HomeEntertainmentFilmဒါရိုက်တာ James Wan ရိုက်ကူးထားတဲ့ IMDb rating အကောင်းဆုံး ရုပ်ရှင်ကားများ

ဒါရိုက်တာ James Wan ရိုက်ကူးထားတဲ့ IMDb rating အကောင်းဆုံး ရုပ်ရှင်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Wan ဟာ Insidious နဲ့ Conjuring တို့လို နာမည်ကြီး Horror ဇာတ်လမ်းရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Horror ပရိသတ်တွေကြားမှာ အခုချိန်ထိ ရေပန်းစားနေဆဲ ဖြစ်တဲ့ Saw ရုပ်ရှင်ကိုလည်း ဒါရိုက်တာ James Wan ပဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဒါရိုက်တာ James Wan ရိုက်ကူးထားတဲ့ IMDb Rating အများဆုံး ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Death Sentence
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.7) ရရှိထားပါတယ်။ တစ်ရက်မှာတော့ Nick Hume ဟာ ရက်စက်လွန်းတဲ့ လူသတ်မှုတစ်ခုကို မြင်တွေ့လိုက်ရပြီး အဲဒီအချိန်က စတင်ကာ သူ့ရဲ့ ပြီးပြည့်စုံတဲ့ ဘဝလေးဟာ ပျက်စီးသွားပါတော့တယ်။ ဒါကြောင့်ပဲ သူဟာ သူ့ရဲ့မိသားစုကို ကာကွယ်ဖို့အတွက် ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Kevin Bacon ၊ Kelly Preston နဲ့ Garrett Hedlund တို့ ပါဝင်ထားပါတယ်။

(6) Insidious
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.8) ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲက ကလေးတစ်ယောက်ဟာ အိပ်နေရင်း အိပ်မက်မက်နေတဲ့အချိန်ဆိုရင် ဝိဉာဉ်လောကထဲကို သွားလာနိုင်တဲ့အစွမ်း ရှိပါတယ်။ တစ်ရက်မှာတော့ ဝိဉာဉ်လောကထဲကို သွားရင်းနဲ့ သူ့ရဲ့ဝိဉာဉ်က ခန္ဓာကိုယ်နဲ့ အရမ်းဝေးသွားပြီး မကောင်းဆိုးဝါးတစ်ကောင်က ဖမ်းထားလိုက်တဲ့အခါမှာတော့……။ ကောင်လေးရဲ့မိဘတွေက သူတို့ရဲ့သားလေးကို ဝိဉာဉ်လောကထဲထိလိုက်ပြီး ကယ်တင်တာကို ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Patrick Wilson ၊ Lin Shaye နဲ့ Leigh Whannell တို့ ပါဝင်ထားပါတယ်။

(5) Aquaman
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ Arthur ဟာ လူသားတစ်ဝက်၊ Atlantean တစ်ဝက် ဖြစ်ပြီး ရေနေသတ္တဝါတွေနဲ့ စကားပြောဆိုနိုင်တဲ့ စွမ်းအားကို ရရှိထားပါတယ်။ တစ်ရက်မှာတော့ သူဟာ ရေအောက်မှာရှိတဲ့ Atlantis ရဲ့ ဘုရင်ဖြစ်ဖို့ ကံပါလာတာကို သိလိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jason Momoa ၊ Amber Heard နဲ့ Patrick Wilson တို့ ပါဝင်ထားပါတယ်။

(4) Furious 7
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.1) ရရှိထားပါတယ်။ Shaw ရဲ့ အစ်ကိုဟာ Dominic နဲ့ သူ့ရဲ့မိသားစုကို လက်စားချေဖို့ ကြိုးစားတဲ့အချိန်မှာတော့ သူတို့ဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ Dominic တို့ မိသားစုဟာ သူတို့ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရုံတင်မဟုတ်ဘဲ အရေးကြီးတဲ့ ပရိုဂရမ်တစ်ခုကို မကောင်းတဲ့သူတွေလက်ထဲ မရောက်သွားအောင်လည်း တားဆီးရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Paul Walker ၊ Vin Diesel နဲ့ Jason Statham တို့ ပါဝင်ထားပါတယ်။

(3) The Conjuring 2
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ Peggy ဟာ ကလေး(၄)ယောက်ကို စောင့်ရှောက်နေတဲ့ Single Mother တစ်ယောက် ဖြစ်ပြီး တစ်ရက်မှာတော့ သူတို့ရဲ့ အိမ်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ သူတို့မိသားစုဟာ အဲ့ဒီအဖြစ်အပျက်တွေ ပျောက်ကွယ်သွားဖို့အတွက် Ed နဲ့ Lorraine တို့ရဲ့ အကူအညီကို ယူရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Vera Farmiga ၊ Patrick Wilson နဲ့ Madison Wolfe တို့ ပါဝင်ထားပါတယ်။

(2) The Conjuring
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Perron မိသားစုဟာ လယ်တောအိမ်လေးတစ်ခုကို ပြောင်းရွေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့မိသားစုဟာ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတာကြောင့် အဲ့ဒီကိစ္စတွေမှာ ကျွမ်းကျင်သူတွေဖြစ်တဲ့ Ed နဲ့ Lorraine တို့ရဲ့ အကူအညီကို တောင်းရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Vera Farmiga ၊ Patrick Wilson နဲ့ Sterling Jerins တို့ ပါဝင်ထားပါတယ်။

(1) Saw
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ လူနှစ်ယောက်ဟာ သတိရလာတဲ့အချိန်မှာ အခန်းတစ်ခုထဲမှာ အချုပ်ခံထားရပြီး သူတို့နားမှာ လူသေအလောင်းကြီးတစ်ခုလည်း ရှိနေပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သတ်ဖို့အတွက် ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်မလား၊ ဒါမှမဟုတ် နောက်ဆက်တွဲ အကျိူးဆက်တွေကို ရင်ဆိုင်မလားဆိုပြီး ရွေးချယ်ရပါတော့တယ်။ သရုပ်ဆောင်တွေက‌တော့ Tobin Bell ၊ Leigh Whannell နဲ့ Cary Elwes တို့ ပါဝင်ထားပါတယ်။

ဒါကတော့ ဒါရိုက်တာ James Wan ရိုက်ကူးထားတဲ့ IMDb rating အမြင့်ဆုံး ရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အခုလိုရုပ်ရှင်နဲ့ ဖျော်ဖြေရေးဆောင်းပါးတွေ၊ သတင်းတွေဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဒါရိုက္တာ James Wan ဟာ Insidious နဲ႔ Conjuring တို႔လို နာမည္ႀကီး Horror ဇာတ္လမ္း႐ုပ္ရွင္ေတြကို ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Horror ပရိသတ္ေတြၾကားမွာ အခုခ်ိန္ထိ ေရပန္းစားေနဆဲ ျဖစ္တဲ့ Saw ႐ုပ္ရွင္ကိုလည္း ဒါရိုက္တာ James Wan ပဲ ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ဒါရိုက္တာ James Wan ရိုက္ကူးထားတဲ့ IMDb Rating အမ်ားဆုံး ႐ုပ္ရွင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Death Sentence
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.7) ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ Nick Hume ဟာ ရက္စက္လြန္းတဲ့ လူသတ္မွုတစ္ခုကို ျမင္ေတြ႕လိုက္ရၿပီး အဲဒီအခ်ိန္က စတင္ကာ သူ႔ရဲ့ ၿပီးျပည့္စုံတဲ့ ဘဝေလးဟာ ပ်က္စီးသြားပါေတာ့တယ္။ ဒါေၾကာင့္ပဲ သူဟာ သူ႔ရဲ့မိသားစုကို ကာကြယ္ဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Kevin Bacon ၊ Kelly Preston နဲ႔ Garrett Hedlund တို႔ ပါဝင္ထားပါတယ္။

(6) Insidious
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.8) ရရွိထားပါတယ္။ ဒီဇာတ္လမ္းထဲက ကေလးတစ္ေယာက္ဟာ အိပ္ေနရင္း အိပ္မက္မက္ေနတဲ့အခ်ိန္ဆိုရင္ ဝိဉာဥ္ေလာကထဲကို သြားလာနိုင္တဲ့အစြမ္း ရွိပါတယ္။ တစ္ရက္မွာေတာ့ ဝိဉာဥ္ေလာကထဲကို သြားရင္းနဲ႔ သူ႔ရဲ့ဝိဉာဥ္က ခႏၶာကိုယ္နဲ႔ အရမ္းေဝးသြားၿပီး မေကာင္းဆိုးဝါးတစ္ေကာင္က ဖမ္းထားလိုက္တဲ့အခါမွာေတာ့……။ ေကာင္ေလးရဲ့မိဘေတြက သူတို႔ရဲ့သားေလးကို ဝိဉာဥ္ေလာကထဲထိလိုက္ၿပီး ကယ္တင္တာကို ၾကည့္ရွုရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Patrick Wilson ၊ Lin Shaye နဲ႔ Leigh Whannell တို႔ ပါဝင္ထားပါတယ္။

(5) Aquaman
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရရွိထားပါတယ္။ Arthur ဟာ လူသားတစ္ဝက္၊ Atlantean တစ္ဝက္ ျဖစ္ၿပီး ေရေနသတၱဝါေတြနဲ႔ စကားေျပာဆိုနိုင္တဲ့ စြမ္းအားကို ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ သူဟာ ေရေအာက္မွာရွိတဲ့ Atlantis ရဲ့ ဘုရင္ျဖစ္ဖို႔ ကံပါလာတာကို သိလိုက္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jason Momoa ၊ Amber Heard နဲ႔ Patrick Wilson တို႔ ပါဝင္ထားပါတယ္။

(4) Furious 7
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.1) ရရွိထားပါတယ္။ Shaw ရဲ့ အစ္ကိုဟာ Dominic နဲ႔ သူ႔ရဲ့မိသားစုကို လက္စားေခ်ဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာေတာ့ သူတို႔ဟာ အခက္အခဲေတြနဲ႔ ၾကဳံေတြ႕ရပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ Dominic တို႔ မိသားစုဟာ သူတို႔ရဲ့ ရန္သူေတြနဲ႔ ရင္ဆိုင္႐ုံတင္မဟုတ္ဘဲ အေရးႀကီးတဲ့ ပရိုဂရမ္တစ္ခုကို မေကာင္းတဲ့သူေတြလက္ထဲ မေရာက္သြားေအာင္လည္း တားဆီးရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Paul Walker ၊ Vin Diesel နဲ႔ Jason Statham တို႔ ပါဝင္ထားပါတယ္။

(3) The Conjuring 2
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.3) ရရွိထားပါတယ္။ Peggy ဟာ ကေလး(၄)ေယာက္ကို ေစာင့္ေရွာက္ေနတဲ့ Single Mother တစ္ေယာက္ ျဖစ္ၿပီး တစ္ရက္မွာေတာ့ သူတို႔ရဲ့ အိမ္မွာ ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြ ျဖစ္လာပါေတာ့တယ္။ ဒါေၾကာင့္ပဲ သူတို႔မိသားစုဟာ အဲ့ဒီအျဖစ္အပ်က္ေတြ ေပ်ာက္ကြယ္သြားဖို႔အတြက္ Ed နဲ႔ Lorraine တို႔ရဲ့ အကူအညီကို ယူရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Vera Farmiga ၊ Patrick Wilson နဲ႔ Madison Wolfe တို႔ ပါဝင္ထားပါတယ္။

(2) The Conjuring
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းအစမွာေတာ့ Perron မိသားစုဟာ လယ္ေတာအိမ္ေလးတစ္ခုကို ေျပာင္းေရြ႕လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔မိသားစုဟာ သဘာဝလြန္ျဖစ္ရပ္ေတြနဲ႔ ၾကဳံေတြ႕ရတာေၾကာင့္ အဲ့ဒီကိစၥေတြမွာ ကၽြမ္းက်င္သူေတြျဖစ္တဲ့ Ed နဲ႔ Lorraine တို႔ရဲ့ အကူအညီကို ေတာင္းရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Vera Farmiga ၊ Patrick Wilson နဲ႔ Sterling Jerins တို႔ ပါဝင္ထားပါတယ္။

(1) Saw
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.6) ရရွိထားပါတယ္။ ဇာတ္လမ္းရဲ့ အစမွာေတာ့ လူႏွစ္ေယာက္ဟာ သတိရလာတဲ့အခ်ိန္မွာ အခန္းတစ္ခုထဲမွာ အခ်ဳပ္ခံထားရၿပီး သူတို႔နားမွာ လူေသအေလာင္းႀကီးတစ္ခုလည္း ရွိေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ သတ္ဖို႔အတြက္ ညႊန္ၾကားခ်က္ေတြအတိုင္း လိုက္လုပ္မလား၊ ဒါမွမဟုတ္ ေနာက္ဆက္တြဲ အက်ိဴးဆက္ေတြကို ရင္ဆိုင္မလားဆိုၿပီး ေရြးခ်ယ္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြက‌ေတာ့ Tobin Bell ၊ Leigh Whannell နဲ႔ Cary Elwes တို႔ ပါဝင္ထားပါတယ္။

ဒါကေတာ့ ဒါရိုက္တာ James Wan ရိုက္ကူးထားတဲ့ IMDb rating အျမင့္ဆုံး ႐ုပ္ရွင္ဇာတ္ကားေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ အခုလို႐ုပ္ရွင္နဲ႔ ေဖ်ာ္ေျဖေရးေဆာင္းပါးေတြ၊ သတင္းေတြဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular