HomeCharacterIt ဇာတ်လမ်းထဲက Pennywise မှာ ဘယ်လိုစွမ်းအားတွေ ရှိသလဲ?

It ဇာတ်လမ်းထဲက Pennywise မှာ ဘယ်လိုစွမ်းအားတွေ ရှိသလဲ?

Pennywise ဟာ အလွန်ရှေးကျတဲ့ Evil Being တစ်ခု ဖြစ်ပြီး သူ့ရဲ့ပုံသဏ္ဍာန်ကို လိုသလို ပြောင်းလဲနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ It ရုပ်ရှင်ထဲမှာတော့ Pennywise ရဲ့ ခြောက်လှန့်မှုတွေကိုပဲ ဦးစားပေး ဖော်ပြထားပြီး သူ့ရဲ့စွမ်းအားတွေကိုတော့ ပုံစံပြောင်းလဲနိုင်တဲ့ တစ်ချက်ကလွဲရင် သိပ်ပြီးမဖော်ပြထားပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Pennywise ရဲ့ စွမ်းအားတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Pennywise ဟာ ပုံသဏ္ဍာန်ပြောင်းလဲရုံတင် မဟုတ်ဘဲ ပုံရိပ်ယောင်တွေကိုပါ ဖန်တီးနိုင်ပါတယ်။ Mike ရဲ့မိဘတွေကို သေဆုံးသွားစေတဲ့ မီးကိုလည်း Pennywise ကပဲ ဖန်တီးခဲ့တာပါ။ ဒါ့အပြင် သူဟာ ရုပ်ပုံတွေအပါအဝင် အချိန်နေရာမရွေး ဆန္ဒရှိသလို ပေါ်လာနိုင်ပြီး ပျောက်ကွယ်သွားနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ Mike ဟာ တောထဲမှာ Henry Bowers တို့အဖွဲ့ရဲ့ တိုက်ခိုက်ခံနေရတဲ့ အချိန်မှာလည်း Pennywise ဟာ ဒီစွမ်းအားကို အသုံးပြုကာ ပေါ်လာပြီး ဒီဖြစ်ရပ်တွေကို ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ကြောက်စရာအကောင်းဆုံး စွမ်းအားတစ်ခုကတော့ လူတွေရဲ့ Reality အပေါ်အမြင်ကို ကြိုးကိုင်ထိန်းချုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ ရာစုနှစ်ပေါင်းများစွာ Derry မြို့ကို အကြမ်းဖက်နေခဲ့ပေမယ့် လူတွေက သူရှိနေမှန်း မသိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Beverly ဟာ သန့်စင်ခန်းထဲမှာ Pennywise ရဲ့ ခြောက်လှန့်ခြင်းကို ခံခဲ့ရပြီး အခန်းတစ်ခန်းလုံး သွေးတွေနဲ့ ပေကျံနေတာတောင် Beverly ရဲ့ ဖခင်ဖြစ်သူက သွေးတွေကို မမြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Pennywise ဟာ လူတွေရဲ့စိတ်ကို အခုလို ကြိုးကိုင်ထိန်းချုပ်နေတာကြောင့်ပဲ Derry မြို့မှာ နေထိုင်ကြတဲ့သူတွေဟာ ဖြစ်ပျက်ခဲ့သမျှ ဝမ်းနည်းစရာဖြစ်ရပ်တွေကို လွယ်လွယ်ပဲ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း ကလေးတွေ ဘယ်နှယောက်ပဲ ပျောက်နေစေကာမူ၊ လူကြီးတွေဟာ လူပျောက်ကြော်ငြာစာရွက် အဟောင်းပေါ်မှာ အသစ်ကို ထပ်ကပ်ပြီး ဘာမှမဖြစ်သလိုပဲ ပုံမှန်အတိုင်း နေထိုင်နေကြတာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် Loser Club ဟာ Pennywise ကို ရေဆိုးပိုက်တွေထဲမှာ တွေ့တဲ့အချိန်မှာတော့ Pennywise တိုက်ခိုက်ခဲ့တဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်တွေဟာ လေပေါ်မှာ မျောနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကတော့ Telekinesis လို့ခေါ်တဲ့ စိတ်စွမ်းအားဖြစ်ပြီး ဒီအစွမ်းကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ပြောနိုင်ပါတယ်။

သူဟာ ဒီလိုစွမ်းအားတွေများစွာ ပိုင်ဆိုင်ထားပေမယ့်လည်း သူ့ရဲ့သားကောင်တွေဟာ သူ့ကို မကြောက်ရွံ့တော့တဲ့ အချိန်မှာတော့ ကလေးတွေရဲ့ သာမန်ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကလည်း သူ့ကို ထိခိုက်စေနိုင်ပါတော့တယ်။ သူဟာ ဒဏ်ရာတွေကို အလိုလို ပြန်လည်ကုသနိုင်စွမ်းလည်း ရှိပေမယ့် သူ့ရဲ့သားကောင်က သူ့ကို မကြောက်ရွံ့တော့ဘူး ဆိုရင်တော့ ဒီစွမ်းအားဟာလည်း သိပ်အလုပ်မဖြစ်တော့ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular