HomeCelebs Update NewsInternationalAquaman 2 မှာ သရုပ်ဆောင်ကြေး နှစ်ဆရရှိမယ့် Jason Momoa

Aquaman 2 မှာ သရုပ်ဆောင်ကြေး နှစ်ဆရရှိမယ့် Jason Momoa

မင်းသား Jason Momoa ကတော့ ယခုအသစ် ထွက်ရှိလာမယ့် Aquaman and the Lost Kingdom ရုပ်ရှင်ထဲမှာ သူ့ရဲ့ပထမဆုံး DCEU ရုပ်ရှင်ထဲက သရုပ်ဆောင်ကြေးထက် နှစ်ဆတိုးပြီး ရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဆုံး Aquaman ရုပ်ရှင်ကတော့ ပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့ပြီး box-office မှာလည်း ဝင်ငွေ ဒေါ်လာ(၁.၁၄၈)ဘီလျံကျော် ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ဆက်တွဲ ထွက်ရှိလာတဲ့ Aquaman and the Lost Kingdom မှာတော့ မင်းသား Jason Momoa ဟာ သရုပ်ဆောင်ကြေး နှစ်ဆတိုးမြင့်ပြီး ရရှိလာတာ ဖြစ်နိုင်ပါတယ်။

Photo Credit: DC Comics/ Warner Bros. Studios

Aquaman ရဲ့ sequel ရုပ်ရှင်နဲ့ ပတ်သက်လို့ မသိရသေးတဲ့ အချက်တွေများစွာ ရှိနေပေမယ့်လည်း Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Momoa ရဲ့ သရုပ်ဆောင်ကြေးကတော့ ပထမဇာတ်ကားကထက် နှစ်ဆခန့် ပိုများသွားမယ်လို့ သိရပါတယ်။ Momoa ဟာ ပထမဇာတ်ကားဖြစ်တဲ့ Aquaman ထဲမှာတော့ သရုပ်ဆောင်ကြေး ဒေါ်လာ(၇.၅)သန်းခန့် ရရှိခဲ့ပြီး ယခုလာမယ့် ဒုတိယဇာတ်ကား Aquaman and the Lost Kingdom ထဲမှာတော့ သရုပ်ဆောင်ကြေး ဒေါ်လာ(၁၅)သန်းခန့် ရရှိမယ်လို့ ဆိုထားပါတယ်။

အဆိုပါသတင်းရဲ့ ဖော်ပြချက်ဟာ Momoa ဟာ ကနဦးတည်းက Aquaman ဆိုလိုဇာတ်ကား နှစ်ကားအတွက် သဘောတူပြီး စာချုပ်ချုပ်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ပထမဇာတ်ကားရဲ့ ကြောက်ခမန်းလိလိ အောင်မြင်မှုကြောင့် ဒုတိယဇာတ်ကားမှာတော့ စာချုပ်ကို ညှိနှိုင်းပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: DC Comics/ Warner Bros. Studios

DCEU ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်တဲ့ Aquaman ရဲ့ အောင်မြင်မှုကြောင့်ပဲ ယခု sequel ရုပ်ရှင်ဟာလည်း မျှော်လင့်ချက် ကြီးကြီးမားမား ပုံအောခံနေရပုံ ရပါတယ်။ ဒါကြောင့်လည်း Momoa ဟာ သူ့ရဲ့သရုပ်ဆောင်ကြေးကို ပြန်လည် ညှိနှိုင်းခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ရုပ်ရှင်ရဲ့ ဝင်ငွေအတိုင်းအတာပေါ် ကြည့်ပြီး တခြားသရုပ်ဆောင်တွေဟာလည်း အလားတူ သရုပ်ဆောင်ကြေး တိုးမြှင့် တောင်းခံနိုင်မယ့် ညှိနှိုင်းမှုကို Momoa က လမ်းခင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။

သို့သော်လည်း နာမည်ကြီးရုပ်ရှင်တစ်ကား ရုံတင်တဲ့အခါ အဓိကသရုပ်ဆောင်အနေနဲ့ ဒေါ်လာသန်း(၂၀)ခန့် ရရှိတတ်ကြတာကြောင့် Momoa ရဲ့ လက်ရှိ သရုပ်ဆောင်ကြေးဟာ မြင့်မားနေပြီလို့တော့ ပြောလို့မရနိုင်သေးပါဘူး။ Aquaman and the Lost Kingdom ရဲ့ အောင်မြင်မှုပေါ် မူတည်ပြီး Momoa ကတော့ နောက်ထပ် ညှိနှိုင်းမှုတွေတော့ ပြုလုပ်ကောင်း ပြုလုပ်သွားနိုင်ပါသေးတယ်။

Vancouver

Source: screenrant/variety

RELATED ARTICLES

Most Popular