HomeEntertainmentFilmThe Boys Season 3 ထဲမှာ Cameo ပါဝင်ဖို့နီးစပ်ခဲ့တဲ့ Jeffrey Dean Morgan

The Boys Season 3 ထဲမှာ Cameo ပါဝင်ဖို့နီးစပ်ခဲ့တဲ့ Jeffrey Dean Morgan

The Boys Season 3 ထဲမှာတော့ Jeffrey Dean Morgan ရဲ့ Cameo ကို မြင်တွေ့ရလုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Jeffrey Dean Morgan ဟာ မအားလပ်တာကြောင့် မပါဝင်နိုင်ခဲ့တာလို့ ယူဆရပါတယ်။ The Boys Season 3 ထဲမှာတော့ Supernatural ထဲက သရုပ်ဆောင် Jensen Ackles လည်း ပါဝင်လာမှာ ဖြစ်သလို The Walking Dead ထဲက Laurie Holden လည်း စတင်ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

The Boys ဇာတ်လမ်းတွဲကတော့ အချိန်ကြာလာတာနဲ့အမျှ အောင်မြင်မှုတွေ ပိုမိုရရှိလာပြီး သရုပ်ဆောင်တွေကိုလည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်ချင်လာအောင် ဆွဲဆောင်နေပါတယ်။ Jeffrey ကလည်း ဒါရိုက်တာ Eric Kripke နဲ့အတူ Supernatural ဇာတ်လမ်းတွဲမှာ အလုပ်အတူတွဲလုပ်ခဲ့ပြီး နောက်မှာတော့ Jeffrey ဟာ Negan အဖြစ်နဲ့ The Walking Dead ထဲမှာ အချိန်အတော်ကြာအောင် ပါဝင်ခဲ့ပါတယ်။

မကြာသေးခင်က EW နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ The Boys Season 3 ထဲမှာ Jeffrey ရဲ့ Cameo ပါဝင်ဖို့ ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် သူကတော့ မအားလပ်တာကြောင့် မပါဝင်ခဲ့ရဘူးလို့ ဒါရိုက်တာ Eric Kripke နဲ့ Jensen Ackles တို့က အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Eric Kripke ဟာ Jeffrey ကို နောက်ပိုင်းအသစ် ထွက်ရှိလာမယ့် Season တွေမှာရော မြင်ရနိုင်မလား ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော့်အတွက် ဝမ်းနည်းဖို့ကောင်းပြီး သူ့အတွက် ပျော်ဖို့ကောင်းတာကတော့ လောလောဆယ်မှာ သူက Walking dead spin off ဇာတ်လမ်းတွဲမှာ lead နေရာက ပါဝင်နေရတာလေ။ အဲဒီတော့ သူက မအားဘူးပေါ့ဗျာ။ ပြီးတော့ ဇာတ်ကောင်အသစ် တိုးလာတဲ့ အချိန်မှာလည်း ကျွန်တော့်ရဲ့ ပထမဆုံးမေးခွန်းက Jeffrey အားလားဆိုတာပါပဲ …

photo via screenrant

လောလောဆယ်မှာတော့ Jeffrey ဟာ The Walking Dead ဇာတ်လမ်းတွဲထဲမှာ အဓိကဇာတ်ကောင် ဖြစ်နေတာကြောင့် သူ့ရဲ့အချိန်ဇယားတွေဟာလည်း အပြည့်ဖြစ်နေတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Jeffrey ကိုယ်တိုင်က The Boys ဇာတ်လမ်းတွဲရဲ့ Big Fan ပါလို့ ပြောခဲ့ဖူးတာကြောင့် အသစ်ထွက်ရှိလာမယ့် နောက်ပိုင်း Season တွေမှာတော့ ပါဝင်လာနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular