HomeEntertainmentFilmသည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ကိုရီးယား ဇာတ်ကားကောင်းများ 

သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ကိုရီးယား ဇာတ်ကားကောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သာမန်အချစ်ဒရာမာ ကိုရီးယားဇာတ်လမ်းတွေကို ငြီးငွေ့နေပြီး တစ်ကားလုံးကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်ကိုမှ သဘောကျတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် သည်းထိတ်ရင်ဖို ကိုရီးယားဇာတ်ကားကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(7) The Chase
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကွင်းဆက်လူသတ်သမားတစ်ယောက်ဟာ တရားစွဲဆိုမှုကနေ လွတ်မြောက်သွားတဲ့အချိန်မှာ အဲ့ဒီအမှုတွေကို စုံစမ်းခဲ့တဲ့ စုံထောက်ဟာ စိတ်ပျက်သွားပါတယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်ပေါင်းသုံးဆယ် ကြာတဲ့အချိန်မှာတော့ အရင်က လူသတ်မှုတွေလိုမျိူး ထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ စုံထောက်ကြီးဟာ အနားယူနေပြီ ဖြစ်ပေမယ့်လည်း အဲ့ဒီသတင်းကို သိလိုက်တာနဲ့ တရားခံကို စတင်ရှာဖွေပါတော့တယ်။

(6) Burning
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စာရေးဆရာတစ်ယောက်ဟာ delivery သမား လုပ်နေပြီးတော့ သူ့ရဲ့ငယ်သူငယ်ချင်း ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူမဟာ အာဖရိကကို ခရီးထွက်ဖို့ရှိတာကြောင့် သူမရဲ့ကြောင်လေးကို စောင့်ရှောက်ခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ အဲ့ဒီခရီးကနေ ပြန်လာတဲ့အချိန်မှာတော့ သူမနဲ့အတူ နောက်ထပ် ယောကျာ်းတစ်ယောက် ပါလာခဲ့ပြီး သိပ်မကြာခင်မှာပဲ အဲ့ဒီကောင်မလေးဟာ ပျောက်ဆုံးသွားပါတော့တယ်။

(5) Voice
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ရဲ့ အမျိူးသမီးဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ပူပူနွေးနွေး ရဲသင်တန်းကျောင်းက ဆင်းလာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အဖေဟာလည်း အဲ့ဒီညမှာပဲ အသတ်ခံခဲ့ရပါတယ်။ နောက်ထပ်အချိန်တွေ ကြာသွားတဲ့အခါမှာတော့ သူတို့နှစ်ယောက် ပူးပေါင်းမိသွားကြပြီး အဲ့ဒီလူသတ်သမားကို ရှာဖွေပါတော့တယ်။

(4) Extracurricular
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Netflix က ၂၀၂၀ခုနှစ်မှာ  ပြသခဲ့တာဖြစ်ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ကျောင်းသားတစ်ယောက်ဟာ ပညာရေးအတွက် လိုအပ်နေတဲ့ ပိုက်ဆံတွေကို ရှာဖွေဖို့ အန္တရာယ်များပြီး တရားမဝင်တဲ့ လုပ်ငန်းထဲကို ဝင်ရောက်မိသွားပါတယ်။ အဲ့ဒါကြောင့်ပဲ ကျောင်းသားလေးဟာ အဲ့ဒီအချက်ကို တစ်ခြားသူတွေ မသိအောင် ဖုံးကွယ်ထားပေမယ့်လည်း တစ်ရက်မှာတော့ သူ့ရဲ့အတန်းဖော်တစ်ယောက်က အဲ့ဒီလျှို့ဝှက်ချက်ကို သိရှိသွားချိန်မှာတော့ … ။

(3) Bad Guys: Vile City
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Bad Guys ဇာတ်လမ်းတွဲရဲ့ spin-off စီးရီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အစိုးရရှေ့နေတစ်ယောက်ဟာ သူတို့မြို့ကို ထိန်းချုပ်နေတဲ့ စီးပွားရေးသမားခေါင်းဆောင်ကို ဖြုတ်ချနိုင်ဖို့အတွက် ရာဇဝတ်မှုမှတ်တမ်းရှိသူတွေကို လိုက်လံစုစည်းပါတော့တယ်။

(2) Save Me
photo via screenrant

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မိသားစုတစ်စုဟာ မြို့ငယ်လေးတစ်ခုကို ပြောင်းရွှေ့နေထိုင်ရာက စတင်ပါတယ်။ အဲ့ဒီနောက်မှာတော့ အဲ့ဒီမြို့က ဘုရားကျောင်းတစ်ကျောင်းဟာ သူတို့မိသားစုကို အစစအရာရာ ကူညီပြီး ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့မိသားစုထဲက သားလေး သေဆုံးသွားတဲ့အချိန်မှာတော့ လူတွေ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။

(1) Tunnel
photo via screenrant

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၇ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဟာ ကွင်းဆက်လူသတ်မှုတစ်ခုကို စုံစမ်းနေပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သံသယရှိသူတစ်ယောက်ရဲ့ အနောက်ကို လိုက်ရင်းနဲ့ လိုဏ်ခေါင်းတစ်ခုထဲကို ရောက်သွားပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ နှစ်(၃၀)ကွာဝေးတဲ့ အနာဂတ်ကာလတစ်ခုကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ ၁၉၈၀ခုနှစ်ဝန်းကျင်က အပြင်မှာ တကယ်ရှိခဲ့တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်းကို ကိုးကားပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သာမန္အခ်စ္ဒရာမာ ကိုရီးယားဇာတ္လမ္းေတြကို ၿငီးေငြ႕ေနၿပီး တစ္ကားလုံးကို ရင္တထိတ္ထိတ္နဲ႔ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္လမ္း၊ ဇာတ္ကြက္ကိုမွ သေဘာက်တဲ့ ႐ုပ္ရွင္ခ်စ္သူေတြအတြက္ သည္းထိတ္ရင္ဖို ကိုရီးယားဇာတ္ကားေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(7) The Chase
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (6.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ကြင္းဆက္လူသတ္သမားတစ္ေယာက္ဟာ တရားစြဲဆိုမႈကေန လြတ္ေျမာက္သြားတဲ့အခ်ိန္မွာ အဲ့ဒီအမႈေတြကို စုံစမ္းခဲ့တဲ့ စုံေထာက္ဟာ စိတ္ပ်က္သြားပါတယ္။ ဒီလိုနဲ႔ ေနာက္ထပ္ ႏွစ္ေပါင္းသုံးဆယ္ ၾကာတဲ့အခ်ိန္မွာေတာ့ အရင္က လူသတ္မႈေတြလိုမ်ိဴး ထပ္မံျဖစ္ေပၚလာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ စုံေထာက္ႀကီးဟာ အနားယူေနၿပီ ျဖစ္ေပမယ့္လည္း အဲ့ဒီသတင္းကို သိလိုက္တာနဲ႔ တရားခံကို စတင္ရွာေဖြပါေတာ့တယ္။

(6) Burning
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ စာေရးဆရာတစ္ေယာက္ဟာ delivery သမား လုပ္ေနၿပီးေတာ့ သူ႔ရဲ႕ငယ္သူငယ္ခ်င္း ေကာင္မေလးနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ သူမဟာ အာဖရိကကို ခရီးထြက္ဖို႔ရွိတာေၾကာင့္ သူမရဲ႕ေၾကာင္ေလးကို ေစာင့္ေရွာက္ခိုင္းခဲ့ပါတယ္။ ဒီလိုနဲ႔ အဲ့ဒီခရီးကေန ျပန္လာတဲ့အခ်ိန္မွာေတာ့ သူမနဲ႔အတူ ေနာက္ထပ္ ေယာက်ာ္းတစ္ေယာက္ ပါလာခဲ့ၿပီး သိပ္မၾကာခင္မွာပဲ အဲ့ဒီေကာင္မေလးဟာ ေပ်ာက္ဆုံးသြားပါေတာ့တယ္။

(5) Voice
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ စုံေထာက္တစ္ေယာက္ရဲ႕ အမ်ိဴးသမီးဟာ ကြင္းဆက္လူသတ္သမားတစ္ေယာက္ရဲ႕ လက္ခ်က္နဲ႔ ေသဆုံးခဲ့ရၿပီး ပူပူေႏြးေႏြး ရဲသင္တန္းေက်ာင္းက ဆင္းလာတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ အေဖဟာလည္း အဲ့ဒီညမွာပဲ အသတ္ခံခဲ့ရပါတယ္။ ေနာက္ထပ္အခ်ိန္ေတြ ၾကာသြားတဲ့အခါမွာေတာ့ သူတို႔ႏွစ္ေယာက္ ပူးေပါင္းမိသြားၾကၿပီး အဲ့ဒီလူသတ္သမားကို ရွာေဖြပါေတာ့တယ္။

(4) Extracurricular
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ Netflix က ၂၀၂၀ခုႏွစ္မွာ  ျပသခဲ့တာျဖစ္ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အထက္တန္း ေက်ာင္းသားတစ္ေယာက္ဟာ ပညာေရးအတြက္ လိုအပ္ေနတဲ့ ပိုက္ဆံေတြကို ရွာေဖြဖို႔ အႏၲရာယ္မ်ားၿပီး တရားမဝင္တဲ့ လုပ္ငန္းထဲကို ဝင္ေရာက္မိသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေက်ာင္းသားေလးဟာ အဲ့ဒီအခ်က္ကို တစ္ျခားသူေတြ မသိေအာင္ ဖုံးကြယ္ထားေပမယ့္လည္း တစ္ရက္မွာေတာ့ သူ႔ရဲ႕အတန္းေဖာ္တစ္ေယာက္က အဲ့ဒီလွ်ိဳ႕ဝွက္ခ်က္ကို သိရွိသြားခ်ိန္မွာေတာ့ … ။

(3) Bad Guys: Vile City
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.9) ရရွိထားပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းတြဲဟာ ၂၀၁၄ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Bad Guys ဇာတ္လမ္းတြဲရဲ႕ spin-off စီးရီး ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အစိုးရေရွ႕ေနတစ္ေယာက္ဟာ သူတို႔ၿမိဳ႕ကို ထိန္းခ်ဳပ္ေနတဲ့ စီးပြားေရးသမားေခါင္းေဆာင္ကို ျဖဳတ္ခ်ႏိုင္ဖို႔အတြက္ ရာဇဝတ္မႈမွတ္တမ္းရွိသူေတြကို လိုက္လံစုစည္းပါေတာ့တယ္။

(2) Save Me
photo via screenrant

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ မိသားစုတစ္စုဟာ ၿမိဳ႕ငယ္ေလးတစ္ခုကို ေျပာင္းေ႐ႊ႕ေနထိုင္ရာက စတင္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အဲ့ဒီၿမိဳ႕က ဘုရားေက်ာင္းတစ္ေက်ာင္းဟာ သူတို႔မိသားစုကို အစစအရာရာ ကူညီၿပီး ႀကိဳဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔မိသားစုထဲက သားေလး ေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ လူေတြ မထင္မွတ္ထားတာေတြ ျဖစ္လာပါေတာ့တယ္။

(1) Tunnel
photo via screenrant

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၇ခုႏွစ္တုန္းက ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ စုံေထာက္တစ္ေယာက္ဟာ ကြင္းဆက္လူသတ္မႈတစ္ခုကို စုံစမ္းေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ သံသယရွိသူတစ္ေယာက္ရဲ႕ အေနာက္ကို လိုက္ရင္းနဲ႔ လိုဏ္ေခါင္းတစ္ခုထဲကို ေရာက္သြားၿပီး ထူးဆန္းတဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဟာ ႏွစ္(၃၀)ကြာေဝးတဲ့ အနာဂတ္ကာလတစ္ခုကို ေရာက္ရွိသြားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းတြဲဟာ ၁၉၈၀ခုႏွစ္ဝန္းက်င္က အျပင္မွာ တကယ္ရွိခဲ့တဲ့ ကြင္းဆက္လူသတ္သမားတစ္ေယာက္အေၾကာင္းကို ကိုးကားၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular