HomeCelebs Update NewsInternationalFantastic Beasts 3 ကနေ တရားဝင် ထွက်ခွာသွားတဲ့ Johnny Depp

Fantastic Beasts 3 ကနေ တရားဝင် ထွက်ခွာသွားတဲ့ Johnny Depp

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Johnny Depp ဟာ အသစ်ထွက်ရှိလာမယ့် Fantastic Beasts 3 ဇာတ်ကားကနေ တရားဝင် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

Depp ဟာ Warner Bros က ထုတ်လုပ်တဲ့ Fantastic Beasts and Where to Find Them franchise ကနေ တရားဝင် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ Depp ဟာ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantastic Beasts ဇာတ်ကားရဲ့ ရုံမတင်ခင် အချိန်တိုအတွင်းမှာမှ ထပ်တိုးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေ စပရိုက်ဖြစ်အောင် သူ ပါဝင်ကြောင်း အသိပေးခံခဲ့ရတာ ဖြစ်ပါတယ်။

Photo: johnnyoffical__/ Instagram

Depp ဟာ Fantastic Beasts ထဲမှာ Gellert Grindelwald အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Gellert Grindelwald ကတော့ အောက်လမ်း မှော်ဆရာတစ်ယောက် ဖြစ်ပြီးတော့ Harry Potter ရဲ့ အဓိကဗီလိန် Voldemort မတိုင်မှာ ပေါ်ပေါက်ခဲ့သူ ဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားအရ Grindelwald နဲ့ Albus Dumbledore တို့ရဲ့ ရင်ဆိုင်တိုက်ခိုက်မှုကို မြင်တွေ့ရမှာ ဖြစ်ပေမယ့် Depp ရဲ့ထွက်ခွာမှုကြောင့် စတူဒီယိုဘက်ကလည်း သရုပ်ဆောင်အသစ် ထပ်မံရွေးချယ်သွားမယ်လို့ အတည်ပြုထားပါတယ်။

အခုလိုမျိူး ထွက်ခွာသွားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့ Depp ဟာ သူ့ရဲ့ Instagram ပေါ်မှာ ပို့စ်တင်ထားပါတယ်။ အဲ့ဒါကတော့ Warner Bros ဟာ သူ့ကို Gellert Grindelwald ဇာတ်ကောင်နေရာက နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာကြောင့်လို့ သိရပါတယ်။

Photo via IMDb

Warner Bros ကလည်း ” Johnny Depp ဟာ Fantastic Beasts ဇာတ်လမ်းတွေကနေ ထွက်ခွာသွားပါပြီ။ Johnny သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ကြိုးစားပေးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ Fantastic Beasts 3 ကတော့ ရိုက်ကူးနေဆဲ ဖြစ်ပြီးတော့ Gellert Grindelwald ဇာတ်ကောင်နေရာမှာ ပြန်လည်အစားထိုး ရိုက်ကူးသွားပါမယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ် နွေရာသီမှာ တစ်ကမ္ဘာလုံးက ရုပ်ရှင်ရုံတွေမှာ ပြသသွားပါမယ် … ” ဆိုပြီးတော့ ကြေညာထားပါတယ်။

photo via johnnydepp/instagram

Johnny Depp ပြောထားတာကတော့ “မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလောက် ပြောချင်ပါတယ်။ ပထမဆုံးအချက်ကတော့ ကျွန်တော့်ကို သစ္စာရှိရှိနဲ့ ထောက်ပံ့အားပေးခဲ့သူတွေကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့ရဲ့ အားပေးမှုတွေကြောင့် ပြီးခဲ့တဲ့ရက်တွေမှာ ကျွန်တော် တကယ်ပဲ အားရှိခဲ့ရပါတယ်။ ဒုတိယအချက်ကတော့ Warner Bros ဟာ Fantastic Beasts ထဲက ကျွန်တော့်ကို နှုတ်ထွက်ဖို့အတွက် တောင်းဆိုခဲ့တာ ဖြစ်ပြီး ကျွန်တော်ကလည်း အဲ့ဒီတောင်းဆိုချက်ကို တလေးတစားနဲ့ လက်ခံခဲ့ပါတယ် …. ”

Photo: johnnyoffical__/ Instagram

“နောက်ဆုံးပြောချင်တဲ့ အချက်ကတော့ UK မှာဖြစ်ခဲ့တဲ့ စိတ်ကူးယဉ်ဆန်ဆန် စီရင်ချက်ချမှတ်မှုဟာ ကျွန်တော့်ရဲ့ အမှန်တရားကို ပြောပြမယ့် တိုက်ပွဲကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ ပြီးတော့ အယူခံဝင်သွားဖို့ကိုလည်း စီစဉ်ထားပါတယ်။ ကျွန်တော့်ရဲ့ ရပ်တည်ချက်၊ ဆုံးဖြတ်ချက်ဟာလည်း ခိုင်မာနေဆဲပါပဲ။ ကျွန်တော့်ကို စွပ်စွဲထားချက်တွေဟာလည်း မှားယွင်းကြောင်း သက်သေပြသွားမှာ ဖြစ်ပါတယ်။ အခုဖြစ်ပျက်နေတဲ့ ဒီကာလလေးတစ်ခုကြောင့်နဲ့ ကျွန်တော့်ဘဝနဲ့ အသက်မွေးဝမ်းကျောင်းကို သတ်မှတ်ခံသွားမှာ မဟုတ်ပါဘူး။ အခုလိုဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ” လို့ Depp က ပြောထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Johnny Depp ရဲ့ အခုလို ထွက်ခွာသွားမှုအပြီးမှာ သူ့ရဲ့ဇာတ်ကောင်နေရာကို ဘယ်သူနဲ့ အစားထိုးပြီး၊ ဘယ်လိုပြောင်းလဲ ရိုက်ကူးသွားမလည်း ဆိုတာတော့ မသိရသေးပါဘူး။

Legos

Source : Screenrant

(Zawgyi Version)

Johnny Depp ဟာ အသစ္ထြက္ရွိလာမယ့္ Fantastic Beasts 3 ဇာတ္ကားကေန တရားဝင္ ထြက္ခြာသြားၿပီ ျဖစ္ပါတယ္။

Depp ဟာ Warner Bros က ထုတ္လုပ္တဲ့ Fantastic Beasts and Where to Find Them franchise ကေန တရားဝင္ ထြက္ခြာသြားတာ ျဖစ္ပါတယ္။ Depp ဟာ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ Fantastic Beasts ဇာတ္ကားရဲ႕ ႐ုံမတင္ခင္ အခ်ိန္တိုအတြင္းမွာမွ ထပ္တိုးသ႐ုပ္ေဆာင္အေနနဲ႔ ပရိသတ္ေတြ စပ႐ိုက္ျဖစ္ေအာင္ သူ ပါဝင္ေၾကာင္း အသိေပးခံခဲ့ရတာ ျဖစ္ပါတယ္။

Photo: johnnyoffical__/ Instagram

Depp ဟာ Fantastic Beasts ထဲမွာ Gellert Grindelwald အျဖစ္နဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ Gellert Grindelwald ကေတာ့ ေအာက္လမ္း ေမွာ္ဆရာတစ္ေယာက္ ျဖစ္ၿပီးေတာ့ Harry Potter ရဲ႕ အဓိကဗီလိန္ Voldemort မတိုင္မွာ ေပၚေပါက္ခဲ့သူ ျဖစ္ပါတယ္။ ဇာတ္လမ္းသေဘာတရားအရ Grindelwald နဲ႔ Albus Dumbledore တို႔ရဲ႕ ရင္ဆိုင္တိုက္ခိုက္မႈကို ျမင္ေတြ႕ရမွာ ျဖစ္ေပမယ့္ Depp ရဲ႕ထြက္ခြာမႈေၾကာင့္ စတူဒီယိုဘက္ကလည္း သ႐ုပ္ေဆာင္အသစ္ ထပ္မံေ႐ြးခ်ယ္သြားမယ္လို႔ အတည္ျပဳထားပါတယ္။

အခုလိုမ်ိဴး ထြက္ခြာသြားတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္ၿပီးေတာ့ Depp ဟာ သူ႔ရဲ႕ Instagram ေပၚမွာ ပို႔စ္တင္ထားပါတယ္။ အဲ့ဒါကေတာ့ Warner Bros ဟာ သူ႔ကို Gellert Grindelwald ဇာတ္ေကာင္ေနရာက ႏႈတ္ထြက္ေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္လို႔ သိရပါတယ္။

Photo via IMDb

Warner Bros ကလည္း ” Johnny Depp ဟာ Fantastic Beasts ဇာတ္လမ္းေတြကေန ထြက္ခြာသြားပါၿပီ။ Johnny သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားေတြထဲမွာ ႀကိဳးစားေပးခဲ့တာေတြအတြက္လည္း ေက်းဇူးတင္ပါတယ္။ Fantastic Beasts 3 ကေတာ့ ႐ိုက္ကူးေနဆဲ ျဖစ္ၿပီးေတာ့ Gellert Grindelwald ဇာတ္ေကာင္ေနရာမွာ ျပန္လည္အစားထိုး ႐ိုက္ကူးသြားပါမယ္။ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ တစ္ကမာၻလုံးက ႐ုပ္ရွင္႐ုံေတြမွာ ျပသသြားပါမယ္ … ” ဆိုၿပီးေတာ့ ေၾကညာထားပါတယ္။

photo via johnnydepp/instagram

Johnny Depp ေျပာထားတာကေတာ့ “မၾကာေသးခင္က ျဖစ္ပ်က္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီးေတာ့ နည္းနည္းေလာက္ ေျပာခ်င္ပါတယ္။ ပထမဆုံးအခ်က္ကေတာ့ ကြၽန္ေတာ့္ကို သစၥာရွိရွိနဲ႔ ေထာက္ပံ့အားေပးခဲ့သူေတြကို ေက်းဇူးတင္ခ်င္ပါတယ္။ သူတို႔ရဲ႕ အားေပးမႈေတြေၾကာင့္ ၿပီးခဲ့တဲ့ရက္ေတြမွာ ကြၽန္ေတာ္ တကယ္ပဲ အားရွိခဲ့ရပါတယ္။ ဒုတိယအခ်က္ကေတာ့ Warner Bros ဟာ Fantastic Beasts ထဲက ကြၽန္ေတာ့္ကို ႏႈတ္ထြက္ဖို႔အတြက္ ေတာင္းဆိုခဲ့တာ ျဖစ္ၿပီး ကြၽန္ေတာ္ကလည္း အဲ့ဒီေတာင္းဆိုခ်က္ကို တေလးတစားနဲ႔ လက္ခံခဲ့ပါတယ္ …. ”

Photo: johnnyoffical__/ Instagram

“ေနာက္ဆုံးေျပာခ်င္တဲ့ အခ်က္ကေတာ့ UK မွာျဖစ္ခဲ့တဲ့ စိတ္ကူးယဥ္ဆန္ဆန္ စီရင္ခ်က္ခ်မွတ္မႈဟာ ကြၽန္ေတာ့္ရဲ႕ အမွန္တရားကို ေျပာျပမယ့္ တိုက္ပြဲကို ေျပာင္းလဲသြားေစမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ အယူခံဝင္သြားဖို႔ကိုလည္း စီစဥ္ထားပါတယ္။ ကြၽန္ေတာ့္ရဲ႕ ရပ္တည္ခ်က္၊ ဆုံးျဖတ္ခ်က္ဟာလည္း ခိုင္မာေနဆဲပါပဲ။ ကြၽန္ေတာ့္ကို စြပ္စြဲထားခ်က္ေတြဟာလည္း မွားယြင္းေၾကာင္း သက္ေသျပသြားမွာ ျဖစ္ပါတယ္။ အခုျဖစ္ပ်က္ေနတဲ့ ဒီကာလေလးတစ္ခုေၾကာင့္နဲ႔ ကြၽန္ေတာ့္ဘဝနဲ႔ အသက္ေမြးဝမ္းေက်ာင္းကို သတ္မွတ္ခံသြားမွာ မဟုတ္ပါဘူး။ အခုလိုဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ … ” လို႔ Depp က ေျပာထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ Johnny Depp ရဲ႕ အခုလို ထြက္ခြာသြားမႈအၿပီးမွာ သူ႔ရဲ႕ဇာတ္ေကာင္ေနရာကို ဘယ္သူနဲ႔ အစားထိုးၿပီး၊ ဘယ္လိုေျပာင္းလဲ ႐ိုက္ကူးသြားမလည္း ဆိုတာေတာ့ မသိရေသးပါဘူး။

Legos

Source : Screenrant

RELATED ARTICLES

Most Popular