HomeEntertainmentFilmJohnny Depp သရုပ်ဆောင်ထားတဲ့ IMDb အမြင့်ဆုံး ရုပ်ရှင် (၇) ကား

Johnny Depp သရုပ်ဆောင်ထားတဲ့ IMDb အမြင့်ဆုံး ရုပ်ရှင် (၇) ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မင်းသားတစ်ယောက် ဖြစ်တဲ့ Johnny Depp ဟာ ၁၉၆၃ ခုနှစ် ဇွန်လ (၉)ရက်နေ့မှာ မွေးဖွားခဲ့ပြီးတော့ အခုချိန်မှာတော့ အသက် (၅၇) နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ၁၉၉၀နှောင်းပိုင်းလောက်ကတည်းက အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး အခုချိန်မှာလည်း လုံးဝကို နာမည်မကျသွားတဲ့အပြင် ပိုပြီးတော့ အောင်မြင်လာခဲ့ပါသေးတယ်။ သူရဲ့ ထူးခြားပြီး ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း ကမ္ဘာအနှံ့အပြားမှာ ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှှာတော့ Johnny Depp သရုပ်ဆောင်ထားတဲ့ IMDb အများဆုံး ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Finding Neverland
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (7.7) ရရှိထားပါတယ်။ ဒီကားထဲမှာတော့ သူဟာ မင်းသမီး Kate Winslet နဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကတော့ Peter Pan အကြောင်းကို ရေးသားခဲ့တဲ့ J.M. Barrie အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Barrie နဲ့ သားလေးယောက် ရှိတဲ့ မုဆိုးမတစ်ယောက်ဖြစ်သူတို့ရဲ့ ဆက်ဆံရေးတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး သူတို့တွေကြောင့်ပဲ Barrie ဟာ ဘယ်တော့မှ အသက်မကြီးလာတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရေးသားဖို့အတွက် အကြံရခဲ့ပါတယ်။

(6) Donnie Brasco
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၇ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.7) ရထားပါတယ်။ ဒီကားထဲမှာတော့ သူဟာ Al Pacino နဲ့အတူ သရုပ်ဆောင်ခဲ့ပြီးတော့ ဇာတ်လမ်းကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ FBI အေးဂျင့်တစ်ယောက် ဖြစ်တဲ့ Joseph D. Pistone အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူဟာ နယူးယော့ခ်မြို့မှာ ရှိတဲ့ ရာဇဝတ်ဂိုဏ်းကို ဖြုတ်ချဖို့အတွက် အသွင်ယူပြီးတော့ စုံစမ်းတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(5) What’s Eating Gilbert Grape
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၃ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.8) ရထားပါတယ်။ ဒီကားထဲမှာတော့ သူဟာ Leonardo Dicaprio နဲ့အတူတူ သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူကတော့ Gilbert ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပြီး သူဟာ ကျပ်သိပ်မပြည့်တဲ့ သူ့ညီကိုလည်း ဂရုစိုက်ရတဲ့အပြင် သူ့ရဲ့အမေကလည်း အဝလွန်နေတာကြောင့် မိသားစုရဲ့တာဝန်ကိုလည်း ထမ်းထားရပါသေးတယ်။ အဲ့ဒီနောက်မှာ သူချစ်ရတဲ့လူတစ်ယောက် ထပ်တိုးလာတဲ့အချိန်မှာတော့…..။

(4) Ed Wood
photo via screenrant

ဒီကားကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.8) ရထားပါတယ်။ ဒီကားထဲမှာတော့ သူဟာ ဒါရိုက်တာ Ed Wood နေရာကနေ ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ သူဟာ ဒီအလုပ်အတွက် ပါရမီမပါပေမယ့်လည်း သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့အတွက် အကောင်းဆုံး ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတာတစ်ခုကတော့ ဒီဇာတ်လမ်းကို အရင်ခေတ်ကလို အဖြူအမည်းပုံစံနဲ့ ကြည့်ရှုရမှာပါ။

(3) Edward Scissorhands
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.9) ရထားပါတယ်။ ဒီကားထဲမှာတော့ သူဟာ မင်းသမီး Winona Ryder နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Johnny Depp ဟာ ဒီဇာတ်ကားနဲ့ စတင်ပြီး နာမည်ကြီးလာခဲ့တာလို့တောင် ပြောလို့ရပါတယ်။ Edward ဟာ တီထွင်ဖန်တီးထားတဲ့ လူတစ်ယောက်ဖြစ်ပြီး အပြည့်အစုံ မပြီးပြတ်သေးတာကြောင့် လက်နေရာမှာ ကတ်ကြေးတွေကို တပ်ထားခဲ့ပါတယ်။ သူဟာ အမြဲတမ်းတစ်ယောက်တည်း နေခဲ့ရပေမယ့်လည်း မိန်းကလေးတစ်ယောက်နဲ့ တွေ့မိပြီးနောက်မှာတော့ သူ့ရဲ့ဘဝကြီးဟာ ပြောင်းလဲသွားခဲ့ပါတယ်။

(2) Pirates of the Caribbean: The Curse of the Black Pearl
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဒီကားထဲမှာတော့ သူဟာ Orlando Bloom နဲ့ Keira Knightley တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ Captain Jacksparrow ဆိုရင် မသိတဲ့လူမရှိသလောက်ကို အောင်မြင်ခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Will Turner လို့ခေါ်တဲ့ ပန်းပဲဆရာတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကို ကာကွယ်ဖို့အတွက် ပင်လယ်ဓားပြတစ်ယောက်ဖြစ်တဲ့ Jack နဲ့အတူ ပူးပေါင်းလိုက်ပါတော့တယ်။

(1) Platoon
photo via screenrant

ဒီကားကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဗီယက်နမ်စစ်ပွဲထဲက စစ်သားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Johnny Depp ဟာ ဒီဇာတ်ကားကို သရုပ်ဆောင်တဲ့အချိန်တုန်းက အသက်ငယ်ငယ်ပဲ ရှိသေးပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် မဟုတ်သေးတာကြောင့် အရံသရုပ်ဆောင် နေရာကနေပဲ ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ တော်တော်များများကတော့ ဒီကားထဲမှာ Johnny Depp ပါဝင်တယ်ဆိုတာကို သိပ်ပြီးတော့ သတိထားမိကြမှာ မဟုတ်ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ မင္းသားတစ္ေယာက္ ျဖစ္တဲ့ Johnny Depp ဟာ ၁၉၆၃ ခုႏွစ္ ဇြန္လ ၉ ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီးေတာ့ အခုခ်ိန္မွာေတာ့ အသက္ (၅၇) ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ သူဟာ ၁၉၉၀ ႏွာင္းပိုင္းေလာက္ကတည္းက ေအာင္ျမင္လာခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး အခုခ်ိန္မွာလည္း လုံးဝကို နာမည္မက်သြားတဲ့အျပင္ ပိုၿပီးေတာ့ ေအာင္ျမင္လာခဲ့ပါေသးတယ္။ သူရဲ႕ ထူးျခားၿပီး ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္လည္း ကမာၻအႏွံ႔အျပားမွာ ပရိသတ္ေတြ အမ်ားႀကီး ပိုင္ဆိုင္ထားပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွွာေတာ့ Johnny Depp သ႐ုပ္ေဆာင္ထားတဲ့ IMDb အမ်ားဆုံး ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Finding Neverland
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၄ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဒီကားထဲမွာေတာ့ သူဟာ မင္းသမီး Kate Winslet နဲ႔အတူတူ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဇာတ္လမ္းကေတာ့ Peter Pan အေၾကာင္းကို ေရးသားခဲ့တဲ့ J.M. Barrie အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ Barrie နဲ႔ သားေလးေယာက္ ရွိတဲ့ မုဆိုးမတစ္ေယာက္ျဖစ္သူတို႔ရဲ႕ ဆက္ဆံေရးေတြကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး သူတို႔ေတြေၾကာင့္ပဲ Barrie ဟာ ဘယ္ေတာ့မွ အသက္မႀကီးလာတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ေရးသားဖို႔အတြက္ အႀကံရခဲ့ပါတယ္။

(6) Donnie Brasco
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၉၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.7) ရထားပါတယ္။ ဒီကားထဲမွာေတာ့ သူဟာ Al Pacino နဲ႔အတူ သ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ ဇာတ္လမ္းကေတာ့ အျပင္မွာတကယ္ရွိခဲ့တဲ့ FBI ေအးဂ်င့္တစ္ေယာက္ ျဖစ္တဲ့ Joseph D. Pistone အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူဟာ နယူးေယာ့ခ္ၿမိဳ႕မွာ ရွိတဲ့ ရာဇဝတ္ဂိုဏ္းကို ျဖဳတ္ခ်ဖို႔အတြက္ အသြင္ယူၿပီးေတာ့ စုံစမ္းတာကို စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(5) What’s Eating Gilbert Grape
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၃ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.8) ရထားပါတယ္။ ဒီကားထဲမွာေတာ့ သူဟာ Leonardo Dicaprio နဲ႔အတူတူ သ႐ုပ္ေဆာင္ထားတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ သူကေတာ့ Gilbert ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး သူဟာ က်ပ္သိပ္မျပည့္တဲ့ သူ႔ညီကိုလည္း ဂ႐ုစိုက္ရတဲ့အျပင္ သူ႔ရဲ႕အေမကလည္း အဝလြန္ေနတာေၾကာင့္ မိသားစုရဲ႕တာဝန္ကိုလည္း ထမ္းထားရပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ သူခ်စ္ရတဲ့လူတစ္ေယာက္ ထပ္တိုးလာတဲ့အခ်ိန္မွာေတာ့…..။

(4) Ed Wood
photo via screenrant

ဒီကားကေတာ့ ၁၉၉၄ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.8) ရထားပါတယ္။ ဒီကားထဲမွာေတာ့ သူဟာ ဒါ႐ိုက္တာ Ed Wood ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ ခဲ့ပါတယ္။ သူဟာ ဒီအလုပ္အတြက္ ပါရမီမပါေပမယ့္လည္း သူ႔ရဲ႕အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာဖို႔အတြက္ အေကာင္းဆုံး ႀကိဳးစားတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ထူးျခားတာတစ္ခုကေတာ့ ဒီဇာတ္လမ္းကို အရင္ေခတ္ကလို အျဖဴအမည္းပုံစံနဲ႔ ၾကည့္ရႈရမွာပါ။

(3) Edward Scissorhands
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၉၀ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.9) ရထားပါတယ္။ ဒီကားထဲမွာေတာ့ သူဟာ မင္းသမီး Winona Ryder နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး Johnny Depp ဟာ ဒီဇာတ္ကားနဲ႔ စတင္ၿပီး နာမည္ႀကီးလာခဲ့တာလို႔ေတာင္ ေျပာလို႔ရပါတယ္။ Edward ဟာ တီထြင္ဖန္တီးထားတဲ့ လူတစ္ေယာက္ျဖစ္ၿပီး အျပည့္အစုံ မၿပီးျပတ္ေသးတာေၾကာင့္ လက္ေနရာမွာ ကတ္ေၾကးေတြကို တပ္ထားခဲ့ပါတယ္။ သူဟာ အၿမဲတမ္းတစ္ေယာက္တည္း ေနခဲ့ရေပမယ့္လည္း မိန္းကေလးတစ္ေယာက္နဲ႔ ေတြ႕မိၿပီးေနာက္မွာေတာ့ သူ႔ရဲ႕ဘဝႀကီးဟာ ေျပာင္းလဲသြားခဲ့ပါတယ္။

(2) Pirates of the Caribbean: The Curse of the Black Pearl
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဒီကားထဲမွာေတာ့ သူဟာ Orlando Bloom နဲ႔ Keira Knightley တို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ Captain Jacksparrow ဆိုရင္ မသိတဲ့လူမရွိသေလာက္ကို ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္လည္း ျဖစ္ပါတယ္။ Will Turner လို႔ေခၚတဲ့ ပန္းပဲဆရာတစ္ေယာက္ဟာ သူ႔ရဲ႕ခ်စ္သူကို ကာကြယ္ဖို႔အတြက္ ပင္လယ္ဓားျပတစ္ေယာက္ျဖစ္တဲ့ Jack နဲ႔အတူ ပူးေပါင္းလိုက္ပါေတာ့တယ္။

(1) Platoon
photo via screenrant

ဒီကားကေတာ့ ၁၉၈၆ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဗီယက္နမ္စစ္ပြဲထဲက စစ္သားတစ္ေယာက္ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Johnny Depp ဟာ ဒီဇာတ္ကားကို သ႐ုပ္ေဆာင္တဲ့အခ်ိန္တုန္းက အသက္ငယ္ငယ္ပဲ ရွိေသးၿပီး ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ မဟုတ္ေသးတာေၾကာင့္ အရံသ႐ုပ္ေဆာင္ ေနရာကေနပဲ ပါဝင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီကားထဲမွာ Johnny Depp ပါဝင္တယ္ဆိုတာကို သိပ္ၿပီးေတာ့ သတိထားမိၾကမွာ မဟုတ္ပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular