HomeCharacterThor ရဲ့ Mjolnirကိုတောင် ဖျက်စီးပစ်နိုင်ခဲ့တဲ့ Hela အကြောင်း စိတ်ဝင်စားစရာများ

Thor ရဲ့ Mjolnirကိုတောင် ဖျက်စီးပစ်နိုင်ခဲ့တဲ့ Hela အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hela ဟာ ၁၉၆၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Journey into Mystery #102 ဆိုတဲ့ comic မှာ စတင်ပြီး Marvel comic လောကထဲကို ဝင်ရောက်လာပါတယ်။ MCU ထဲမှာတော့ Thor ရဲ့သုံးကားမြောက်ဖြစ်တဲ့ Thor: Ragnarok မှာ စတင်ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်တစ်ကားထဲမှာပဲ ပါဝင်ခဲ့သေးတာ ဖြစ်တာကြောင့် သူမအကြောင်းကို သိတဲ့လူဟာ comic ဖတ်တဲ့သူတွေလောက်ပဲ ရှိပါလိမ့်မယ်။ အဲ့ဒါကြောင့် မသိသေးတဲ့ သူတွေ သိရအောင် သူ့ရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေး ချင်ပါတယ်။

သူမဟာ မြေအောက်လောကကို အုပ်ချုပ်တဲ့ နတ်ဘုရားမ တစ်ယောက်ပါ။
photo via screenrant

သူမ အရွယ်ရောက်လာတဲ့အချိန်မှာ Odin က သူမကို သေခြင်းရဲ့ နတ်ဘုရားအဖြစ်နဲ့ မြေအောက်လောကကို အုပ်စိုးဖို့အတွက် အမိန့်ချလိုက်ပါတယ်။ သူမဟာ ကမ္ဘာကိုးခုထဲက မကောင်းမှုတွေနဲ့ ပြည့်နေတဲ့ ဝိဉာဉ်တွေသွားရတဲ့ Niflheim ဆိုတဲ့ နေရာနဲ့ မကောင်းမှုတွေရှိပေမယ့် အရမ်းကြီး မဆိုးတဲ့ ဝိဉာဉ်တွေ သွားရတဲ့ Hel ဆိုတဲ့ မြေအောက်လောက နှစ်ခုကို အုပ်စိုးပါတယ်။

စစ်ပွဲမှာကျသွားတဲ့သူတွေဆိုရင် Odin ရဲ့ Valkyrie တွေက Valhalla ဆိုတဲ့ နေရာကို ပို့ပေးကြပါတယ်။ မကောင်းမှုတွေပြည့်နေပြီး သေသွားတဲ့ သူတွေရဲ့ဝိဉာဉ်တွေက Hela ရဲ့ လက်နဲ့ မထိသရွေ့ သူ့တို့ခန္ဓာကိုယ်မှာပဲ ရှိနေဆဲပါ။ အဲ့လိုထိလိုက်တာနဲ့ ဝိဉာဉ်ကို ဆွဲထုတ်ပြီးသား ဖြစ်ပြီးတော့ သူတို့နဲ့ သက်ဆိုင်ရာ နေရာကို ပို့ပေးပါတယ်။

သာမန်အားဖြင့် Hela က သေစေနိုင်တဲ့ ဒဏ်ရာတွေ ၊ ရောဂါတွေ (သို့မဟုတ်) တစ်ခြားအကြောင်းအရင်းတစ်ခုကြောင့် လူတစ်ယောက်သေဆုံးတဲ့အချိန်ထိကို စောင့်ရပါတယ်။ ဒါပေမဲ့လည်း လုံးဝကို ကျမ်းကျမ်းမာမာဖြစ်နေတဲ့  Asgardian ကို လက်နဲ့ တစ်ချက်ထိရုံနဲ့ ဝိဉာဉ်နှုတ်ပြီး သတ်ပစ်နိုင်ပါတယ်။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဝိဉာဉ်ကို နှုတ်ဖို့အတွက် အဲ့ဒီသူရဲ့ အရေပြားကို ထိဖို့လိုအပ်ပါတယ်။ အဲ့ဒါအပြင် သူက ချက်ချင်းပဲ အသက်ကြီးပြီး သေသွားစေတဲ့ မိုးကြိုးလက်နက်တစ်မျိုးနဲ့ ပစ်ပြီး သတ်ပစ်နိုင်ပါသေးတယ်။

 Norse ဒဏ္ဍာရီထဲက Hel ဆိုတဲ့ နတ်ဘုရားမကို အခြေခံပြီး ဖန်တီးထားတာပါ။
photo via screenrant

Thor ဇာတ်လမ်းထဲက ကာရိုက်တာအများစုလိုမျိုး သူမကလည်း Norse ဒဏ္ဍာရီထဲက Hel ဆိုတဲ့ သေခြင်းနတ်ဘုရားမကို အခြေခံပြီး ရေးဆွဲထားတာပါ။ Hel ဆိုတာရဲ့ အဓိပ္ပါယ်က ပုန်းကွယ်နေသောလို့ အဓိပ္ပါယ်ရပြီးတော့ နောက်တစ်မျိုးက သူမ အုပ်စိုးတဲ့ မြေအောက်ကမ္ဘာကို ပြောတာပါ။ သမိုင်းပညာရှင်တွေ ပြောကြားချက်အရ ၁၃ ရာစုလောက်က Norse ဒဏ္ဍာရီ အကြောင်းတွေကို ရေးသားထားတဲ့ Poetic Edda ဆိုတဲ့ ကဗျာစာအုပ်ထဲမှာ Hel ရဲ့အကြောင်းတွေ ပါပါတယ်လို့ ပြောခဲ့ပါတယ်။

Hel ရဲ့မြေအောက်ကမ္ဘာကို နောက်တစ်မျိုး Hel ရဲ့ခန်းမလို့ခေါ်ပြီးတော့ Yggdrasil ဆိုတဲ့ သစ်ပင်ကနေ ပေါက်ရောက်နေတဲ့ အမြစ်သုံးခုထဲ တစ်ခုဖြစ်ပါတယ်လို့ ကဗျာထဲမှာ ပြောထားပါတယ်။ အဲ့ဒီသစ်ပင် Norse ဒဏ္ဍာရီထဲက သစ်ပင်ဖြစ်ပြီးတော့ အဲ့ဒီသစ်ပင်ဟာ ကမ္ဘာကိုးခုကို ဆက်သွယ်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

သေပြီးသား လူကိုလည်း အသက်ပြန်သွင်းပေးလို့ ရပါတယ်။
photo via screenrant

Hela က သေခြင်းရဲ့နတ်ဘုရားမ ဖြစ်တာကြောင့် ဝိဉာဉ်နှုတ်တာအပြင်ကို သေပြီးသားလူ့ရဲ့ ဝိဉာဉ်ကိုလည်း သူ့ရဲ့ခန္ဓာကိုယ်ထဲကို ပြန်ထည့်ပေးလို့ ရပါတယ်။ သူမက ဒီစွမ်းအားကို သိပ်တောင် လေ့ကျင့်လေ့ မရှိပေမယ့်လည်း သေပြီးသား လူတွေအများကြီးကို ပြန်လည်အသက်သွင်းပြီးတော့ သူ့ရဲ့အမိန့်ကို နာခံမယ့် လူသေတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကြီးကိုလည်း ဖန်တီးနိုင်ပါတယ်။ အဲ့ဒီစစ်တပ်ကြီးကို Norse ဒဏ္ဍာရီထဲမှာတော့ Draugrs လို့ခေါ်ပါတယ်။

Hand of Glory
photo via screenrant

သူမဟာ မှော်ပညာကိုလည်း လိုသလို အသုံးချနိုင်ပြီးတော့ မတူညီတဲ့ရည်ရွယ်ချက်တွေနဲ့ မတူညီတဲ့မှော်ပညာမျိုးစုံကို အသုံးချနိုင်ပါတယ်။ အဲ့ဒီထဲက သူမရဲ့စွမ်းအားအကြီးဆုံး မှော်ပညာတစ်ခုကတော့ Hand of Glory လို့ ခေါ်ပါတယ်။ စွမ်းအားတွေကို သူမရဲ့လက်မှာ စုစည်းပြီးတော့ ရန်သူတွေကို ပစ်လွှတ်လိုက်တာ ဖြစ်ပြီးတော့ သူမရဲ့ခွန်အားနဲ့ ခံနိုင်ရည်တွေကို တိုးတက်စေပါတယ်။

စွမ်းအားကြီးမားလွန်းတဲ့ Asgardians တွေတောင်မှ အဲ့ဒီစွမ်းအားကို ခံနိုင်ရည် မရှိပါဘူး။ ဒါ့အပြင် Thor: Ragnarok ထဲမှာ Mjolnir ကိုတောင် အပြုံးတောင်မပျက်ဘဲ လွယ်လွယ်လေး ဖျက်စီးပစ်လိုက်တာကို သိကြမှာပါ။ ပရိသတ်အများစု က ဒီလိုမျိုး Thor ရဲ့တူကို ဖျက်စီးနိုင်တာက Hand of Glory ရဲ့စွမ်းအားကြောင့်ပါလို့ ထင်ကြေးပေးခဲ့ကြပါတယ်။

သူမဟာ သာမန်လူတွေထက် အများကြီးပိုပြီး သန်မာပါတယ်။
photo via screenrant

သူမရဲ့ကြီးမားတဲ့ ခွန်အားတွေနဲ့ ခံနိုင်ရည်တွေ ရှိနေတာဟာ သူမရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ဖြစ်ပါတယ်။ သူမရဲ့ အရေပြား၊ ကြွက်သားနဲ့ အရိုးတွေက ပုံမှန်လူတွေထက် သုံးဆပိုပြီး မာကျောတာကြောင့် များစွာသော လုပ်နိုင်စွမ်းတွေ ရရှိခဲ့ပါတယ်။ သူမရဲ့အရေပြားရဲ့ မာကျောမှုကြောင့် များစွာသော ရောဂါတွေနဲ့ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်ပြီးတော့ သာမန်လူတွေထက်လည်း ပိုပြီး အသက်ကြီးနှုန်းက ကြာမြင့်ပါတယ်။

ဒါ့အပြင် သူမရဲ့ အရိုးနဲ့ အရေပြားတွေရဲ့မာကျောမှုကြောင့် ဒဏ်ရာရတဲ့အခါမှာ ပြန်ပြီးကုသနိုင်စွမ်းကလည်း အရမ်းကို မြန်ပြီးတော့ သက်လုံကိုလည်း အရမ်းကောင်းစေတာကြောင့် သူမရဲ့ရန်သူတွေ မရေတွက်နိုင်လောက်တဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သူမဟာ အရမ်းကို မြင့်မားတဲ့ အပူချိန်နဲ့ များစွာသော ထိခိုက်မှုတွေနဲ့ ဖိအားတွေအများကြီးကိုလည်း ခံနိုင်ရည် ရှိပါတယ်။ အဲ့ဒါတွေကပဲ သူမကို Thor ရဲ့ စွမ်းအားအကြီးမားဆုံး ဗီလိန်တွေထဲက တစ်ယောက် ဖြစ်စေတာပါ။

သူမက ထင်ယောင်ထင်မှား ဖြစ်အောင်ဖန်တီးခြင်းနဲ့ အချိန် ခရီးသွားခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။
photo via screenrant

သူမက MCU ထဲမှာတော့ Odin ရဲ့သမီး၊ Thor နဲ့ Loki တို့ရဲ့ အမ ဖြစ်ပြီးတော့ comic ထဲမှာတော့ သူမက Loki ရဲ့သမီး ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ မှော်ပညာနဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်တတ်ပါတယ်။  The Avengers: Earth’s Mightiest Heroes ဆိုတဲ့ comic ထဲမှာဆိုရင် သူမက Captain America ကို စစ်ပွဲမှာ ကျဆုံးသွားတဲ့ သူ့ရဲ့ရဲဖော်ရဲဖက်တွေရဲ့ ပုံရိပ်တွေကို အတုအယောင် ဖန်တီးပြီးတော့ Cap ကို Hel မှာ နေဖို့အတွက် နားချခဲ့ဖူးပါတယ်။

အဲ့ဒါအပြင်ကို သူမမှာရှိတဲ့ မှော်ပညာတွေကြောင့်ပဲ အချိန်ခရီးသွားနိုင်စွမ်းကို ပိုင်ဆိုင်ထားပါတယ်။ သေခြင်းတရား မသက်ရောက်နိုင်တဲ့ အချိန်နဲ့ နေရာဆိုတာ မရှိပါဘူးလို့ သူမကိုယ်တိုင် ပြောခဲ့ဖူးပါသေးတယ်။  Dark Reign ဆိုတဲ့ comic မှာဆိုရင် သူမက အတိတ်ကို ခရီးသွားပြီးတော့ Loki က Thor ကို လက်စားချေမယ့် အစီအစဉ်မှာ ကူညီပေးခဲ့ပါသေးတယ်။

သူမရဲ့ ဝတ်ရုံသာ မရှိရင် ဘာစွမ်းအားမှ မရှိပါဘူး။
photo via screenrant

သူမှာ မှော်ပညာတွေနဲ့ အရမ်းကို စွမ်းအားကြီးတဲ့ နတ်ဘုရားမ တစ်ယောက် ဖြစ်ပေမယ့် သူမရဲ့ ဝတ်ရုံသာ မရှိရင် လုံးဝကို အားနည်းတဲ့ သူတစ်ယောက် ဖြစ်သွားပါတယ်။ ကျွန်တော်တို့ သိတဲ့ သူမရဲ့ ပုံစံက ပုံစံအမှန် မဟုတ်ဘဲ သူမရဲ့ ခန္ဓာကိုယ်ရဲ့ ညာဘက်က အကောင်းတိုင်း ဖြစ်ပြီးတော့ ဘယ်ဘက်ကတော့ သေနေပြီး ပုပ်ပွနေတဲ့ ပုံစံကသာ ပုံစံအမှန် ဖြစ်ပါတယ်။

သူမဟာ အဲ့ဒီပုံစံအတိုင်း မွေးလာပြီးတော့ သူ့ရဲ့ဝတ်ရုံနဲ့ ပုံစံအမှန်ကို ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ပုံစံအမှန်တိုင်းဆိုရင် မှော်ပညာတွေ သုံးဖို့နေနေသာသာ မတ်တပ်တောင် ကောင်းကောင်း မရပ်နိုင်ပါဘူး။ သူမရဲ့ ဝတ်ရုံသာမရှိခဲ့ရင် သူဟာ မြေအောက်ကမ္ဘာကနေတောင် ထွက်ခွာနိုင်မှာ မဟုတ်ပါဘူးလို့ ပြောကြတဲ့ သီအိုရီတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ဝတ်ရုံကို ထိလိုက်တာနဲ့ ချက်ချင်းပဲ လုံးဝကို စွမ်းအားကြီးတဲ့ နတ်ဘုရားမ တစ်ယောက်အဖြစ် ပြောင်းလဲသွားပါတယ်။

Lego Les
(Zawgyi version)

Hela ဟာ ၁၉၆၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Journey into Mystery #102 ဆိုတဲ့ comic မွာ စတင္ၿပီး Marvel comic ေလာကထဲကို ဝင္ေရာက္လာပါတယ္။ MCU ထဲမွာေတာ့ Thor ရဲ႕သုံးကားေျမာက္ျဖစ္တဲ့ Thor: Ragnarok မွာ စတင္ပါဝင္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္တစ္ကားထဲမွာပဲ ပါဝင္ခဲ့ေသးတာ ျဖစ္တာေၾကာင့္ သူမအေၾကာင္းကို သိတဲ့လူဟာ comic ဖတ္တဲ့သူေတြေလာက္ပဲ ရွိပါလိမ့္မယ္။ အဲ့ဒါေၾကာင့္ မသိေသးတဲ့ သူေတြ သိရေအာင္ သူ႔ရဲ႕အေၾကာင္း အနည္းငယ္ကို ေဖာ္ျပေပး ခ်င္ပါတယ္။

သူမဟာ ေျမေအာက္ေလာကကို အုပ္ခ်ဳပ္တဲ့ နတ္ဘုရားမ တစ္ေယာက္ပါ။
photo via screenrant

သူမ အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာ Odin က သူမကို ေသျခင္းရဲ႕ နတ္ဘုရားအျဖစ္နဲ႔ ေျမေအာက္ေလာကကို အုပ္စိုးဖို႔အတြက္ အမိန႔္ခ်လိုက္ပါတယ္။ သူမဟာ ကမာၻကိုးခုထဲက မေကာင္းမႈေတြနဲ႔ ျပည့္ေနတဲ့ ဝိဉာဥ္ေတြသြားရတဲ့ Niflheim ဆိုတဲ့ ေနရာနဲ႔ မေကာင္းမႈေတြရွိေပမယ့္ အရမ္းႀကီး မဆိုးတဲ့ ဝိဉာဥ္ေတြ သြားရတဲ့ Hel ဆိုတဲ့ ေျမေအာက္ေလာက ႏွစ္ခုကို အုပ္စိုးပါတယ္။

စစ္ပြဲမွာက်သြားတဲ့သူေတြဆိုရင္ Odin ရဲ႕ Valkyrie ေတြက Valhalla ဆိုတဲ့ ေနရာကို ပို႔ေပးၾကပါတယ္။ မေကာင္းမႈေတြျပည့္ေနၿပီး ေသသြားတဲ့ သူေတြရဲ႕ဝိဉာဥ္ေတြက Hela ရဲ႕ လက္နဲ႔ မထိသေ႐ြ႕ သူ႔တို႔ခႏၶာကိုယ္မွာပဲ ရွိေနဆဲပါ။ အဲ့လိုထိလိုက္တာနဲ႔ ဝိဉာဥ္ကို ဆြဲထုတ္ၿပီးသား ျဖစ္ၿပီးေတာ့ သူတို႔နဲ႔ သက္ဆိုင္ရာ ေနရာကို ပို႔ေပးပါတယ္။

သာမန္အားျဖင့္ Hela က ေသေစႏိုင္တဲ့ ဒဏ္ရာေတြ ၊ ေရာဂါေတြ (သို႔မဟုတ္) တစ္ျခားအေၾကာင္းအရင္းတစ္ခုေၾကာင့္ လူတစ္ေယာက္ေသဆုံးတဲ့အခ်ိန္ထိကို ေစာင့္ရပါတယ္။ ဒါေပမဲ့လည္း လုံးဝကို က်မ္းက်မ္းမာမာျဖစ္ေနတဲ့  Asgardian ကို လက္နဲ႔ တစ္ခ်က္ထိ႐ုံနဲ႔ ဝိဉာဥ္ႏႈတ္ၿပီး သတ္ပစ္ႏိုင္ပါတယ္။ ဘယ္လိုမ်ိဳးပဲျဖစ္ျဖစ္ လူတစ္ေယာက္ရဲ႕ ဝိဉာဥ္ကို ႏႈတ္ဖို႔အတြက္ အဲ့ဒီသူရဲ႕ အေရျပားကို ထိဖို႔လိုအပ္ပါတယ္။ အဲ့ဒါအျပင္ သူက ခ်က္ခ်င္းပဲ အသက္ႀကီးၿပီး ေသသြားေစတဲ့ မိုးႀကိဳးလက္နက္တစ္မ်ိဳးနဲ႔ ပစ္ၿပီး သတ္ပစ္ႏိုင္ပါေသးတယ္။

Norse ဒ႑ာရီထဲက Hel ဆိုတဲ့ နတ္ဘုရားမကို အေျခခံၿပီး ဖန္တီးထားတာပါ။
photo via screenrant

Thor ဇာတ္လမ္းထဲက ကာ႐ိုက္တာအမ်ားစုလိုမ်ိဳး သူမကလည္း Norse ဒ႑ာရီထဲက Hel ဆိုတဲ့ ေသျခင္းနတ္ဘုရားမကို အေျခခံၿပီး ေရးဆြဲထားတာပါ။ Hel ဆိုတာရဲ႕ အဓိပၸါယ္က ပုန္းကြယ္ေနေသာလို႔ အဓိပၸါယ္ရၿပီးေတာ့ ေနာက္တစ္မ်ိဳးက သူမ အုပ္စိုးတဲ့ ေျမေအာက္ကမာၻကို ေျပာတာပါ။ သမိုင္းပညာရွင္ေတြ ေျပာၾကားခ်က္အရ ၁၃ ရာစုေလာက္က Norse ဒ႑ာရီ အေၾကာင္းေတြကို ေရးသားထားတဲ့ Poetic Edda ဆိုတဲ့ ကဗ်ာစာအုပ္ထဲမွာ Hel ရဲ႕အေၾကာင္းေတြ ပါပါတယ္လို႔ ေျပာခဲ့ပါတယ္။

Hel ရဲ႕ေျမေအာက္ကမာၻကို ေနာက္တစ္မ်ိဳး Hel ရဲ႕ခန္းမလို႔ေခၚၿပီးေတာ့ Yggdrasil ဆိုတဲ့ သစ္ပင္ကေန ေပါက္ေရာက္ေနတဲ့ အျမစ္သုံးခုထဲ တစ္ခုျဖစ္ပါတယ္လို႔ ကဗ်ာထဲမွာ ေျပာထားပါတယ္။ အဲ့ဒီသစ္ပင္ Norse ဒ႑ာရီထဲက သစ္ပင္ျဖစ္ၿပီးေတာ့ အဲ့ဒီသစ္ပင္ဟာ ကမာၻကိုးခုကို ဆက္သြယ္ထားတဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။

ေသၿပီးသား လူကိုလည္း အသက္ျပန္သြင္းေပးလို႔ ရပါတယ္။
photo via screenrant

Hela က ေသျခင္းရဲ႕နတ္ဘုရားမ ျဖစ္တာေၾကာင့္ ဝိဉာဥ္ႏႈတ္တာအျပင္ကို ေသၿပီးသားလူ႔ရဲ႕ ဝိဉာဥ္ကိုလည္း သူ႔ရဲ႕ခႏၶာကိုယ္ထဲကို ျပန္ထည့္ေပးလို႔ ရပါတယ္။ သူမက ဒီစြမ္းအားကို သိပ္ေတာင္ ေလ့က်င့္ေလ့ မရွိေပမယ့္လည္း ေသၿပီးသား လူေတြအမ်ားႀကီးကို ျပန္လည္အသက္သြင္းၿပီးေတာ့ သူ႔ရဲ႕အမိန႔္ကို နာခံမယ့္ လူေသေတြနဲ႔ ဖြဲ႕စည္းထားတဲ့ စစ္တပ္ႀကီးကိုလည္း ဖန္တီးႏိုင္ပါတယ္။ အဲ့ဒီစစ္တပ္ႀကီးကို Norse ဒ႑ာရီထဲမွာေတာ့ Draugrs လို႔ေခၚပါတယ္။

Hand of Glory
photo via screenrant

သူမဟာ ေမွာ္ပညာကိုလည္း လိုသလို အသုံးခ်ႏိုင္ၿပီးေတာ့ မတူညီတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ မတူညီတဲ့ေမွာ္ပညာမ်ိဳးစုံကို အသုံးခ်ႏိုင္ပါတယ္။ အဲ့ဒီထဲက သူမရဲ႕စြမ္းအားအႀကီးဆုံး ေမွာ္ပညာတစ္ခုကေတာ့ Hand of Glory လို႔ ေခၚပါတယ္။ စြမ္းအားေတြကို သူမရဲ႕လက္မွာ စုစည္းၿပီးေတာ့ ရန္သူေတြကို ပစ္လႊတ္လိုက္တာ ျဖစ္ၿပီးေတာ့ သူမရဲ႕ခြန္အားနဲ႔ ခံႏိုင္ရည္ေတြကို တိုးတက္ေစပါတယ္။

စြမ္းအားႀကီးမားလြန္းတဲ့ Asgardians ေတြေတာင္မွ အဲ့ဒီစြမ္းအားကို ခံႏိုင္ရည္ မရွိပါဘူး။ ဒါ့အျပင္ Thor: Ragnarok ထဲမွာ Mjolnir ကိုေတာင္ အၿပဳံးေတာင္မပ်က္ဘဲ လြယ္လြယ္ေလး ဖ်က္စီးပစ္လိုက္တာကို သိၾကမွာပါ။ ပရိသတ္အမ်ားစု က ဒီလိုမ်ိဳး Thor ရဲ႕တူကို ဖ်က္စီးႏိုင္တာက Hand of Glory ရဲ႕စြမ္းအားေၾကာင့္ပါလို႔ ထင္ေၾကးေပးခဲ့ၾကပါတယ္။

သူမဟာ သာမန္လူေတြထက္ အမ်ားႀကီးပိုၿပီး သန္မာပါတယ္။
photo via screenrant

သူမရဲ႕ႀကီးမားတဲ့ ခြန္အားေတြနဲ႔ ခံႏိုင္ရည္ေတြ ရွိေနတာဟာ သူမရဲ႕ ခႏၶာကိုယ္ ဖြဲ႕စည္းပုံေၾကာင့္ ျဖစ္ပါတယ္။ သူမရဲ႕ အေရျပား၊ ႂကြက္သားနဲ႔ အ႐ိုးေတြက ပုံမွန္လူေတြထက္ သုံးဆပိုၿပီး မာေက်ာတာေၾကာင့္ မ်ားစြာေသာ လုပ္ႏိုင္စြမ္းေတြ ရရွိခဲ့ပါတယ္။ သူမရဲ႕အေရျပားရဲ႕ မာေက်ာမႈေၾကာင့္ မ်ားစြာေသာ ေရာဂါေတြနဲ႔ ကူးစက္ေရာဂါေတြကိုလည္း ကာကြယ္ၿပီးသား ျဖစ္ၿပီးေတာ့ သာမန္လူေတြထက္လည္း ပိုၿပီး အသက္ႀကီးႏႈန္းက ၾကာျမင့္ပါတယ္။

ဒါ့အျပင္ သူမရဲ႕ အ႐ိုးနဲ႔ အေရျပားေတြရဲ႕မာေက်ာမႈေၾကာင့္ ဒဏ္ရာရတဲ့အခါမွာ ျပန္ၿပီးကုသႏိုင္စြမ္းကလည္း အရမ္းကို ျမန္ၿပီးေတာ့ သက္လုံကိုလည္း အရမ္းေကာင္းေစတာေၾကာင့္ သူမရဲ႕ရန္သူေတြ မေရတြက္ႏိုင္ေလာက္တဲ့ တိုက္ခိုက္မႈေတြကို ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ သူမဟာ အရမ္းကို ျမင့္မားတဲ့ အပူခ်ိန္နဲ႔ မ်ားစြာေသာ ထိခိုက္မႈေတြနဲ႔ ဖိအားေတြအမ်ားႀကီးကိုလည္း ခံႏိုင္ရည္ ရွိပါတယ္။ အဲ့ဒါေတြကပဲ သူမကို Thor ရဲ႕ စြမ္းအားအႀကီးမားဆုံး ဗီလိန္ေတြထဲက တစ္ေယာက္ ျဖစ္ေစတာပါ။

သူမက ထင္ေယာင္ထင္မွား ျဖစ္ေအာင္ဖန္တီးျခင္းနဲ႔ အခ်ိန္ ခရီးသြားျခင္း တို႔ကိုလည္း ျပဳလုပ္ႏိုင္ပါေသးတယ္။
photo via screenrant

သူမက MCU ထဲမွာေတာ့ Odin ရဲ႕သမီး၊ Thor နဲ႔ Loki တို႔ရဲ႕ အမ ျဖစ္ၿပီးေတာ့ comic ထဲမွာေတာ့ သူမက Loki ရဲ႕သမီး ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ေမွာ္ပညာနဲ႔ ထင္ေယာင္ထင္မွား ျဖစ္ေအာင္ ျပဳလုပ္တတ္ပါတယ္။  The Avengers: Earth’s Mightiest Heroes ဆိုတဲ့ comic ထဲမွာဆိုရင္ သူမက Captain America ကို စစ္ပြဲမွာ က်ဆုံးသြားတဲ့ သူ႔ရဲ႕ရဲေဖာ္ရဲဖက္ေတြရဲ႕ ပုံရိပ္ေတြကို အတုအေယာင္ ဖန္တီးၿပီးေတာ့ Cap ကို Hel မွာ ေနဖို႔အတြက္ နားခ်ခဲ့ဖူးပါတယ္။

အဲ့ဒါအျပင္ကို သူမမွာရွိတဲ့ ေမွာ္ပညာေတြေၾကာင့္ပဲ အခ်ိန္ခရီးသြားႏိုင္စြမ္းကို ပိုင္ဆိုင္ထားပါတယ္။ ေသျခင္းတရား မသက္ေရာက္ႏိုင္တဲ့ အခ်ိန္နဲ႔ ေနရာဆိုတာ မရွိပါဘူးလို႔ သူမကိုယ္တိုင္ ေျပာခဲ့ဖူးပါေသးတယ္။  Dark Reign ဆိုတဲ့ comic မွာဆိုရင္ သူမက အတိတ္ကို ခရီးသြားၿပီးေတာ့ Loki က Thor ကို လက္စားေခ်မယ့္ အစီအစဥ္မွာ ကူညီေပးခဲ့ပါေသးတယ္။

သူမရဲ႕ ဝတ္႐ုံသာ မရွိရင္ ဘာစြမ္းအားမွ မရွိပါဘူး။
photo via screenrant

သူမွာ ေမွာ္ပညာေတြနဲ႔ အရမ္းကို စြမ္းအားႀကီးတဲ့ နတ္ဘုရားမ တစ္ေယာက္ ျဖစ္ေပမယ့္ သူမရဲ႕ ဝတ္႐ုံသာ မရွိရင္ လုံးဝကို အားနည္းတဲ့ သူတစ္ေယာက္ ျဖစ္သြားပါတယ္။ ကြၽန္ေတာ္တို႔ သိတဲ့ သူမရဲ႕ ပုံစံက ပုံစံအမွန္ မဟုတ္ဘဲ သူမရဲ႕ ခႏၶာကိုယ္ရဲ႕ ညာဘက္က အေကာင္းတိုင္း ျဖစ္ၿပီးေတာ့ ဘယ္ဘက္ကေတာ့ ေသေနၿပီး ပုပ္ပြေနတဲ့ ပုံစံကသာ ပုံစံအမွန္ ျဖစ္ပါတယ္။

သူမဟာ အဲ့ဒီပုံစံအတိုင္း ေမြးလာၿပီးေတာ့ သူ႔ရဲ႕ဝတ္႐ုံနဲ႔ ပုံစံအမွန္ကို ဖုံးကြယ္ထားတာ ျဖစ္ပါတယ္။ သူမရဲ႕ပုံစံအမွန္တိုင္းဆိုရင္ ေမွာ္ပညာေတြ သုံးဖို႔ေနေနသာသာ မတ္တပ္ေတာင္ ေကာင္းေကာင္း မရပ္ႏိုင္ပါဘူး။ သူမရဲ႕ ဝတ္႐ုံသာမရွိခဲ့ရင္ သူဟာ ေျမေအာက္ကမာၻကေနေတာင္ ထြက္ခြာႏိုင္မွာ မဟုတ္ပါဘူးလို႔ ေျပာၾကတဲ့ သီအိုရီေတြလည္း ရွိပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕ဝတ္႐ုံကို ထိလိုက္တာနဲ႔ ခ်က္ခ်င္းပဲ လုံးဝကို စြမ္းအားႀကီးတဲ့ နတ္ဘုရားမ တစ္ေယာက္အျဖစ္ ေျပာင္းလဲသြားပါတယ္။

Lego Les
RELATED ARTICLES

Most Popular