HomeCelebs Update NewsInternationalအသက်(၅၉)နှစ်မှာ ကွယ်လွန်သွားတဲ့ FRIENDS သရုပ်ဆောင် James Michael Tyler 

အသက်(၅၉)နှစ်မှာ ကွယ်လွန်သွားတဲ့ FRIENDS သရုပ်ဆောင် James Michael Tyler 

ေအာက္တြင္‌ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Central Perk ကဖေးဆိုင်လေးကတော့ သူ့ရဲ့ အမာခံ ကော်ဖီအဖျော်ဆရာကို ဆုံးရှုံးလိုက်ရပါပြီ။ FRIENDS ဇာတ်လမ်းတွဲထဲက Gunther ဇာတ်ရုပ်နဲ့ ပရိသတ်‌တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် James Michael Tyler ဟာ မနေ့က အောက်တိုဘာလ(၂၄)ရက်နေ့မှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

အသက်(၅၉)နှစ်နဲ့ ကွယ်လွန်သွားတဲ့ James ဟာ ဆီးကျိတ်ကင်ဆာ အဆင့်(၄)ကို ခံစားနေရသူ ဖြစ်ပါတယ်။ သူ့မှာ ဒီရောဂါကို ခံစားနေရတဲ့အကြောင်းကိုတော့ လွန်ခဲ့တဲ့ ဇွန်လမှာပဲ လူသိရှင်ကြား အသိပေးခဲ့တာပါ။ TODAY သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “တဖြည်းဖြည်းနဲ့ ကျွန်တော့်ကို ခေါ်ဆောင်သွားတော့မှာပါ … ” လို့ James ကိုယ်တိုင်က ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။

Photo via IMDb

သူ့ရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါသေးတယ်။

“ကမ္ဘာကြီးကတော့ FRIENDS ဇာတ်လမ်းတွဲထဲက ခုနှစ်ယောက်မြောက် သူငယ်ချင်း Gunther အဖြစ်နဲ့ သူ့ကို သိကြပါတယ်။ ဒါပေမယ့် Michael ရဲ့ ချစ်ခင်သူတွေကတော့ သရုပ်ဆောင်တစ်ယောက်၊ ဂီတပညာရှင်တစ်ယောက်၊ ကင်ဆာအသိပညာပေး လှုံ့ဆော်သူတစ်ယောက်နဲ့ ချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ သိထားပါတယ် … ”

“Michael ဟာ live music တွေကို နှစ်သက်သူပါ။ သူ အားပေးတဲ့ အမေရိကန်ဘောလုံးအသင်း Clemson Tigers ကိုလည်း ကြည့်ရှု အားပေးနေကျပါ။ ပြီးတော့ မကြာခဏဆိုသလို အစီအစဉ်မရှိဘဲ adventure ခရီးတွေလည်း သွားနေကျပါ။ သူနဲ့ တစ်ခါလောက် ဆုံဖူးတာနဲ့ တစ်ဘဝလုံး မိတ်ဆွေတွေ ဖြစ်သွားစေမယ့်လူမျိုးပါ … ” လို့ James ရဲ့ မိသားစုက TMZ သတင်းဌာနကို ပြောထားပါတယ်။

Photo via IMDb

James Michael ဟာ ၁၉၆၂ ခုနှစ် မေလ(၂၈)ရက်မှာ အမေရိကန်ပြည်ထောင်စု၊ မစ္စစပီပြည်နယ်၊ Greenwood မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကလေးငါးယောက်ထဲက အငယ်ဆုံး ဖြစ်ပါတယ်။ သူ့အသက်(၁၀)နှစ်အရွယ်မှာပဲ မိခင်နဲ့ ဖခင်ဖြစ်သူတို့ဟာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတာ ဖြစ်ပါတယ်။

အဲဒီနောက် အစ်မဖြစ်သူနဲ့အတူ South Carolina ပြည်နယ် Anderson မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး ၁၉၈၂ ခုနှစ်မှာ Anderson ကောလိပ်ကနေ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Clemson University ကနေ မျိုးဗီဇအထူးပြု ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ သူဟာ Clemson တက္ကသိုလ်က ပြဇာတ်အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်ဘက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

James ဟာ FRIENDS ဇာတ်လမ်းတွဲထဲမှာ Gunther အဖြစ် သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Gunther ဟာ Central Perk ကော်ဖီဆိုင်က မန်နေဂျာတစ်ယောက် ဖြစ်ပြီး Rachel Green ကို တစ်ဖက်သတ် ချစ်ခင်မြတ်နိုးနေသူလည်း ဖြစ်ပါတယ်။ သူဟာ NBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဒီနာမည်ကျော် ဇာတ်လမ်းတွဲထဲမှာ စုစုပေါင်း အပိုင်း(၁၄၈)ပိုင်းမှာ ပါဝင်ပြီး Season (10)ခုလုံးမှာ ပါဝင်ခဲ့ရတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

FRIENDS ပရိသတ်တွေကတော့ Central Perk ကဖေးဆိုင်လေးကို ပြန်ကြည့်လိုက်တိုင်း Gunther ကို အမြဲတမ်း အမှတ်ရ လွမ်းဆွတ်နေကြဦးမယ်ဆိုတာ အသေအချာပါပဲ။

Glasgow

Source: hollywoodlife

(Zawgyi Version)

Central Perk ကေဖးဆိုင္ေလးကေတာ့ သူ႔ရဲ့ အမာခံ ေကာ္ဖီအေဖ်ာ္ဆရာကို ဆုံးရွုံးလိုက္ရပါၿပီ။ FRIENDS ဇာတ္လမ္းတြဲထဲက Gunther ဇာတ္႐ုပ္နဲ႔ ပရိသတ္‌ေတြရဲ့ အားေပးမွုကို ရရွိထားတဲ့ သ႐ုပ္ေဆာင္ James Michael Tyler ဟာ မေန႔က ေအာက္တိုဘာလ(၂၄)ရက္ေန႔မွာပဲ ကြယ္လြန္သြားၿပီလို႔ သိရပါတယ္။

အသက္(၅၉)ႏွစ္နဲ႔ ကြယ္လြန္သြားတဲ့ James ဟာ ဆီးက်ိတ္ကင္ဆာ အဆင့္(၄)ကို ခံစားေနရသူ ျဖစ္ပါတယ္။ သူ႔မွာ ဒီေရာဂါကို ခံစားေနရတဲ့အေၾကာင္းကိုေတာ့ လြန္ခဲ့တဲ့ ဇြန္လမွာပဲ လူသိရွင္ၾကား အသိေပးခဲ့တာပါ။ TODAY သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ “တျဖည္းျဖည္းနဲ႔ ကၽြန္ေတာ့္ကို ေခၚေဆာင္သြားေတာ့မွာပါ … ” လို႔ James ကိုယ္တိုင္က ေျပာခဲ့ဖူးတာ ျဖစ္ပါတယ္။

Photo via IMDb

သူ႔ရဲ့ ကြယ္လြန္မွုနဲ႔ ပတ္သက္ၿပီး က်န္ရစ္သူမိသားစုကလည္း ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ထားပါေသးတယ္။

“ကမၻာႀကီးကေတာ့ FRIENDS ဇာတ္လမ္းတြဲထဲက ခုႏွစ္ေယာက္ေျမာက္ သူငယ္ခ်င္း Gunther အျဖစ္နဲ႔ သူ႔ကို သိၾကပါတယ္။ ဒါေပမယ့္ Michael ရဲ့ ခ်စ္ခင္သူေတြကေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္၊ ဂီတပညာရွင္တစ္ေယာက္၊ ကင္ဆာအသိပညာေပး လွုံ႔ေဆာ္သူတစ္ေယာက္နဲ႔ ခ်စ္ခင္ၾကင္နာတတ္တဲ့ ခင္ပြန္းတစ္ေယာက္အေနနဲ႔ သိထားပါတယ္ … ”

“Michael ဟာ live music ေတြကို ႏွစ္သက္သူပါ။ သူ အားေပးတဲ့ အေမရိကန္ေဘာလုံးအသင္း Clemson Tigers ကိုလည္း ၾကည့္ရွု အားေပးေနက်ပါ။ ၿပီးေတာ့ မၾကာခဏဆိုသလို အစီအစဥ္မရွိဘဲ adventure ခရီးေတြလည္း သြားေနက်ပါ။ သူနဲ႔ တစ္ခါေလာက္ ဆုံဖူးတာနဲ႔ တစ္ဘဝလုံး မိတ္ေဆြေတြ ျဖစ္သြားေစမယ့္လူမ်ိဳးပါ … ” လို႔ James ရဲ့ မိသားစုက TMZ သတင္းဌာနကို ေျပာထားပါတယ္။

Photo via IMDb

James Michael ဟာ ၁၉၆၂ ခုႏွစ္ ေမလ(၂၈)ရက္မွာ အေမရိကန္ျပည္ေထာင္စု၊ မစၥစပီျပည္နယ္၊ Greenwood မွာ ေမြးဖြားခဲ့သူ ျဖစ္ပါတယ္။ သူဟာ ကေလးငါးေယာက္ထဲက အငယ္ဆုံး ျဖစ္ပါတယ္။ သူ႔အသက္(၁၀)ႏွစ္အရြယ္မွာပဲ မိခင္နဲ႔ ဖခင္ျဖစ္သူတို႔ဟာ ေရွ႕ဆင့္ေနာက္ဆင့္ ကြယ္လြန္သြားၾကတာ ျဖစ္ပါတယ္။

အဲဒီေနာက္ အစ္မျဖစ္သူနဲ႔အတူ South Carolina ျပည္နယ္ Anderson ၿမိဳ႕ကို ေျပာင္းေရႊ႕လာခဲ့ၿပီး ၁၉၈၂ ခုႏွစ္မွာ Anderson ေကာလိပ္ကေန အထက္တန္းေအာင္ျမင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Clemson University ကေန မ်ိဳးဗီဇအထူးျပဳ ဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့ပါတယ္။ သူဟာ Clemson တကၠသိုလ္က ျပဇာတ္အဖြဲ႕မွာ အဖြဲ႕ဝင္ျဖစ္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္ဘက္ကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

James ဟာ FRIENDS ဇာတ္လမ္းတြဲထဲမွာ Gunther အျဖစ္ သ႐ုပ္ေဆာင္ၿပီး ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမွုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ Gunther ဟာ Central Perk ေကာ္ဖီဆိုင္က မန္ေနဂ်ာတစ္ေယာက္ ျဖစ္ၿပီး Rachel Green ကို တစ္ဖက္သတ္ ခ်စ္ခင္ျမတ္နိုးေနသူလည္း ျဖစ္ပါတယ္။ သူဟာ NBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တဲ့ ဒီနာမည္ေက်ာ္ ဇာတ္လမ္းတြဲထဲမွာ စုစုေပါင္း အပိုင္း(၁၄၈)ပိုင္းမွာ ပါဝင္ၿပီး Season (10)ခုလုံးမွာ ပါဝင္ခဲ့ရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

FRIENDS ပရိသတ္ေတြကေတာ့ Central Perk ကေဖးဆိုင္ေလးကို ျပန္ၾကည့္လိုက္တိုင္း Gunther ကို အျမဲတမ္း အမွတ္ရ လြမ္းဆြတ္ေနၾကဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular