HomeCelebs Update NewsInternationalJustin Bieber ရဲ့ ပါတီပွဲအပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ 

Justin Bieber ရဲ့ ပါတီပွဲအပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ 

ဟောလိဝုဒ်အနောက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Justin Bieber ရဲ့ ပါတီပွဲအပြင်ဘက်မှာတော့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ Justin Bieber ဟာ သူ့ရဲ့ဖျော်ဖြေပွဲအပြီးမှာ after party အနေနဲ့ နာမည်ကျော်ဆယ်လီများစွာ ပါဝင်တဲ့ ပါတီပွဲတစ်ခုကို ဖေဖော်ဝါရီလ(၁၁)ရက် သောကြာနေ့ညပိုင်းက လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။ ပါတီပွဲဟာ အစကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းနေခဲ့ပေမယ့် ညနက်ပိုင်းအချိန်မှာပဲ အခုလို အဖြစ်အပျက်တွေ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo: justinindianfanclub/ Instagram

ရဲဌာနရဲ့ ဖော်ပြချက်အရ အဆိုပါ ပစ်ခတ်မှုကြောင့် လူသုံးဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လူသုံးဦးကတော့ အသက်(၁၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်(၆၀)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ သိရပြီး အဆိုပါ သုံးဦးထဲက တစ်ယောက်ဟာ ရက်ပ်ပါ Kodak Black ဖြစ်နေတယ်လို့ နောက်ဆက်တွဲ သတင်းများအရ သိရပါတယ်။

JB ရဲ့ ပါတီကို တက်ရောက်ခဲ့ကြတဲ့ အမေရိကန်ရက်ပ်ပါတွေ ဖြစ်ကြတဲ့ Kodak Black ၊ Gunna နဲ့ Lil Baby တို့ဟာ ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ ပါတီပွဲကျင်းပရာ The Nice Guy စားသောက်ဆိုင်ရဲ့ အပြင်ဘက်မှာ မတ်တပ်ရပ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo: kodakblack/ Instagram

အဲဒီအချိန်မှာတော့ သူတို့လိုပဲ လမ်းပေါ်မှာ မတ်တပ်ရပ်နေကြတဲ့ လူအုပ်ကြီးလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ရုတ်တရက်ဆိုသလိုပဲ လူတွေဟာ ကားတစ်စီးပေါ်ကို ခုန်တက်သွားကြပြီး လုံးထွေးသတ်ပုတ်နေတဲ့ ရန်ပွဲကြီး စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ သေနတ်ပစ်သံတွေ ကြားရပြီး လူအုပ်ကြီးဟာလည်း အော်ဟစ်ဆူညံကာ လူစုကွဲသွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်ထိမှန်သွားတဲ့ လူသုံးယောက်ကိုတော့ ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုပေးထားတယ်လို့ သိရကာ အသက်အန္တရာယ် စိုးရိမ်ရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။ လက်ရှိအချိန်ထိ သေနတ်ပစ်ခတ်သွားတဲ့ တရားခံလက်သည်ကို ရှာဖွေစုံစမ်း ဖော်ထုတ်နေဆဲ ဖြစ်ပြီး ရဲဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီရန်ပွဲဟာ လူမိုက်ဂိုဏ်းတွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့ သိရပါတယ်။

Photo: justinbieber/ Instagram

JB ဟာ Super Bowl ပွဲအကြို ဖျော်ဖြေမှုကို Pacific Design Centre မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာတော့ ရင်းနှီးတဲ့ နာမည်ကျော် ဆယ်လီမိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပါတီပွဲ ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပါတီပွဲကို တက်ရောက်ခဲ့ကြတဲ့ နာမည်ကျော်တွေထဲမှာတော့ Drake ၊ Leonardo DiCaprio ၊ Tobey Maguire ၊ Kendall Jenner နဲ့ Khloe Kardashian တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular