HomeEntertainmentFilmရုပ်ရှင်လောကမှာ ခြေချတော့မယ့် Red Velvet ရဲ့ Irene 

ရုပ်ရှင်လောကမှာ ခြေချတော့မယ့် Red Velvet ရဲ့ Irene 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Red Velvet အဖွဲ့က Irene ဟာ ရုပ်ရှင်လောကကို ပထမဆုံး ခြေချတော့မှာ ဖြစ်ပြီး ဆုရဒါရိုက်တာ Baek Seung Hwan ရိုက်ကူးမယ့် ရုပ်ရှင်ကားသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Sports Seoul သတင်းဌာနရဲ့ ဖော်ပြချက်အရ Irene ဟာ Double Patty လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားသစ်မှာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဆိုပါရုပ်ရှင်ဟာ လက်ရှိအချိန်မှာ ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေဆဲဖြစ်ပြီး ဇာတ်လမ်းကတော့ နိုင်ငံတစ်နိုင်ငံရဲ့ လူငယ်တွေအကြောင်းကို အခြေခံ ရိုက်ကူးမှာ ဖြစ်ပါတယ်။ Irene ကတော့ အဆိုပါရုပ်ရှင်ထဲမှာ တက်ကြွတဲ့ သတင်းကြေငြာသူ အမျိုးသမီးနေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာပါ။

Photo: renebaebae/ Instagram

ဒီသတင်းနဲ့ ပတ်သက်ပြီး SM Entertainment က Irene ဟာ ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်မယ့်အကြောင်း အတည်ပြု ပြောကြားထားပါတယ်။ “Irene ဟာ Double Patty ဆိုတဲ့ ရုပ်ရှင်ထဲမှာ သတင်းကြေငြာသူ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာပါ။ ရိုက်ကူးရေးကိုတော့ ဩဂုတ်လမှာ စတင်ဖို့ လျာထားပါတယ်…” လို့ SM က ပြောကြားထားတာပါ။

Photo: koreaboo

Irene အတွက်တော့ ဒါဟာ ၂၀၁၆ခုနှစ်မှာ Women at A Game Company ဆိုတဲ့ ဒရာမာထဲမှာ Ahreum ဆိုတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ပြီးနောက် ပထမဆုံး စတင်သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ Irene ရဲ့ ခြေလှမ်းအသစ်ကို သူမနဲ့ထပ်တူ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရင်းနဲ့ စာဖတ်သူတို့ကို သတင်းကောင်းပါးလိုက်ပါတယ်။

LaNina
(Zawgyi Version)

Red Velvet အဖြဲ႕က Irene ဟာ ႐ုပ္ရွင္ေလာကကို ပထမဆုံး ေျခခ်ေတာ့မွာ ျဖစ္ၿပီး ဆုရဒါ႐ိုက္တာ Baek Seung Hwan ႐ိုက္ကူးမယ့္ ႐ုပ္ရွင္ကားသစ္မွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

Sports Seoul သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Irene ဟာ Double Patty လို႔ အမည္ေပးထားတဲ့ ႐ုပ္ရွင္ကားသစ္မွာ အဓိကဇာတ္ေကာင္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ အဆိုပါ႐ုပ္ရွင္ဟာ လက္ရွိအခ်ိန္မွာ ႐ိုက္ကူးထုတ္လုပ္ဖို႔ ျပင္ဆင္ေနဆဲျဖစ္ၿပီး ဇာတ္လမ္းကေတာ့ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ လူငယ္ေတြအေၾကာင္းကို အေျခခံ ႐ိုက္ကူးမွာ ျဖစ္ပါတယ္။ Irene ကေတာ့ အဆိုပါ႐ုပ္ရွင္ထဲမွာ တက္ႂကြတဲ့ သတင္းေၾကျငာသူ အမ်ိဳးသမီးေနရာကေန ပါဝင္သ႐ုပ္ေဆာင္သြားမွာပါ။

Photo: renebaebae/ Instagram

ဒီသတင္းနဲ႔ ပတ္သက္ၿပီး SM Entertainment က Irene ဟာ ႐ုပ္ရွင္ကားတစ္ကားမွာ ပါဝင္မယ့္အေၾကာင္း အတည္ျပဳ ေျပာၾကားထားပါတယ္။ “Irene ဟာ Double Patty ဆိုတဲ့ ႐ုပ္ရွင္ထဲမွာ သတင္းေၾကျငာသူ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္သြားမွာပါ။ ႐ိုက္ကူးေရးကိုေတာ့ ဩဂုတ္လမွာ စတင္ဖို႔ လ်ာထားပါတယ္…” လို႔ SM က ေျပာၾကားထားတာပါ။

Photo: koreaboo

Irene အတြက္ေတာ့ ဒါဟာ ၂၀၁၆ခုႏွစ္မွာ Women at A Game Company ဆိုတဲ့ ဒရာမာထဲမွာ Ahreum ဆိုတဲ့ ေကာင္မေလးအျဖစ္ သ႐ုပ္ေဆာင္ၿပီးေနာက္ ပထမဆုံး စတင္သ႐ုပ္ေဆာင္မယ့္ ႐ုပ္ရွင္ဇာတ္ကား ျဖစ္ပါတယ္။ Irene ရဲ႕ ေျခလွမ္းအသစ္ကို သူမနဲ႔ထပ္တူ စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ရင္းနဲ႔ စာဖတ္သူတို႔ကို သတင္းေကာင္းပါးလိုက္ပါတယ္။

LaNina
RELATED ARTICLES

Most Popular