HomeEntertainmentFilmThor: Love and Thunder ထဲမှာ Jane Foster ဟာ စွမ်းအားတွေကို ဘယ်လိုရရှိသွားနိုင်မလဲ

Thor: Love and Thunder ထဲမှာ Jane Foster ဟာ စွမ်းအားတွေကို ဘယ်လိုရရှိသွားနိုင်မလဲ

Thor: Love and Thunder ရုပ်ရှင်ကတော့ လာမယ့် ဇူလိုင်လမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Natalie Portman ဟာ Jane Foster အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပြီး သူမဟာ Thor ရဲ့ စွမ်းအားတွေကို ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Jane Foster ဟာ စွမ်းအားတွေ ဘယ်လိုမျိူး ရရှိသွားနိုင်လည်းဆိုတဲ့ သီအိုရီတွေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ပထမဆုံး သီအိုရီကတော့ MCU ဟာ ကောမစ်ထဲက Origin အတိုင်းပဲ Jane Foster ကို Thor အဖြစ် ဖန်တီးသွားမယ်လို့ ဆိုပါတယ်။ ကောမစ်ထဲမှာတော့ Jane Foster ဟာ သူမရဲ့ခင်ပွန်းနဲ့ ကလေးကို ကားမတော်တဆမှုမှာ ဆုံးရှုံးလိုက်ရအပြီးမှာ ရင်သားကင်ဆာ ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာပဲ Thor Odinson ကလည်း Mjolnir ကို ကိုင်ဆောင်ဖို့ မထိုက်တန်တော့တာကြောင့် Asgard ဟာ အကာအကွယ်မဲ့နေပါတယ်။ အဲ့ဒီနောက်မှာတော့ Jane ဟာ Mjolnir ကို ကိုင်ဆောင်သွားနိုင်ပြီး Thor အသစ်ဖြစ်လာပါတယ်။

နောက်ထပ် သီအိုရီတစ်ခုကတော့ Thanos ရဲ့ လက်ဖျောက်ကြောင့် Jane က ကင်ဆာ ဖြစ်လာတယ်လို့ ဆိုပါတယ်။ Natalie Portman ကိုယ်တိုင်ကလည်း Thor: Love and Thunder ထဲမှာ Jane က ကင်ဆာရောဂါကို ခံစားနေရမယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ ဒီသီအိုရီကို ဖြစ်လာစေတာကတော့ Rocket Raccoon ရဲ့ ပြောစကားတစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။

photo via screenrant

Rocket ကတော့ Thanos က လက်ဖျောက် တီးလိုက်တဲ့အချိန်မှာ ကမ္ဘာကြီးဟာ ကြီးမားတဲ့ စွမ်းအင်တွေရဲ့ ဗဟိုချက် ဖြစ်လာတယ်လို့ ပြောခဲ့ပြီး ဒီသီအိုရီကတော့ Jane ဟာ အဲ့ဒီစွမ်းအင်တွေကြောင့် ကင်ဆာရောဂါ ဖြစ်လာတယ်လို့ ဆိုပါတယ်။ အဲ့ဒီစွမ်းအင်တွေက တစ်ကမ္ဘာလုံးကို သက်ရောက်သွားတာကြောင့် Jane တစ်ယောက်တည်းတင် မဟုတ်ဘဲ တခြားလူတွေမှာလည်း ဘေးထွက်ဆိုးကျိူးတွေကို ခံစားရမယ်လို့လည်း ဆိုပါတယ်။

Thor: The Dark World ထဲမှာတော့ Reality Stone ဟာ Jane Foster ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်လမ်းကတော့ Thor ဟာ သူမရဲ့ ခန္ဓာကိုယ်ထဲက Reality Stone ကို ထုတ်ပစ်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ Jane ကို MCU ထဲမှာ နောက်ဆုံး မြင်တွေ့ခဲ့ရတာက အဲ့ဒီအချိန်ပဲ ဖြစ်ပြီး သီအိုရီတစ်ခုကတော့ Reality Stone ကြောင့် ဘေးထွက်ဆိုးကျိူးအနေနဲ့ Jane က ကင်ဆာဖြစ်လာမယ်လို့ ဆိုပါတယ်။

photo via screenrant

နောက်ဆုံး သီအိုရီတစ်ခုကတော့ Multiverse တွေ၊ Variant တွေနဲ့ ပတ်သက်နေပါတယ်။ MCU ဟာ Loki ဇာတ်လမ်းတွဲနဲ့ Spider-Man: No Way Home ထဲမှာ Variant တွေကို စတင်ထည့်သွင်းခဲ့ပြီး အနာဂတ်မှာလည်း Variant တွေကို ပိုမိုမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ Thor: Love and Thunder ထဲက Jane ကတော့ ယခင်က ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ Jane မဟုတ်ဘဲ တခြား Universe က Thor ရဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ Jane ဖြစ်နေမယ်လို့ ဆိုပါတယ်။

ဒါကတော့ Thor: Love and Thunder မှာ Jane Foster တစ်ယောက် စွမ်းအားတွေ ဘယ်လို ရရှိလာမယ်ဆိုတာကို ခန့်မှန်းထားတဲ့ သီအိုရီတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ တွေးမိတဲ့ အခြားဖြစ်နိုင်ချေတွေ ရှိရင်လည်း ပြန်လည် မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular