HomeEntertainmentFilmနှစ်ကာလတွေတလျှောက် James Bond ဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားများ 

နှစ်ကာလတွေတလျှောက် James Bond ဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

James Bond ဟာ ဗြိတိန်ရဲ့ လျှို့ဝှက်အထူးအေးဂျင့်တစ်ယောက် ဖြစ်ပြီး 007 ဆိုတဲ့ ကုဒ်နာမည်နဲ့လည်း လူသိများပါတယ်။ ဒီဇာတ်ရုပ်ဟာ မင်းသားကြီး Sean Connery သရုပ်ဆောင်ထားပြီး ၁၉၆၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဆုံး James Bond ဇာတ်ကား “Dr. No” က စတင်ပြီး ယနေ့အချိန်အထိ မင်းသားခြောက်လက် ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

စုစုပေါင်း James Bond ဇာတ်ကား (၂၅)ကား ထွက်ရှိထားပြီး မင်းသားခြောက်လက် ပြောင်းသွားပြီ ဖြစ်ပေမယ့် ယနေ့အချိန်အထိ ပရိသတ်အားပေးမှု ရရှိနေဆဲဖြစ်ကာ ငွေကြေးအရလည်း အောင်မြင်နေဆဲ ဖြစ်ပါတယ်။ နှစ်ကာလတွေတလျှောက်မှာ 007 အဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားတွေကို ပြန်ပြောင်းအမှတ်ရကြည့်ကြမယ်ဆိုရင်တော့ …

Sean Connery
Photo via IMDb

မင်းသားကြီး Sean Connery ကတော့ မူလ James Bond ဖြစ်ပြီး ပရိသတ်တွေရဲ့ အကြိုက်ဆုံး James Bond သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ မင်းသားကြီးဟာ ၁၉၆၂ ခုနှစ်မှာ ပထမဆုံး စတင်ထွက်ရှိခဲ့တဲ့ Dr. No ကနေ From Russia With Love ၊ Gold Finger ၊ Thunderball ၊ You Only Live Twice ၊ Diamonds Are Forever နဲ့ Never Say Never Again တို့မှာ 007 အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မင်းသားကြီးဟာ ၁၉၈၃ ခုနှစ်က စတင်ပြီး James Bond ဇာတ်ကောင်မှ တရားဝင် အနားယူကာ Indiana Jones and the Last Crusade နဲ့ Dragonheart ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ နာမည်ကျော် ဂန္ထဝင်မင်းသားကြီးဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့မှာ အသက်(၉၀)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

George Lazenby
Photo via IMDb

မင်းသားကြီး George Lazenby ကတော့ James Bond ဇာတ်ကားတစ်ကားတည်းမှာသာ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဩစတျေးလျသရုပ်ဆောင် မင်းသားကြီးဟာ ၁၉၆၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ On Her Majesty’s Secret Service ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ မင်းသားကြီး Sean Connery ရဲ့ You Only Live Twice နဲ့ Diamonds Are Forever ဇာတ်ကားနှစ်ခုကြားမှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

George ဟာ 007 တွေကြားမှာ သက်တမ်းအတိုဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး အသက်အရွယ်အားဖြင့်လည်း အငယ်ဆုံး James Bond သရုပ်ဆောင် ဖြစ်ခဲ့တာပါ။ မင်းသားကြီးဟာ အသက်(၂၉)နှစ်နဲ့ 007 အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူဟာ ၁၉၇၀ ခုနှစ်နှောင်းပိုင်းလောက်အထိ သရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အိမ်ခြံမြေလုပ်ငန်းဘက်ကို ပြောင်းရွှေ့သွားပါတယ်။

Roger Moore
Photo via IMDb

ဗြိတိန်သရုပ်ဆောင် မင်းသားကြီး Roger Moore ကတော့ တတိယမြောက် James Bond သရုပ်ဆောင် ဖြစ်ပြီး ၁၉၇၃ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ James Bond ဇာတ်ကား (၇)ကားမှာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ မင်းသားကြီး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ Live and Let Die ၊ The Man with the Golden Gun ၊ The Spy Who Loved Me ၊ Moonraker ၊ For Your Eyes Only ၊ Octopussy နဲ့ A View To Kill တို့ပဲ ဖြစ်ပါတယ်။

မင်းသားကြီး Roger နဲ့ မင်းသားကြီး Sean တို့ဟာ Bond ဇာတ်ကား (၇)ကားစီနဲ့ ဇာတ်ကားအများဆုံး သရုပ်ဆောင်ထားတဲ့ 007 တွေအဖြစ် ရပ်တည်နေကြပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Roger ဟာ ဆီးကျိတ်ကင်ဆာနဲ့ ဆီးချိုရောဂါတွေ အပါအဝင် အခြားသော ရောဂါများစွာကို ရင်ဆိုင်ရင်း ၂၀၁၇ ခုနှစ် မေလ(၂၃)ရက်နေ့မှာ အသက်(၈၉)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Timothy Dalton
Photo via IMDb

စတုတ္ထမြောက် James Bond သရုပ်ဆောင်ကတော့ မင်းသားကြီး Timothy Dalton ပဲ ဖြစ်ပါတယ်။ Timothy ဟာ ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Living Daylights ဇာတ်ကားမှာ 007 အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး နှစ်နှစ်အကြာမှာ ထပ်မံထွက်ရှိခဲ့တဲ့ License to Kill ဇာတ်ကားထဲမှာလည်း Bond အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။

Bond ဇာတ်ကားနှစ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီး နောက်မှာတော့ Timothy ဟာ Bond အဖြစ်က အနားယူခဲ့ပြီး အခြားသော ရုပ်ရှင်ဇာတ်ကားတွေမှာသာ ဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ Toy Story 3 နဲ့ Toy Story 4 တို့မှာ Mr. Pickleplants နေရာကနေ အသံသရုပ်ဆောင်ခဲ့ပါသေးတယ်။

လောလောလတ်လတ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီးရဲ့ ဇာတ်လမ်းတွဲတွေကတော့ Penny Dreadful နဲ့ HBO Max မှာ ပြသနေတဲ့ Doom Patrol ပဲ ဖြစ်ပါတယ်။

Pierce Bronsnan
Photo via IMDb

အိုင်းရစ်ရှ် သရုပ်ဆောင် Pierce Bronsnan ကတော့ ပဉ္စမမြောက် James Bond သရုပ်ဆောင် ဖြစ်ပါတယ်။ Pierce ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Golden Eyes ဇာတ်ကားနဲ့ 007 အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Tomorrow Never Dies ၊ The World Is Not Enough နဲ့ Die Another Day တို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။

Bond အဖြစ်က အနားယူပြီးချိန်မှာတော့ Mamma Mia! ၊ The Ghost Writer နဲ့ Percy Jackson & the Olympians တို့လို ဇာတ်ကားမျိုးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် DCEU က ထွက်ရှိလာမယ့် Black Adam ဇာတ်ကားထဲမှာ Doctor Fate ဇာတ်ကောင်အဖြစ် မကြာသေးခင်ကပဲ ရွေးချယ်ခံထားရပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာတော့ ရုံတင်တော့မှာ ဖြစ်ပါတယ်။

Daniel Craig
Photo via IMDb

James Bond franchise ရဲ့ နောက်ဆုံးသော သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူကတော့ မင်းသား Daniel Craig ပဲ ဖြစ်ပါတယ်။ Daniel ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Casino Royale ဇာတ်ကားမှာ စတင်ပြီး သရုပ်ဆောင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ Quantum in Solace ၊ Skyfall ၊ Spectre နဲ့ ယခုနောက်ဆုံး ရုံတင်ပြသနေတဲ့ No Time To Die တို့မှာ 007 အဖြစ် သရုပ်ဆောင်ထားပါတယ်။

Daniel ဟာ စုစုပေါင်း Bond ဇာတ်ကား (၅)ကားမှာ သရုပ်ဆောင်ထားတာ ဖြစ်ပြီး ယခုရုံတင်ပြသနေတဲ့ No Time To Die ကတော့ သူ့ရဲ့ နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးအပြီးမှာပဲ Bond အဖြစ်ကနေ အနားယူတော့မယ်လို့ တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ James Bond ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ မင်းသားအသစ်တစ်လက်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ 007 အဖြစ် ဘယ်သူ့ကို တွေ့မြင်ရဦးမလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါပဲလို့ ဖော်ပြရင်း စာဖတ်သူတို့ နှစ်သက်တဲ့ Bond သရုပ်ဆောင်ကိုလည်း ပြောပြခဲ့ပါဦး။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

James Bond ဟာ ၿဗိတိန္ရဲ့ လၽွို႔ဝွက္အထူးေအးဂ်င့္တစ္ေယာက္ ျဖစ္ၿပီး 007 ဆိုတဲ့ ကုဒ္နာမည္နဲ႔လည္း လူသိမ်ားပါတယ္။ ဒီဇာတ္႐ုပ္ဟာ မင္းသားႀကီး Sean Connery သ႐ုပ္ေဆာင္ထားၿပီး ၁၉၆၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ပထမဆုံး James Bond ဇာတ္ကား “Dr. No” က စတင္ၿပီး ယေန႔အခ်ိန္အထိ မင္းသားေျခာက္လက္ ေျပာင္းသြားခဲ့ၿပီ ျဖစ္ပါတယ္။

စုစုေပါင္း James Bond ဇာတ္ကား (၂၅)ကား ထြက္ရွိထားၿပီး မင္းသားေျခာက္လက္ ေျပာင္းသြားၿပီ ျဖစ္ေပမယ့္ ယေန႔အခ်ိန္အထိ ပရိသတ္အားေပးမွု ရရွိေနဆဲျဖစ္ကာ ေငြေၾကးအရလည္း ေအာင္ျမင္ေနဆဲ ျဖစ္ပါတယ္။ ႏွစ္ကာလေတြတေလၽွာက္မွာ 007 အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ မင္းသားေတြကို ျပန္ေျပာင္းအမွတ္ရၾကည့္ၾကမယ္ဆိုရင္ေတာ့ …

Sean Connery
Photo via IMDb

မင္းသားႀကီး Sean Connery ကေတာ့ မူလ James Bond ျဖစ္ၿပီး ပရိသတ္ေတြရဲ့ အႀကိဳက္ဆုံး James Bond သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ မင္းသားႀကီးဟာ ၁၉၆၂ ခုႏွစ္မွာ ပထမဆုံး စတင္ထြက္ရွိခဲ့တဲ့ Dr. No ကေန From Russia With Love ၊ Gold Finger ၊ Thunderball ၊ You Only Live Twice ၊ Diamonds Are Forever နဲ႔ Never Say Never Again တို႔မွာ 007 အျဖစ္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ မင္းသားႀကီးဟာ ၁၉၈၃ ခုႏွစ္က စတင္ၿပီး James Bond ဇာတ္ေကာင္မွ တရားဝင္ အနားယူကာ Indiana Jones and the Last Crusade နဲ႔ Dragonheart ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒီလိုနဲ႔ နာမည္ေက်ာ္ ဂႏၴဝင္မင္းသားႀကီးဟာ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ(၃၁)ရက္ေန႔မွာ အသက္(၉၀)ႏွစ္အရြယ္နဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

George Lazenby
Photo via IMDb

မင္းသားႀကီး George Lazenby ကေတာ့ James Bond ဇာတ္ကားတစ္ကားတည္းမွာသာ သ႐ုပ္ေဆာင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ ဩစေတ်းလ်သ႐ုပ္ေဆာင္ မင္းသားႀကီးဟာ ၁၉၆၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ On Her Majesty’s Secret Service ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ တကယ္ေတာ့ ဒီဇာတ္ကားဟာ မင္းသားႀကီး Sean Connery ရဲ့ You Only Live Twice နဲ႔ Diamonds Are Forever ဇာတ္ကားႏွစ္ခုၾကားမွာ ထြက္ရွိခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

George ဟာ 007 ေတြၾကားမွာ သက္တမ္းအတိုဆုံး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး အသက္အရြယ္အားျဖင့္လည္း အငယ္ဆုံး James Bond သ႐ုပ္ေဆာင္ ျဖစ္ခဲ့တာပါ။ မင္းသားႀကီးဟာ အသက္(၂၉)ႏွစ္နဲ႔ 007 အျဖစ္ ေရြးခ်ယ္ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ သူဟာ ၁၉၇၀ ခုႏွစ္ေႏွာင္းပိုင္းေလာက္အထိ သ႐ုပ္ေဆာင္အျဖစ္ လုပ္ကိုင္ခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ အိမ္ၿခံေျမလုပ္ငန္းဘက္ကို ေျပာင္းေရႊ႕သြားပါတယ္။

Roger Moore
Photo via IMDb

ၿဗိတိန္သ႐ုပ္ေဆာင္ မင္းသားႀကီး Roger Moore ကေတာ့ တတိယေျမာက္ James Bond သ႐ုပ္ေဆာင္ ျဖစ္ၿပီး ၁၉၇၃ ခုႏွစ္ကေန ၁၉၈၅ ခုႏွစ္အထိ James Bond ဇာတ္ကား (၇)ကားမွာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ မင္းသားႀကီး သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားေတြကေတာ့ Live and Let Die ၊ The Man with the Golden Gun ၊ The Spy Who Loved Me ၊ Moonraker ၊ For Your Eyes Only ၊ Octopussy နဲ႔ A View To Kill တို႔ပဲ ျဖစ္ပါတယ္။

မင္းသားႀကီး Roger နဲ႔ မင္းသားႀကီး Sean တို႔ဟာ Bond ဇာတ္ကား (၇)ကားစီနဲ႔ ဇာတ္ကားအမ်ားဆုံး သ႐ုပ္ေဆာင္ထားတဲ့ 007 ေတြအျဖစ္ ရပ္တည္ေနၾကပါတယ္။ စိတ္မေကာင္းစရာနဲ႔ပဲ Roger ဟာ ဆီးက်ိတ္ကင္ဆာနဲ႔ ဆီးခ်ိဳေရာဂါေတြ အပါအဝင္ အျခားေသာ ေရာဂါမ်ားစြာကို ရင္ဆိုင္ရင္း ၂၀၁၇ ခုႏွစ္ ေမလ(၂၃)ရက္ေန႔မွာ အသက္(၈၉)ႏွစ္အရြယ္နဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

Timothy Dalton
Photo via IMDb

စတုတၳေျမာက္ James Bond သ႐ုပ္ေဆာင္ကေတာ့ မင္းသားႀကီး Timothy Dalton ပဲ ျဖစ္ပါတယ္။ Timothy ဟာ ၁၉၈၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Living Daylights ဇာတ္ကားမွာ 007 အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး ႏွစ္ႏွစ္အၾကာမွာ ထပ္မံထြက္ရွိခဲ့တဲ့ License to Kill ဇာတ္ကားထဲမွာလည္း Bond အျဖစ္ ျပန္လည္ပါဝင္ခဲ့ပါတယ္။

Bond ဇာတ္ကားႏွစ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး ေနာက္မွာေတာ့ Timothy ဟာ Bond အျဖစ္က အနားယူခဲ့ၿပီး အျခားေသာ ႐ုပ္ရွင္ဇာတ္ကားေတြမွာသာ ဆက္လက္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ သူဟာ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ခဲ့တဲ့ Toy Story 3 နဲ႔ Toy Story 4 တို႔မွာ Mr. Pickleplants ေနရာကေန အသံသ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

ေလာေလာလတ္လတ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသားႀကီးရဲ့ ဇာတ္လမ္းတြဲေတြကေတာ့ Penny Dreadful နဲ႔ HBO Max မွာ ျပသေနတဲ့ Doom Patrol ပဲ ျဖစ္ပါတယ္။

Pierce Bronsnan
Photo via IMDb

အိုင္းရစ္ရွ္ သ႐ုပ္ေဆာင္ Pierce Bronsnan ကေတာ့ ပဥၥမေျမာက္ James Bond သ႐ုပ္ေဆာင္ ျဖစ္ပါတယ္။ Pierce ကေတာ့ ၁၉၉၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Golden Eyes ဇာတ္ကားနဲ႔ 007 အျဖစ္ ပထမဆုံး သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ Tomorrow Never Dies ၊ The World Is Not Enough နဲ႔ Die Another Day တို႔မွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

Bond အျဖစ္က အနားယူၿပီးခ်ိန္မွာေတာ့ Mamma Mia! ၊ The Ghost Writer နဲ႔ Percy Jackson & the Olympians တို႔လို ဇာတ္ကားမ်ိဳးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ DCEU က ထြက္ရွိလာမယ့္ Black Adam ဇာတ္ကားထဲမွာ Doctor Fate ဇာတ္ေကာင္အျဖစ္ မၾကာေသးခင္ကပဲ ေရြးခ်ယ္ခံထားရၿပီး လာမယ့္ ၂၀၂၂ ခုႏွစ္မွာေတာ့ ႐ုံတင္ေတာ့မွာ ျဖစ္ပါတယ္။

Daniel Craig
Photo via IMDb

James Bond franchise ရဲ့ ေနာက္ဆုံးေသာ သ႐ုပ္ေဆာင္အျဖစ္ ေရြးခ်ယ္ခံခဲ့ရသူကေတာ့ မင္းသား Daniel Craig ပဲ ျဖစ္ပါတယ္။ Daniel ကေတာ့ ၂၀၀၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Casino Royale ဇာတ္ကားမွာ စတင္ၿပီး သ႐ုပ္ေဆာင္ခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ Quantum in Solace ၊ Skyfall ၊ Spectre နဲ႔ ယခုေနာက္ဆုံး ႐ုံတင္ျပသေနတဲ့ No Time To Die တို႔မွာ 007 အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

Daniel ဟာ စုစုေပါင္း Bond ဇာတ္ကား (၅)ကားမွာ သ႐ုပ္ေဆာင္ထားတာ ျဖစ္ၿပီး ယခု႐ုံတင္ျပသေနတဲ့ No Time To Die ကေတာ့ သူ႔ရဲ့ ေနာက္ဆုံးဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားရိုက္ကူးအၿပီးမွာပဲ Bond အျဖစ္ကေန အနားယူေတာ့မယ္လို႔ တရားဝင္ ေၾကညာလိုက္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ လက္ရွိမွာေတာ့ James Bond ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ မင္းသားအသစ္တစ္လက္ကို ေရြးခ်ယ္ရေတာ့မွာ ျဖစ္ပါတယ္။ 007 အျဖစ္ ဘယ္သူ႔ကို ေတြ႕ျမင္ရဦးမလည္းဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲလို႔ ေဖာ္ျပရင္း စာဖတ္သူတို႔ ႏွစ္သက္တဲ့ Bond သ႐ုပ္ေဆာင္ကိုလည္း ေျပာျပခဲ့ပါဦး။

Linda December

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular