HomeEntertainmentFilm2023 Comic-Con ပွဲမှာ ပြသသွားတဲ့ ထွေလာအသစ်များ

2023 Comic-Con ပွဲမှာ ပြသသွားတဲ့ ထွေလာအသစ်များ

Comic-Con ပွဲကတော့ နှစ်တိုင်းမှာ ကျင်းပနေကျ ပွဲတစ်ခုဖြစ်ပြီး ဒီပွဲမှာတော့ ရုပ်ရှင်စတူဒီယိုတွေဟာ သူတို့ရဲ့ပရောဂျက်အသစ်တွေကို ကြေညာလေ့ရှိကြပါတယ်။ ယခုနှစ်မှာလည်း စိတ်ဝင်စားစရာဇာတ်လမ်းတွေရဲ့ ထွေလာတွေကို ပြသသွားပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေ မျှော်လင့်တကြီး စောင့်စားနေကြတဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွေရဲ့ Comic-Con က ထွေလာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Harley Quinn Season 4

Harley Quinn ဇာတ်လမ်းတွဲရဲ့ Season 4 ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် Warner Bros. ဟာ Season 4 ရဲ့ ထွေလာအသစ်ကို ဒီပွဲမှာပြသသွားပါတယ်။ Harley Quinn ဇာတ်လမ်းတွဲရဲ့ ထုံးစံအတိုင်း ဒီ Season ထဲမှာလည်း R-Rated ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်နေပြီး Harley နဲ့ Ivy တို့ကြားက အခြေအနေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Young Love

ဒီ Animation Series ကိုတော့ Matthew A. Cherry က ဖန်တီးထားတာ ဖြစ်ပြီး သူဖန်တီးခဲ့တဲ့ Hair Love ဆိုတဲ့ Short Animation ကတော့ ၂၀၂၀ ခုနှစ်မှာ အော်စကာဆု ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ သူဖန်တီးခဲ့တဲ့ Hair Love ထဲက Young မိသားစုရဲ့အကြောင်းကိုပဲ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ အလွဲတွေ၊ ပျော်စရာအခိုက်အတန့်တွေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Adventure Time: Fionna & Cake

Adventure Time ဇာတ်လမ်းတွဲက ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် ဒီဇာတ်လမ်းတွဲကတော့ Universe တစ်ခုတည်းမှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Finn နဲ့ Jake တို့ရဲ့ Alternate Version ကို မြင်တွေ့ရမှာပါ။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာ Spin-Off ဇာတ်လမ်းတစ်ခု ဖြစ်ပြီး အပိုင်း (၁၀)ပိုင်း ပါဝင်လာမယ်လို့ သိရပါတယ်။

Justice League: Warworld

ဒီထွေလာထဲမှာတော့ Wonder Woman ဟာ Wild West လို နေရာတစ်ခုကို ရောက်နေတာ တွေ့ရပါတယ်။ တကယ်တော့ ဒီ Animation ထဲမှာ မတူညီတဲ့ Pocket World တွေကို မြင်တွေ့ရမှာ ဖြစ်ပြီး Superman ၊ Batman နဲ့ Wonder Woman တို့ဟာ မတူညီတဲ့ Reality တွေမှာ ရှင်သန်နိုင်ဖို့ တိုက်ခိုက်နေရပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Kalki 2898 AD

Kalki 2898 AD ကတော့ အိန္ဒိယရုပ်ရှင်တစ်ကား ဖြစ်ပြီး Sci-Fi ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ 2898 AD မှာ ဇာတ်အိမ်တည်ထားပြီး ဟိန္ဒူနတ်ဘုရား Vishnu ဝင်စားထားတဲ့ လူတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာပါ။ ဒါကြောင့်ပဲ Blade Runner လိုပတ်ဝန်းကျင်တွေကို မြင်တွေ့ခဲ့ရပြီး Visual တွေကလည်း မှင်သက်စရာကောင်းပါတယ်။

The Walking Dead: Daryl Dixon

The Walking Dead ပရိသတ်တွေ စောင့်မျှော်နေတဲ့ Daryl Dixon ဇာတ်လမ်းတွဲရဲ့ ထွေလာကိုလည်း ပြသသွားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ နာမည်အတိုင်းပဲ Daryl ကို အဓိကမြင်တွေ့ရမှာဖြစ်ပြီး The Walking Dead ဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် စက်တင်ဘာလ (၁၀)ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပြီး အပိုင်း(၆)ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။

The Walking Dead: The Ones Who Live

အပေါ်ကဇာတ်လမ်းတွဲအပြင် Rick နဲ့ Michonne တို့ရဲ့ Spin-Off ဇာတ်လမ်းလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ First Look ကိုတော့ ယခုနှစ်‌ Comic-Con ပွဲမှာ ပြသသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးဘဲ The Walking Dead ဇာတ်လမ်းတွဲအပြီးမှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၄ ခုနှစ်မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Rick and Morty The Anime

နာမည်ကြီး Rick and Morty ဇာတ်လမ်းတွဲကတော့ Anime ပုံစံနဲ့ ထွက်ရှိလာဦးမှာပါ။ ဒီဇာတ်လမ်းတွဲဟာ Rick and Morty Season 7 နဲ့ ဘယ်လိုဆက်စပ်သွားမလည်း ဆိုတာတော့ မသိရသေးပါဘူး။ ဒီထွေလာထဲမှာတော့ Anime Intro ပုံစံကို ပြသသွားပြီး ဇာတ်လမ်းကိုလည်း မသိရသေးပါဘူး။

Invincible Season 2

(၂)နှစ်ကြာအောင် စောင့်ဆိုင်းပြီးချိန်မှာတော့ Invincible Season 2 ရဲ့ထွေလာ ထွက်ရှိလာခဲ့ပါပြီ။ Season 2 ကိုတော့ နှစ်ပိုင်းခွဲထားပြီး လာမယ့် နိုဝင်ဘာလ (၃)ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဒုတိယပိုင်းကိုတော့ ၂၀၂၄ ခုနှစ်မှာ ပြသသွားမှာပါ။ ဒီထွေလာထဲမှာတော့ Mark နဲ့ သူ့ရဲ့အမေ၊ Atom Eve တို့အပြင် Omni-Man တို့ကိုလည်း ပြန်လည်မြင်တွေ့လိုက်ရပါတယ်။

Mortal Kombat Legends: Cage Match

Warner Bros. စတူဒီယိုကတော့ Mortal Kombat ပရိသတ်တွေအတွက် ပရောဂျက်အသစ်တစ်ခုကို ထပ်မံချပြခဲ့ပါတယ်။ ဒီ Animation ကတော့ အခြားသော Mortal Kombat Legends Animation တွေနဲ့ Universe တစ်ခုတည်းမှာပဲ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဒီ Animation ကတော့ Scorpion’s Revenge ဇာတ်လမ်းမတိုင်ခင်က အကြောင်းအရာတွေကို မြင်တွေ့ရမယ့် Prequel ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular