့ရပါတယ်။ အပင်တစ်ပင်လိုမျိုး ဖြစ်နေတာကြောင့် သူမဟာ အသက်ရှင်သန်ဖို့အတွက် နေရောင်ခြည်ကို လိုအပ်ပြီးတော့ နေရောင်ခြည်ကို မရတာကြာသွားရင်တော့ သူမဟာ အားနည်းသွားပြီးတော့ အသက်တောင် ဆုံးရှုံးသွားနိုင်တဲ့အထိကို သူ့အတွက် နေရောင်ခြည်က အရေးပါပါတယ်။ တစ်ခါတုန်းက Clayface ဟာ သူမကို ပြန်ပေးဆွဲသွားပြီးတော့ နေရောင်ရဲ့အဝေးမှာ ဖမ်းထားခဲ့ဖူးပါသေးတယ်။

ဒါ့အပြင် သူမဟာ အပင်တစ်ပင်လိုမျိုး ဖြစ်နေတာကြောင့် လူတွေလိုမျိုး အောက်စီဂျင်ကို မရှုဘဲနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကိုပဲ ရှုသွင်းပါတယ်။ အဲ့ဒါကြောင့်ပဲ အောက်စီဂျင်မရှိတဲ့အခန်းထဲမှာ အဖမ်းခံထားရရင်တောင် သူမဟာ အသက်ရှင်နိုင်စွမ်းရှိပါတယ်။ အဲ့ဒါတင်မဟုတ်သေးဘဲ အပင်တွေမျိုး ရေကိုလည်း လိုအပ်ပါသေးတယ်။ Gotham City Sirens #8 ဆိုတဲ့ comic ထဲမှာတော့ သူမဟာ အကြောင်းတစ်မျိုးမျိုးကြောင့် အခေါင်းထဲထည့်ပြီး မြေမြုပ်ခံခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ ရဲမှူး Gordon ဟာ သူမကိုရှာတွေ့သွားခဲ့ပေမယ့်လည်း နေရောင်ကို မရတာအချိန်တွေကြာနေပြီ ဖြစ်တာကြောင့် သူမဟာ အလွန်ကိုအားနည်းနေပြီးတော့ သေလုနီးနီးဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမရဲ့သူငယ်ချင်းဖြစ်သူ Catwoman ကတော့ လက်မလျော့ခဲ့ဘဲနဲ့ အနီးဆုံးမှာရှိတဲ့ ရေအိုင်ဆီကို သယ်သွားပြီးတော့ ရေထဲပစ်ချခဲ့ပါတယ်။ ခဏကြာတဲ့အချိန်မှာတော့ သူမဟာ နဂိုပုံစံအတိုင်း ကျန်းကျန်းမာမာနဲ့ ရေထဲကနေ ပြန်ပြီး တက်လာခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Poison Ivy ဟာ Bat Man ရဲ႕အႏၲရာယ္အမ်ားဆုံး ဗီလိန္ေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ သူမရဲ႕နာမည္အရင္းကေတာ့ Dr. Pamela Lillian Isley ျဖစ္ၿပီးေတာ့ ႐ုကၡေဗဒပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕ origin ေတြကေတာ့ အႀကိမ္အနည္းငယ္ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒီထဲက တစ္ခုကေတာ့ အမွားအယြင္းေတြျဖစ္သြားတဲ့ စမ္းသပ္မႈတစ္ခုေၾကာင့္ သူမဟာ Poison Ivy ျဖစ္လာခဲ့တာပါ။  အဲ့ဒီစမ္းသပ္ခ်က္ေၾကာင့္ပဲ သူဟာ သာမန္လူေတြထက္ ထူးျခားတဲ့စြမ္းအားေတြရသြားေပမယ့္လည္း သူမရဲ႕စိတ္ပိုင္းဆိုင္ရာကိုေတာ့ အနည္းငယ္ထိခိုက္သြားေစခဲ့ပါတယ္။ အဲ့ဒီအခ်က္ေတြအျပင္ တစ္ျခားစိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းေတြကို သိခ်င္ရင္ေတာ့ ေအာက္မွာ ဆက္ၿပီး ဖတ္ၾကည့္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။

သူမကို ဖန္တီးေရးဆြဲခဲ့ရတဲ့ ပထမဆုံး ရည္႐ြယ္ခ်က္ဟာ Bat Man ရဲ႕ ခ်စ္သူအျဖစ္ ဖန္တီးဖို႔အတြက္ပါ။
photo via screenrant

သူမကို စတင္ဖန္တီးခဲ့တဲ့ ရည္႐ြယ္ခ်က္ကေတာ့ Bat Man ရဲ႕ခ်စ္သူအျဖစ္ ထည့္သြင္းခ်င္လို႔ျဖစ္ၿပီးေတာ့ အခုခ်ိန္မွာ ထြက္ေနတဲ့ comic ေတြနဲ႔ animated movie ေတြထဲမွာလိုမ်ိဳး ဗီလိန္ပုံစံ မဟုတ္ပါဘူး။ သူမဟာ ၁၉၆၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Batman #181 ဆိုတဲ့ comic မွာ ပထမဆုံး ပါဝင္ခဲ့ပါတယ္။ စတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက ဒီအတိုင္း comic ထဲကို ထည့္ဆြဲခဲ့တာျဖစ္ၿပီး သူမရဲ႕ origin ကိုေတာ့ ေဖာ္ျပထားျခင္းမရွိဘဲ ဖ်ားေယာင္းေသြးေဆာင္တတ္တဲ့ မိန္းကေလးတစ္ေယာက္ပုံစံလိုမ်ိဳး ဖန္တီးထားခဲ့ပါတယ္။ အဲ့ဒီ comic ထဲမွာေတာ့ သူမဟာ Bat Man ကို ပထမဆုံးေတြ႕တဲ့အခ်ိန္မွာ သူမဖန္တီးထားတဲ့ Love Potion နဲ႔ ေထာင္ေျခာက္ဆင္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္တုန္းက သူမဟာ Bat Man ကို အ႐ူးအမူးစြဲလမ္းေနတဲ့ ပုံစံမ်ိဳး ဖန္တီးထားၿပီးေတာ့ Bat Man ကေတာ့ ထုံးစံအတိုင္း သူမရဲ႕စိတ္တိုင္းက် လိုက္ၿပီး မလုပ္ေပးခဲ့ပါဘူး။ ေနာက္ပိုင္းမွာေတာ့ သူမဟာ ပရိသတ္ေတြၾကားထဲမွာ တျဖည္းျဖည္းနဲ႔ နာမည္ႀကီးလာတာေၾကာင့္ သူ႔အတြက္ origin ကိုဖန္တီးေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီးေတာ့ သူမဟာ ပိုၿပီး စြမ္းအားႀကီးလာကာ Bat Man ရဲ႕ အႏၲရာယ္အမ်ားဆုံး ဗီလိန္ေတြထဲက တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သူမဟာ အခုခ်ိန္ထိ Bat Man နဲ႔ တစ္ခါတစ္ရံက်ရင္ ဘာလိုလို ျဖစ္ေနေသးေပမယ့္လည္း သူမဟာ အခုေတာ့ လူသားေတြကို ဂ႐ုမစိုက္ေတာ့ဘဲ သဘာဝပတ္ဝန္းက်င္နဲ႔ အပင္ေတြကိုပဲ ပိုၿပီးအေလးထားတတ္တဲ့ လူတစ္ေယာက္ ျဖစ္ေနခဲ့ပါၿပီ။

သူမဟာ အပင္ေတြကို အသုံးျပဳၿပီး မေကာင္းဆိုးဝါးေတြကို ဖန္တီးႏိုင္ပါတယ္။
photo via screenrant

သူမဟာ အရာေတြအမ်ားႀကီးကို လုပ္ႏိုင္စြမ္းရွိၿပီး ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္မွာေတာ့ သူရဲ႕အမိန႔္ကို နာခံမယ့္ အပင္ေတြနဲ႔ဖြဲ႕စည္းထားတဲ့ မေကာင္းဆိုးဝါးေတြကို ဖန္တီးႏိုင္ခဲ့ပါတယ္။ သူမဟာ အပင္ေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ အပင္ေတြရဲ႕ ႀကီးထြားမႈႏႈန္းကိုလည္း အလိုရွိသလို အရွိန္ျမႇင့္တင္ႏိုင္တာေၾကာင့္ပဲ အဲ့ဒီမေကာင္းဆိုးဝါးႀကီးေတြကို ဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီမေကာင္းဆိုးဝါးေတြဟာ သူမအတြက္ တိုက္ခိုက္ေပး႐ုံတင္မကဘဲ ဖုန္းဆက္သလိုမ်ိဳး သူတို႔ကေနဆင့္ တစ္ျခားသူေတြနဲ႔ စကားေျပာဆို ဆက္သြယ္လို႔ရပါတယ္။ ဒါ့အျပင္ သူမဟာ အဲ့ဒီမေကာင္းဆိုးဝါးေတြကို အေဝးႀကီးကေန လွမ္းၿပီးထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ သူမအနားမွာ အပင္ေတြရွိေနသေ႐ြ႕ အဲ့ဒီေကာင္ေတြကို ဖန္တီးလို႔ရပါတယ္။ သူတို႔ဟာ တိုက္ခိုက္တဲ့ေနရာမွာလည္း အသုံးဝင္သလို ေထာက္လွမ္းေရးလုပ္တဲ့ေနရာမွာလည္း ေတာ္ေတာ္ေလးကို အသုံးဝင္တဲ့ အရည္အခ်င္းတစ္ခုပါ။

သူမရဲ႕အနမ္းတစ္ပြင့္ဟာ လူကိုေသေစႏိုင္ပါတယ္။
photo via screenrant

သူမရဲ႕ပုံစံတစ္မ်ိဳးျဖစ္တဲ့ အပင္ေတြနဲ႔သူနဲ႔ေပါင္းစပ္ထားတဲ့အခ်ိန္မွာဆိုရင္ေတာ့ သူမဟာ အဆိပ္အမ်ိဳးအစားအားလုံးနဲ႔ ေသေစႏိုင္တဲ့ ဗိုင္းရပ္စ္ပိုးေတြကို ခံႏိုင္ရည္ရွိပါတယ္။ ဒါ့အျပင္ သူမဟာ Joker ရဲ႕ ရယ္ေမာေစတဲ့ ဓာတ္ေငြ႕ကို ခံႏိုင္ရည္ရွိတဲ့ လူနည္းစုထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲ့လိုမ်ိဳး အဆိပ္အေတာက္ေတြဟာ သူ႔အေပၚမွာ မသက္ေရာက္ရတဲ့အေၾကာင္းအရင္းကေတာ့ သူရဲ႕ခႏၶာကိုယ္ထဲမွာကိုက ေသေစႏိုင္တဲ့အဆိပ္ေတြ အမ်ားႀကီး ရွိေနတာေၾကာင့္ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူမဟာ လူတစ္ေယာက္ကို ထိေတြ႕႐ုံနဲ႔တင္ နာရီပိုင္းကေန စကၠန႔္ပိုင္းအတြင္းထိ သူမအလိုရွိသလို သတ္ပစ္လို႔ရပါတယ္။ ဒါေပမဲ့လည္း တစ္ခ်ိဳ႕အေျခအေနေတြမွာေတာ့ အဲ့လိုထိေတြ႕႐ုံနဲ႔တင္ မသတ္ပစ္ႏိုင္ဘဲ သူမရဲ႕အနမ္းတစ္ပြင့္ကသာ လူတစ္ေယာက္ကို သတ္ပစ္ႏိုင္ပါတယ္။ ဒါ့အျပင္ သူမဟာ သူ႔ရဲ႕ရန္သူေတြအေပၚ အဆိပ္ေပါင္းမ်ိဳးစုံအသုံးျပဳေလ့ရွိၿပီး အသုံးအမ်ားဆုံးကေတာ့ စိတ္ကိုထိန္းခ်ဳပ္ႏိုင္တဲ့အဆိပ္ ၊ ထင္ေယာင္ထင္မွားေတြ ျမင္ေစႏိုင္တဲ့အဆိပ္နဲ႔ သူမကို ျမင္ျမင္ခ်င္း ခ်စ္မိသြားေစမယ့္ Love Potion တို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီ Love Potion ဟာ ေယာက်ၤားေတြတင္မကဘဲ မိန္းမေတြအေပၚမွာပါ သက္ေရာက္ၿပီးေတာ့ သူမရဲ႕ Love Potion ေၾကာင့္ ဒုကၡေရာက္ခဲ့တဲ့ ဟီး႐ိုးေတြလည္း အမ်ားႀကီး ရွိပါတယ္။

လိင္တူလိင္ကြဲ စိတ္ဝင္စားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။
photo via screenrant

သူမဟာ အၿမဲတမ္း ေယာက်ၤားေလးသာမက မိန္းကေလးေတြကို စိတ္ဝင္စားတတ္တဲ့ ပုံစံမ်ိဳးကို အရင္က အရိပ္အႁမြက္ေတြ ျပခဲ့ဖူးတာေၾကာင့္ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားၾကားမွာ သူမဟာ LGBT ျဖစ္ပါတယ္ဆိုတဲ့ သီအိုရီေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ ဒါေပမဲ့လည္း ၂၀၁၅ ခုႏွစ္မွာေတာ့ သူမဟာ တကယ့္ LGBT တစ္ေယာက္ဆိုတာကို ေဖာ္ျပခဲ့ပါတယ္။

သူမကို စတင္ဖန္တီးခဲ့တုန္းကေတာ့ Bat Man ရဲ႕ခ်စ္သူအေနနဲ႔ ထည့္သြင္းဖို႔ စီစဥ္ခဲ့တာ ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ သူမဟာ Harlry Quinn အေပၚမွာ ခံစားခ်က္ေတြ ရွိေနခဲ့ပါတယ္။ Ivy နဲ႔ Harley တို႔ႏွစ္ေယာက္ဟာ အရင္းႏွီးဆုံးသူငယ္ခ်င္းေတြအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ၾကၿပီးေတာ့ သူတို႔ႏွစ္ေယာက္ၾကားက သံေယာဇဥ္ေတြကေတာ့ သူငယ္ခ်င္းေတြဆိုတာထက္ကို ပိုလာခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Harley Quinn comic စီးရီးေတြထဲက တစ္ခုမွာေတာ့ သူတို႔ႏွစ္ေယာက္ၾကားက သူငယ္ခ်င္းထက္ပိုတဲ့ ခံစားခ်က္ေတြကို ခ်ျပခဲ့ပါတယ္။

သူမဟာ Clayface နဲ႔လက္ထပ္ခဲ့ဖူးပါတယ္။
photo via screenrant

သူမဟာ လိုခ်င္တာကို ရဖို႔အတြက္ အၿမဲတမ္း ေယာက်ၤားေတြကို လွည့္ဖ်ားေနတတ္တဲ့ သူတစ္ေယာက္ျဖစ္ၿပီးေတာ့ သူမရဲ႕ရည္မွန္းခ်က္ေတြျပည့္ဖို႔အတြက္ တစ္ျခားလူေတြကို အသုံးခ်ဖို႔အတြက္ လုံးဝေႏွာင့္ေႏွးေနျခင္း မရွိပါဘူး။ ဒါ့အျပင္ Clayface ဟာလည္း သူမရဲ႕သားေကာင္ေတြထဲက တစ္ေယာက္ျဖစ္ခဲ့ဖူးပါေသးတယ္။ Detective Comics #15 ထဲမွာေတာ့ သူမနဲ႔ Clayface ဟာလက္ထပ္ထားတဲ့ ဇနီးေမာင္ႏွံေတြပါလို႔ Clayface ကိုယုံၾကည္ေအာင္ လွည့္ဖ်ားခဲ့ပါတယ္။ အဲ့လိုလုပ္ရတဲ့အေၾကာင္းအရင္းကေတာ့ သူမရဲ႕အသက္ဟာ ၿခိမ္းေျခာက္ခံေနရၿပီး အကာအကြယ္လိုအပ္ေနတာေၾကာင့္ အခုလို လွည့္စားခဲ့တာ ျဖစ္ပါတယ္။

အဲ့လိုလွည့္စားဖို႔အတြက္ သူမဟာ Clayface အေပၚကို Love Potion အသုံးျပဳခဲ့ပါတယ္။ ဒါ့အျပင္ Clayface ဟာ Arkham အ႐ူးေထာင္မွာ အဖမ္းခံထားရတဲ့အခ်ိန္မွာလည္း သူမဟာ သူ႔ကိုအရမ္းခ်စ္တဲ့အေၾကာင္းေတြကို စာေတြေရးၿပီး ပို႔ေပးခဲ့တဲ့အျပင္ ေနာက္ပိုင္းမွာေတာ့ သူ႔အတြက္ ေထာင္ေဖာက္ၿပီး ကယ္ထုတ္ေပးခဲ့ပါတယ္။ Love Potion ေၾကာင့္ေရာ အဲ့လိုအျပဳအမူေတြေရာေၾကာင့္ပါ Clayface ဟာ သူမကို အရမ္းစြဲလမ္းသြားခဲ့ပါတယ္။ ဒါေပမဲ့လည္း သိပ္မၾကာခင္မွာ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာ အစစ္မဟုတ္ဘူးဆိုတာကို Bat Man ကေဖာ္ထုတ္လိုက္တဲ့အခ်ိန္မွာေတာ့ Clayface ဟာ အသဲကြဲၿပီးေတာ့ အရမ္းကို ခံစားခဲ့ရပါတယ္။ Ivy ကေတာ့ သူ႔ရဲ႕လုံၿခဳံေရးအတြက္ အသုံးခ်ခဲ့႐ုံသက္သက္ျဖစ္တာေၾကာင့္ ဘာမွမခံစားခဲ့ရပါဘူး။

သူမဟာ အသက္ရွင္သန္ဖို႔အတြက္ ေနေရာင္ျခည္နဲ႔ေရကို လိုအပ္ပါတယ္။
photo via screenrant

သူမဟာ အပင္ေတြကို ခ်စ္ခင္တတ္တဲ့ လူတစ္ေယာက္ျဖစ္တဲ့အျပင္ အပင္ေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတာ သိၿပီးသား ျဖစ္မွာပါ။ ဒါ့အျပင္ သူမရဲ႕ခႏၶာကိုယ္ဟာ အပင္တစ္ပင္နဲ႔ လူသားနဲ႔ ေပါင္းစပ္ထားတာေၾကာင့္ သူမကိုယ္တိုင္ကိုက အပင္တစ္ပင္လို႔ ေျပာလို႔ရပါတယ္။ အပင္တစ္ပင္လိုမ်ိဳး ျဖစ္ေနတာေၾကာင့္ သူမဟာ အသက္ရွင္သန္ဖို႔အတြက္ ေနေရာင္ျခည္ကို လိုအပ္ၿပီးေတာ့ ေနေရာင္ျခည္ကို မရတာၾကာသြားရင္ေတာ့ သူမဟာ အားနည္းသြားၿပီးေတာ့ အသက္ေတာင္ ဆုံးရႈံးသြားႏိုင္တဲ့အထိကို သူ႔အတြက္ ေနေရာင္ျခည္က အေရးပါပါတယ္။ တစ္ခါတုန္းက Clayface ဟာ သူမကို ျပန္ေပးဆြဲသြားၿပီးေတာ့ ေနေရာင္ရဲ႕အေဝးမွာ ဖမ္းထားခဲ့ဖူးပါေသးတယ္။

ဒါ့အျပင္ သူမဟာ အပင္တစ္ပင္လိုမ်ိဳး ျဖစ္ေနတာေၾကာင့္ လူေတြလိုမ်ိဳး ေအာက္စီဂ်င္ကို မရႈဘဲနဲ႔ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ကိုပဲ ရႈသြင္းပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေအာက္စီဂ်င္မရွိတဲ့အခန္းထဲမွာ အဖမ္းခံထားရရင္ေတာင္ သူမဟာ အသက္ရွင္ႏိုင္စြမ္းရွိပါတယ္။ အဲ့ဒါတင္မဟုတ္ေသးဘဲ အပင္ေတြမ်ိဳး ေရကိုလည္း လိုအပ္ပါေသးတယ္။ Gotham City Sirens #8 ဆိုတဲ့ comic ထဲမွာေတာ့ သူမဟာ အေၾကာင္းတစ္မ်ိဳးမ်ိဳးေၾကာင့္ အေခါင္းထဲထည့္ၿပီး ေျမျမဳပ္ခံခဲ့ရဖူးပါတယ္။ ေနာက္ပိုင္းမွာေတာ့ ရဲမႉး Gordon ဟာ သူမကိုရွာေတြ႕သြားခဲ့ေပမယ့္လည္း ေနေရာင္ကို မရတာအခ်ိန္ေတြၾကာေနၿပီ ျဖစ္တာေၾကာင့္ သူမဟာ အလြန္ကိုအားနည္းေနၿပီးေတာ့ ေသလုနီးနီးျဖစ္ေနခဲ့ပါတယ္။ ဒါေပမဲ့လည္း သူမရဲ႕သူငယ္ခ်င္းျဖစ္သူ Catwoman ကေတာ့ လက္မေလ်ာ့ခဲ့ဘဲနဲ႔ အနီးဆုံးမွာရွိတဲ့ ေရအိုင္ဆီကို သယ္သြားၿပီးေတာ့ ေရထဲပစ္ခ်ခဲ့ပါတယ္။ ခဏၾကာတဲ့အခ်ိန္မွာေတာ့ သူမဟာ နဂိုပုံစံအတိုင္း က်န္းက်န္းမာမာနဲ႔ ေရထဲကေန ျပန္ၿပီး တက္လာခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular