HomeCelebs Update NewsInternationalပရိသတ္ထဲမွာ သမၼတထရန္႔အားေပးေတြ အလိုမရိွေၾကာင္း ေပါက္ကြဲခဲ့တဲ့ မင္းသားႀကီး Samuel L. Jackson

ပရိသတ္ထဲမွာ သမၼတထရန္႔အားေပးေတြ အလိုမရိွေၾကာင္း ေပါက္ကြဲခဲ့တဲ့ မင္းသားႀကီး Samuel L. Jackson

အောက်တွင် Unicode ဖြင့် ဖတ်ရှုပါ။

မင္းသားႀကီး Samuel L. Jackson ဟာ သမၼတထရန္႔ကို ေထာက္ခံအားေပးတဲ့သူေတြက သူ႔ရဲ႕ရုပ္ရွင္ေတြကို မၾကည့္ေတာ့ရင္လည္း ဂရုမစိုက္ဘူးလို႔ ေျပာလိုက္ပါတယ္။

Esquire မဂၢဇင္းနဲ႔ ၿပီးခဲ့တဲ့အပတ္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ သမၼတထရန္႔အေၾကာင္းကို မၾကား၀့ံမနာသာေတြ ေပါက္ကြဲရင္း အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။

Photo: pinterest

“ဒီမေအေဘးက က်ဳပ္တို႔ကမာၻႀကီးကို သူ႔ရဲ႕အရႈပ္ထုပ္ေပါင္းစုံနဲ႔ ဖ်က္လိုဖ်က္ဆီးလုပ္ေနတာ… ဒါကို လူေတြက ဘာမွမျဖစ္ဘူးလို႔ ထင္ေနတယ္… တကယ္ေတာ့ လုံး၀ကို ေသာက္အဆင္မေျပတာ … ဘာမွမေျပာဘဲေနတဲ့လူက ႀကံရာပါပဲ…”လို႔ အသက္(၇၀)အရြယ္ ၀ါရင့္မင္းသားႀကီး Samuel L. Jackson က ေျပာလိုက္တာပါ။

ဒီအေပၚမွာ သမၼတထရန္႔ ေထာက္ခံသူေတြက ရန္မူလာမယ္ဆိုရင္ေရာ မစိုးရိမ္ဘူးလားလို႔ ေမးျမန္းခဲ့ရာ “က်ဳပ္ကို ၾကည့္မရျဖစ္ေနတဲ့ မေအေဘးေတြ အမ်ားႀကီး ရိွေနတယ္ဆိုတာ က်ဳပ္သိသားပဲ… Sam Jackson ရဲ႕ရုပ္ရွင္ကို ေနာက္တစ္သက္လုံး မၾကည့္ေတာ့ဘူးဆိုတဲ့သူေတြလည္း က်ဳပ္က ေသာက္ဂရုစိုက္မယ္ ထင္ေနလို႔လား?? သူတို႔က က်ဳပ္တစ္သက္လုံး ရိုက္လာတဲ့ရုပ္ရွင္ေတြကို ေနာက္ဘယ္ေတာ့မွ ထပ္မၾကည့္ေတာ့ဘူးဆိုရင္လည္း က်ဳပ္ကျခဴးတစ္ျပားမွ ဆုံးရႈံးသြားစရာ မရိွဘူး … က်ဳပ္အေခြေတြကို မီးပဲရိႈ႕ရိႈ႕ လုံး၀ ေသာက္ဂရုမစိုက္ဘူးဗ်ာ …” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

Photo: pinterest

သရုပ္ေဆာင္ဆိုတာ ႏိုင္ငံေရးထဲမွာ ၀င္မပါသင့္ဘဲ သရုပ္ေဆာင္တဲ့အလုပ္သာ လုပ္သင့္ေၾကာင့္ ေ၀ဖန္ၾကသူေတြကိုလည္း အခုလိုပဲ ျပန္ေျပာထားပါေသးတယ္။ “ႏိုးပါ … မေအေဘးမ်ားေရ … က်ဳပ္လည္း ခံစားတတ္တဲ့ လူတစ္ေယာက္ပါပဲ … အဲ့ေတာ့ အဲ့ဒီ့ေသာက္အရႈပ္ထုပ္ေတြက က်ဳပ္ကိုလည္း လာထိခိုက္တယ္ေလ … က်ဳပ္တို႔မွာ က်န္းမာေရးေစာင့္ေရွာက္မႈ မရေတာ့ဘူးဆိုရင္ … က်ဳပ္အမ်ိဳးေတြက နာဖ်ားတဲ့အခါ က်ဳပ္ဆီကိုပဲ ဦးတည္လာေတာ့မယ္ေလ … အဲ့ေတာ့ သူတို႔ကို က်န္းမာေရးေစာင့္ေရွာက္မႈ ရေစခ်င္တယ္ … ဘယ္သူ႔မ်က္ႏွာမွ ၾကည့္စရာမလိုဘဲ ကိုယ့္ဘာသာအဆင္ေျပတာမ်ိဳး ျဖစ္ေစခ်င္တယ္ … ” လို႔ ေျပာထားပါတယ္။

Photo: pinterest

မင္းသားႀကီး Samuel L. Jackson ကေတာ့ Pulp Fiction ၊ Jurassic Park ၊ Coach Carter ၊ Django Unchained စတဲ့နာမည္ႀကီးဇာတ္ကားေတြထဲမွာ သရုပ္ထားသူပါ။ ဒါ့အျပင္ Marvel ရဲ႕ စူပါဟီးရိုးရုပ္ရွင္မ်ားစြာမွာလည္း Nick Fury ဆိုတဲ့ ဇာတ္ေကာင္အျဖစ္ ပါ၀င္ထားသူျဖစ္ၿပီး ေနာက္ဆုံးပါ၀င္ထားတဲ့ Marvel ရုပ္ရွင္ကေတာ့ “Captain Marvel”ပဲ ျဖစ္ပါတယ္။

Source: foxnews

မင်းသားကြီး Samuel L. Jackson ဟာ သမ္မတထရန့်ကို ထောက်ခံအားပေးတဲ့သူတွေက သူ့ရဲ့ရုပ်ရှင်တွေကို မကြည့်တော့ရင်လည်း ဂရုမစိုက်ဘူးလို့ ပြောလိုက်ပါတယ်။

Esquire မဂ္ဂဇင်းနဲ့ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သမ္မတထရန့်အကြောင်းကို မကြားဝံ့မနာသာတွေ ပေါက်ကွဲရင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

Photo: pinterest

“ဒီမအေဘေးက ကျုပ်တို့ကမ္ဘာကြီးကို သူ့ရဲ့အရှုပ်ထုပ်ပေါင်းစုံနဲ့ ဖျက်လိုဖျက်ဆီးလုပ်နေတာ… ဒါကို လူတွေက ဘာမှမဖြစ်ဘူးလို့ ထင်နေတယ်… တကယ်တော့ လုံးဝကို သောက်အဆင်မပြေတာ … ဘာမှမပြောဘဲနေတဲ့လူက ကြံရာပါပဲ…”လို့ အသက်(၇၀)အရွယ် ဝါရင့်မင်းသားကြီး Samuel L. Jackson က ပြောလိုက်တာပါ။

ဒီအပေါ်မှာ သမ္မတထရန့် ထောက်ခံသူတွေက ရန်မူလာမယ်ဆိုရင်ရော မစိုးရိမ်ဘူးလားလို့ မေးမြန်းခဲ့ရာ “ကျုပ်ကို ကြည့်မရဖြစ်နေတဲ့ မအေဘေးတွေ အများကြီး ရှိနေတယ်ဆိုတာ ကျုပ်သိသားပဲ… Sam Jackson ရဲ့ရုပ်ရှင်ကို နောက်တစ်သက်လုံး မကြည့်တော့ဘူးဆိုတဲ့သူတွေလည်း ကျုပ်က သောက်ဂရုစိုက်မယ် ထင်နေလို့လား?? သူတို့က ကျုပ်တစ်သက်လုံး ရိုက်လာတဲ့ရုပ်ရှင်တွေကို နောက်ဘယ်တော့မှ ထပ်မကြည့်တော့ဘူးဆိုရင်လည်း ကျုပ်ကခြူးတစ်ပြားမှ ဆုံးရှုံးသွားစရာ မရှိဘူး … ကျုပ်အခွေတွေကို မီးပဲရှို့ရှို့ လုံး၀ သောက်ဂရုမစိုက်ဘူးဗျာ …” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photo: pinterest

သရုပ်ဆောင်ဆိုတာ နိုင်ငံရေးထဲမှာ ဝင်မပါသင့်ဘဲ သရုပ်ဆောင်တဲ့အလုပ်သာ လုပ်သင့်ကြောင့် ဝေဖန်ကြသူတွေကိုလည်း အခုလိုပဲ ပြန်ပြောထားပါသေးတယ်။ “နိုးပါ … မအေဘေးများရေ … ကျုပ်လည်း ခံစားတတ်တဲ့ လူတစ်ယောက်ပါပဲ … အဲ့တော့ အဲ့ဒီ့သောက်အရှုပ်ထုပ်တွေက ကျုပ်ကိုလည်း လာထိခိုက်တယ်လေ … ကျုပ်တို့မှာ ကျန်းမာရေးစောင့်ရှောက်မှု မရတော့ဘူးဆိုရင် … ကျုပ်အမျိုးတွေက နာဖျားတဲ့အခါ ကျုပ်ဆီကိုပဲ ဦးတည်လာတော့မယ်လေ … အဲ့တော့ သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ရစေချင်တယ် … ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘဲ ကိုယ့်ဘာသာအဆင်ပြေတာမျိုး ဖြစ်စေချင်တယ် … ” လို့ ပြောထားပါတယ်။

Photo: pinterest

မင်းသားကြီး Samuel L. Jackson ကတော့ Pulp Fiction ၊ Jurassic Park ၊ Coach Carter ၊ Django Unchained စတဲ့နာမည်ကြီးဇာတ်ကားတွေထဲမှာ သရုပ်ထားသူပါ။ ဒါ့အပြင် Marvel ရဲ့ စူပါဟီးရိုးရုပ်ရှင်များစွာမှာလည်း Nick Fury ဆိုတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်ထားသူဖြစ်ပြီး နောက်ဆုံးပါဝင်ထားတဲ့ Marvel ရုပ်ရှင်ကတော့ “Captain Marvel”ပဲ ဖြစ်ပါတယ်။

Source: foxnews

 

RELATED ARTICLES

Most Popular