HomeEntertainmentFilmဒါရိုက်တာ James Gunn ရဲ့ အကြိုက်ဆုံး ဇာတ်လမ်းတွဲ သုံးခု

ဒါရိုက်တာ James Gunn ရဲ့ အကြိုက်ဆုံး ဇာတ်လမ်းတွဲ သုံးခု

DCEU ရဲ့ The Suicide Squad နဲ့ Peacemaker တို့အပြင် MCU ရဲ့ Guardians of the Galaxy Franchise ကိုပါ ရိုက်ကူးထားတဲ့ ဒါရိုက်တာ James Gunn ကတော့ သူ့ရဲ့ အကြိုက်ဆုံး ဇာတ်လမ်းတွဲသုံးခုကို ပြောပြလာပါတယ်။ သူကတော့ ဆိုရှယ်မီဒီယာကို တွင်တွင်ကျယ်ကျယ် အသုံးပြုသူ ဖြစ်ပြီး ပရိသတ်တွေရဲ့ မေးခွန်းတွေကိုလည်း ဆိုရှယ်မီဒီယာကနေ အမြဲတမ်းလိုလို ပြန်လည်ဖြေကြားလေ့ ရှိပါတယ်။

photo via screenrant

James Gunn ကတော့ ၂၀၀၈ ခုနှစ်ကတည်းက တွစ်တာကို စတင်အသုံးပြုခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ အတိတ်က Tweet တချို့ဟာ အငြင်းပွားဖွယ် ဖြစ်နေတာကြောင့် Disney ဟာ သူ့ကို GOTG Franchise ကနေ ထုတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာတော့ သူဟာ DCEU ရဲ့ The Suicide Squad နဲ့ Peacemaker တို့ကို ဖန်တီးခဲ့ပါတယ်။ ယခုအချိန်မှာတော့ Disney နဲ့ ပြန်အဆင်ပြေသွားပြီး GOTG 3 ကို ရိုက်ကူးဖို့အတွက် သူ့ကို ပြန်လည်ငှားရမ်းထားပါတယ်။

မကြာသေးခင်ကတော့ ပရိသတ်တွေဟာ James Gunn ရဲ့ အကြိုက်ဆုံး ဇာတ်လမ်းတွဲသုံးခုကို မေးမြန်းခဲ့ကြပါတယ်။ သူကတော့ Rick and Morty ၊ The Wire နဲ့ Patriot တို့ဟာ သူ့ရဲ့အကြိုက်ဆုံး ဇာတ်လမ်းတွဲသုံးခုပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ နောက်ထပ် ပရိသတ်တစ်ယောက်ကတော့ သူ့ရဲ့အကြိုက်ဆုံး ကွန်ဖူးရုပ်ရှင် သုံးကားကိုလည်း မေးမြန်းခဲ့ပါသေးတယ်။ James Gunn အကြိုက်ဆုံး ကွန်ဖူးရုပ်ရှင် သုံးကားကတော့ Kung Fu Hustle ၊ Fong Sai Yuk နဲ့ The Legend of Drunken Master တွေပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo via screenrant

James Gunn ကတော့ သူရိုက်ကူးတဲ့ ရုပ်ရှင်တွေ အများစုမှာ Dark Comedy တွေ ထည့်သွင်းလေ့ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့အကြိုက်ဆုံး ဇာတ်လမ်းတွဲတွေမှာ Rick and Morty လိုမျိူး Dark Comedy ဇာတ်လမ်းတစ်ခု ပါဝင်နေတယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် The Wire ကလည်း အကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲတစ်ခုလို့ မကြာခဏ ဖော်ပြခံရတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

Legos

Screenrant

RELATED ARTICLES

Most Popular