HomeCharacterX-Men အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rogue အကြောင်း စိတ်ဝင်စားစရာအချက်များ

X-Men အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rogue အကြောင်း စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Rogue ဟာလည်း X-Men တွေထဲက နာမည်အကြီးဆုံးဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပြီးတော့ စွမ်းအားကြီးအဆုံးဇာတ်ကောင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကတော့ ၁၉၈၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Avengers Annual #10 ဆိုတဲ့ကောမစ်ထဲမှာ စတင်ပြီး Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ သိသင့်တဲ့ သူမရဲ့အကြောင်းတွေကို သူ့ရဲ့ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

ဗီလိန်တစ်ယောက်အနေနဲ့ စတင်ဖန်တီးခဲ့ပါတယ်။
photo via cbr

Rogue ဟာ X-Men အဖွဲ့ပေါ်မှာ အရမ်းကို သစ္စာရှိတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူမဟာ အစကဗီလိန်ဖြစ်ခဲ့ဖူးတယ်ဆိုတာကို တော်တော်များများက မသိကြပါဘူး။ သူမငယ်စဉ်အခါတုန်းက Mystique ကသူမရဲ့သွေးသားအရင်းတစ်ယောက်လို သဘောထားပြီးတော့ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

အဲ့လိုနဲ့ အသက်ကြီးလာတဲ့အချိန်မှာတော့ သူမဟာ Magneto တည်ထောင်ထားတဲ့ Brotherhood of Evil Mutants ဆိုတဲ့အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီးတော့ X-Men တွေနဲ့ Avengers တို့ကို တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်မှာမှ သူမဝင်ထားတဲ့အဖွဲ့အစည်းဟာ မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်နေတာကိုသိလိုက်ရပြီးတော့ X-Men အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Brotherhood of Evil Mutants အဖွဲ့ထဲမှာ ရှိနေတဲ့အချိန်တုန်းက သူမဟာ Ms. Marvel နဲ့တောင် တိုက်ခိုက်ခဲ့ဖူးပါသေးတယ်။

သူမရဲ့ စွမ်းအား
photo via screenrant

သူမဟာ သန္ဓေပြောင်းလူသားတစ်ယောက်ဖြစ်တာကြောင့် မွေးရာပါစွမ်းအားတစ်ခုပါလာခဲ့ပြီးတော့ အဲ့ဒီအစွမ်းကို ပုံစံနှစ်မျိုးနဲ့အသုံးပြုလို့ရပါတယ်။ တစ်မျိုးကတော့ အသားချင်းထိလိုက်ရုံနဲ့ တစ်ခြားသူတွေရဲ့အသက်ဓာတ်ကို စုပ်ယူနိုင်တာဖြစ်ပြီးတော့ နောက်တစ်မျိုးကတော့ တစ်ခြားသူမှာရှိနေတဲ့စွမ်းအားတွေကို စုပ်ယူနိုင်တာ ဖြစ်ပါတယ်။ သူဟာ တစ်ခြားသူရဲ့စွမ်းအားကို စုပ်ယူထားရင်တော့ အဲ့ဒီစွမ်းအားဟာ အချိန်အတိုင်းအတာ တစ်ခုထိပဲ သုံးလို့ရပြီးတော့ အဲ့ဒီအချိန်ကုန်သွားရင်တော့ သူစုပ်ယူထားတဲ့အစွမ်းဟာ ပျောက်ကွယ်သွားပါတော့တယ်။

အဲ့ဒီအချိန်အတိုင်းအတာကတော့ စွမ်းအားကို စုပ်ယူထားတဲ့အချိန်ပေါ်မူတည်ပြီးတော့ ကြာကြာစုပ်ယူထားရင် ကြာကြာအသုံးပြုလို့ရပါတယ်။ သူမကိုစတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက သူမဟာ Ms. Marvel ရဲ့စွမ်းအားတွေကိုစုပ်ယူခဲ့ပြီးတော့ သာမန်လူတွေထက်သာလွန်တဲ့ခွန်အားတွေနဲ့ လေပေါ်ပျံလို့ရတဲ့အစွမ်းပါ ရရှိသွားတဲ့အပြင် Ms. Marvel ရဲ့စွမ်းအားတွေကို အကုန်လုံးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ အဲ့ဒီစွမ်းအားတွေကို နှစ်ပေါင်းများစွာကြာအောင် အသုံးပြုနိုင်ခဲ့ပါတယ်။

သူမရဲ့စွမ်းအား မသက်ရောက်နိုင်တဲ့သူတွေလည်း ရှိပါတယ်။
photo via screenrant

သူမရဲ့စွမ်းအားဟာ အရမ်းကို အန္တရာယ်များပြီးတော့ အသက်ပါဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့စွမ်းအားကို အများကြီးမသုံးမိစေဖို့အတွက် တစ်ခြားသူတွေရဲ့စွမ်းအားကိုစုပ်ယူတဲ့အခါမှာ အနမ်းတစ်ပွင့်နဲ့ပဲ စုပ်ယူလေ့ရှိပါတယ်။ ဒါပေမဲ့လည်း အပေါ်မှာ ဖော်ပြခဲ့သလို Ms. Marvel ရဲ့စွမ်းအားကို စုပ်ယူတဲ့အချိန်တုန်းကတော့ အချိန်တော်တော်ကြာအောင် ဖက်ထားခဲ့တာကြောင့် သူမဟာအဲ့ဒီစွမ်းအားတွေကို ဆယ်စုနှစ်တစ်ခုကျော်ကျော်လောက်ထိ အသုံးပြုလို့ရခဲ့တာ ဖြစ်ပါတယ်။ စွမ်းအားတွေိကို စုပ်ယူပြီးသွားတဲ့အချိန်မှာတော့ Ms. Marvel ဟာနှစ်ပေါင်းများစွာ ကိုမာဝင်သွားခဲ့တဲ့အပြင် ကိုမာကပြန်လည်နိူးထလာတဲ့အချိန်မှာလည်း သူ့ရဲ့စွမ်းအားတွေ ပြန်ပြည့်ဖို့အတွက် အချိန်ယူခဲ့ရပါသေးတယ်။

ဒါပေမဲ့လည်း အဲ့လောက်ထိအန္တရာယ်များတဲ့ စွမ်းအားဟာ မသက်ရောက်နိုင်တဲ့သူတွေလည်း ရှိပါသေးတယ်။ တစ်ရက်မှာတော့ Magneto ဟာ X-Men တွေကိုတိုက်ခိုက်ဖို့အတွက် ရောက်လာတဲ့အချိန်မှာ သူမဟာ Magneto ကိုနမ်းလိုက်ပြီး စွမ်းအားတွေ စုပ်ယူဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကြိုးစားမှုဟာ မအောင်မြင်ခဲ့ဘဲနဲ့ သူ့ရဲ့စွမ်းအားဟာ Magneto အပေါ်ကို မသက်ရောက်နိုင်ခဲ့ပါဘူး။ အဲ့လိုဖြစ်ရတဲ့အကြောင်းကတော့ သူတို့တွေဟာ အရမ်းကိုစွမ်းအားကြီးလွန်းတာကြောင့် သူမအနေနဲ့ အဲ့ဒီစွမ်းအားတွေကို စုပ်ယူလိုက်ရင် သူမကိုယ်တိုင်ပါ ထိခိုက်ဒဏ်ရာတွေ ရနိုင်တာကြောင့် ဖြစ်ပါတယ်။ သူမဟာ Loki ကိုလည်း နမ်းခဲ့ပြီး စွမ်းအားတွေကို စုပ်ယူဖို့ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုမျိုး သူမရဲ့စွမ်းအားမသက်ရောက်နိုင်တဲ့သူတွေကတော့ လူနည်းစုပဲရှိပြီးတော့ အဲ့ဒီလူနည်းစုထဲမှာ Sentry လည်း အပါအဝင်ဖြစ်ပါတယ်။

မေ့ပျောက်ခံလိုက်ရတဲ့ Sentry
photo via cbr

၂၀၀၀ ခုနှစ်ပြည့်တဲ့အချိန်မှာ Marvel က Sentry ဆိုတဲ့ဇာတ်ကောင်ကို အခြေခံပြီးတော့ ကောမစ်စီးရီးတစ်ခု ထုတ်လုပ်ခဲ့ပါတယ်။ Sentry ဟာကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးလူတစ်ယောက်ဖြစ်ပြီးတော့ အဲ့ဒီကောမစ်စီးရီးဟာလည်း တော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။ Sentry ဟာအရမ်းကို စွမ်းအားကြီးတဲ့ဟီးရိုးတစ်ယောက်ဖြစ်ပေမယ့်လည်း သူဟာ လူတစ်ကိုယ်စိတ်နှစ်မျိုးဖြစ်နေတဲ့ စိတ်ရောဂါကို ခံစားနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Sentry ကတော့ တစ်ခြားသူတွေကိုကယ်တင်နေတဲ့ ဟီးရိုးတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Void လို့ခေါ်ပြီးတော့ ထိန်းချုပ်လို့မရအောင်ကို ကြမ်းတမ်းလွန်းတဲ့ ဗီလိန်တစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Void ဟာလုံးဝကို အထိန်းချုပ်မဲ့ပြီး သောင်းကျန်းနေတာကြောင့် Thor ဟာသူ့ကိုတားဆီးခဲ့ပြီးတော့ နောက်ဆုံးမှာတော့ သတ်ပစ်ခဲ့ပါတယ်။

Sentry အတွက် ဈာပနပွဲကျင်းပနေတဲ့အချိန်မှာတော့ Rogue ဟာအကြောင်းတစ်မျိုးမျိုးကြောင့် မေ့ပျောက်နေတဲ့ သူ့ရဲ့မှတ်ဉာဏ်တွေထဲက အနည်းငယ်ကို ပြန်ပြီးမှတ်မိခဲ့ပါတယ်။ အဲ့ဒါကတော့ သူနဲ့ Sentry ဟာတွဲခဲ့ဖူးပြီးတော့ သူ့ရဲ့အပျိုစင်ဘဝကို Sentry ဆီမှာ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Sentry ဟာအရမ်းကို စွမ်းအားကြီးတာကြောင့် သူမအနေနဲ့ Sentry ရဲ့စွမ်းအားတွေကို စုပ်ယူလို့မရတာကြောင့် Sentry ဟာ အန္တရာယ်မဖြစ်စေဘဲနဲ့ သူမထိတွေ့နိုင်တဲ့လူနည်းစုထဲတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူမဟာ အဲ့ဒီအချက်အနည်းငယ်ကိုပဲ မှတ်မိပြီး တစ်ခြားဘာကိုမှ မမှတ်မိခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ကြားမှာ တော်တော်လေးကို ခိုင်မာတဲ့သံယောဇဉ်ရှိခဲ့မယ်ဆိုတာကိုတော့ သေချာသိသွားပါတယ်။ အဲ့ဒီမှတ်ဉာဏ်တွေကို ပြန်မှတ်မိသွားတဲ့အချိန်မှာတော့ သူမဟာ Sentry ရဲ့ဈာပနပွဲမှာ ရှိုက်ကြီးတငင်ပဲ ငိုကြွေးခဲ့ပါတယ်။

 Mr and Mrs X
photo via cbr

Rogue ဟာ X-Men အဖွဲ့ထဲကို ဝင်ခဲ့ပြီး (၇) နှစ်ကြာတဲ့အချိန် ၁၉၉၀ ခုနှစ်မှာ Gambit ဟာ Marvel ကောမစ်လောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Storm နဲ့တွေ့ခဲ့ပြီး သူတို့နှစ်ယောက်ဟာ သူခိုးတွေအဖြစ် အတူတူအလုပ်လုပ်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက Storm ဟာအတိတ်မေ့နေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်သတိရလာခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ သူမဟာ Gambit ကို X-Men အဖွဲ့ထဲကို ဝင်ဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာလက်ခံခဲ့ပြီးတော့ X-Men အဖွဲ့ဝင်ဖြစ်သွားတာကြောင့် Rogue နဲ့တွေ့ဆုံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ဆယ်စုနှစ်တစ်ခုလောက် တွဲခဲ့ကြပြီးတော့မှ လက်ထပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်အတွက် Mr and Mrs X ဆိုတဲ့ သီးသန့် ကောမစ်စီးရီးတစ်ခု ထွက်ခဲ့ပါသေးတယ်။

သူမရဲ့စွမ်းအားတွေကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။
photo via cbr

ကောမစ်တိုင်းလိုလိုနဲ့ ရုပ်ရှင်တွေထဲမှာလည်း သူမဟာ အမြဲတမ်း သူ့ရဲ့စွမ်းအားတွေိကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း X-Men Legacy #225 ဆိုတဲ့ကောမစ်ထဲမှာတော့ Professor X ရဲ့ကူညီမှုတွေကြောင့် သူ့စွမ်းအားကို ပိုပြီးကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလာနိုင်ပြီးတော့ သူ့စွမ်းအားရဲ့အမြင့်ဆုံးအဆင့်ထိပါ အသုံးပြုလာနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ အန္တရာယ်မဖြစ်စေဘဲနဲ့ လူတိုင်းကို ထိတွေ့နိုင်ခဲ့ပါတယ်။ အရင်လို ထိလိုက်တာနဲ့ အသက်ဓာတ်နဲ့ စွမ်းအားတွေကို မစုပ်ယူတော့ဘဲ သူမစိတ်ဆန္ဒရှိတဲ့အချိန်ရောက်တော့မှသာ တစ်ခြားသူတွေရဲ့ အသက်ဓာတ်နဲ့ စွမ်းအားတွေကို စုပ်ယူနိုင်ခဲ့ပါတယ်။

Thor ရဲ့တူဖြစ်တဲ့ Mjolnir ကိုလည်း မ,နိုင်ခဲ့ပါတယ်။
photo via cbr

What if ဆိုတဲ့ကောမစ်စီးရီးထဲမှာ Rogue ဟာ Mjolnir ကိုမ,နိုင်ခဲ့ပါတယ်။ အဲ့လိုမ,နိုင်ရတဲ့အကြောင်းအရင်းကတော့ Thor ရဲ့အသက်ဓာတ်နဲ့ စွမ်းအားတွေိကို စုပ်ယူလိုက်တဲ့အပြင် သူ့ရဲ့ထိုက်တန်မှုကိုပါ စုပ်ယူလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Thor ရဲ့စွမ်းအားတွေကို ရရှိသွားတဲ့အပြင် Mjolnir ကိုပါ မ,နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမဟာ အဲ့ဒီစွမ်းအင်တွေနဲ့ Avengers တစ်ဖွဲ့လုံးကိုတောင် တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒါတွေပြီးတဲ့နောက်မှာ Loki ဟာ Asgard ကိုဖျက်စီးဖို့အတွက် သူမကိုဖြားယောင်းသွေးဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူမဟာ Asgard ကိုဖျက်စီးမယ့်အစား Loki နဲ့သူ့ရဲ့စစ်တပ်ကိုပဲ ဖျက်စီးလိုက်ပါတယ်။ သူမဟာ Asgard ကိုဖျက်စီးမယ့်ရန်ကနေ ကာကွယ်ပေးခဲ့တာကြောင့် Odin ဟာ သူမကို မိုးကြိုးနတ်ဘုရားမအဖြစ် တင်မြောက်ခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Rogue ဟာလည္း X-Men ေတြထဲက နာမည္အႀကီးဆုံးဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္ၿပီးေတာ့ စြမ္းအားႀကီးအဆုံးဇာတ္ေကာင္ေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမကေတာ့ ၁၉၈၁ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Avengers Annual #10 ဆိုတဲ့ေကာမစ္ထဲမွာ စတင္ၿပီး Marvel ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ သိသင့္တဲ့ သူမရဲ႕အေၾကာင္းေတြကို သူ႔ရဲ႕ပရိသတ္ေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

ဗီလိန္တစ္ေယာက္အေနနဲ႔ စတင္ဖန္တီးခဲ့ပါတယ္။
photo via cbr

Rogue ဟာ X-Men အဖြဲ႕ေပၚမွာ အရမ္းကို သစၥာရွိတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ သူမဟာ အစကဗီလိန္ျဖစ္ခဲ့ဖူးတယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ားက မသိၾကပါဘူး။ သူမငယ္စဥ္အခါတုန္းက Mystique ကသူမရဲ႕ေသြးသားအရင္းတစ္ေယာက္လို သေဘာထားၿပီးေတာ့ ျပဳစုေစာင့္ေရွာက္ေပးခဲ့ပါတယ္။

အဲ့လိုနဲ႔ အသက္ႀကီးလာတဲ့အခ်ိန္မွာေတာ့ သူမဟာ Magneto တည္ေထာင္ထားတဲ့ Brotherhood of Evil Mutants ဆိုတဲ့အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ၿပီးေတာ့ X-Men ေတြနဲ႔ Avengers တို႔ကို တိုက္ခိုက္ခဲ့ဖူးပါတယ္။ အဲ့ဒီေနာက္မွာမွ သူမဝင္ထားတဲ့အဖြဲ႕အစည္းဟာ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ ျပဳလုပ္ေနတာကိုသိလိုက္ရၿပီးေတာ့ X-Men အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ Brotherhood of Evil Mutants အဖြဲ႕ထဲမွာ ရွိေနတဲ့အခ်ိန္တုန္းက သူမဟာ Ms. Marvel နဲ႔ေတာင္ တိုက္ခိုက္ခဲ့ဖူးပါေသးတယ္။

သူမရဲ႕ စြမ္းအား
photo via screenrant

သူမဟာ သေႏၶေျပာင္းလူသားတစ္ေယာက္ျဖစ္တာေၾကာင့္ ေမြးရာပါစြမ္းအားတစ္ခုပါလာခဲ့ၿပီးေတာ့ အဲ့ဒီအစြမ္းကို ပုံစံႏွစ္မ်ိဳးနဲ႔အသုံးျပဳလို႔ရပါတယ္။ တစ္မ်ိဳးကေတာ့ အသားခ်င္းထိလိုက္႐ုံနဲ႔ တစ္ျခားသူေတြရဲ႕အသက္ဓာတ္ကို စုပ္ယူႏိုင္တာျဖစ္ၿပီးေတာ့ ေနာက္တစ္မ်ိဳးကေတာ့ တစ္ျခားသူမွာရွိေနတဲ့စြမ္းအားေတြကို စုပ္ယူႏိုင္တာ ျဖစ္ပါတယ္။ သူဟာ တစ္ျခားသူရဲ႕စြမ္းအားကို စုပ္ယူထားရင္ေတာ့ အဲ့ဒီစြမ္းအားဟာ အခ်ိန္အတိုင္းအတာ တစ္ခုထိပဲ သုံးလို႔ရၿပီးေတာ့ အဲ့ဒီအခ်ိန္ကုန္သြားရင္ေတာ့ သူစုပ္ယူထားတဲ့အစြမ္းဟာ ေပ်ာက္ကြယ္သြားပါေတာ့တယ္။

အဲ့ဒီအခ်ိန္အတိုင္းအတာကေတာ့ စြမ္းအားကို စုပ္ယူထားတဲ့အခ်ိန္ေပၚမူတည္ၿပီးေတာ့ ၾကာၾကာစုပ္ယူထားရင္ ၾကာၾကာအသုံးျပဳလို႔ရပါတယ္။ သူမကိုစတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက သူမဟာ Ms. Marvel ရဲ႕စြမ္းအားေတြကိုစုပ္ယူခဲ့ၿပီးေတာ့ သာမန္လူေတြထက္သာလြန္တဲ့ခြန္အားေတြနဲ႔ ေလေပၚပ်ံလို႔ရတဲ့အစြမ္းပါ ရရွိသြားတဲ့အျပင္ Ms. Marvel ရဲ႕စြမ္းအားေတြကို အကုန္လုံးကို ပိုင္ဆိုင္သြားခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ အဲ့ဒီစြမ္းအားေတြကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အသုံးျပဳႏိုင္ခဲ့ပါတယ္။

သူမရဲ႕စြမ္းအား မသက္ေရာက္ႏိုင္တဲ့သူေတြလည္း ရွိပါတယ္။
photo via screenrant

သူမရဲ႕စြမ္းအားဟာ အရမ္းကို အႏၲရာယ္မ်ားၿပီးေတာ့ အသက္ပါဆုံးရႈံးႏိုင္တဲ့အထိ အႏၲရာယ္ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕စြမ္းအားကို အမ်ားႀကီးမသုံးမိေစဖို႔အတြက္ တစ္ျခားသူေတြရဲ႕စြမ္းအားကိုစုပ္ယူတဲ့အခါမွာ အနမ္းတစ္ပြင့္နဲ႔ပဲ စုပ္ယူေလ့ရွိပါတယ္။ ဒါေပမဲ့လည္း အေပၚမွာ ေဖာ္ျပခဲ့သလို Ms. Marvel ရဲ႕စြမ္းအားကို စုပ္ယူတဲ့အခ်ိန္တုန္းကေတာ့ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ဖက္ထားခဲ့တာေၾကာင့္ သူမဟာအဲ့ဒီစြမ္းအားေတြကို ဆယ္စုႏွစ္တစ္ခုေက်ာ္ေက်ာ္ေလာက္ထိ အသုံးျပဳလို႔ရခဲ့တာ ျဖစ္ပါတယ္။ စြမ္းအားေတြိကို စုပ္ယူၿပီးသြားတဲ့အခ်ိန္မွာေတာ့ Ms. Marvel ဟာႏွစ္ေပါင္းမ်ားစြာ ကိုမာဝင္သြားခဲ့တဲ့အျပင္ ကိုမာကျပန္လည္ႏိူးထလာတဲ့အခ်ိန္မွာလည္း သူ႔ရဲ႕စြမ္းအားေတြ ျပန္ျပည့္ဖို႔အတြက္ အခ်ိန္ယူခဲ့ရပါေသးတယ္။

ဒါေပမဲ့လည္း အဲ့ေလာက္ထိအႏၲရာယ္မ်ားတဲ့ စြမ္းအားဟာ မသက္ေရာက္ႏိုင္တဲ့သူေတြလည္း ရွိပါေသးတယ္။ တစ္ရက္မွာေတာ့ Magneto ဟာ X-Men ေတြကိုတိုက္ခိုက္ဖို႔အတြက္ ေရာက္လာတဲ့အခ်ိန္မွာ သူမဟာ Magneto ကိုနမ္းလိုက္ၿပီး စြမ္းအားေတြ စုပ္ယူဖို႔ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕ႀကိဳးစားမႈဟာ မေအာင္ျမင္ခဲ့ဘဲနဲ႔ သူ႔ရဲ႕စြမ္းအားဟာ Magneto အေပၚကို မသက္ေရာက္ႏိုင္ခဲ့ပါဘူး။ အဲ့လိုျဖစ္ရတဲ့အေၾကာင္းကေတာ့ သူတို႔ေတြဟာ အရမ္းကိုစြမ္းအားႀကီးလြန္းတာေၾကာင့္ သူမအေနနဲ႔ အဲ့ဒီစြမ္းအားေတြကို စုပ္ယူလိုက္ရင္ သူမကိုယ္တိုင္ပါ ထိခိုက္ဒဏ္ရာေတြ ရႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ သူမဟာ Loki ကိုလည္း နမ္းခဲ့ၿပီး စြမ္းအားေတြကို စုပ္ယူဖို႔ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ပါဘူး။ အဲ့ဒီလိုမ်ိဳး သူမရဲ႕စြမ္းအားမသက္ေရာက္ႏိုင္တဲ့သူေတြကေတာ့ လူနည္းစုပဲရွိၿပီးေတာ့ အဲ့ဒီလူနည္းစုထဲမွာ Sentry လည္း အပါအဝင္ျဖစ္ပါတယ္။

ေမ့ေပ်ာက္ခံလိုက္ရတဲ့ Sentry
photo via cbr

၂၀၀၀ ခုႏွစ္ျပည့္တဲ့အခ်ိန္မွာ Marvel က Sentry ဆိုတဲ့ဇာတ္ေကာင္ကို အေျခခံၿပီးေတာ့ ေကာမစ္စီးရီးတစ္ခု ထုတ္လုပ္ခဲ့ပါတယ္။ Sentry ဟာကမာၻေပၚမွာ စြမ္းအားအႀကီးဆုံးလူတစ္ေယာက္ျဖစ္ၿပီးေတာ့ အဲ့ဒီေကာမစ္စီးရီးဟာလည္း ေတာ္ေတာ္ေလးကို ေအာင္ျမင္ခဲ့ပါတယ္။ Sentry ဟာအရမ္းကို စြမ္းအားႀကီးတဲ့ဟီး႐ိုးတစ္ေယာက္ျဖစ္ေပမယ့္လည္း သူဟာ လူတစ္ကိုယ္စိတ္ႏွစ္မ်ိဳးျဖစ္ေနတဲ့ စိတ္ေရာဂါကို ခံစားေနရတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ Sentry ကေတာ့ တစ္ျခားသူေတြကိုကယ္တင္ေနတဲ့ ဟီး႐ိုးတစ္ေယာက္ျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ Void လို႔ေခၚၿပီးေတာ့ ထိန္းခ်ဳပ္လို႔မရေအာင္ကို ၾကမ္းတမ္းလြန္းတဲ့ ဗီလိန္တစ္ေယာက္ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ Void ဟာလုံးဝကို အထိန္းခ်ဳပ္မဲ့ၿပီး ေသာင္းက်န္းေနတာေၾကာင့္ Thor ဟာသူ႔ကိုတားဆီးခဲ့ၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ သတ္ပစ္ခဲ့ပါတယ္။

Sentry အတြက္ ဈာပနပြဲက်င္းပေနတဲ့အခ်ိန္မွာေတာ့ Rogue ဟာအေၾကာင္းတစ္မ်ိဳးမ်ိဳးေၾကာင့္ ေမ့ေပ်ာက္ေနတဲ့ သူ႔ရဲ႕မွတ္ဉာဏ္ေတြထဲက အနည္းငယ္ကို ျပန္ၿပီးမွတ္မိခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူနဲ႔ Sentry ဟာတြဲခဲ့ဖူးၿပီးေတာ့ သူ႔ရဲ႕အပ်ိဳစင္ဘဝကို Sentry ဆီမွာ ေပးအပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Sentry ဟာအရမ္းကို စြမ္းအားႀကီးတာေၾကာင့္ သူမအေနနဲ႔ Sentry ရဲ႕စြမ္းအားေတြကို စုပ္ယူလို႔မရတာေၾကာင့္ Sentry ဟာ အႏၲရာယ္မျဖစ္ေစဘဲနဲ႔ သူမထိေတြ႕ႏိုင္တဲ့လူနည္းစုထဲတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ သူမဟာ အဲ့ဒီအခ်က္အနည္းငယ္ကိုပဲ မွတ္မိၿပီး တစ္ျခားဘာကိုမွ မမွတ္မိခဲ့ေပမယ့္လည္း သူတို႔ႏွစ္ေယာက္ရဲ႕ၾကားမွာ ေတာ္ေတာ္ေလးကို ခိုင္မာတဲ့သံေယာဇဥ္ရွိခဲ့မယ္ဆိုတာကိုေတာ့ ေသခ်ာသိသြားပါတယ္။ အဲ့ဒီမွတ္ဉာဏ္ေတြကို ျပန္မွတ္မိသြားတဲ့အခ်ိန္မွာေတာ့ သူမဟာ Sentry ရဲ႕ဈာပနပြဲမွာ ရႈိက္ႀကီးတငင္ပဲ ငိုေႂကြးခဲ့ပါတယ္။

Mr and Mrs X
photo via cbr

Rogue ဟာ X-Men အဖြဲ႕ထဲကို ဝင္ခဲ့ၿပီး (၇) ႏွစ္ၾကာတဲ့အခ်ိန္ ၁၉၉၀ ခုႏွစ္မွာ Gambit ဟာ Marvel ေကာမစ္ေလာကထဲကို စတင္ဝင္ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Storm နဲ႔ေတြ႕ခဲ့ၿပီး သူတို႔ႏွစ္ေယာက္ဟာ သူခိုးေတြအျဖစ္ အတူတူအလုပ္လုပ္ခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Storm ဟာအတိတ္ေမ့ေနခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕မွတ္ဉာဏ္ေတြကို ျပန္သတိရလာခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူမဟာ Gambit ကို X-Men အဖြဲ႕ထဲကို ဝင္ဖို႔အတြက္ ကမ္းလွမ္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာလက္ခံခဲ့ၿပီးေတာ့ X-Men အဖြဲ႕ဝင္ျဖစ္သြားတာေၾကာင့္ Rogue နဲ႔ေတြ႕ဆုံခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ဆယ္စုႏွစ္တစ္ခုေလာက္ တြဲခဲ့ၾကၿပီးေတာ့မွ လက္ထပ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္အတြက္ Mr and Mrs X ဆိုတဲ့ သီးသန္႔ ေကာမစ္စီးရီးတစ္ခု ထြက္ခဲ့ပါေသးတယ္။

သူမရဲ႕စြမ္းအားေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။
photo via cbr

ေကာမစ္တိုင္းလိုလိုနဲ႔ ႐ုပ္ရွင္ေတြထဲမွာလည္း သူမဟာ အၿမဲတမ္း သူ႔ရဲ႕စြမ္းအားေတြိကို မထိန္းခ်ဳပ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း X-Men Legacy #225 ဆိုတဲ့ေကာမစ္ထဲမွာေတာ့ Professor X ရဲ႕ကူညီမႈေတြေၾကာင့္ သူ႔စြမ္းအားကို ပိုၿပီးကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳလာႏိုင္ၿပီးေတာ့ သူ႔စြမ္းအားရဲ႕အျမင့္ဆုံးအဆင့္ထိပါ အသုံးျပဳလာႏိုင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ အႏၲရာယ္မျဖစ္ေစဘဲနဲ႔ လူတိုင္းကို ထိေတြ႕ႏိုင္ခဲ့ပါတယ္။ အရင္လို ထိလိုက္တာနဲ႔ အသက္ဓာတ္နဲ႔ စြမ္းအားေတြကို မစုပ္ယူေတာ့ဘဲ သူမစိတ္ဆႏၵရွိတဲ့အခ်ိန္ေရာက္ေတာ့မွသာ တစ္ျခားသူေတြရဲ႕ အသက္ဓာတ္နဲ႔ စြမ္းအားေတြကို စုပ္ယူႏိုင္ခဲ့ပါတယ္။

Thor ရဲ႕တူျဖစ္တဲ့ Mjolnir ကိုလည္း မ,ႏိုင္ခဲ့ပါတယ္။
photo via cbr

What if ဆိုတဲ့ေကာမစ္စီးရီးထဲမွာ Rogue ဟာ Mjolnir ကိုမ,ႏိုင္ခဲ့ပါတယ္။ အဲ့လိုမ,ႏိုင္ရတဲ့အေၾကာင္းအရင္းကေတာ့ Thor ရဲ႕အသက္ဓာတ္နဲ႔ စြမ္းအားေတြိကို စုပ္ယူလိုက္တဲ့အျပင္ သူ႔ရဲ႕ထိုက္တန္မႈကိုပါ စုပ္ယူလိုက္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Thor ရဲ႕စြမ္းအားေတြကို ရရွိသြားတဲ့အျပင္ Mjolnir ကိုပါ မ,ႏိုင္ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူမဟာ အဲ့ဒီစြမ္းအင္ေတြနဲ႔ Avengers တစ္ဖြဲ႕လုံးကိုေတာင္ တိုက္ခိုက္ခဲ့ပါေသးတယ္။ အဲ့ဒါေတြၿပီးတဲ့ေနာက္မွာ Loki ဟာ Asgard ကိုဖ်က္စီးဖို႔အတြက္ သူမကိုျဖားေယာင္းေသြးေဆာင္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း သူမဟာ Asgard ကိုဖ်က္စီးမယ့္အစား Loki နဲ႔သူ႔ရဲ႕စစ္တပ္ကိုပဲ ဖ်က္စီးလိုက္ပါတယ္။ သူမဟာ Asgard ကိုဖ်က္စီးမယ့္ရန္ကေန ကာကြယ္ေပးခဲ့တာေၾကာင့္ Odin ဟာ သူမကို မိုးႀကိဳးနတ္ဘုရားမအျဖစ္ တင္ေျမာက္ခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular