HomeEntertainmentFilmBarbie ရုပ်ရှင်ကြောင့် ဒေါ်လာသန်း(၅၀)လောက် ရနိုင်ချေရှိတဲ့ Margot Robbie

Barbie ရုပ်ရှင်ကြောင့် ဒေါ်လာသန်း(၅၀)လောက် ရနိုင်ချေရှိတဲ့ Margot Robbie

ယခုအချိန်မှာတော့ Barbie ရုပ်ရှင်ဟာ ပရိသတ်တွေကြားထဲမှာ အလွန်ရေပန်းစားနေပြီး Box Office မှာလည်း ဝင်ငွေဒေါ်လာ (၁)ဘီလျံကျော်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Warner Bros. စတူဒီယိုရဲ့ ဒုတိယမြောက် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်နေတဲ့အပြင် အမျိူးသမီးဒါရိုက်တာ ရိုက်ကူးထားတဲ့ ဝင်ငွေအများဆုံးရုပ်ရှင်ပါ ဖြစ်နေပါပြီ။

ဒီကားရဲ့ဝင်ငွေကတော့ ပထမနေရာမှာ ရှိနေတဲ့ Harry Potter and the Deathly Hallows: Part 2 ထက် ဒေါ်လာသန်း (၁၀၀)ကျော်ပဲ ကွာဟပါတော့တယ်။ ဒီလိုဝင်ငွေကောင်းနေတဲ့ ရုပ်ရှင်မှာ ပါဝင်ထားတဲ့ Margot Robbie ဟာလည်း သရုပ်ဆောင်ကြေးအနေနဲ့ ပိုက်ဆံတွေ အမြောက်အများ ရရှိတော့မှာ ဖြစ်ပါတယ်။

photo credit Warner Bros. Studios

ဒီရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ Margot Robbie နဲ့ Ryan Gosling တို့နှစ်ယောက်လုံးဟာ သရုပ်ဆောင်ကြေးအနေနဲ့ ဒေါ်လာ (၁၂)သန်းခွဲဝန်းကျင် ရရှိထားတယ်လို့ သိရပါတယ်။ ဒါဟာ အခြေခံသရုပ်ဆောင်ကြေးသာ ဖြစ်ပြီး Box Office ဝင်ငွေကောင်းရင် ကောင်းသလို ဘောနပ်စ်တွေ ထပ်မံရရှိဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Margot Robbie ဟာ ဒီရုပ်ရှင်ရဲ့ Producer အနေနဲ့လည်း ပါဝင်ထားတာကြောင့် ဝင်ငွေကတော့ ထပ်တိုးလာဦးမှာ ဖြစ်ပါတယ်။

ယခုဆိုရင် Margot Robbie ဟာ ဒီရုပ်ရှင်တစ်ကားတည်းနဲ့ ဒေါ်လာသန်း (၅၀)လောက် ရရှိနိုင်တယ်လို့ Variety သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါကတော့ သူမရဲ့အခြေခံသရုပ်ဆောင်ကြေး၊ Box Office ဘောနပ်စ်နဲ့ Producer ဝင်ငွေတို့အားလုံးပေါင်းကို ခန့်မှန်းထားတာ ဖြစ်ပါတယ်။ အလားတူပဲ သရုပ်ဆောင် Ryan Gosling နဲ့ ဒါရိုက်တာ Greta Gerwig တို့ဟာလည်း Box Office ဘောနပ်စ်ကို အသီးသီး ရရှိကြဦးမှာ ဖြစ်ပါတယ်။

photo credit Warner Bros. Studios

ဒေါ်လာသန်း (၅၀)ဆိုတဲ့ ပမာဏဟာ အတော်လေး များပါတယ်။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Blockbuster ရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ အမျိူးသားသရုပ်ဆောင်တွေတောင် ရုပ်ရှင်တစ်ကားတည်းနဲ့ သန်း(၅၀) မရပါဘူး။ ဒါ့အပြင် ဟောလိဝုဒ်မှာတော့ များသောအားဖြင့် အမျိူးသားသရုပ်ဆောင်တွေဟာ အမျိူးသမီးသရုပ်ဆောင်တွေထက် သရုပ်ဆောင်ကြေး ပိုရလေ့ ရှိပါတယ်။ ဒီလိုအခြေအနေမှာ Margot Robbie က ဒေါ်လာသန်း(၅၀) ရရှိသွားမယ် ဆိုတာကတော့ ဟောလိဝုဒ်ရဲ့ အမျိူးသမီး Community အတွက်ပါ အားရစရာ ဖြစ်ပါတယ်။

Legos

Source: Variety

RELATED ARTICLES

Most Popular