HomeEntertainmentFilmႏွစ္ရက္တည္းနဲ႔ ၾကည့္ရႈသူ (၁၀)သန္းေက်ာ္သြားတဲ့ IT Chapter 2 ရဲ႕ေထြလာ

ႏွစ္ရက္တည္းနဲ႔ ၾကည့္ရႈသူ (၁၀)သန္းေက်ာ္သြားတဲ့ IT Chapter 2 ရဲ႕ေထြလာ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Horror ခ်စ္သူတိုင္း ႀကိဳက္ႏွစ္သက္ခဲ့ၾကတဲ့ IT ရုပ္ရွင္ဇာတ္ကားရဲ႕အဆက္ IT CHAPTER II ကေတာ့ ေျခာက္ျခားစရာေတြနဲ႔အတူ ျပန္လာပါၿပီ။ ဒါရုိက္တာ Andy Muschietti က ျပန္လည္အသက္သြင္းထားတဲ့ ဒီဇာတ္ကားမွာေတာ့ ယခင္ Penny Wise ႀကီးကို ႏွင္ထုတ္ၿပီး (၂၇)ႏွစ္အၾကာကာလကေန ၾကည့္ရႈၾကရမွာပါ။

Photo: IT CHAPTER TWO YouTube Video

Deryy ၿမိဳ႕ေလးမွာ ကေလးေပ်ာက္ဆုံးမႈေတြ၊ ေသဆုံးမႈေတြ မျဖစ္တာ (၂၇)ႏွစ္ၾကာခဲ့ၿပီးမွ ေနာက္တစ္ေက်ာ႔ျပန္ ေျခာက္ျခားစရာေတြ ျဖစ္လာခဲ့ပါတယ္။ လြန္ခဲ့တဲ့ (၂၇)ႏွစ္က Penny Wise ႀကီးကို ႏွင္ထုတ္ခဲ့ၾကတဲ့ ကေလးတစ္စုဟာ အရြယ္ေတြေရာက္ၿပီး ကိုယ္စီကိုယ္ငွ ဘ၀လမ္းေပၚ ေလွ်ာက္လွမ္းေနၾကတဲ့အခ်ိန္မွာ ဒီသတင္းဆိုးႀကီးကို ျပန္ၾကားရလို႔ ျပန္လည္စုစည္းၿပီး မိစာၦဆိုးႀကီးကို အတူတကြ တြန္းလွန္တိုက္ခိုက္ၾကတဲ့အခါ ဘယ္လိုေျခာက္ျခား ေၾကာက္လန္႔စရာေတြနဲ႔ ႀကံဳေတြ႕ရမွာလဲ။ ဘာေတြ ရင္းႏွီးေပးဆပ္ရမွာလဲ။ ေသြးဆာေနတဲ့ မိစာၦဆိုးႀကီးကို တကယ္ေရာ ရပ္တန္႔ပစ္ႏိုင္မွာလား … ဆိုတဲ့ ေမးခြန္းေပါင္းမ်ားစြာကို ဒီေထြလာက ေပးစြမ္းေနပါတယ္။

Photo: IT CHAPTER TWO YouTube Video

၂၀၁၇ခုႏွစ္က ထြက္ရိွခဲ့တဲ့ IT ဇာတ္ကားဟာ ကမာၻနဲ႔တစ္၀ွမ္း ေသာက္ေသာက္လဲ ေအာင္ျမင္ခဲ့ၿပီး box-office မွာလည္း ေဒၚလာသန္း(၇၀၀)နဲ႔ စံခ်ိန္တင္ အက်ိဳးအျမတ္အမ်ားဆုံး horror ကားအျဖစ္ ရပ္တည္ေနပါတယ္။ Stephen King ရဲ႕၀တၳဳကို အေျခခံထားတဲ့ ဒီဇာတ္လမ္းကို IT ၊ Annabelle Creation တို႔ကို ေရးသားေပးခဲ့တဲ့ screen play ဆရာ Gary Dauberman က ဇာတ္ညႊန္းေရးသားေပးထားပါတယ္။

Photo: IT CHAPTER TWO YouTube Video

အ၀တ္အစားပိုင္း၊ ဆက္တင္ပိုင္းနဲ႔ ေနာက္ခံေတးဂီတအပိုင္းေတြမွာေတာ့ ေအာ္စကာဆုမ်ားစြာ ရရိွခဲ့ၾကဖူးတဲ့ ပညာရွင္ေတြက တာ၀န္ယူ ဖန္တီးေပးထားတာေၾကာင့္ ၾကည့္လို႔မေကာင္းမွာ ပူစရာမလိုပါဘူး။ သရုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ လူႀကီးအရြယ္ေရာက္ၿပီးသူေတြအျဖစ္ Jessica Chastain ၊ James McAvoy ၊ Bill Hader ၊ Isaiah Mustafa ၊ Jay Ryan ၊ James Ransone နဲ႔ Andy Bean တို႔က ပါ၀င္ထားပါတယ္။ ကေလးအရြယ္သရုပ္ေတြ ေနရာမွာေတာ့ ယခင္ IT ဇာတ္ကားေဟာင္းက ကေလးေတြျဖစ္တဲ့ Jaeden Martell ၊ Wyatt Oleff ၊ Jack Dylan Grazer ၊ Finn Wolfhard ၊ Sophia Lillis ၊ Chosen Jacobs နဲ႔ Jeremy Ray Taylor တို႔က ျပန္လည္ပါ၀င္ထားပါတယ္။ Pennywise ေနရာကိုေတာ့ ယခင္သရုပ္ေဆာင္ျဖစ္တဲ့ Bill Skarsgård ကပဲ ျပန္လည္ပါ၀င္ထားပါတယ္။

New Line Cinema က တင္ဆက္တဲ့ ဒီဇာတ္ကားကို Warner Bros. Pictures က ျဖန္႔ခ်ိေပးမွာျဖစ္ၿပီး ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၆)ရက္ေန႔မွာ ရုံတင္ျပသမယ္လို႔ သိရပါတယ္။

Xei 

(Unicode Version)

Horror ချစ်သူတိုင်း ကြိုက်နှစ်သက်ခဲ့ကြတဲ့ IT ရုပ်ရှင်ဇာတ်ကားရဲ့အဆက် IT CHAPTER II ကတော့ ခြောက်ခြားစရာတွေနဲ့အတူ ပြန်လာပါပြီ။ ဒါရိုက်တာ Andy Muschietti က ပြန်လည်အသက်သွင်းထားတဲ့ ဒီဇာတ်ကားမှာတော့ ယခင် Penny Wise ကြီးကို နှင်ထုတ်ပြီး (၂၇)နှစ်အကြာကာလကနေ ကြည့်ရှုကြရမှာပါ။

Photo: IT CHAPTER TWO YouTube Video

Deryy မြို့လေးမှာ ကလေးပျောက်ဆုံးမှုတွေ၊ သေဆုံးမှုတွေ မဖြစ်တာ (၂၇)နှစ်ကြာခဲ့ပြီးမှ နောက်တစ်ကျော့ပြန် ခြောက်ခြားစရာတွေ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂၇)နှစ်က Penny Wise ကြီးကို နှင်ထုတ်ခဲ့ကြတဲ့ ကလေးတစ်စုဟာ အရွယ်တွေရောက်ပြီး ကိုယ်စီကိုယ်ငှ ဘဝလမ်းပေါ် လျှောက်လှမ်းနေကြတဲ့အချိန်မှာ ဒီသတင်းဆိုးကြီးကို ပြန်ကြားရလို့ ပြန်လည်စုစည်းပြီး မိစ္ဆာဆိုးကြီးကို အတူတကွ တွန်းလှန်တိုက်ခိုက်ကြတဲ့အခါ ဘယ်လိုခြောက်ခြား ကြောက်လန့်စရာတွေနဲ့ ကြုံတွေ့ရမှာလဲ။ ဘာတွေ ရင်းနှီးပေးဆပ်ရမှာလဲ။ သွေးဆာနေတဲ့ မိစ္ဆာဆိုးကြီးကို တကယ်ရော ရပ်တန့်ပစ်နိုင်မှာလား … ဆိုတဲ့ မေးခွန်းပေါင်းများစွာကို ဒီထွေလာက ပေးစွမ်းနေပါတယ်။

Photo: IT CHAPTER TWO YouTube Video

၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ဇာတ်ကားဟာ ကမ္ဘာနဲ့တစ်ဝှမ်း သောက်သောက်လဲ အောင်မြင်ခဲ့ပြီး box-office မှာလည်း ဒေါ်လာသန်း(၇၀၀)နဲ့ စံချိန်တင် အကျိုးအမြတ်အများဆုံး horror ကားအဖြစ် ရပ်တည်နေပါတယ်။ Stephen King ရဲ့ဝတ္ထုကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကို IT ၊ Annabelle Creation တို့ကို ရေးသားပေးခဲ့တဲ့ screen play ဆရာ Gary Dauberman က ဇာတ်ညွှန်းရေးသားပေးထားပါတယ်။

Photo: IT CHAPTER TWO YouTube Video

အဝတ်အစားပိုင်း၊ ဆက်တင်ပိုင်းနဲ့ နောက်ခံတေးဂီတအပိုင်းတွေမှာတော့ အော်စကာဆုများစွာ ရရှိခဲ့ကြဖူးတဲ့ ပညာရှင်တွေက တာဝန်ယူ ဖန်တီးပေးထားတာကြောင့် ကြည့်လို့မကောင်းမှာ ပူစရာမလိုပါဘူး။ သရုပ်ဆောင်တွေအနေနဲ့ကတော့ လူကြီးအရွယ်ရောက်ပြီးသူတွေအဖြစ် Jessica Chastain ၊ James McAvoy ၊ Bill Hader ၊ Isaiah Mustafa ၊ Jay Ryan ၊ James Ransone နဲ့ Andy Bean တို့က ပါဝင်ထားပါတယ်။ ကလေးအရွယ်သရုပ်တွေ နေရာမှာတော့ ယခင် IT ဇာတ်ကားဟောင်းက ကလေးတွေဖြစ်တဲ့ Jaeden Martell ၊ Wyatt Oleff ၊ Jack Dylan Grazer ၊ Finn Wolfhard ၊ Sophia Lillis ၊ Chosen Jacobs နဲ့ Jeremy Ray Taylor တို့က ပြန်လည်ပါဝင်ထားပါတယ်။ Pennywise နေရာကိုတော့ ယခင်သရုပ်ဆောင်ဖြစ်တဲ့ Bill Skarsgård ကပဲ ပြန်လည်ပါဝင်ထားပါတယ်။

New Line Cinema က တင်ဆက်တဲ့ ဒီဇာတ်ကားကို Warner Bros. Pictures က ဖြန့်ချိပေးမှာဖြစ်ပြီး ၂၀၁၉ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Xei 

RELATED ARTICLES

Most Popular