HomeEntertainmentFilmမင်းသားကြီး Jackie Chan ရဲ့ ရိုက်ကွင်းပေါ်မှာ ရရှိခဲ့တဲ့ အဆိုးရွားဆုံး ဒဏ်ရာများ

မင်းသားကြီး Jackie Chan ရဲ့ ရိုက်ကွင်းပေါ်မှာ ရရှိခဲ့တဲ့ အဆိုးရွားဆုံး ဒဏ်ရာများ

ေအာက္တြင္‌ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားကြီး Jackie Chan ကတော့ နိုင်ငံတကာမှာ ကလေးလူကြီးတွေအကုန် သဘောကျကြတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ မင်းသားကြီးဟာ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေထဲက စတန့်တွေကိုလည်း လူစားမထိုးဘဲ ကိုယ်တိုင်ပြုလုပ်လေ့ ရှိပါတယ်။ ဒါပေမယ့်လည်း တချို့စတန့်တွေကတော့ အလွန်အန္တရာယ်များလွန်းတာကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာတွေလည်း ရှိပါတယ်။ သို့ပေမယ့် ဒီလိုမျိူး ဒဏ်ရာတွေရခဲ့ရင်တောင် လက်မလျှော့ဘဲ အဲ့ဒီစတန့်တွေကို ထပ်မံပြုလုပ်လေ့ရှိတာကြောင့်လည်း လူသိများပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မင်းသားကြီး Jackie Chan ရဲ့ ရိုက်ကွင်းပေါ်မှာ ရရှိခဲ့တဲ့ အဆိုးရွားဆုံး ဒဏ်ရာတွေကို ဖော်ပြပေးချင်ပါတယ်။

(8) Drunken Master (1978)
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Jackie ဟာ သရုပ်ဆောင် Hwang Jang-Lee နဲ့ တိုက်ခိုက်ခဲ့တဲ့အခန်းမှာ မျက်လုံးတစ်လုံး ဆုံးရှုံးလုနီးပါး ဖြစ်သွားပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Jackie ဟာ ခေါင်းကို အကန်ခံလိုက်ရပြီး သူ့ရဲ့မျက်ရိုးဟာ ကျိုးသွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့မျက်လုံးအိမ်ကို ပုံစံပျက်သွားစေပြီး မျက်လုံးတစ်လုံး ဆုံးရှုံးလုနီးပါး ဖြစ်သွားပါတယ်။ အချိန်မီ ကုသမှုတွေကြောင့်သာ မဟုတ်ရင် Jackie ဟာ သေချာပေါက် မျက်လုံးတစ်လုံး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့မျက်ခုံးမှာလည်း အဲ့ဒီဒဏ်ရာကြောင့် သေရာပါ အမာရွတ်ကြီး ကျန်ရစ်ခဲ့ပါသေးတယ်။

(7) Police Story 2 (1988)
photo via screenrant

ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ဘတ်စ်ကားတွေပေါ်ကနေ ခုန်ပြီးတော့ မှန်ပြတင်းပေါက်တစ်ခုထဲကို ခုန်ဝင်သွားတဲ့အခန်း ပါဝင်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့အတွက် Jackie ခုန်ရမယ့် ပြတင်းပေါက်ရဲ့ မှန်ကို safety glass ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ သာမန်သုံးနေကျ မှန်တွေဟာ ထိခိုက်မိသွားရင် တစ်စစီ ကွဲကြေကုန်ပြီး Safety Glass ကတော့ မှန်ကပဲ အက်သွားကာ မှန်တစ်ချပ်လုံး ပြုတ်ထွက်သွားတာမျိူးပဲ ဖြစ်ပါတယ်။ ဒီလိုမျိူး မှန်ကို အသုံးပြုထားတာကြောင့် စတန့်ပြုလုပ်သူအတွက် အန္တရာယ်နည်းပါးသွားစေပါတယ်။

ကံမကောင်းစွာနဲ့ပဲ အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးတဲ့အချိန်မှာတော့ Jackie ဟာ အတွက်အချက်မှားသွားပြီး ရိုးရိုးမှန် တပ်ထားတဲ့ ပြတင်းပေါက်ဆီကို ခုန်လိုက်မိပါတယ်။ ဒါကြောင့်ပဲ သူဟာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး မှန်စတွေဟာ သူ့ရဲ့မျက်နှာ၊ လည်ပင်းနဲ့ လက်တွေမှာပါ စိုက်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူရဲ့တစ်ကိုယ်လုံးနီးပါးကို အချိန်အတော်ကြာ ပတ်တီးတွေ စီးထားခဲ့ရပါတယ်။

(6) Police Story 3: Supercop (1992)
photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းနားမှာတော့ Jackie ဟာ ရထားပေါ်မှာ လူဆိုးတွေနဲ့ တိုက်ခိုက်တဲ့အခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ ရထားလမ်းဘေးမှာရှိတဲ့ တိုင်တစ်တိုင်နဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ရိုက်မိခဲ့ပြီး ရထားပေါ်မှာ ရပ်ထားတဲ့ ဟယ်လီကော်ပတာရဲ့ ဒလက်တွေနဲ့ သူ့မျက်နှာ ရိုက်မိမလိုတောင် ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့တဲ့ အချိန်တုန်းကတော့ သူဟာ အဲ့ဒီတိုင်နဲ့ ရိုက်မိခဲ့ပြီး သူ့ရဲ့ဘယ်ဘက်ပုခုံးကို ဒဏ်ရာရသွားစေခဲ့ပါတယ်။ ဒါ့အပြင် အရေးပေါ် ကယ်ဆယ်ရေးသမားတွေက သူ့ကို အောက်ချပေးတဲ့အချိန်ထိ အဲ့ဒီတိုင်ပေါ်မှာ တွဲလောင်းခိုထားခဲ့ပါတယ်။ အောက်ကိုရောက်မှ စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာ သူ့ရဲ့ ပုခုံးက ကြွက်သားတွေဟာ အစိတ်စိတ်အမြွာမြွာ ပြဲထွက်နေတာကို သိလိုက်ရပါတယ်။

(5) Armour of God 2: Operation Condor (1991)
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Jackie အတွက် ဆိုးရွားတဲ့ ဒဏ်ရာရသွားစေတဲ့ စတန့်တစ်ခု ပါဝင်ခဲ့ပါတယ်။ သူဟာ နာဇီတွေရဲ့ မြေအောက်စခန်းထဲမှာ သံကြိုးကိုလွှဲပြီး စီးတဲ့အချိန်မှာ မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်။ ထိခိုက်မှုဟာ ပြင်းထန်လွန်းတာကြောင့် သူ့ရဲ့ ရင်ညွန့်ရိုး ကျိူးသွားခဲ့ပါတယ်။ အဲ့ဒီအဖြစ်ပျက်ကိုတော့ ဒီဇာတ်လမ်းရဲ့အဆုံး credit scene မှာ မြင်တွေ့ခဲ့ရပါတယ်။

(4) Project A (1983)
photo via screenrant

ဒီဇာတ်လမ်းထဲမှာလည်း Jackie ဟာ အသည်းယားဖို့ကောင်းတဲ့ စတန့်တစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ သူဟာ နာရီစင်ရဲ့ လက်တံတစ်ခုကို ကိုင်ထားပြီး အောက်ကို ပြုတ်ကျတဲ့အခန်းကို ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီစတန့်ကိုတော့ Jackie က နှစ်ခါပြုလုပ်ခဲ့ပေမယ့်လည်း ရလဒ်ကို မကျေနပ်ခဲ့ပါဘူး။ အဲ့ဒါကြောင့် သုံးကြိမ်မြောက် ကြိုးစားတဲ့အချိန်မှာတော့ အောက်ကို သူ့ရဲ့လည်ပင်းနဲ့ တိုက်ရိုက် ကျလုနီးပါး ဖြစ်သွားပြီး လည်ပင်းရိုးလည်း ကျိူးမလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အံ့ဩဖို့ကောင်းတဲ့ အချက်ကတော့ သူဟာ အဲ့ဒီဒဏ်ရာကို ရခဲ့တာတောင် ဒီဇာတ်ဝင်ခန်းကို ပြီးဆုံးအောင် ဆက်လက်သရုပ်ဆောင်သွားခဲ့ပါတယ်။

(3) Hand of Death (1975)
photo via screenrant

လူတစ်ယောက်ရဲ့ ခေါင်းဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့အချိန်မှာ သေချာဆေးကုသမှုကို မခံယူခဲ့ရင် အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Jackie ဟာ သူ့ရဲ့ရိုက်ကွင်းပေါ်မှာ ရရှိခဲ့တဲ့ အဆိုးရွားဆုံးဒဏ်ရာတွေထဲက တစ်ခုကို ခံစားခဲ့ရပါတယ်။

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သူဟာ ကားပေါ်က ခုန်ချခဲ့ပြီး အောက်ကျတဲ့အချိန်မှာ ခေါင်းကိုထိသွားပါတယ်။ အဲ့ဒီခေါင်းဒဏ်ရာကိုတောင် သေချာ မစစ်ဆေးရသေးတဲ့အချိန်မှာပဲ သူဟာအဲ့ဒီစတန့်ကို နောက်တစ်ခေါက် ပြန်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ တစ်နာရီလောက် သတိလစ်သွားခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာဟာ ပြင်းထန်လွန်းတာကြောင့် ဆရာဝန်တွေဟာ Jackie တစ်ယောက် အသက်ဆုံးရှုံးတော့မယ်လို့တောင် ဒါရိုက်တာ John Woo ကို ပြောခဲ့ကြပါတယ်။

(2) Police Story (1985)
photo via screenrant

ဒီရုပ်ရှင်ကို ရိုက်ကူးနေတဲ့ အချိန်တုန်းကတော့ Jackie ဟာ ဇာတ်လမ်းအစကနေ အဆုံးထိ ဒဏ်ရာတွေမျိူးစုံ ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲက နာမည်ကြီး ဇာတ်ဝင်ခန်းတစ်ခု ဖြစ်တဲ့ စျေးဝယ်စင်တာထဲက ဇာတ်ဝင်ခန်းမှာလည်း ဒဏ်ရာ  ဆိုးဆိုးရွားရွား ရရှိခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ သူဟာ Mall ရဲ့ အပေါ်ထပ်ကနေ ခုန်ချခဲ့ပြီး တိုင်တစ်ခုကို ဖက်ထားကာ အောက်ဆင်းသွားတဲ့အခန်းပဲ ဖြစ်ပါတယ်။ အဲ့ဒီတိုင်ကနေ အောက်ကိုလျှောပြီး ဆင်းနေတဲ့အချိန်မှာ သူဟာ ဓာတ်လိုက်ခံခဲ့ရသလို သူ့ရဲ့လက်ဖဝါးတွေမှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့လက်ချောင်းတွေလည်း ကျိူးသွားခဲ့ပြီး မြှီးညေှာင့်ရိုးနဲ့ ကျောရိုးတွေလည်း ဒဏ်ရာရသွားခဲ့ပါတယ်။

(1) Armour of God (1987)
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Jackie ဟာ သူ့ရဲ့အသက်အန္တရာယ် အများဆုံး စတန့်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သူဟာ တောင်စောင်းကနေ သစ်ပင်တစ်ပင်ဆီကို လှမ်းခုန်တဲ့အခန်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကိုတော့ တစ်ခေါက်တည်းနဲ့ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလိုလှမ်းခုန်တဲ့အချိန်ဟာ နှေးနေတယ်လို့ ခံစားရတာကြောင့် သူဟာ နောက်တစ်ခေါက် ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

သူ့ရဲ့ နောက်တစ်ခေါက် ပြန်လည်ကြိုးစားမှုကတော့ သူ့ကို အသက်ဆုံးရှုံးမလို ဖြစ်သွားစေမယ် ဆိုတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ အဲ့ဒီကြိုးစားမှုမှာတော့ သူဟာ သစ်ပင်ပေါ်က ပြုတ်ကျသွားခဲ့ပြီး ကျောလည်း ဒဏ်ရာရသွားကာ ခေါင်းနဲ့ ကျောက်တုံးတစ်ခုနဲ့ တိုက်မိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ဦးခေါင်းခွံအရိုးဟာ အက်သွားပြီး အရိုးတစ်စဟာ သူ့ရဲ့ဦးနှောက်ကို စိုက်သွားခဲ့ပါတယ်။ အပြင်ပိုင်းမှာတော့ သူ့ရဲ့နားထဲကနေတောင် သွေးတွေထွက်လာပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားပါတယ်။ အချိန်မှီသာ ဆေးကုသမှု မခံခဲ့ရရင်တော့ အဲ့ဒီရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးရုပ်ရှင် တစ်ကားတောင် ဖြစ်သွားလောက်ပါတယ်။

ဒါကတော့ မင်းသားကြီး Jackie Chan ရဲ့ သက်စွန့်ဆံဖြား စတန့်ပြကွက်တွေကြောင့် ရရှိခဲ့တဲ့ အပြင်းထန်ဆုံး ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အလုပ်အပေါ် ဒီလောက် စိတ်နှစ်ပြီး ကိုယ်ကျိုးစွန့် ကြိုးစားတဲ့ မင်းသားမျိုးကတော့ ရုပ်ရှင်လောကအတွက် တကယ် အဖိုးတန်ပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မင္းသားႀကီး Jackie Chan ကေတာ့ ႏိုင္ငံတကာမွာ ကေလးလူႀကီးေတြအကုန္ သေဘာက်ၾကတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ မင္းသားႀကီးဟာ သူ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ေတြထဲက စတန႔္ေတြကိုလည္း လူစားမထိုးဘဲ ကိုယ္တိုင္ျပဳလုပ္ေလ့ ရွိပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႕စတန႔္ေတြကေတာ့ အလြန္အႏၲရာယ္မ်ားလြန္းတာေၾကာင့္ ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရခဲ့တာေတြလည္း ရွိပါတယ္။ သို႔ေပမယ့္ ဒီလိုမ်ိဴး ဒဏ္ရာေတြရခဲ့ရင္ေတာင္ လက္မေလွ်ာ့ဘဲ အဲ့ဒီစတန႔္ေတြကို ထပ္မံျပဳလုပ္ေလ့ရွိတာေၾကာင့္လည္း လူသိမ်ားပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ မင္းသားႀကီး Jackie Chan ရဲ႕ ႐ိုက္ကြင္းေပၚမွာ ရရွိခဲ့တဲ့ အဆိုး႐ြားဆုံး ဒဏ္ရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(8) Drunken Master (1978)
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Jackie ဟာ သ႐ုပ္ေဆာင္ Hwang Jang-Lee နဲ႔ တိုက္ခိုက္ခဲ့တဲ့အခန္းမွာ မ်က္လုံးတစ္လုံး ဆုံးရႈံးလုနီးပါး ျဖစ္သြားပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Jackie ဟာ ေခါင္းကို အကန္ခံလိုက္ရၿပီး သူ႔ရဲ႕မ်က္႐ိုးဟာ က်ိဳးသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕မ်က္လုံးအိမ္ကို ပုံစံပ်က္သြားေစၿပီး မ်က္လုံးတစ္လုံး ဆုံးရႈံးလုနီးပါး ျဖစ္သြားပါတယ္။ အခ်ိန္မီ ကုသမႈေတြေၾကာင့္သာ မဟုတ္ရင္ Jackie ဟာ ေသခ်ာေပါက္ မ်က္လုံးတစ္လုံး ဆုံးရႈံးသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕မ်က္ခုံးမွာလည္း အဲ့ဒီဒဏ္ရာေၾကာင့္ ေသရာပါ အမာ႐ြတ္ႀကီး က်န္ရစ္ခဲ့ပါေသးတယ္။

(7) Police Story 2 (1988)
photo via screenrant

ဒီ႐ုပ္ရွင္ထဲက ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ ဘတ္စ္ကားေတြေပၚကေန ခုန္ၿပီးေတာ့ မွန္ျပတင္းေပါက္တစ္ခုထဲကို ခုန္ဝင္သြားတဲ့အခန္း ပါဝင္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းကို ႐ိုက္ကူးဖို႔အတြက္ Jackie ခုန္ရမယ့္ ျပတင္းေပါက္ရဲ႕ မွန္ကို safety glass ေျပာင္းလဲတပ္ဆင္ခဲ့ပါတယ္။ သာမန္သုံးေနက် မွန္ေတြဟာ ထိခိုက္မိသြားရင္ တစ္စစီ ကြဲေၾကကုန္ၿပီး Safety Glass ကေတာ့ မွန္ကပဲ အက္သြားကာ မွန္တစ္ခ်ပ္လုံး ျပဳတ္ထြက္သြားတာမ်ိဴးပဲ ျဖစ္ပါတယ္။ ဒီလိုမ်ိဴး မွန္ကို အသုံးျပဳထားတာေၾကာင့္ စတန႔္ျပဳလုပ္သူအတြက္ အႏၲရာယ္နည္းပါးသြားေစပါတယ္။

ကံမေကာင္းစြာနဲ႔ပဲ အဲ့ဒီဇာတ္ဝင္ခန္းကို ႐ိုက္ကူးတဲ့အခ်ိန္မွာေတာ့ Jackie ဟာ အတြက္အခ်က္မွားသြားၿပီး ႐ိုး႐ိုးမွန္ တပ္ထားတဲ့ ျပတင္းေပါက္ဆီကို ခုန္လိုက္မိပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္ ရရွိခဲ့ၿပီး မွန္စေတြဟာ သူ႔ရဲ႕မ်က္ႏွာ၊ လည္ပင္းနဲ႔ လက္ေတြမွာပါ စိုက္ေနခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူရဲ႕တစ္ကိုယ္လုံးနီးပါးကို အခ်ိန္အေတာ္ၾကာ ပတ္တီးေတြ စီးထားခဲ့ရပါတယ္။

(6) Police Story 3: Supercop (1992)
photo via screenrant

ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္သိမ္းနားမွာေတာ့ Jackie ဟာ ရထားေပၚမွာ လူဆိုးေတြနဲ႔ တိုက္ခိုက္တဲ့အခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ ရထားလမ္းေဘးမွာရွိတဲ့ တိုင္တစ္တိုင္နဲ႔ သူ႔ရဲ႕ခႏၶာကိုယ္ကို ႐ိုက္မိခဲ့ၿပီး ရထားေပၚမွာ ရပ္ထားတဲ့ ဟယ္လီေကာ္ပတာရဲ႕ ဒလက္ေတြနဲ႔ သူ႔မ်က္ႏွာ ႐ိုက္မိမလိုေတာင္ ျဖစ္သြားခဲ့ပါတယ္။

အဲ့ဒီဇာတ္ဝင္ခန္းကို ႐ိုက္ကူးခဲ့တဲ့ အခ်ိန္တုန္းကေတာ့ သူဟာ အဲ့ဒီတိုင္နဲ႔ ႐ိုက္မိခဲ့ၿပီး သူ႔ရဲ႕ဘယ္ဘက္ပုခုံးကို ဒဏ္ရာရသြားေစခဲ့ပါတယ္။ ဒါ့အျပင္ အေရးေပၚ ကယ္ဆယ္ေရးသမားေတြက သူ႔ကို ေအာက္ခ်ေပးတဲ့အခ်ိန္ထိ အဲ့ဒီတိုင္ေပၚမွာ တြဲေလာင္းခိုထားခဲ့ပါတယ္။ ေအာက္ကိုေရာက္မွ စစ္ေဆးၾကည့္လိုက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ ပုခုံးက ႂကြက္သားေတြဟာ အစိတ္စိတ္အႁမြာႁမြာ ၿပဲထြက္ေနတာကို သိလိုက္ရပါတယ္။

(5) Armour of God 2: Operation Condor (1991)
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Jackie အတြက္ ဆိုး႐ြားတဲ့ ဒဏ္ရာရသြားေစတဲ့ စတန႔္တစ္ခု ပါဝင္ခဲ့ပါတယ္။ သူဟာ နာဇီေတြရဲ႕ ေျမေအာက္စခန္းထဲမွာ သံႀကိဳးကိုလႊဲၿပီး စီးတဲ့အခ်ိန္မွာ မေတာ္တဆ ျပဳတ္က်သြားခဲ့ပါတယ္။ ထိခိုက္မႈဟာ ျပင္းထန္လြန္းတာေၾကာင့္ သူ႔ရဲ႕ ရင္ၫြန႔္႐ိုး က်ိဴးသြားခဲ့ပါတယ္။ အဲ့ဒီအျဖစ္ပ်က္ကိုေတာ့ ဒီဇာတ္လမ္းရဲ႕အဆုံး credit scene မွာ ျမင္ေတြ႕ခဲ့ရပါတယ္။

(4) Project A (1983)
photo via screenrant

ဒီဇာတ္လမ္းထဲမွာလည္း Jackie ဟာ အသည္းယားဖို႔ေကာင္းတဲ့ စတန႔္တစ္ခုကို ျပဳလုပ္ခဲ့ပါေသးတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ သူဟာ နာရီစင္ရဲ႕ လက္တံတစ္ခုကို ကိုင္ထားၿပီး ေအာက္ကို ျပဳတ္က်တဲ့အခန္းကို ႐ိုက္ကူးခဲ့ပါတယ္။ အဲ့ဒီစတန႔္ကိုေတာ့ Jackie က ႏွစ္ခါျပဳလုပ္ခဲ့ေပမယ့္လည္း ရလဒ္ကို မေက်နပ္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ သုံးႀကိမ္ေျမာက္ ႀကိဳးစားတဲ့အခ်ိန္မွာေတာ့ ေအာက္ကို သူ႔ရဲ႕လည္ပင္းနဲ႔ တိုက္႐ိုက္ က်လုနီးပါး ျဖစ္သြားၿပီး လည္ပင္း႐ိုးလည္း က်ိဴးမလို ျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အံ့ဩဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ သူဟာ အဲ့ဒီဒဏ္ရာကို ရခဲ့တာေတာင္ ဒီဇာတ္ဝင္ခန္းကို ၿပီးဆုံးေအာင္ ဆက္လက္သ႐ုပ္ေဆာင္သြားခဲ့ပါတယ္။

(3) Hand of Death (1975)
photo via screenrant

လူတစ္ေယာက္ရဲ႕ ေခါင္းဟာ ဒဏ္ရာျပင္းျပင္းထန္ထန္ ရသြားတဲ့အခ်ိန္မွာ ေသခ်ာေဆးကုသမႈကို မခံယူခဲ့ရင္ အသက္ဆုံးရႈံးတဲ့အထိေတာင္ ျဖစ္ႏိုင္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Jackie ဟာ သူ႔ရဲ႕႐ိုက္ကြင္းေပၚမွာ ရရွိခဲ့တဲ့ အဆိုး႐ြားဆုံးဒဏ္ရာေတြထဲက တစ္ခုကို ခံစားခဲ့ရပါတယ္။

ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ သူဟာ ကားေပၚက ခုန္ခ်ခဲ့ၿပီး ေအာက္က်တဲ့အခ်ိန္မွာ ေခါင္းကိုထိသြားပါတယ္။ အဲ့ဒီေခါင္းဒဏ္ရာကိုေတာင္ ေသခ်ာ မစစ္ေဆးရေသးတဲ့အခ်ိန္မွာပဲ သူဟာအဲ့ဒီစတန႔္ကို ေနာက္တစ္ေခါက္ ျပန္လုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ တစ္နာရီေလာက္ သတိလစ္သြားခဲ့ပါတယ္။ သူ႔ရဲ႕ဒဏ္ရာဟာ ျပင္းထန္လြန္းတာေၾကာင့္ ဆရာဝန္ေတြဟာ Jackie တစ္ေယာက္ အသက္ဆုံးရႈံးေတာ့မယ္လို႔ေတာင္ ဒါ႐ိုက္တာ John Woo ကို ေျပာခဲ့ၾကပါတယ္။

(2) Police Story (1985)
photo via screenrant

ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးေနတဲ့ အခ်ိန္တုန္းကေတာ့ Jackie ဟာ ဇာတ္လမ္းအစကေန အဆုံးထိ ဒဏ္ရာေတြမ်ိဴးစုံ ရရွိခဲ့ပါတယ္။ ဒီဇာတ္လမ္းထဲက နာမည္ႀကီး ဇာတ္ဝင္ခန္းတစ္ခု ျဖစ္တဲ့ ေစ်းဝယ္စင္တာထဲက ဇာတ္ဝင္ခန္းမွာလည္း ဒဏ္ရာ  ဆိုးဆိုး႐ြား႐ြား ရရွိခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ သူဟာ Mall ရဲ႕ အေပၚထပ္ကေန ခုန္ခ်ခဲ့ၿပီး တိုင္တစ္ခုကို ဖက္ထားကာ ေအာက္ဆင္းသြားတဲ့အခန္းပဲ ျဖစ္ပါတယ္။ အဲ့ဒီတိုင္ကေန ေအာက္ကိုေလွ်ာၿပီး ဆင္းေနတဲ့အခ်ိန္မွာ သူဟာ ဓာတ္လိုက္ခံခဲ့ရသလို သူ႔ရဲ႕လက္ဖဝါးေတြမွာလည္း ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕လက္ေခ်ာင္းေတြလည္း က်ိဴးသြားခဲ့ၿပီး ျမႇီးေညႇာင့္႐ိုးနဲ႔ ေက်ာ႐ိုးေတြလည္း ဒဏ္ရာရသြားခဲ့ပါတယ္။

(1) Armour of God (1987)
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Jackie ဟာ သူ႔ရဲ႕အသက္အႏၲရာယ္ အမ်ားဆုံး စတန႔္တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ သူဟာ ေတာင္ေစာင္းကေန သစ္ပင္တစ္ပင္ဆီကို လွမ္းခုန္တဲ့အခန္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းကိုေတာ့ တစ္ေခါက္တည္းနဲ႔ ေအာင္ေအာင္ျမင္ျမင္ ႐ိုက္ကူးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီလိုလွမ္းခုန္တဲ့အခ်ိန္ဟာ ေႏွးေနတယ္လို႔ ခံစားရတာေၾကာင့္ သူဟာ ေနာက္တစ္ေခါက္ ျပန္လည္႐ိုက္ကူးခဲ့ပါတယ္။

သူ႔ရဲ႕ ေနာက္တစ္ေခါက္ ျပန္လည္ႀကိဳးစားမႈကေတာ့ သူ႔ကို အသက္ဆုံးရႈံးမလို ျဖစ္သြားေစမယ္ ဆိုတာကို ဘယ္သူမွ မသိခဲ့ပါဘူး။ အဲ့ဒီႀကိဳးစားမႈမွာေတာ့ သူဟာ သစ္ပင္ေပၚက ျပဳတ္က်သြားခဲ့ၿပီး ေက်ာလည္း ဒဏ္ရာရသြားကာ ေခါင္းနဲ႔ ေက်ာက္တုံးတစ္ခုနဲ႔ တိုက္မိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ဦးေခါင္းခြံအ႐ိုးဟာ အက္သြားၿပီး အ႐ိုးတစ္စဟာ သူ႔ရဲ႕ဦးေႏွာက္ကို စိုက္သြားခဲ့ပါတယ္။ အျပင္ပိုင္းမွာေတာ့ သူ႔ရဲ႕နားထဲကေနေတာင္ ေသြးေတြထြက္လာၿပီး အသက္ဆုံးရႈံးလုနီးပါး ျဖစ္သြားပါတယ္။ အခ်ိန္မွီသာ ေဆးကုသမႈ မခံခဲ့ရရင္ေတာ့ အဲ့ဒီ႐ုပ္ရွင္ဟာ သူ႔ရဲ႕ေနာက္ဆုံး႐ုပ္ရွင္ တစ္ကားေတာင္ ျဖစ္သြားေလာက္ပါတယ္။

ဒါကေတာ့ မင္းသားႀကီး Jackie Chan ရဲ႕ သက္စြန႔္ဆံျဖား စတန႔္ျပကြက္ေတြေၾကာင့္ ရရွိခဲ့တဲ့ အျပင္းထန္ဆုံး ဒဏ္ရာေတြပဲ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕အလုပ္အေပၚ ဒီေလာက္ စိတ္ႏွစ္ၿပီး ကိုယ္က်ိဳးစြန႔္ ႀကိဳးစားတဲ့ မင္းသားမ်ိဳးကေတာ့ ႐ုပ္ရွင္ေလာကအတြက္ တကယ္ အဖိုးတန္ပါပဲ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular