HomeCelebs Update NewsInternationalDC စတူဒီယိုရဲ့ CEO ဖြစ်သွားတဲ့ ဒါရိုက်တာ James Gunn

DC စတူဒီယိုရဲ့ CEO ဖြစ်သွားတဲ့ ဒါရိုက်တာ James Gunn

မကြာခင်ကပဲ Warner Bros. စတူဒီယိုဟာ DC စတူဒီယိုရဲ့ CEO အသစ်ကို ကြေညာလိုက်ပြီး ဒီသတင်းဟာ ပရိသတ်တွေကြားမှာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားပါတယ်။ Warner Bros. Discovery ကတော့ ၁၉၂၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Entertainment စတူဒီယိုတစ်ခုဖြစ်ပြီး ယခုအချိန်မှာတော့ ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး စတူဒီယိုတွေထဲမှာ ပါဝင်နေသလို အခြားစတူဒီယိုတွေကိုလည်း ဝယ်ထားပါသေးတယ်။

Warner Bros. Discovery ရဲ့လက်အောက်ခံ ဖြစ်တဲ့ DC စတူဒီယိုကတော့ စူပါဟီးရိုးဇာတ်လမ်းတွေကို ဖန်တီးနေပြီး လောလောဆယ်မှာလည်း Black Adam ရုပ်ရှင်ကို ရုံတင်ပြသနေပါတယ်။ Warner Bros. ဟာ မကြာခင်ကပဲ Discovery နဲ့ ပူးပေါင်းခဲ့ပြီး အဲဒီနောက်မှာတော့ DC စတူဒီယိုအတွက် အပြောင်းအလဲတွေများစွာ ပြုလုပ်နေပါတယ်။ DC စတူဒီယိုရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ Walter Hamada ကလည်း မကြာသေးခင်ကပဲ ရာထူးကနှုတ်ထွက်သွားပါတယ်။

photo via screenrant

ဒါကြောင့်ပဲ ယခုအချိန်မှာတော့ Warner Bros. Discovery စတူဒီယိုဟာ DC စတူဒီယိုရဲ့ CEO အသစ်ကို ကြေညာခဲ့ပါတယ်။ The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒါရိုက်တာ James Gunn နဲ့ ထုတ်လုပ်သူ Peter Safran တို့နှစ်ယောက်ဟာ DC စတူဒီယိုရဲ့ CEO အသစ်ဖြစ်သွားပြီလို့ သိရပါတယ်။ Peter Safran ကတော့ ထုတ်လုပ်ရေးပိုင်းနဲ့ စီးပွားရေးပိုင်းကို ဦးဆောင်ရမှာ ဖြစ်ပြီး James Gunn ကတော့ Creative ပိုင်းကို ဦးစီးသွားမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ စာချုပ်ကတော့ လေးနှစ်တာ သက်တမ်းရှိပြီး စာချုပ်အရ James Gunn ဟာ DC စတူဒီယိုအတွက်ပဲ သီးသန့်ဖန်တီးပေးရမယ်လို့ ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ James Gunn ဟာ Marvel အတွက် အချိန်တစ်ခုအထိ နောက်ထပ်ဇာတ်လမ်းတွေ ဖန်တီးသွားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် James Gunn ဟာ DC အတွက်ရော Marvel အတွက်ရော ဇာတ်လမ်းကောင်းတွေကို ဖန်တီးပေးခဲ့သူ ဖြစ်တာကြောင့် DC ရဲ့ အနာဂတ်ကတော့ စိတ်ချသွားရလောက်ပါပြီ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular