HomeEntertainmentFilmJanet Van Dyne ဟာ Kang အတွက် အလုပ်လုပ်ပေးဖူးတယ်ဆိုတဲ့ သီအိုရီ (Explained)

Janet Van Dyne ဟာ Kang အတွက် အလုပ်လုပ်ပေးဖူးတယ်ဆိုတဲ့ သီအိုရီ (Explained)

Ant-Man and the Wasp: Quantumania ရုပ်ရှင်အတွက် ထွက်ရှိလာတဲ့ သီအိုရီတစ်ခုကတော့ Janet Van Dyne ဟာ quantum realm ထဲမှာ နေထိုင်ခဲ့တုန်းက Kang အတွက် အလုပ်လုပ်ပေးခဲ့ဖူးတယ်ဆိုတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။

Kang the Conqueror ကတော့ MCU ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး Ant-Man and the Wasp: Quantumania ထဲမှာလည်း ဗီလိန်အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် သီအိုရီအရ Janet ဟာ quantum realm ထဲမှာ ရှိနေခဲ့ရစဉ် ကာလအတွင်း Kang အတွက် အလုပ်လုပ်ပေးခဲ့ရတယ်ဆိုတာဟာ အဖြေမပေါ်နိုင်သေးတဲ့ MCU ထဲက ပဟေဠိတချို့ကိုတော့ ဖြေရှင်းပြီးသား ဖြစ်သွားစေပါတယ်။

Ant-Man 3 ထွေလာထဲမှာ ပြသွားသလိုဆိုရင် Janet ဟာ Quantum Realm ဆီကို အချက်ပြဆင်ဂနယ်လ် ထုတ်လွှင့်တာဟာ အန္တရာယ်များကြောင်း သိနေပြီး Cassie Lang ကိုလည်း ဒီလိုအချက်မပြဖို့ သတိပေးတားမြစ်ခဲ့တာ တွေ့ရပါတယ်။ သူတို့တစ်ဖွဲ့လုံး quantum realm ထဲကို မရောက်သွားခင် အချိန်ကတည်းက Janet ဟာ Kang ရဲ့အန္တရာယ်ကို ကြိုတင်သိနေပုံရပြီး ဘယ်လိုဘယ်ပုံနဲ့ သိနေလည်းဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ သို့ပေမယ့်လည်း သူမဟာ Kang အတွက် အလုပ်လုပ်ပေးဖူးမယ်ဆိုရင်တော့ ဒီပဟေဠိတွေအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

Photo Credit: Marvel Studios/ Disney Studios

Ant-Man ရုပ်ရှင်တွေထဲမှာတော့ Janet Van Dyne ဟာ Hank Pym ရဲ့ဇနီးသည်ဖြစ်ပြီး မူလ Wasp suit ကို ဝတ်ဆင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့မစ်ရှင်တစ်ခုမှာ subatomic level အထိ ခန္ဓာကိုယ်ကို ချုံ့လိုက်ပြီးတဲ့နောက်မှာတော့ မူလခန္ဓာကိုယ်အရွယ်အစားကို ပြန်မရနိုင်တော့ဘဲ quantum realm ထဲမှာပဲ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပါတယ်။ အစကတော့ သူမကို သေဆုံးသွားပြီလို့ ယူဆထားခဲ့ရာက Ant-Man and the Wasp ထဲမှာတော့ Hank Pym ဟာ သူမကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

Janet ဟာ ၁၉၈၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ quantum realm ထဲမှာ နှစ်ပေါင်းသုံးဆယ်ခန့် အချိန်ကုန်ဆုံးခဲ့ရတဲ့အတွက် MCU ထဲမှာ မဖော်ပြသေးတဲ့ စွန့်စားခန်းများစွာကို ကြုံတွေ့ခဲ့ရပုံရပါတယ်။ အလားတူပဲ ဆယ်စုနှစ် သုံးခုစာလောက် quantum realm ထဲမှာ သူမဟာ ဘယ်လို အသက်ရှင်နေထိုင်နေခဲ့တယ် ဆိုတာဟာလည်း စိတ်ဝင်စားစရာပါပဲ။ ဒီကာလအတွင်းမှာပဲ သူမဟာ Kang နဲ့လည်း တွေ့ဆုံခဲ့ဖူးပုံ ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ Kang ဟာ ဘယ်လိုအစွမ်းတွေနဲ့လူဆိုတာ သိထားပုံရပြီး သူ့ရဲ့အန္တရာယ်ကိုပါ သိထားပြီး ဖြစ်ပုံရပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ထူးဆန်းတာတစ်ခုကတော့ Ant-Man and the Wasp ထဲမှာ quantum realm ကို လူသူကင်းမဲ့တဲ့ ခြောက်ကပ်နယ်မြေကြီးတစ်ခုလို ပုံဖော်ခဲ့ပေမယ့် ယခုထွက်ရှိထားတဲ့ Ant-Man 3 ထွေလာထဲမှာတော့ Scott Lang နဲ့အဖွဲ့ဟာ Kang ရဲ့ ကြီးမားခမ်းနားလွန်းတဲ့ quantum civilization ကြီးကို မြင်တွေ့ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ခေတ်မီဆန်းပြားတဲ့ နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ စစ်တပ်ကြီးတစ်ခုကို အုပ်ချုပ်နေတဲ့ Kang ရဲ့ ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခုကို ရင်သပ်ရှုမောဖွယ် တွေ့ရှိခဲ့ကြရပါတယ်။ ဒါကြောင့်ပဲ quantum realm ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ Janet အနေနဲ့ ဒီလောက်ကြီးမားတဲ့ quantum တိုင်းပြည်ကြီးကို မတွေ့ခဲ့ဘဲတော့ မနေလောက်ဘူးလို့ တွေးနိုင်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

သို့သော်လည်း Janet နဲ့ Kang တို့ quantum realm ထဲမှာ အရင်ကဆုံဖူးတယ်ဆိုတဲ့ ဒီသီအိုရီကို ဆန့်ကျင်နေတဲ့ အချက်တစ်ခုတော့ ရှိနေပါတယ်။ အဲဒါကတော့ Loki ဇာတ်လမ်းတွဲထဲက ဖော်ပြသွားချက်အရ He Who Remains ဟာ Kang variant တစ်ယောက်ဖြစ်ပြီး TVA ကို အုပ်ချုပ်နေပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တခြားစကြဝဠာတွေက Kang variant တွေ ထကြွလာမှာကို တားဆီးဖို့ပဲ ဖြစ်ပါတယ်။

ဖြစ်နိုင်တာကတော့ Ant-man and the Wasp ထဲက Kang ဟာ quantum realm ထဲမှာ ရှိနေတာကြောင့်ပါပဲ။ MCU ရဲ့ဖော်ပြချက်အရ quantum realm ထဲမှာ အချိန်တွေဟာ အပြင်လောကနဲ့မတူဘဲ သီးခြားဖြစ်တည်နေပါတယ်။ ဒါကြောင့်ပဲ quantum realm ကြီးကိုက He Who Remains အနေနဲ့ Kang ကို မမြင်နိုင်အောင် ကာကွယ်ပေးထားတာ ဖြစ်နိုင်သလို အချိန်ရဲ့လုပ်ဆောင်ချက်တွေ မတူညီတာကြောင့် မမြင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။

Ant-Man 2 ထဲက ပဟေဠိကို ဖြေရှင်းပေးနိုင်မယ့် သီအိုရီ

Photo Credit: Marvel Studios/ Disney Studios

Janet Van Dyne ဟာ quantum realm ထဲမှာ နှစ်ပေါင်းသုံးဆယ်ကြာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ Ant-Man 2 ထဲမှာ ဖော်ပြခဲ့ပုံအရ အရိုင်းဆန်ပြီး အန္တရာယ်များတဲ့ quantum realm ထဲမှာ ဒီလောက်အကြာကြီး ပိတ်မိပြီး အသက်ရှင်နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒါ့အပြင် သူမဟာ subatomic level အထိ ခန္ဓာကိုယ်ကို ချုံ့လိုက်တုန်းကလည်း သူမဆီမှာ Wasp suit သာ ပါသွားခဲ့တာဖြစ်ပြီး တခြားအသက်ဆက်နိုင်မယ့် ပစ္စည်းကိရိယာတွေ၊ ရေနဲ့ အစားအစာလို ရင်းမြစ်တွေလည်း သူမဆီမှာ ပါမသွားခဲ့ပါဘူး။ ဒါကြောင့်ပဲ ဒီလောက် အချိန်ကြာမြင့်စွာ အသက်ရှင်နေနိုင်ခဲ့တဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ဟာ Kang ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဒါကြောင့်ပဲ အခုသူမတို့မိသားစု ရင်ဆိုင်ရမယ့် Kang ရဲ့အန္တရာယ်ကို ဘယ်လိုရင်ဆိုင်သွားမယ်ဆိုတာ Janet ဆီမှာ အတွေ့အကြုံ ရှိထားနိုင်ပါတယ်။ Kang ကို သိထားဖူးသူတစ်ယောက်အနေနဲ့ သူ့ကိုဘယ်လို ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုတာ သိထားနိုင်တာကြောင့် Ant-Man တို့အုပ်စုအတွက် အားသာချက်တစ်ခုတော့ ဖြစ်နိုင်ပါတယ်။

သို့ပေမယ့်လည်း နောက်ထပ် ဇာတ်လမ်းတစ်ခုကတော့ Janet ဟာ ဘာကြောင့် quantum realm ထဲက Kang အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဘဲ ဖုံးကွယ်ထားတယ်ဆိုတာပါပဲ။ တကယ်လို့ ဒီသီအိုရီသာ မှန်နေပြီး Janet ဟာ Kang နဲ့အတူ အလုပ်လုပ်ဖူးတယ်ဆိုရင်တော့ ဒီဇာတ်ကားထဲက တစ်နေရာရာမှာ တခြားဟီးရိုးတွေကို သူမရဲ့အကြောင်း ပြောပြဖို့ လိုအပ်လာပါလိမ့်မယ်။ ဒါကြောင့်ပဲ သူမရဲ့မုသားတွေကို ဖွင့်ဟရမယ့် storyline တစ်ခုလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

ဒီသီအိုရီတွေ မှန်ကန်နေမလား၊ တကယ်တမ်းမှာ ဘယ်လိုအံ့အားသင့်စရာတွေကို မြင်တွေ့ရမလည်း ဆိုတာကိုတော့ ရုံတင်တဲ့အခါမှပဲ အားလုံးအတူတူ ကြည့်လိုက်ကြရအောင်နော်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular