HomeEntertainmentFilmJared Padalecki သရုပ်ဆောင်ထားတဲ့ Walker ဇာတ်လမ်းတွဲရဲ့ ထွေလာ ထွက်ရှိလာ

Jared Padalecki သရုပ်ဆောင်ထားတဲ့ Walker ဇာတ်လမ်းတွဲရဲ့ ထွေလာ ထွက်ရှိလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jared Padalecki သရုပ်ဆောင်ထားပြီး ဇန်နဝါရီလ (၂၁)ရက်နေ့မှာ စတင်ပြသသွားမယ့် Walker ဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၁၉၉၃ခုနှစ်က CBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ Walker, Texas Ranger ဆိုတဲ့ ဇာတ်လမ်းတွဲကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Walker ဆိုတဲ့အမည်နဲ့ ဇာတ်လမ်းတွဲ ပြန်လည်ဖန်တီးသွားမှာ ဖြစ်ပြီး Jared Padalecki က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ CW ရုပ်သံလိုင်းက ပြီးခဲ့တဲ့နှစ်တည်းက ကြေညာထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Cordell Walker (Jared) ဟာ ကလေးနှစ်ယောက်နဲ့ မုဆိုးဖိုတစ်ယောက် ဖြစ်ပြီး Austin မြို့ကို ပြောင်းရွှေ့လာပါတယ်။ အဲ့ဒီနောက်မှာတော့ သံသယဖြစ်စရာကောင်းတဲ့ ဇနီးဖြစ်သူရဲ့ သေဆုံးမှုကြောင့် ခြောက်လှန့်ခံနေရတဲ့အချိန်မှာပဲ Cordell Walker ဟာ Micki ဆိုသူနဲ့ တွေ့ဆုံခဲ့ရပါတယ်။

Photo: jaredpadalecki/ Instagram

ဒီဇာတ်လမ်းထဲမှာတော့ Supernatural ထဲက Jared Padalecki ၊ The 100 ထဲက Lindsey Morgan ၊ Pretty Little Liars ထဲက Keegan Allen ၊ The X-files ထဲက Mitch Pileggi တို့ ပါဝင်ထားကြပြီး Cordell ရဲ့ သေဆုံးသွားတဲ့ ဇနီးနေရာမှာတော့ Jared ရဲ့ အမျိူးသမီးဖြစ်တဲ့ Genevieve Padalecki က ပါဝင်ထားပါတယ်။

Photo: jaredpadalecki/ Instagram

ဒီဇာတ်လမ်းတွဲကိုတော့ ဇန်နဝါရီလ (၂၁)ရက်နေ့မှာ CW ရုပ်သံလိုင်းကနေ ပြသသွားမှာ ဖြစ်ပါတယ်။ Jared ကလည်း Walker ဇာတ်လမ်းတွဲရဲ့ အသစ်ထွက်ရှိလာတဲ့ ထွေလာကို ” ဒီနေရာကို ရောက်ဖို့အတွက် ခရီးအရှည်ကြီးကို လာခဲ့ရတာပါ။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာ ကျွန်တော့်ရဲ့ နှလုံးသားတစ်ခုလုံး ရင်းနှီးထားပါတယ်… ” ဆိုတဲ့ Caption နဲ့ သူ့ရဲ့ တွစ်တာပေါ်မှာ ပြန်ဝေမျှခဲ့ပါတယ်။

Walker ဟာ Supernatural ဇာတ်လမ်းအပြီးမှာ Jared အတွက် ပထမဆုံး အဓိကဇာတ်ကောင်နေရာက သရုပ်ဆောင်ရမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အရင်တုန်းက ထွက်ရှိခဲ့တဲ့ Walker, Texas Ranger ဇာတ်လမ်းတွဲဟာလည်း အောင်မြင်ခဲ့တာကြောင့် ဒီဇာတ်လမ်းတွဲကရော အရင်ဇာတ်လမ်းထက် ပိုပြီးကောင်းမလား၊ ဆိုးမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Jared Padalecki သ႐ုပ္ေဆာင္ထားၿပီး ဇန္နဝါရီလ (၂၁)ရက္ေန႔မွာ စတင္ျပသသြားမယ့္ Walker ဇာတ္လမ္းတြဲရဲ႕ ပထမဆုံးေထြလာ ထြက္ရွိလာပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ၁၉၉၃ခုႏွစ္က CBS ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ခဲ့တဲ့ Walker, Texas Ranger ဆိုတဲ့ ဇာတ္လမ္းတြဲကို ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ Walker ဆိုတဲ့အမည္နဲ႔ ဇာတ္လမ္းတြဲ ျပန္လည္ဖန္တီးသြားမွာ ျဖစ္ၿပီး Jared Padalecki က အဓိက ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ CW ႐ုပ္သံလိုင္းက ၿပီးခဲ့တဲ့ႏွစ္တည္းက ေၾကညာထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ Cordell Walker (Jared) ဟာ ကေလးႏွစ္ေယာက္နဲ႔ မုဆိုးဖိုတစ္ေယာက္ ျဖစ္ၿပီး Austin ၿမိဳ႕ကို ေျပာင္းေ႐ႊ႕လာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သံသယျဖစ္စရာေကာင္းတဲ့ ဇနီးျဖစ္သူရဲ႕ ေသဆုံးမႈေၾကာင့္ ေျခာက္လွန႔္ခံေနရတဲ့အခ်ိန္မွာပဲ Cordell Walker ဟာ Micki ဆိုသူနဲ႔ ေတြ႕ဆုံခဲ့ရပါတယ္။

Photo: jaredpadalecki/ Instagram

ဒီဇာတ္လမ္းထဲမွာေတာ့ Supernatural ထဲက Jared Padalecki ၊ The 100 ထဲက Lindsey Morgan ၊ Pretty Little Liars ထဲက Keegan Allen ၊ The X-files ထဲက Mitch Pileggi တို႔ ပါဝင္ထားၾကၿပီး Cordell ရဲ႕ ေသဆုံးသြားတဲ့ ဇနီးေနရာမွာေတာ့ Jared ရဲ႕ အမ်ိဴးသမီးျဖစ္တဲ့ Genevieve Padalecki က ပါဝင္ထားပါတယ္။

Photo: jaredpadalecki/ Instagram

ဒီဇာတ္လမ္းတြဲကိုေတာ့ ဇန္နဝါရီလ (၂၁)ရက္ေန႔မွာ CW ႐ုပ္သံလိုင္းကေန ျပသသြားမွာ ျဖစ္ပါတယ္။ Jared ကလည္း Walker ဇာတ္လမ္းတြဲရဲ႕ အသစ္ထြက္ရွိလာတဲ့ ေထြလာကို ” ဒီေနရာကို ေရာက္ဖို႔အတြက္ ခရီးအရွည္ႀကီးကို လာခဲ့ရတာပါ။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းတြဲထဲမွာ ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားတစ္ခုလုံး ရင္းႏွီးထားပါတယ္… ” ဆိုတဲ့ Caption နဲ႔ သူ႔ရဲ႕ တြစ္တာေပၚမွာ ျပန္ေဝမွ်ခဲ့ပါတယ္။

Walker ဟာ Supernatural ဇာတ္လမ္းအၿပီးမွာ Jared အတြက္ ပထမဆုံး အဓိကဇာတ္ေကာင္ေနရာက သ႐ုပ္ေဆာင္ရမယ့္ ဇာတ္လမ္းတြဲ ျဖစ္ပါတယ္။ အရင္တုန္းက ထြက္ရွိခဲ့တဲ့ Walker, Texas Ranger ဇာတ္လမ္းတြဲဟာလည္း ေအာင္ျမင္ခဲ့တာေၾကာင့္ ဒီဇာတ္လမ္းတြဲကေရာ အရင္ဇာတ္လမ္းထက္ ပိုၿပီးေကာင္းမလား၊ ဆိုးမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular