HomeCharacterWonder Woman အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

Wonder Woman အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၁၉၄၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ All Star Comics #8 ထဲမှာ Wonder Woman ကို ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ပါတယ်။ DC ဟီးရိုးတွေထဲက နာမည်အကြီးဆုံးဇာတ်ကောင်တွေ ဖြစ်တဲ့ Big Three ထဲမှာလည်း သူမဟာ Superman နဲ့ Batman တို့နဲ့အတူတူ ရင်ဘောင်နိုင်တဲ့ အမျိူးသမီးဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူမအကြောင်းကို Live Action ရိုက်ကူးတဲ့အချိန်မှာ သရုပ်ဆောင်ခဲ့တဲ့ Gal Gadot ရဲ့သရုပ်ဆောင်ကောင်းမှုကြောင့်လည်း ပရိသတ်တွေအများအပြားရဲ့ အားပေးမှုနဲ့ နှလုံးသားတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ သူမရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူမရဲ့ origin များ
photo via cbr

ပထမ origin ကတော့ သူမရဲ့ အမေဟာ ရွှံ့ရုပ်ကလေး ပြုလုပ်ခဲ့ပြီးတော့ ဂရိနတ်ဘုရားတွေဟာ အဲ့ဒီရွှံ့ရုပ်ကလေးကို အသက်သွင်းပေးကာ ကောင်းချီးပေးခဲ့ပါတယ်။ အဲ့ဒီရွှံ့ရုပ်ကလေးဟာ အသက်ဝင်သွားပြီးတော့ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှုတွေကြောင့် သာမန်လူသားတွေထက် သာလွန်တဲ့စွမ်းအားတွေ ရရှိသွားတဲ့အပြင် နောက်ပိုင်းမှာ Wonder Woman ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီ origin အတိုင်း နှစ်ပေါင်းများစွာ ရှိနေခဲ့ပေမယ့်လည်း New 52 မှာတော့ DC universe တစ်ခုလုံး အသစ်ကပြန်စတင်ခဲ့တာကြောင့် သူမရဲ့ origin ကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ အသစ်ပြောင်းလဲသွားတဲ့ origin မှာတော့ သူမဟာ ရွှံ့ရုပ်ကနေ အသက်သွင်းခံခဲ့ရတာ မဟုတ်တော့ဘဲ ဂရိနတ်ဘုရားတွေအကုန်လုံးရဲ့ ဘုရင်ဖြစ်သူ Zeus ရဲ့ သမီးအရင်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အခုရိုက်ကူးနေတဲ့ Live Action တွေထဲက Wonder Woman ဟာလည်း ဒုတိယမြောက် origin ကိုအခြေခံထားတာ ဖြစ်ပါတယ်။

သူမဟာ စစ်ပွဲတွေရဲ့ နတ်ဘုရားမ ဖြစ်လာခဲ့ပါတယ်။
photo via cbr

New 52 timeline မှာတော့ သူမရဲ့ ငယ်ဘဝကို စစ်ပွဲနတ်ဘုရားဖြစ်တဲ့ Ares ရဲ့ သင်ကြားပြသမှုအောက်မှာ နေထိုင်ခဲ့ပြီးတော့ သူမရဲ့ တိုက်ခိုက်ရေးနည်းပညာတွေကို တိုးတက်လာစေခဲ့ပါတယ်။ တစ်နေ့မှာတော့ Minotaur ကိုသတ်ဖို့အတွက် Ares ဟာ အမိန့်ပေးခဲ့ပေမယ့်လည်း သူမဟာ သနားသွားတာကြောင့် မသတ်ခဲ့ပါဘူး။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ Ares ဟာ စိတ်ပျက်သွားတာကြောင့် သူမဟာ Ares ရဲ့အရေးပေးမှုနဲ့ လေးစားမှုတွေကို ဆုံးရှုံးခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ အဖြစ်အပျက်တစ်ခုကြောင့် သူမဟာ သူ့ရဲ့ဆရာဖြစ်သူ Ares နဲ့တိုက်ခိုက်ခဲ့ရပြီးတော့ နောက်ဆုံးမှာတော့ Ares ကို သတ်ဖြတ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ စစ်ပွဲနတ်ဘုရားမ ဖြစ်လာခဲ့ပြီးတော့ Ares ရဲ့အစွမ်းတစ်ချို့ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ အဲ့ဒီအစွမ်းတွေကတော့ တစ်ခြားသူတွေကို စိတ်ချင်း ဆက်သွယ်နိုင်တဲ့အပြင် တစ်ကမ္ဘာလုံးမှာ ရှိသမျှ စစ်သားတွေကိုလည်း အမိန့်ပေးလို့ရပါတယ်။ ဒါပေမယ့်လည်း Ares ရဲ့အစွမ်းတစ်ခုဖြစ်တဲ့ သေပြီးသား စစ်သားတွေကို စစ်တိုက်ဖို့အတွက် ပြန်လည်ခေါ်ယူနိုင်တဲ့အစွမ်းကတော့ သူမမှာ ရှိမရှိ မသိရသေးပါဘူး။

သူမဟာ Nubia လို့ခေါ်တဲ့ အမြွာညီအမ တစ်ယောက် ရှိပါတယ်။
photo via cbr

Nubia ကို ၁၉၇၃ ခုနှစ်မှာ ပရိသတ်တွေကို ပထမဆုံး မိတ်ဆက် ပေးခဲ့ပါတယ်။ အစပိုင်းဇာတ်လမ်းတွေမှာတော့ သူမဟာလည်း Diana လိုမျိူး ရွှံ့ရုပ်ကနေ နတ်ဘုရားတွေရဲ့ အကူအညီတွေနဲ့ အသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ရောမစစ်ပွဲနတ်ဘုရားဖြစ်တဲ့ Mars ရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပြီးတော့ အမေဇုန်တွေကို တိုက်ခိုက်ဖို့အတွက် လက်နက်တစ်ခုအနေနဲ့ ကြီးပြင်းစေခဲ့ပါတယ်။ Diana ဟာ နောက်ပိုင်းမှ သိသွားပြီးတော့ သူမကို Mars ရဲ့စိတ်ထိန်းချုပ်မှုကနေ လွတ်အောင် ကူညီခဲ့ပြီးတော့ ကယ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ မဟာမိတ်တွေ ဖြစ်သွားပြီးတော့ တိုက်ပွဲတွေကို အတူတူ တိုက်ခိုက်ခဲ့ကြပါတယ်။

သူမရဲ့ လက်ပတ်ဟာ သူ့ရဲ့စွမ်းအားတွေကို ထိန်းချုပ်ထားတာပါ။
photo via cbr

Diana ဟာ DC ရဲ့စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်ပြီးတော့ Superman နဲ့တောင် ယှဉ်ပြီး တိုက်ခိုက်နိုင်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Supergirl ထက်ပိုပြီး စွမ်းအားကြီးမားတဲ့အပြင် တစ်ခါတစ်ရံကျရင် Superman ထက်တောင် စွမ်းအားကြီးမားတယ်လို့တောင် ပြောလို့ရပါတယ်။ အဲ့လိုစွမ်းအားတွေ ကြီးမားလာဖို့အတွက် သူမဟာ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးတော့ Zeus ရဲ့ဒိုင်းကာကနေ ပြုလုပ်ထားတဲ့ လက်ပတ်တစ်ခုကိုလည်း တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုပါတယ်။ အဲ့ဒီလက်ပတ်ကို ဖျက်စီးဖို့ မဖြစ်နိုင်တာကြောင့် သူမဟာ အဲ့ဒီလက်ပတ်တွေကို ခုခံတဲ့နေရာတွေမှာ အသုံးပြုပါတယ်။

ဒါပေမယ့်လည်း New 52 timeline ထဲမှာတော့ အဲ့ဒီလက်ပတ်တွေဟာ ခုခံတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတစ်ခုဆိုတာထက်ကို သာလွန်သွားခဲ့ပါတယ်။ ကောမစ်တစ်ခုထဲမှာတော့ သူမဟာ နတ်ဘုရားတွေကို တိုက်ခိုက်ဖို့အတွက် သူ့ရဲ့လက်ပတ်တွေကို ချွတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီလက်ပတ်တွေကို ဝတ်ဆင်ထားရတဲ့ အကြောင်းအရင်းကတော့ သူမရဲ့ကြီးမားလွန်းတဲ့ စွမ်းအားတွေအကုန်လုံးကို အသုံးပြုလို့မရအောင် ထိန်းချုပ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။ သူမဟာ အမြဲတမ်းလိုလို အဲ့ဒီလက်ပတ်တွေကို ဝတ်ဆင်ထားတာတောင်မှ Superman တို့လိုဇာတ်ကောင်တွေနဲ့ ယှဉ်တိုက်ခိုက်နိုင်တဲ့အခြေအနေ ရှိနေပြီး အဲ့ဒီလက်ပတ်တွေသာ မဝတ်ထားရင် ဘယ်လိုထိ စွမ်းအားကြီးမားမလည်း ဆိုတာကတော့……။

သူမဟာ Superman နဲ့လည်း တွဲခဲ့ဖူးပါတယ်။
photo via cbr

Superman တို့အတွဲလို့ ပြောလိုက်ရင် လူတိုင်းက Clark Kent နဲ့ Lois Lane ကို ပြေးမြင်ကြမှာ ဖြစ်ပြီး Wonder Woman တို့အတွဲလို့ ပြောလိုက်ရင် လူတိုင်းက Steve Trevor နဲ့ Diana ကို ပြေးမြင်မိကြမှာပါ။ အဲ့ဒီအတွဲနှစ်တွဲလုံးဟာ ပရိသတ်တွေ အားပေးမှုကို ရထားတဲ့အတွဲတွေ ဖြစ်ပေမယ့်လည်း Clark နဲ့ Diana တို့ကလည်း တွဲခဲ့ကြဖူးပါတယ်။

DC universe တစ်ခုလုံးကို အသစ်ကပြန်စတဲ့ New 52 မှာတော့ ကောမစ်ဖန်တီးသူတွေဟာ မတူညီတဲ့ခံစားမှုတွေကို ရစေချင်တာကြောင့် Clark နဲ့ Diana တို့ကို အချိန်ခဏလောက် တွဲပေးခဲ့ပါတယ်။ အဲ့လိုမျိူး ဖန်တီးလိုက်တဲ့အချိန်မှာတော့ သူတို့နှစ်ယောက်လုံးကို ပရိသတ်တွေက သဘောတူကြတာကြောင့် အားပေးမှုတွေ ပိုပြီးတော့ ရရှိခဲ့ပါတယ်။ ဒါ့အပြင် Clark တစ်ယောက်တည်း မဟုတ်ဘဲ Bruce Wayne နဲ့လည်း ဘာလိုလို ဖြစ်ခဲ့ကြပါသေးတယ်။

Diana ဟာ တစ်ဦးတည်းသော Wonder Woman မဟုတ်ပါဘူး။
photo via cbr

Diana ဟာ Wonder Woman အနေနဲ့ နာမည်ကြီးပေမယ့်လည်း သူမဟာ တစ်ဦးတည်းသော Wonder Woman မဟုတ်ပါဘူး။ ဟီးရိုးတစ်ယောက်နေရာမှာ ဇာတ်ကောင်တွေအများကြီး ဆက်ခံပြီး နေထိုင်ကြတာဟာ ကောမစ်ထဲက ဟီးရိုးတွေအတွက် ပုံမှန်ပဲ ဖြစ်ပါတယ်။ Thor တို့ Batman တို့လိုမျိူး ဟီးရိုးနေရာတွေမှာလည်း ဇာတ်ကောင်တွေ အမျိူးမျိူး ဆက်ခံခဲ့သလို Wonder Woman နေရာကိုလည်း ဆက်ခံခဲ့ကြသူတွေ ရှိပါတယ်။ Diana ရဲ့အမေဖြစ်သူ Hippolyta ဟာလည်း Wonder Woman ဖြစ်ခဲ့ဖူးပြီးတော့ နောက်ပိုင်းမှာတော့ Nubia ၊ Donna Troy ၊ Orana နဲ့ Cassandra Sandsmark တို့ဟာလည်း Wonder Woman ဖြစ်ခဲ့ကြပါတယ်။

သူမဟာ Mjolnir ကိုလည်း မနိုင်ခဲ့ဖူးပါတယ်။
photo via cbr

စူပါဟီးရိုး ပရိသတ်တိုင်းဟာ Thor ရဲ့တူဖြစ်တဲ့ Mjolnir ကို ကိုင်စွဲပြီး တိုက်ခိုက်ဖို့ဆိုတာ အရမ်းကို ခက်ခဲမှန်း သိကြပါတယ်။ အဲ့ဒီတူကို မနိုင်ဖို့အတွက် ထိုက်တန်မှုရှိမှာသာ မနိုင်မှာ ဖြစ်ပြီးတော့ အဲ့လိုမျိူး မနိုင်တဲ့သူတွေကလည်း Thor ရဲ့စွမ်းအားကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Marvel vs. DC crossover ထဲမှာတော့ Wonder Woman ဟာ Mjolnir ကိုမဖို့အတွက် အခွင့်အရေး ရခဲ့ပါတယ်။

အဲ့ဒီကောမစ်ထဲမှာတော့ Thor ဟာ Shazam နဲ့တိုက်ခိုက်နေတဲ့ အချိန်မှာ Mjolnir ကို ဆုံးရှုံးလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Wonder Woman ဟာ အလွယ်တကူမလိုက်နိုင်ခဲ့တာကြောင့် သူမဟာ ထိုက်တန်သူ တစ်ယောက် ဖြစ်တယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း သူမဟာ Mjolnir ရဲ့အကူအညီကြောင့် ပိုပြီး စွမ်းအားကြီးလာမှာကို မလိုလားတာကြောင့် Mjolnir ကို ကိုင်စွဲပြီး တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူမဟာ X-Men အဖွဲ့ဝင်တစ်ယောက် ဖြစ်သူ Storm နဲ့တိုက်ခိုက်ရတဲ့အချိန်မှာတော့ မိုးကြိုးပစ်ခံလိုက်ရပြီးတော့ တိုက်ပွဲကို ရှုံးနိမ့်သွားခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၁၉၄၁ ခုႏွစ္မွာ ထြက္ခဲ့တဲ့ All Star Comics #8 ထဲမွာ Wonder Woman ကို ပရိသတ္ေတြနဲ႔ ပထမဆုံးအႀကိမ္ မိတ္ဆက္ေပးခဲ့ပါတယ္။ DC ဟီး႐ိုးေတြထဲက နာမည္အႀကီးဆုံးဇာတ္ေကာင္ေတြ ျဖစ္တဲ့ Big Three ထဲမွာလည္း သူမဟာ Superman နဲ႔ Batman တို႔နဲ႔အတူတူ ရင္ေဘာင္ႏိုင္တဲ့ အမ်ိဴးသမီးဟီး႐ိုးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမအေၾကာင္းကို Live Action ႐ိုက္ကူးတဲ့အခ်ိန္မွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Gal Gadot ရဲ႕သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္လည္း ပရိသတ္ေတြအမ်ားအျပားရဲ႕ အားေပးမႈနဲ႔ ႏွလုံးသားေတြကို ပိုင္ဆိုင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ သူမရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူမရဲ႕ origin မ်ား
photo via cbr

ပထမ origin ကေတာ့ သူမရဲ႕ အေမဟာ ႐ႊံ႕႐ုပ္ကေလး ျပဳလုပ္ခဲ့ၿပီးေတာ့ ဂရိနတ္ဘုရားေတြဟာ အဲ့ဒီ႐ႊံ႕႐ုပ္ကေလးကို အသက္သြင္းေပးကာ ေကာင္းခ်ီးေပးခဲ့ပါတယ္။ အဲ့ဒီ႐ႊံ႕႐ုပ္ကေလးဟာ အသက္ဝင္သြားၿပီးေတာ့ နတ္ဘုရားေတြရဲ႕ ေကာင္းခ်ီးေပးမႈေတြေၾကာင့္ သာမန္လူသားေတြထက္ သာလြန္တဲ့စြမ္းအားေတြ ရရွိသြားတဲ့အျပင္ ေနာက္ပိုင္းမွာ Wonder Woman ျဖစ္လာခဲ့ပါတယ္။

အဲ့ဒီ origin အတိုင္း ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့ေပမယ့္လည္း New 52 မွာေတာ့ DC universe တစ္ခုလုံး အသစ္ကျပန္စတင္ခဲ့တာေၾကာင့္ သူမရဲ႕ origin ကလည္း ေျပာင္းလဲသြားခဲ့ပါတယ္။ အသစ္ေျပာင္းလဲသြားတဲ့ origin မွာေတာ့ သူမဟာ ႐ႊံ႕႐ုပ္ကေန အသက္သြင္းခံခဲ့ရတာ မဟုတ္ေတာ့ဘဲ ဂရိနတ္ဘုရားေတြအကုန္လုံးရဲ႕ ဘုရင္ျဖစ္သူ Zeus ရဲ႕ သမီးအရင္းအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ အခု႐ိုက္ကူးေနတဲ့ Live Action ေတြထဲက Wonder Woman ဟာလည္း ဒုတိယေျမာက္ origin ကိုအေျခခံထားတာ ျဖစ္ပါတယ္။

သူမဟာ စစ္ပြဲေတြရဲ႕ နတ္ဘုရားမ ျဖစ္လာခဲ့ပါတယ္။
photo via cbr

New 52 timeline မွာေတာ့ သူမရဲ႕ ငယ္ဘဝကို စစ္ပြဲနတ္ဘုရားျဖစ္တဲ့ Ares ရဲ႕ သင္ၾကားျပသမႈေအာက္မွာ ေနထိုင္ခဲ့ၿပီးေတာ့ သူမရဲ႕ တိုက္ခိုက္ေရးနည္းပညာေတြကို တိုးတက္လာေစခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ Minotaur ကိုသတ္ဖို႔အတြက္ Ares ဟာ အမိန႔္ေပးခဲ့ေပမယ့္လည္း သူမဟာ သနားသြားတာေၾကာင့္ မသတ္ခဲ့ပါဘူး။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ Ares ဟာ စိတ္ပ်က္သြားတာေၾကာင့္ သူမဟာ Ares ရဲ႕အေရးေပးမႈနဲ႔ ေလးစားမႈေတြကို ဆုံးရႈံးခဲ့ရပါတယ္။

ေနာက္ပိုင္းမွာေတာ့ အျဖစ္အပ်က္တစ္ခုေၾကာင့္ သူမဟာ သူ႔ရဲ႕ဆရာျဖစ္သူ Ares နဲ႔တိုက္ခိုက္ခဲ့ရၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ Ares ကို သတ္ျဖတ္ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ စစ္ပြဲနတ္ဘုရားမ ျဖစ္လာခဲ့ၿပီးေတာ့ Ares ရဲ႕အစြမ္းတစ္ခ်ိဳ႕ကိုလည္း ပိုင္ဆိုင္သြားခဲ့ပါတယ္။ အဲ့ဒီအစြမ္းေတြကေတာ့ တစ္ျခားသူေတြကို စိတ္ခ်င္း ဆက္သြယ္ႏိုင္တဲ့အျပင္ တစ္ကမာၻလုံးမွာ ရွိသမွ် စစ္သားေတြကိုလည္း အမိန႔္ေပးလို႔ရပါတယ္။ ဒါေပမယ့္လည္း Ares ရဲ႕အစြမ္းတစ္ခုျဖစ္တဲ့ ေသၿပီးသား စစ္သားေတြကို စစ္တိုက္ဖို႔အတြက္ ျပန္လည္ေခၚယူႏိုင္တဲ့အစြမ္းကေတာ့ သူမမွာ ရွိမရွိ မသိရေသးပါဘူး။

သူမဟာ Nubia လို႔ေခၚတဲ့ အႁမြာညီအမ တစ္ေယာက္ ရွိပါတယ္။
photo via cbr

Nubia ကို ၁၉၇၃ ခုႏွစ္မွာ ပရိသတ္ေတြကို ပထမဆုံး မိတ္ဆက္ ေပးခဲ့ပါတယ္။ အစပိုင္းဇာတ္လမ္းေတြမွာေတာ့ သူမဟာလည္း Diana လိုမ်ိဴး ႐ႊံ႕႐ုပ္ကေန နတ္ဘုရားေတြရဲ႕ အကူအညီေတြနဲ႔ အသက္ဝင္လာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူမဟာ ေရာမစစ္ပြဲနတ္ဘုရားျဖစ္တဲ့ Mars ရဲ႕ ျပန္ေပးဆြဲတာကို ခံလိုက္ရၿပီးေတာ့ အေမဇုန္ေတြကို တိုက္ခိုက္ဖို႔အတြက္ လက္နက္တစ္ခုအေနနဲ႔ ႀကီးျပင္းေစခဲ့ပါတယ္။ Diana ဟာ ေနာက္ပိုင္းမွ သိသြားၿပီးေတာ့ သူမကို Mars ရဲ႕စိတ္ထိန္းခ်ဳပ္မႈကေန လြတ္ေအာင္ ကူညီခဲ့ၿပီးေတာ့ ကယ္တင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ မဟာမိတ္ေတြ ျဖစ္သြားၿပီးေတာ့ တိုက္ပြဲေတြကို အတူတူ တိုက္ခိုက္ခဲ့ၾကပါတယ္။

သူမရဲ႕ လက္ပတ္ဟာ သူ႔ရဲ႕စြမ္းအားေတြကို ထိန္းခ်ဳပ္ထားတာပါ။
photo via cbr

Diana ဟာ DC ရဲ႕စြမ္းအားအႀကီးဆုံး ဇာတ္ေကာင္ေတြထဲမွာ ပါဝင္ၿပီးေတာ့ Superman နဲ႔ေတာင္ ယွဥ္ၿပီး တိုက္ခိုက္ႏိုင္တဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ Supergirl ထက္ပိုၿပီး စြမ္းအားႀကီးမားတဲ့အျပင္ တစ္ခါတစ္ရံက်ရင္ Superman ထက္ေတာင္ စြမ္းအားႀကီးမားတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ အဲ့လိုစြမ္းအားေတြ ႀကီးမားလာဖို႔အတြက္ သူမဟာ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္ခဲ့ၿပီးေတာ့ Zeus ရဲ႕ဒိုင္းကာကေန ျပဳလုပ္ထားတဲ့ လက္ပတ္တစ္ခုကိုလည္း တိုက္ခိုက္တဲ့ေနရာမွာ အသုံးျပဳပါတယ္။ အဲ့ဒီလက္ပတ္ကို ဖ်က္စီးဖို႔ မျဖစ္ႏိုင္တာေၾကာင့္ သူမဟာ အဲ့ဒီလက္ပတ္ေတြကို ခုခံတဲ့ေနရာေတြမွာ အသုံးျပဳပါတယ္။

ဒါေပမယ့္လည္း New 52 timeline ထဲမွာေတာ့ အဲ့ဒီလက္ပတ္ေတြဟာ ခုခံတဲ့ေနရာမွာ အသုံးျပဳတဲ့ ပစၥည္းတစ္ခုဆိုတာထက္ကို သာလြန္သြားခဲ့ပါတယ္။ ေကာမစ္တစ္ခုထဲမွာေတာ့ သူမဟာ နတ္ဘုရားေတြကို တိုက္ခိုက္ဖို႔အတြက္ သူ႔ရဲ႕လက္ပတ္ေတြကို ခြၽတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီလက္ပတ္ေတြကို ဝတ္ဆင္ထားရတဲ့ အေၾကာင္းအရင္းကေတာ့ သူမရဲ႕ႀကီးမားလြန္းတဲ့ စြမ္းအားေတြအကုန္လုံးကို အသုံးျပဳလို႔မရေအာင္ ထိန္းခ်ဳပ္ထားတာေၾကာင့္ပဲ ျဖစ္ပါတယ္။ သူမဟာ အၿမဲတမ္းလိုလို အဲ့ဒီလက္ပတ္ေတြကို ဝတ္ဆင္ထားတာေတာင္မွ Superman တို႔လိုဇာတ္ေကာင္ေတြနဲ႔ ယွဥ္တိုက္ခိုက္ႏိုင္တဲ့အေျခအေန ရွိေနၿပီး အဲ့ဒီလက္ပတ္ေတြသာ မဝတ္ထားရင္ ဘယ္လိုထိ စြမ္းအားႀကီးမားမလည္း ဆိုတာကေတာ့……။

သူမဟာ Superman နဲ႔လည္း တြဲခဲ့ဖူးပါတယ္။
photo via cbr

Superman တို႔အတြဲလို႔ ေျပာလိုက္ရင္ လူတိုင္းက Clark Kent နဲ႔ Lois Lane ကို ေျပးျမင္ၾကမွာ ျဖစ္ၿပီး Wonder Woman တို႔အတြဲလို႔ ေျပာလိုက္ရင္ လူတိုင္းက Steve Trevor နဲ႔ Diana ကို ေျပးျမင္မိၾကမွာပါ။ အဲ့ဒီအတြဲႏွစ္တြဲလုံးဟာ ပရိသတ္ေတြ အားေပးမႈကို ရထားတဲ့အတြဲေတြ ျဖစ္ေပမယ့္လည္း Clark နဲ႔ Diana တို႔ကလည္း တြဲခဲ့ၾကဖူးပါတယ္။

DC universe တစ္ခုလုံးကို အသစ္ကျပန္စတဲ့ New 52 မွာေတာ့ ေကာမစ္ဖန္တီးသူေတြဟာ မတူညီတဲ့ခံစားမႈေတြကို ရေစခ်င္တာေၾကာင့္ Clark နဲ႔ Diana တို႔ကို အခ်ိန္ခဏေလာက္ တြဲေပးခဲ့ပါတယ္။ အဲ့လိုမ်ိဴး ဖန္တီးလိုက္တဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးကို ပရိသတ္ေတြက သေဘာတူၾကတာေၾကာင့္ အားေပးမႈေတြ ပိုၿပီးေတာ့ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ Clark တစ္ေယာက္တည္း မဟုတ္ဘဲ Bruce Wayne နဲ႔လည္း ဘာလိုလို ျဖစ္ခဲ့ၾကပါေသးတယ္။

Diana ဟာ တစ္ဦးတည္းေသာ Wonder Woman မဟုတ္ပါဘူး။
photo via cbr

Diana ဟာ Wonder Woman အေနနဲ႔ နာမည္ႀကီးေပမယ့္လည္း သူမဟာ တစ္ဦးတည္းေသာ Wonder Woman မဟုတ္ပါဘူး။ ဟီး႐ိုးတစ္ေယာက္ေနရာမွာ ဇာတ္ေကာင္ေတြအမ်ားႀကီး ဆက္ခံၿပီး ေနထိုင္ၾကတာဟာ ေကာမစ္ထဲက ဟီး႐ိုးေတြအတြက္ ပုံမွန္ပဲ ျဖစ္ပါတယ္။ Thor တို႔ Batman တို႔လိုမ်ိဴး ဟီး႐ိုးေနရာေတြမွာလည္း ဇာတ္ေကာင္ေတြ အမ်ိဴးမ်ိဴး ဆက္ခံခဲ့သလို Wonder Woman ေနရာကိုလည္း ဆက္ခံခဲ့ၾကသူေတြ ရွိပါတယ္။ Diana ရဲ႕အေမျဖစ္သူ Hippolyta ဟာလည္း Wonder Woman ျဖစ္ခဲ့ဖူးၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ Nubia ၊ Donna Troy ၊ Orana နဲ႔ Cassandra Sandsmark တို႔ဟာလည္း Wonder Woman ျဖစ္ခဲ့ၾကပါတယ္။

သူမဟာ Mjolnir ကိုလည္း မႏိုင္ခဲ့ဖူးပါတယ္။
photo via cbr

စူပါဟီး႐ိုး ပရိသတ္တိုင္းဟာ Thor ရဲ႕တူျဖစ္တဲ့ Mjolnir ကို ကိုင္စြဲၿပီး တိုက္ခိုက္ဖို႔ဆိုတာ အရမ္းကို ခက္ခဲမွန္း သိၾကပါတယ္။ အဲ့ဒီတူကို မႏိုင္ဖို႔အတြက္ ထိုက္တန္မႈရွိမွာသာ မႏိုင္မွာ ျဖစ္ၿပီးေတာ့ အဲ့လိုမ်ိဴး မႏိုင္တဲ့သူေတြကလည္း Thor ရဲ႕စြမ္းအားကို ပိုင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ၁၉၉၆ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ Marvel vs. DC crossover ထဲမွာေတာ့ Wonder Woman ဟာ Mjolnir ကိုမဖို႔အတြက္ အခြင့္အေရး ရခဲ့ပါတယ္။

အဲ့ဒီေကာမစ္ထဲမွာေတာ့ Thor ဟာ Shazam နဲ႔တိုက္ခိုက္ေနတဲ့ အခ်ိန္မွာ Mjolnir ကို ဆုံးရႈံးလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Wonder Woman ဟာ အလြယ္တကူမလိုက္ႏိုင္ခဲ့တာေၾကာင့္ သူမဟာ ထိုက္တန္သူ တစ္ေယာက္ ျဖစ္တယ္ဆိုတာကို သိလိုက္ရပါတယ္။ ဒါေပမယ့္လည္း သူမဟာ Mjolnir ရဲ႕အကူအညီေၾကာင့္ ပိုၿပီး စြမ္းအားႀကီးလာမွာကို မလိုလားတာေၾကာင့္ Mjolnir ကို ကိုင္စြဲၿပီး တိုက္ခိုက္ျခင္း မျပဳလုပ္ခဲ့ပါဘူး။ ဒါေပမယ့္လည္း သူမဟာ X-Men အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္သူ Storm နဲ႔တိုက္ခိုက္ရတဲ့အခ်ိန္မွာေတာ့ မိုးႀကိဳးပစ္ခံလိုက္ရၿပီးေတာ့ တိုက္ပြဲကို ရႈံးနိမ့္သြားခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular