HomeEntertainmentFilmပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် Trilogy ရုပ်ရှင်အနေနဲ့ ပြန်လာမယ့် Warrior Nun

ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် Trilogy ရုပ်ရှင်အနေနဲ့ ပြန်လာမယ့် Warrior Nun

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာပဲ Netflix ဟာ Warrior Nun ဇာတ်လမ်းတွဲကို Cancel လုပ်သွားပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေကတော့ #SaveWarriorNun ဆိုတဲ့ စာသားနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဒီဇာတ်လမ်းတွဲကို ဆက်လက်ဖန်တီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ယခုဆိုရင်တော့ ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် Warrior Nun ဇာတ်လမ်းဟာ Trilogy ရုပ်ရှင်အနေနဲ့ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

photo credit Netflix

မကြာသေးခင်ကပဲ Executive Producer ဖြစ်တဲ့ Dean English ကတော့ Warrior Nun ဇာတ်လမ်းကို Trilogy ရုပ်ရှင်အနေနဲ့ ပြန်လာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို အခြေခံပြီး နောက်ထပ်ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေလည်း ဖန်တီးသွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

Warrior Nun Season 2 ရဲ့ အဆုံးသတ်ကတော့ Cliffhanger နဲ့ ပြီးဆုံးသွားတာကြောင့် အသစ်ထွက်လာမယ့် Trilogy မှာ ဒီဇာတ်လမ်းရဲ့အဆက်ကို မြင်တွေ့ရနိုင်ပါတယ်။ ဒီရုပ်ရှင်တွေထဲမှာတော့ Adriel နဲ့ Reya တို့ရဲ့ Dimension အကြောင်းကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။ ဒါ့အပြင် Dean ရဲ့ပြောစကားအရ ဇာတ်ကောင်တွေရဲ့ Spin-Off တွေကိုလည်း ကြည့်ရနိုင်ချေ ရှိပါသေးတယ်။

photo credit Netflix

ဒီဇာတ်လမ်း ဆက်ထွက်လာဦးမယ်ဆိုတာ ပရိသတ်တွေအတွက် သတင်းကောင်း ဖြစ်ပေမယ့် လောလောဆယ်မှာတော့ ဇာတ်ညွှန်းရေးဆရာတွေ၊ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေဟာ ရုပ်ရှင်စတူဒီယိုတွေကို သပိတ်မှောက်နေတာကြောင့် ဖန်တီးလက်စ ပရောဂျက်တွေတောင် ရပ်နားထားရပါတယ်။ ဒါကြောင့်ပဲ Warrior Nun Trilogy ကတော့ ဘယ်အချိန်မှာ ထွက်ရှိလာမလည်းဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular