HomeCelebs Update NewsInternationalGame of Thrones မှာ သရုပ်ဆောင်ပြီးနောက်ပိုင်း စီးပွားရေးကြပ်တည်းခဲ့တဲ့ Jason Momoa

Game of Thrones မှာ သရုပ်ဆောင်ပြီးနောက်ပိုင်း စီးပွားရေးကြပ်တည်းခဲ့တဲ့ Jason Momoa

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jason Momoa ဟာ Game of Thrones ဇာတ်လမ်းတွဲထဲမှာ Khal Drago အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ပြီး စတင်အောင်မြင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူဟာ စီးပွားရေးအခြေအနေတေွ အရမ်းကိုကြပ်တည်းခဲ့ပါတယ်လို့ Jason Momoa ကိုယ်တိုင်က ပြောပြခဲ့ပါတယ်။

အဲ့ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ Jason Momoa ဟာ InStyle မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ သူဟာ Game of Thrones ထဲမှာ သရုပ်ဆောင်ပြီး နောက်ပိုင်းမှာ အကြွေးတွေပါ တင်ခဲ့တဲ့အပြင် ဘာအလုပ်မှလည်း မရှိခဲ့ပါဘူးလို့ ပြောခဲ့ပါတယ်။

photo via imdb

Jason ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ ” Game of Thrones မှာ သရုပ်ဆောင်ပြီးနောက်ပိုင်းမှာ စီးပွားရေး အတော်လေးကို ကြပ်တည်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘာအလုပ်မှလည်း မရှိခဲ့ပါဘူး။ ကလေးတွေလည်း ရှိနေပြီး အကြွေးတွေတင်နေတာဟာလည်း အတော်လေးကို ခက်ခဲခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။ Jason ဟာ သူ့ရဲ့အမျိူးသမီး Lisa Bonet နဲ့ ကလေးနှစ်ယောက် ရရှိထားပါတယ်။

Jason ဟာ Game of Thrones ထဲမှာ အလွန်ကိုစွမ်းအားကြီးတဲ့ Khal Drago အဖြစ်နဲ့ ဆယ်ပိုင်းလောက် သရုပ်ဆောင်ခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သူဟာ အဲ့ဒီအချိန်မှာတော့ စီးပွားရေး အလွန်ကြပ်တည်းခဲ့ပြီး Aquaman ဇာတ်ကောင်ကို သရုပ်ဆောင်ရတဲ့အချိန်ကျမှသာ အဆင်ပြေသွားခဲ့ပါတယ်။

photo via imdb

အခုချိန်မှာတော့ Jason ဟာ အသက် (၄၁) နှစ် ရှိနေပြီဖြစ်ပြီးတော့ ၂၀၂၄ ခုနှစ်အထိ သရုပ်ဆောင်ရမယ့် ဇာတ်ကားတွေ တန်းစီနေပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ ထွက်လာမယ့် စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Dune ထဲမှာလည်း Jason ဟာ Timothee Chalamet နဲ့ Josh Brolin တို့နဲ့အတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Legos

Source : The Indian EXPRESS

(Zawgyi Version)

Jason Momoa ဟာ Game of Thrones ဇာတ္လမ္းတြဲထဲမွာ Khal Drago အျဖစ္နဲ႔ သ႐ုပ္ေဆာင္ခဲ့ၿပီး စတင္ေအာင္ျမင္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီဇာတ္လမ္းတြဲထဲမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ စီးပြားေရးအေျခအေနေတြ အရမ္းကိုၾကပ္တည္းခဲ့ပါတယ္လို႔ Jason Momoa ကိုယ္တိုင္က ေျပာျပခဲ့ပါတယ္။

အဲ့ဒီအေၾကာင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ Jason Momoa ဟာ InStyle မဂၢဇင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ သူဟာ Game of Thrones ထဲမွာ သ႐ုပ္ေဆာင္ၿပီး ေနာက္ပိုင္းမွာ အေႂကြးေတြပါ တင္ခဲ့တဲ့အျပင္ ဘာအလုပ္မွလည္း မရွိခဲ့ပါဘူးလို႔ ေျပာခဲ့ပါတယ္။

photo via imdb

Jason ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ ” Game of Thrones မွာ သ႐ုပ္ေဆာင္ၿပီးေနာက္ပိုင္းမွာ စီးပြားေရး အေတာ္ေလးကို ၾကပ္တည္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ဘာအလုပ္မွလည္း မရွိခဲ့ပါဘူး။ ကေလးေတြလည္း ရွိေနၿပီး အေႂကြးေတြတင္ေနတာဟာလည္း အေတာ္ေလးကို ခက္ခဲခဲ့ပါတယ္ ” လို႔ေျပာခဲ့ပါတယ္။ Jason ဟာ သူ႔ရဲ႕အမ်ိဴးသမီး Lisa Bonet နဲ႔ ကေလးႏွစ္ေယာက္ ရရွိထားပါတယ္။

Jason ဟာ Game of Thrones ထဲမွာ အလြန္ကိုစြမ္းအားႀကီးတဲ့ Khal Drago အျဖစ္နဲ႔ ဆယ္ပိုင္းေလာက္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ သူဟာ အဲ့ဒီအခ်ိန္မွာေတာ့ စီးပြားေရး အလြန္ၾကပ္တည္းခဲ့ၿပီး Aquaman ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ရတဲ့အခ်ိန္က်မွသာ အဆင္ေျပသြားခဲ့ပါတယ္။

photo via imdb

အခုခ်ိန္မွာေတာ့ Jason ဟာ အသက္ (၄၁) ႏွစ္ ရွိေနၿပီျဖစ္ၿပီးေတာ့ ၂၀၂၄ ခုႏွစ္အထိ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ကားေတြ တန္းစီေနပါတယ္။ ဒါ့အျပင္ ၂၀၂၁ ခုႏွစ္မွာ ထြက္လာမယ့္ စိတ္ကူးယဥ္သိပၸံ ဇာတ္လမ္းတစ္ခုျဖစ္တဲ့ Dune ထဲမွာလည္း Jason ဟာ Timothee Chalamet နဲ႔ Josh Brolin တို႔နဲ႔အတူ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

Legos

Source : The Indian EXPRESS

RELATED ARTICLES

Most Popular