HomeAnimeပုရိသတွေအကြိုက် Harem အမျိူးအစား Anime ဇာတ်လမ်းတွဲများ
ပုရိသတွေအကြိုက် Harem အမျိူးအစား Anime ဇာတ်လမ်းတွဲများ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
Anime တွေဟာ အခုချိန်မှာတော့ တစ်ကမ္ဘာလုံးနီးပါး အောင်မြင်နေပြီးတော့ ကြိုက်နှစ်သူတွေအများအပြား ရှိလာပါပြီ။ ဒါ့အပြင် Anime တွေတိုင်းဟာ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ဟန်နဲ့ တစ်ခုနဲ့တစ်ခု မတူညီတာကြောင့် ကြည့်ရှုသူတွေအတွက်လည်း အပြောင်းအလဲ ဖြစ်စေပါတယ်။ Anime တွေမှာ ဇာတ်လမ်းအမျိူးအစားတွေလည်း အများကြီးရှိတာကြောင့် ဒီတစ်ခါမှာတော့ ယောကျာ်းလေးအများစု ကြိုက်ကြတဲ့ Harem အမျိူးအစားတွေထဲက ကြည့်သင့်တဲ့ ဇာတ်လမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(7) Campione!
photo via cbr
ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kusanagi Godou ဆိုတဲ့ (၁၆) နှစ်အရွယ်ကောင်လေးဟာ စစ်ပွဲနတ်ဘုရားနဲ့ တိုက်ခိုက်ခဲ့ပြီး အနိုင်ယူရရှိသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူဟာ နတ်ဘုရားသတ်ဖြတ်သူ (ခ) ချန်ပီယံ ဆိုပြီးတော့ နာမည်ကြီးလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ လူ့ပြည်ကို ရောက်လာတဲ့ နတ်ဘုရားမှန်သမျှကို တိုက်ခိုက်ရတဲ့ တာဝန်ကို ရရှိသွားပါတယ်။
(6) How Not to Summon a Demon Lord
photo via cbr
ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.1) ရထားပါတယ်။ ဇာတ်လမ်းကတော့ ဂျပန်က ဂိမ်းတစ်ခုမှာ နံပတ်တစ်နေရာကို ရရှိထားတဲ့ သူတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အဲ့ဒီဂိမ်းထဲက ကောင်မလေးနှစ်ယောက်ဟာ သူ့ကို ဆင့်ခေါ်ခဲ့တာကြောင့် သူဟာ ဂိမ်းထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲ့ဒီဂိမ်းထဲကို ရောက်ရှိပြီးသွားတဲ့နောက်မှာတော့ သူဟာ Demon Lord အဖြစ်နဲ့ နေထိုင်ပါတော့တယ်။
(5) Haganai: I Don’t Have Any Friends
photo via cbr
ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.2) ရထားပါတယ်။ Kodaka ဆိုတဲ့ ကောင်လေးဟာ ကျောင်းပြောင်းလာပြီးနောက်မှာ သူငယ်ချင်းမရှိဘဲ တစ်ယောက်တည်း ဖြစ်နေပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူငယ်ချင်းလိုချင်တာကြောင့် ကျောင်းမှာရှိတဲ့ အသင်းတစ်ခုကို ဝင်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအဖွဲ့ဝင်တွေက အားလုံးကလည်း သူ့လိုမျိူး သူငယ်ချင်းမရှိတဲ့ တစ်ယောက်တည်းသမားတွေ ဖြစ်ကြပါတယ်။
(4) Yamada-Kun and The Seven Witches
photo via cbr
ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (7.2) ရထားပါတယ်။ Yamada ဆိုတဲ့ ကောင်လေးဟာ အထက်ကျောင်းကို တက်ရောက်ခဲ့ပြီး ကျောင်းကို ရောက်ခါစမှာပဲ ရန်ဖြစ်တဲ့ထဲမှာ ပါဝင်မိသွားပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ကောင်မလေးတစ်ယောက်နဲ့ တွေ့မိခဲ့တဲ့အပြင် သူတို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် မတော်တဆ နမ်းမိလိုက်ကြပါတယ်။ အဲ့ဒီအချိန်မှာ စပြီးတော့ သူတို့နှစ်ယောက်ဟာ ခန္ဓာကိုယ်ချင်း လဲလို့ရတဲ့စွမ်းအားတစ်ခုရှိတယ် ဆိုတာကို သိသွားခဲ့ပါတယ်။
(3) Nisekoi
photo via cbr
ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Raku Ichijou လို့ ခေါ်တဲ့ ကျောင်းသားတစ်ယောက်ဟာ ရာကူဇာဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လူဆိုးဂိုဏ်းအချင်းချင်း ပြဿနာမဖြစ်အောင် ရှောင်ရှားချင်တာကြောင့် သူဟာ တစ်ခြားလူဆိုးဂိုဏ်းရဲ့ သမီးနဲ့ တွဲဖို့အတွက် တွန်းအားပေးခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဟာ အချင်းချင်း မတည့်ကြပေမယ့် ရွေးချယ်စရာမရှိတာကြောင့် လူအများရှေ့မှာတော့ ဟန်ဆောင်နေထိုင်ခဲ့ပါတယ်။
(2) The World God Only Knows
photo via cbr
ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ထားတာ ဖြစ်ပြီးတော့ IMDb (7.4) ရထားပါတယ်။ ဇာတ်လမ်းကတော့ Keima Katsuragi ဆိုတဲ့ ဂိမ်းဆော့တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဝိဉာဉ်သုံးခုကို ဖမ်းဆီးဖို့အတွက် မကောင်းဆိုးဝါးတစ်ယောက်က တွန်းအားပေးတာကို ခံရပါတော့တယ်။
(1) High School DxD
photo via cbr
ဒီဇာတ်လမ်းတွဲဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.6) ရထားပါတယ်။ ဇာတ်လမ်းကတော့ Issei Hyoudou ဆိုတဲ့ ကောင်လေးတစ်ယောက်ကို နတ်သက်ကြွေလာတဲ့က မတော်တဆ သတ်မိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ devil တစ်ယောက်ဟာ သူ့ရဲ့အဖွဲ့ဝင်အဖြစ်နဲ့ ထည့်သွင်းဖို့အတွက် အသက်ပြန်လည်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ စွမ်းအားတွေကြီးလာသလို သူစိတ်ကူးယဉ်ခဲ့တဲ့ harem ပုံစံမျိူးကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းထဲမှာ ကလေးတွေနဲ့ မသင့်တော်တာတွေ ပါဝင်သလို မိသားစုနဲ့အတူလည်း မကြည့်သင့်ပါဘူး။
Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)
(7) Campione!
photo via cbr
photo via cbr
photo via cbr
ဒီဇာတ္လမ်းတြဲကေတာ့ ၂၀၁၁ ခုနွစ္မွာ ထြက္ခဲ့ပြီးတော့ IMDb (7.2) ရထားပါတယ်။ Kodaka ဆိုတဲ့ ကောင်လေးဟာ ကော်င်ျးေပာင်းလာပြီးနောက္မွာ သူငယ္ခ်င်းမရွိဘဲ တစ်ယောက္တည်ျးဖစ်နေပါတယ်။ အဲ့ဒီနောက္မွာတော့ သူဟာ သူငယ္ခ်င်းလိုခ်င္တာကြောင့် ကော်င်းမွာရွိတဲ့ အသင်းတစ္ခုကို ဝင်ရောက္ခဲ့ပါတယ်။ ဒါ့အျပင် အဲ့ဒီအဖြဲ့ဝင်တြေက အားလုံးကလည်း သူ့လိုမိုး သူငယ္ခ်င်းမရွိတဲ့ တစ်ယောက္တည်းသမားတျြေဖစ်ကြပါတယ်။
photo via cbr
(3) Nisekoi
photo via cbr
photo via cbr
(1) High School DxD
photo via cbr
Legos
RELATED ARTICLES
Most Popular