HomeCharacterJoe Fixit လို့ခေါ်တဲ့ Grey Hulk အကြောင်း သင်မသိလောက်သေးတဲ့အချက်များ 

Joe Fixit လို့ခေါ်တဲ့ Grey Hulk အကြောင်း သင်မသိလောက်သေးတဲ့အချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Joe Fixit လို့ခေါ်တဲ့ Grey Hulk ဟာ Bruce Banner ရဲ့ ကွဲထွက်နေတဲ့ နောက်ထပ် စိတ်တစ်မျိုးနဲ့ အသွင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ဟီးရိုးဘဝနဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်ခဲ့တဲ့ အတိတ်ဇာတ်ကြောင်းတွေနဲ့ ပတ်သက်ရင် လူသိပ်မသိသေးတဲ့ အချက်တွေ ရှိပါတယ်။ သူ့ကို စတင်မိတ်ဆက်ပေးပြီးနောက် ဆယ်စုနှစ်တွေသာ တစ်ခုပြီးတစ်ခု ကြာမြင့်လာခဲ့ပေမယ့် Grey Hulk ရဲ့ ကာရိုက်တာကတော့ သိပ်ပြီးအပြောင်းအလဲ မရှိခဲ့ပါဘူး။ လူအများစု မသိလောက်သေးတဲ့ Grey Hulk ရဲ့ ဘဝဇာတ်ကြောင်းထဲက စိတ်ဝင်စားစရာအချို့ကတော့ …

Grey Hulk ဟာ ပုံနှိပ်ဖော်ပြခံရတဲ့ ပထမဆုံး Hulk ဖြစ်ပါတယ်။
photo via cbr

၁၉၆၂ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ The Incredible Hulk ကောမစ်ရဲ့ ပထမဆုံး အတွဲနံပါတ်(၁)မှာ ဖော်ပြခံခဲ့ရတဲ့ Hulk ဟာ Grey Hulk ဖြစ်ပါတယ်။ ယနေ့ လူကြိုက်များပြီး ရေပန်းစားတဲ့ ဇာတ်ကောင် Green Hulk မဟုတ်ခဲ့ပါဘူး။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာတော့ Stan Lee ရဲ့ သဘောထားနဲ့ နည်းပညာ ချို့ယွင်းမှုတို့ လွန်ဆွဲခဲ့ရတဲ့ အဖြစ်အပျက် ရှိခဲ့ပါတယ်။

Stan Lee ဟာ Hulk ဇာတ်ကောင်အတွက် မူလတည်းက သူ စဉ်းစားထားတဲ့ အသားအရောင်ဟာ ခဲရောင် ဖြစ်ပါတယ်။ သို့ပေမယ့် အဲ့ဒီ့ခေတ်က ပုံနှိပ်စက်တွေရဲ့ နည်းပညာ မဖွံ့ဖြိုးသေးမှုကြောင့် ဒုတိယမြောက်စာအုပ်ကို ပုံနှိပ်ရာမှာ ထွက်လာတော့ အစိမ်းရောင် ဖြစ်နေခဲ့ပါတယ်။ ဒီမှာတင် အရောင်ပီသမှုကို ထိန်းသိမ်းဖို့ ပိုလွယ်တဲ့ အစိမ်းရောင်ကိုပဲ တသမှတ်တည်း ထားလိုက်ဖို့ Stan Lee က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ကောမစ်ထဲမှာ ဇာတ်လမ်းသဘောတရားအရ ကြည့်ကောင်းအောင် Hulk ရဲ့ အသားအရောင်ဟာ ထပ်ခါတလဲလဲ ဓာတ်ရောင်ခြည် အဆိပ်သင့်မှုကြောင့် အရောင်ပြောင်းလဲသွားရတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ့အချိန်တုန်းကတော့ Grey Hulk ဆိုတဲ့ Joe Fixit ဇာတ်ကောင်ကို ပရိသတ်တွေနဲ့ မိတ်ဆက်မပေးရသေးပါဘူး။

သူဟာ Green Hulk ထက် အားနည်းပါတယ်။
photo via cbr

Grey Hulk နဲ့ ပတ်သက်တဲ့ အချက်တစ်ခုကတော့ သူ့ရဲ့ခွန်အားနဲ့ သန်မာမှုအပိုင်းမှာ Green Hulk ထက် ပျော့တယ်ဆိုတာပါပဲ။ နာမည်ကျော် ကောမစ်၊ ဗွီဒီယိုဂိမ်း ဇာတ်လမ်းရေးဆရာကြီးဖြစ်တဲ့ Peter David လက်ထက်မှာ ထုတ်ဝေခဲ့တဲ့ The Incredible Hulk ကောမစ်အတွဲတွေမှာတော့ Hulk တွေဟာ Bruce Banner ရဲ့ စိတ်ထဲက ကွဲထွက်နေတဲ့ personality တွေအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း personality တစ်မျိုး ထွက်လာတိုင်း ရုပ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ကြမ်းတမ်းပြီး သောင်းကျန်းတတ်တဲ့ လူရမ်းကား Green Hulk ဟာ Grey Hulk ထက် ကြမ်းတာကြောင့် စိတ်ထဲက တိုးထွက်လာဖို့ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြတိုင်းမှာ Green Hulk ကသာ မကြာခဏ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေဟာ Green Hulk ကိုပဲ ခဏခဏ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ Grey Hulk ဟာ လူရမ်းကား Green Hulk ထက် ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းပေမယ့်လည်း အသိဉာဏ်ပိုင်းမှာတော့ သူက  ပိုပြီးအသိဉာဏ်ရှိပါတယ်။

သူဟာ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

ဇာတ်လမ်းရေးသားသူ Peter David ရဲ့ လက်ထက်မှာတော့ Grey Hulk ဟာ Joe Fixit ဆိုတဲ့နာမည်နဲ့ နေထိုင်ခဲ့ပါတယ်။ Joe Fixit ကတော့ နောက်ထပ် လူတစ်ယောက် မဟုတ်ဘဲ Bruce Banner ရဲ့ ကွဲထွက်နေတဲ့ နောက်ထပ် စိတ်တစ်မျိူး ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Joe ဟာ Las Vegas က ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး သူတို့အဖွဲ့ရဲ့ ပြဿနာတွေကို ညဘက်မှာ ဖြေရှင်းပေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Bruce ကတော့ Joe ရဲ့ ပင်ကိုစရိုက်တွေနဲ့ သူ လုပ်နေတဲ့အရာတွေကို သဘောမကျပါဘူး။ အဲ့ဒါကြောင့်ပဲ နေထွက်လာတာနဲ့ Bruce အဖြစ် ပြန်လည် ပြောင်းလဲသွားတတ်ပါတယ်။ ညဘက်ကို ရောက်လာတဲ့အချိန်မှာတော့ အလွန်ကြီးမားတဲ့ ဝတ်စုံတွေနဲ့ Joe Fixit အဖြစ် ပြန်လည် ပြောင်းလဲသွားလေ့ ရှိပါတယ်။

သူဟာ Fantastic Four အဖွဲ့ဝင်လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

ပထမဆုံး Fantastic Four အဖွဲ့ဝင်တွေဟာ အကြောင်းတစ်ခုကြောင့် သေဆုံးသွားကြပြီလို့ အားလုံးက ထင်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နေရာမှာ အစားထိုးဖို့အတွက် Ghost Rider ၊ Wolverine ၊ Spider-Man နဲ့ Grey Hulk တို့ဟာ Fantastic Four အဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့ကြပါတယ်။ သူတို့ကိုတော့ New Fantastic Four လို့ လူသိများကြပြီး ဗီလိန်ပေါင်းများစွာကိုလည်း အတူတူ တိုက်ခိုက်ခဲ့ကြပါတယ်။

သူဟာ The Thing ကိုလည်း အနိုင်ယူခဲ့ဖူးပါတယ်။
photo via cbr

Grey Hulk နဲ့ The Thing တို့ဟာ အရင်ကလည်း တိုက်ခိုက်ခဲ့ဖူးပေမယ့် Grey Hulk ဟာ ရုပ်ပိုင်းဆိုင်ရာအရ The Thing ထက် အားနည်းတာကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း The Incredible Hulk အတွဲနံပါတ်(350)ထဲမှာတော့ Grey Hulk ဟာ The Thing နဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။

အကြောင်းကတော့ သူဟာ ခွန်အားအရ မယှဉ်နိုင်မှန်း သိတာကြောင့် ဉာဏ်နီဉာဏ်နက်တွေနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်နေရင်းနဲ့ Grey Hulk ဟာ The Thing ကို ရေထဲ ကျသွားအောင် တွန်းထုတ်ခဲ့ပြီး The Thing က ဟန်ချက်ပျက်ပြီး ရေထဲကျသွားအချိန်မှာ Grey Hulk က အနိုင်ယူခဲ့တာပဲ ဖြစ်ပါတယ်။

သူဟာ Avengers: Age of Ultron ထဲမှာ ပါဝင်လုနီးပါးတောင် ဖြစ်ခဲ့ပါတယ်။
photo via cbr

Grey Hulk ဟာ cameo အနေနဲ့ပဲ ဖြစ်ဖြစ် Avengers: Age of Ultron ထဲမှာ ပါဝင်လာဖို့အတွက် အစီအစဉ်ရှိခဲ့ပါတယ်။ အကြောင်းကတော့ Scarlet Witch ဟာ Bruce ရဲ့စိတ်ကို ကမောက်ကမဖြစ်အောင် လုပ်သွားတာကြောင့် Hulkbuster နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ Grey Hulk ထွက်လာမယ်လို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ Joss Whedon ပြောသွားတဲ့ စကားအရဆိုရင်တော့ အဲ့ဒီဇာတ်ကားကို စတင်ဖန်တီးတုန်းက Grey Hulk ကို အဲ့ဒီနေရာမှာ ပါဝင်လာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူ့ရဲ့စိတ်ဟာလည်း ထိန်းချုပ်ခံထားရတာကြောင့် Grey Hulk ကို မျက်လုံးနီကြီးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အဲ့ဒီအစီအစဉ်တွေဟာ အကောင်အထည် မဖော်ဖြစ်လိုက်ပါဘူး။

Bruce Banner ရဲ့ ခန္ဓာကိုယ်ကို လုယူနိုင်တဲ့ တစ်ဦးတည်းသော Hulk လည်း ဖြစ်ပါတယ်။
photo via cbr

Grey Hulk နဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ သူဟာ နေ့လည်ဘက်မှာလည်း Bruce Banner ရဲ့ ခန္ဓာကိုယ်ကို လုယူနိုင်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကို ပထမဆုံးကြုံခဲ့ရတာကတော့ The Immortal Hulk အတွဲနံပါတ်(16)ထဲမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Bruce Banner ဟာ Immortal Hulk အဖြစ် ပြောင်းလဲခဲ့ပြီး စစ်တပ်တစ်ခုကို သွားရောက် စုံစမ်းခဲ့ပါတယ်။

ဒါပေမယ့်လည်း စစ်တပ်က ဆိုလာမော်နီတာတွေကို အသုံးပြုပြီးတော့ Bruce အဖြစ် ပြောင်းလဲသွားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ခန္ဓာကိုယ်ကတော့ Brcue ရဲ့ ခန္ဓာကိုယ် ဖြစ်သွားပေမယ့်လည်း စိတ်ကတော့ Joe Fixit ရဲ့စိတ် ဝင်ရောက်လာကာ Bruce ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကိုတော့ တစ်ခြားဘယ် Hulk ကမှ လုပ်ခဲ့ဖူးခြင်း မရှိပါဘူး။

ဒါကတော့ Grey Hulk နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Joe Fixit လို႔ေခၚတဲ့ Grey Hulk ဟာ Bruce Banner ရဲ႕ ကြဲထြက္ေနတဲ့ ေနာက္ထပ္ စိတ္တစ္မ်ိဳးနဲ႔ အသြင္တစ္မ်ိဳး ျဖစ္ပါတယ္။ သူ႔ရဲ႕ဟီး႐ိုးဘဝနဲ႔ ရာဇဝတ္သားတစ္ေယာက္ျဖစ္ခဲ့တဲ့ အတိတ္ဇာတ္ေၾကာင္းေတြနဲ႔ ပတ္သက္ရင္ လူသိပ္မသိေသးတဲ့ အခ်က္ေတြ ရွိပါတယ္။ သူ႔ကို စတင္မိတ္ဆက္ေပးၿပီးေနာက္ ဆယ္စုႏွစ္ေတြသာ တစ္ခုၿပီးတစ္ခု ၾကာျမင့္လာခဲ့ေပမယ့္ Grey Hulk ရဲ႕ ကာ႐ိုက္တာကေတာ့ သိပ္ၿပီးအေျပာင္းအလဲ မရွိခဲ့ပါဘူး။ လူအမ်ားစု မသိေလာက္ေသးတဲ့ Grey Hulk ရဲ႕ ဘဝဇာတ္ေၾကာင္းထဲက စိတ္ဝင္စားစရာအခ်ိဳ႕ကေတာ့ …

Grey Hulk ဟာ ပုံႏွိပ္ေဖာ္ျပခံရတဲ့ ပထမဆုံး Hulk ျဖစ္ပါတယ္။
photo via cbr

၁၉၆၂ခုႏွစ္မွာ စတင္ထြက္ရွိခဲ့တဲ့ The Incredible Hulk ေကာမစ္ရဲ႕ ပထမဆုံး အတြဲနံပါတ္(၁)မွာ ေဖာ္ျပခံခဲ့ရတဲ့ Hulk ဟာ Grey Hulk ျဖစ္ပါတယ္။ ယေန႔ လူႀကိဳက္မ်ားၿပီး ေရပန္းစားတဲ့ ဇာတ္ေကာင္ Green Hulk မဟုတ္ခဲ့ပါဘူး။ ဒီျဖစ္ရပ္ရဲ႕ ေနာက္ကြယ္မွာေတာ့ Stan Lee ရဲ႕ သေဘာထားနဲ႔ နည္းပညာ ခ်ိဳ႕ယြင္းမႈတို႔ လြန္ဆြဲခဲ့ရတဲ့ အျဖစ္အပ်က္ ရွိခဲ့ပါတယ္။

Stan Lee ဟာ Hulk ဇာတ္ေကာင္အတြက္ မူလတည္းက သူ စဥ္းစားထားတဲ့ အသားအေရာင္ဟာ ခဲေရာင္ ျဖစ္ပါတယ္။ သို႔ေပမယ့္ အဲ့ဒီ့ေခတ္က ပုံႏွိပ္စက္ေတြရဲ႕ နည္းပညာ မဖြံ႕ၿဖိဳးေသးမႈေၾကာင့္ ဒုတိယေျမာက္စာအုပ္ကို ပုံႏွိပ္ရာမွာ ထြက္လာေတာ့ အစိမ္းေရာင္ ျဖစ္ေနခဲ့ပါတယ္။ ဒီမွာတင္ အေရာင္ပီသမႈကို ထိန္းသိမ္းဖို႔ ပိုလြယ္တဲ့ အစိမ္းေရာင္ကိုပဲ တသမွတ္တည္း ထားလိုက္ဖို႔ Stan Lee က ဆုံးျဖတ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ေကာမစ္ထဲမွာ ဇာတ္လမ္းသေဘာတရားအရ ၾကည့္ေကာင္းေအာင္ Hulk ရဲ႕ အသားအေရာင္ဟာ ထပ္ခါတလဲလဲ ဓာတ္ေရာင္ျခည္ အဆိပ္သင့္မႈေၾကာင့္ အေရာင္ေျပာင္းလဲသြားရတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းကေတာ့ Grey Hulk ဆိုတဲ့ Joe Fixit ဇာတ္ေကာင္ကို ပရိသတ္ေတြနဲ႔ မိတ္ဆက္မေပးရေသးပါဘူး။

သူဟာ Green Hulk ထက္ အားနည္းပါတယ္။
photo via cbr

Grey Hulk နဲ႔ ပတ္သက္တဲ့ အခ်က္တစ္ခုကေတာ့ သူ႔ရဲ႕ခြန္အားနဲ႔ သန္မာမႈအပိုင္းမွာ Green Hulk ထက္ ေပ်ာ့တယ္ဆိုတာပါပဲ။ နာမည္ေက်ာ္ ေကာမစ္၊ ဗြီဒီယိုဂိမ္း ဇာတ္လမ္းေရးဆရာႀကီးျဖစ္တဲ့ Peter David လက္ထက္မွာ ထုတ္ေဝခဲ့တဲ့ The Incredible Hulk ေကာမစ္အတြဲေတြမွာေတာ့ Hulk ေတြဟာ Bruce Banner ရဲ႕ စိတ္ထဲက ကြဲထြက္ေနတဲ့ personality ေတြအျဖစ္ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း personality တစ္မ်ိဳး ထြက္လာတိုင္း ႐ုပ္ပိုင္းဆိုင္ရာမွာပါ ေျပာင္းလဲမႈေတြ ရွိခဲ့တာ ျဖစ္ပါတယ္။

ၾကမ္းတမ္းၿပီး ေသာင္းက်န္းတတ္တဲ့ လူရမ္းကား Green Hulk ဟာ Grey Hulk ထက္ ၾကမ္းတာေၾကာင့္ စိတ္ထဲက တိုးထြက္လာဖို႔ အၿပိဳင္အဆိုင္ ယွဥ္ၿပိဳင္ၾကတိုင္းမွာ Green Hulk ကသာ မၾကာခဏ အႏိုင္ရရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြဟာ Green Hulk ကိုပဲ ခဏခဏ ျမင္ေတြ႕ေနရတာ ျဖစ္ပါတယ္။ Grey Hulk ဟာ လူရမ္းကား Green Hulk ထက္ ႐ုပ္ပိုင္းဆိုင္ရာမွာ အားနည္းေပမယ့္လည္း အသိဉာဏ္ပိုင္းမွာေတာ့ သူက  ပိုၿပီးအသိဉာဏ္ရွိပါတယ္။

သူဟာ ရာဇဝတ္ဂိုဏ္းတစ္ခုရဲ႕ အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

ဇာတ္လမ္းေရးသားသူ Peter David ရဲ႕ လက္ထက္မွာေတာ့ Grey Hulk ဟာ Joe Fixit ဆိုတဲ့နာမည္နဲ႔ ေနထိုင္ခဲ့ပါတယ္။ Joe Fixit ကေတာ့ ေနာက္ထပ္ လူတစ္ေယာက္ မဟုတ္ဘဲ Bruce Banner ရဲ႕ ကြဲထြက္ေနတဲ့ ေနာက္ထပ္ စိတ္တစ္မ်ိဴး ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Joe ဟာ Las Vegas က ရာဇဝတ္ဂိုဏ္းတစ္ခုရဲ႕ အဖြဲ႕ဝင္ျဖစ္ခဲ့ၿပီး သူတို႔အဖြဲ႕ရဲ႕ ျပႆနာေတြကို ညဘက္မွာ ေျဖရွင္းေပးသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Bruce ကေတာ့ Joe ရဲ႕ ပင္ကိုစ႐ိုက္ေတြနဲ႔ သူ လုပ္ေနတဲ့အရာေတြကို သေဘာမက်ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ေနထြက္လာတာနဲ႔ Bruce အျဖစ္ ျပန္လည္ ေျပာင္းလဲသြားတတ္ပါတယ္။ ညဘက္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ အလြန္ႀကီးမားတဲ့ ဝတ္စုံေတြနဲ႔ Joe Fixit အျဖစ္ ျပန္လည္ ေျပာင္းလဲသြားေလ့ ရွိပါတယ္။

သူဟာ Fantastic Four အဖြဲ႕ဝင္လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

ပထမဆုံး Fantastic Four အဖြဲ႕ဝင္ေတြဟာ အေၾကာင္းတစ္ခုေၾကာင့္ ေသဆုံးသြားၾကၿပီလို႔ အားလုံးက ထင္ခဲ့ၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ေနရာမွာ အစားထိုးဖို႔အတြက္ Ghost Rider ၊ Wolverine ၊ Spider-Man နဲ႔ Grey Hulk တို႔ဟာ Fantastic Four အဖြဲ႕အသစ္ကို ဖြဲ႕စည္းခဲ့ၾကပါတယ္။ သူတို႔ကိုေတာ့ New Fantastic Four လို႔ လူသိမ်ားၾကၿပီး ဗီလိန္ေပါင္းမ်ားစြာကိုလည္း အတူတူ တိုက္ခိုက္ခဲ့ၾကပါတယ္။

သူဟာ The Thing ကိုလည္း အႏိုင္ယူခဲ့ဖူးပါတယ္။
photo via cbr

Grey Hulk နဲ႔ The Thing တို႔ဟာ အရင္ကလည္း တိုက္ခိုက္ခဲ့ဖူးေပမယ့္ Grey Hulk ဟာ ႐ုပ္ပိုင္းဆိုင္ရာအရ The Thing ထက္ အားနည္းတာေၾကာင့္ ရႈံးနိမ့္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း The Incredible Hulk အတြဲနံပါတ္(350)ထဲမွာေတာ့ Grey Hulk ဟာ The Thing နဲ႔ ထပ္မံတိုက္ခိုက္ခဲ့ၿပီး အႏိုင္ရရွိခဲ့ပါတယ္။

အေၾကာင္းကေတာ့ သူဟာ ခြန္အားအရ မယွဥ္ႏိုင္မွန္း သိတာေၾကာင့္ ဉာဏ္နီဉာဏ္နက္ေတြနဲ႔ အႏိုင္ယူခဲ့တာ ျဖစ္ပါတယ္။ တိုက္ခိုက္ေနရင္းနဲ႔ Grey Hulk ဟာ The Thing ကို ေရထဲ က်သြားေအာင္ တြန္းထုတ္ခဲ့ၿပီး The Thing က ဟန္ခ်က္ပ်က္ၿပီး ေရထဲက်သြားအခ်ိန္မွာ Grey Hulk က အႏိုင္ယူခဲ့တာပဲ ျဖစ္ပါတယ္။

သူဟာ Avengers: Age of Ultron ထဲမွာ ပါဝင္လုနီးပါးေတာင္ ျဖစ္ခဲ့ပါတယ္။
photo via cbr

Grey Hulk ဟာ cameo အေနနဲ႔ပဲ ျဖစ္ျဖစ္ Avengers: Age of Ultron ထဲမွာ ပါဝင္လာဖို႔အတြက္ အစီအစဥ္ရွိခဲ့ပါတယ္။ အေၾကာင္းကေတာ့ Scarlet Witch ဟာ Bruce ရဲ႕စိတ္ကို ကေမာက္ကမျဖစ္ေအာင္ လုပ္သြားတာေၾကာင့္ Hulkbuster နဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာ Grey Hulk ထြက္လာမယ္လို႔ စီစဥ္ထားခဲ့တာ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ Joss Whedon ေျပာသြားတဲ့ စကားအရဆိုရင္ေတာ့ အဲ့ဒီဇာတ္ကားကို စတင္ဖန္တီးတုန္းက Grey Hulk ကို အဲ့ဒီေနရာမွာ ပါဝင္လာဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕စိတ္ဟာလည္း ထိန္းခ်ဳပ္ခံထားရတာေၾကာင့္ Grey Hulk ကို မ်က္လုံးနီႀကီးနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အဲ့ဒီအစီအစဥ္ေတြဟာ အေကာင္အထည္ မေဖာ္ျဖစ္လိုက္ပါဘူး။

Bruce Banner ရဲ႕ ခႏၶာကိုယ္ကို လုယူႏိုင္တဲ့ တစ္ဦးတည္းေသာ Hulk လည္း ျဖစ္ပါတယ္။
photo via cbr

Grey Hulk နဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ သူဟာ ေန႔လည္ဘက္မွာလည္း Bruce Banner ရဲ႕ ခႏၶာကိုယ္ကို လုယူႏိုင္တာပဲ ျဖစ္ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ကို ပထမဆုံးႀကဳံခဲ့ရတာကေတာ့ The Immortal Hulk အတြဲနံပါတ္(16)ထဲမွာပဲ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Bruce Banner ဟာ Immortal Hulk အျဖစ္ ေျပာင္းလဲခဲ့ၿပီး စစ္တပ္တစ္ခုကို သြားေရာက္ စုံစမ္းခဲ့ပါတယ္။

ဒါေပမယ့္လည္း စစ္တပ္က ဆိုလာေမာ္နီတာေတြကို အသုံးျပဳၿပီးေတာ့ Bruce အျဖစ္ ေျပာင္းလဲသြားေအာင္ ျပဳလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ခႏၶာကိုယ္ကေတာ့ Brcue ရဲ႕ ခႏၶာကိုယ္ ျဖစ္သြားေပမယ့္လည္း စိတ္ကေတာ့ Joe Fixit ရဲ႕စိတ္ ဝင္ေရာက္လာကာ Bruce ရဲ႕ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကိုေတာ့ တစ္ျခားဘယ္ Hulk ကမွ လုပ္ခဲ့ဖူးျခင္း မရွိပါဘူး။

ဒါကေတာ့ Grey Hulk နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular