HomeEntertainmentFilmPeacemaker ဇာတ်လမ်းတွဲရဲ့ Opening Scene မှာ အဓိပ္ပာယ်တွေ ရှိနေတယ်ဆိုတဲ့ James Gunn

Peacemaker ဇာတ်လမ်းတွဲရဲ့ Opening Scene မှာ အဓိပ္ပာယ်တွေ ရှိနေတယ်ဆိုတဲ့ James Gunn

Peacemaker ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူ ဖြစ်တဲ့ James Gunn ဟာ ပရိသတ်တွေအနေနဲ့ ဒီဇာတ်လမ်းတွဲရဲ့ အဖွင့်ဇာတ်ဝင်ခန်းကို ကျော်မကြည့်သင့်ဘူးလို့ ဆိုထားပြီး အဆိုပါအခန်းမှာ အဓိပ္ပာယ်တွေ ပါရှိနေတယ်လို့ ပြောထားပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ HBO Max ကနေ ဇန်နဝါရီလ (၁၃)ရက်နေ့မှာ စတင်ထွက်ရှိထားတာ ဖြစ်ပြီး အပိုင်းသုံးပိုင်းကို တစ်ခါတည်း ထွက်ရှိထားပါတယ်။ ကျန်ရှိနေသေးတဲ့ နောက်ထပ် ငါးပိုင်းကိုတော့ တစ်ပတ်လျှင် တစ်ပိုင်းနှုန်းနဲ့ ဆက်လက်ထွက်ရှိလာမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ John Cena က Peacemaker အဖြစ် အဓိက ပါဝင်ထားပြီး Freddie Stroma ကတော့ Vigilante အနေနဲ့ ပါဝင်ထားသလို Judomaster နေရာမှာတော့ Nhut Le က ပါဝင်ထားပါတယ်။ တခြားပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jennifer Holland ၊ Emilia Harcount ၊ Danielle Brooks နဲ့ Robert Patrick တို့ပဲ ဖြစ်ပါတယ်။

Opening Scene ထဲမှာတော့ ဇာတ်ကောင်တွေ အားလုံးဟာ မျက်နှာသေတွေနဲ့ ကြောင်တောင်တောင်နိုင်တဲ့ ကကွက်တွေ ကနေတာကို မြင်တွေ့ခဲ့ရပြီး အချိန်အားဖြင့် စက္ကန့် (၉၀) ကြာမြင့်ပါတယ်။ Podly: The Peacemaker Podcast မှာတော့ James Gunn ဟာ ဒီ Opening Scene ကို ဖန်တီးဖို့အတွက် ကကွက်ဖန်တီးသူ Charissa Barton ကို ငှားရမ်းပြီး ဖန်တီးထားတာလို့ ဆိုပါတယ်။

Photo Credit: HBO Max

“ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးတစ်ခုကတော့ Opening Scene ပဲဗျ။ ပရိသတ်တွေက ဒီဇာတ်ဝင်ခန်းကို ကျော်လိုက်လို့ရမှန်း ကျွန်တော်သိပါတယ်။ ဒါပေမယ့်လည်း သူတို့တွေ ဒီဟာကို ကျော်မကြည့်ကြပါစေနဲ့လို့ မျှော်လင့်မိပါတယ်။

 

ဒီ Opening Scene က တစ်ပိုင်းနဲ့ တစ်ပိုင်းမှာ မတူပါဘူး။ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းက တဖြည်းဖြည်းနဲ့ ဝမ်းနည်းဖို့ကောင်းလာပြီး ပိုပြီး Dark ဖြစ်လာတာ၊ ပိုပြီး Deep ဖြစ်လာတာကို မြင်ရတဲ့အချိန်မှာ အဲ့ဒီအကတွေကလည်း တဖြည်းဖြည်း ရယ်စရာ မဟုတ်တော့ဘဲ ပိုပြီးဝမ်းနည်းစရာ ကောင်းလာလိမ့်မယ်ဗျ … “

The Suicide Squad ထဲမှာတော့ Peacemaker ဟာ သူ့ရဲ့ တာဝန်အတိုင်း ပြုလုပ်ဖို့အတွက် Rick Flag ကို သတ်ပစ်ခဲ့ပြီး အဆုံးသတ်မှာတော့ Bloodspot ကြောင့် သေဆုံးတော့မလို ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း Credit Scene မှာတော့ Peacemaker ဟာ ဒီအဖြစ်အပျက်တွေကနေ ရှင်သန်နိုင်ခဲ့ပြီး သူ့ရဲ့လုပ်ရပ်တွေကြောင့် ထောင်ထဲကို သွားရတော့မယ့်အချိန်မှာ Amanda Waller ရဲ့ အဖွဲ့သားတွေဟာ အပေးအယူအနေနဲ့ Peacemaker ကသာ သူတို့သတ်ခိုင်းသူတွေကို သတ်ပေးမယ်ဆိုရင် ထောင်မကျဘူးလို့ လာရောက်ညှိနှိုင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ အဲ့ဒီအဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာ Peacemaker က ဘာတွေဖြစ်မလည်းဆိုတာကို မြင်တွေ့ရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular