HomeCelebs Update NewsInternationalCody ၊ Miley အတွဲနဲ့ double date ချင်နေတဲ့ JB
Cody ၊ Miley အတွဲနဲ့ double date ချင်နေတဲ့ JB
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
Justin Bieber တစ်ယောက်ကတော့ တလောလေးကမှ ဆူပွက်နေတဲ့ ဂယက်တစ်ခုကို ပိုပြီးပွက်ပွက်ညံအောင် လုပ်လိုက်ပြန်ပါပြီ။
JB ဟာ လူတွေကို အံ့အားသင့်စေခဲ့တဲ့ Cody Simpson နဲ့ Miley Cyrus တို့အတွဲနဲ့အတူ double date လုပ်ချင်တယ်လို့ ဆိုလာတာပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ(၉)ရက်နေ့က တင်ထားတဲ့ Cody ရဲ့ IG က အမိုက်စားဘော်ဒီနဲ့ ဓာတ်ပုံအောက်မှာ မန့်သွားခဲ့တာ ဖြစ်ပါတယ်။
Photo: codysimpson/ Instagram
ကွန်းမန့်ကို နှစ်ခုခွဲမန့်သွားတာဖြစ်ပြီး ပထမတစ်ခုမှာတော့ Cody ရဲ့ ဘော်ဒီအမိုက်စားကြီးကို ချီးမွမ်းခန်း ဖွင့်ထားတာပါ။ နောက်ထပ် ကွန်းမန့်တစ်ခုမှာတော့ double date ကြမလားလို့ မေးထားတာပါ။ Cody ကလည်း မဆိုင်းမတွပဲ မက်ဆေ့ချ်သာ ပို့လိုက်ပါလို့ reply ပြန်ထားပါတယ်။
အခုလို JB တို့လင်မယားနဲ့ အသစ်စက်စက် Cody တို့အတွဲ ဒိတ်ကြမယ်ဆိုတာကြောင့် fan တွေကတော့ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေကြပါတယ်။ တစ်ချို့ကလည်း မြန်မြန်ဒိတ်ကြပါလို့ အားပေးနေသလို တစ်ချို့ကျပြန်တော့ အဲ့ဒီ့ဒိတ်မှာ သူတို့ပါ ပါချင်ပါတယ်ဆိုပြီး စိတ်လှုပ်ရှားနေကြပါတယ်။
Photo: codysimpson/ Instagram
Cody နဲ့ Miley တို့ တွဲနေတဲ့အကြောင်းကတော့ အောက်တိုဘာလ(၃)ရက်နေ့မှာ စတင်သတင်းထွက်ခဲ့တာပါ။ နှစ်ယောက်သား ကဖေးတစ်ခုမှာ အသီးဖျော်ရည်ဝင်ဝယ်ပြီး နမ်းရှုံ့နေကြတဲ့ပုံတွေဟာလည်း ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
JB တို့လင်မယားနဲ့ Cody တို့အတွဲ တကယ်ပဲ တွေ့ဖြစ်ကြမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
LaNina
Ref: hollywoodlife
(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)
(Zawgyi Version)
LaNina
Ref: hollywoodlife
RELATED ARTICLES
Most Popular