HomeEntertainmentFilmJemma Simmons အဖြစ် MCU ထဲကို ပြန်လာချင်သေးတယ်ဆိုတဲ့ Elizabeth Henstridge

Jemma Simmons အဖြစ် MCU ထဲကို ပြန်လာချင်သေးတယ်ဆိုတဲ့ Elizabeth Henstridge

Marvel စတူဒီယိုကသာ Agents of S.H.I.E.L.D ဇာတ်လမ်းတွဲကို MCU ထဲ ထည့်သွင်းသွားမယ်ဆိုရင် Jemma Simmons ဇာတ်ကောင်အဖြစ် ပြန်လာချင်ပါသေးတယ်လို့ သရုပ်ဆောင် Elizabeth Henstridge က ပြောထားပါတယ်။

Agents of S.H.I.E.L.D ဇာတ်လမ်းတွဲကတော့ ABC ရုပ်သံလိုင်းကနေ ၂၀၁၃ ခုနှစ်ကတည်းက ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။ အခုချိန်မှာတော့ Marvel စတူဒီယိုဟာ Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲကို Canon ပြုလုပ်ပြီး MCU ထဲ ထည့်သွင်းလိုက်တာကြောင့် Agents of S.H.I.E.L.D ဇာတ်လမ်းတွဲကိုလည်း Canon အဖြစ် သတ်မှတ်သွားနိုင်ပါသေးတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေကလည်း Canon အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေများစွာ ပြုလုပ်ခဲ့ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ  #SaveAgentsOfSHIELD ဆိုတဲ့ hashtag ကလည်း Trending ဝင်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းထဲက Quake တို့လို ဇာတ်ကောင်တွေကလည်း စိတ်ဝင်စားစရာတွေပဲ ဖြစ်ပြီး အကယ်၍ ဒီဇာတ်လမ်းတွဲကိုသာ Canon အဖြစ် သတ်မှတ်ခဲ့ရင် အဲ့ဒီနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Chloe Bennett ကလည်း MCU ထဲမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

Elizabeth Henstridge ကတော့ Apple TV+ ဇာတ်လမ်းတွဲဖြစ်တဲ့ Suspicion နဲ့ ပတ်သက်ပြီး ComicBook.com နဲ့ အင်တာဗျူး ပြုလုပ်နေရင်း MCU ထဲမှာ ပြန်လည် ပါဝင်လာနိုင်သေးတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ဒီဇာတ်လမ်းတွဲ အဆုံးသတ်သွားတဲ့ပုံစံကို ကျွန်မ စိတ်ကျေနပ်ပါတယ်။ Season 5 ပြီးသွားတော့ အဲ့ဒီမှာ ဇာတ်သိမ်းသွားပြီ ထင်ခဲ့တာလေ။ ဒါပေမယ့်လည်း နောက်ထပ် Season နှစ်ခု ထပ်ရခဲ့လို့ တကယ်ပျော်ခဲ့ရပါတယ်။ ပြီးတော့ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်ရတာနဲ့ ဒီမိသားစုကို ကျွန်မ ချစ်တယ်လေ။ Simmons အဖြစ် သရုပ်ဆောင်ရတာကိုလည်း ချစ်တာပေါ့။ အဲ့တော့ ဒီဇာတ်ကောင်နေရာမှာ ပြန်ပါဝင်ဖို့ဆို အမြဲတမ်း အဆင်သင့် ဖြစ်နေမှာပါ … “

photo via screenrant

လောလောဆယ်မှာတော့ Marvel စတူဒီယိုဟာ Agents of S.H.I.E.L.D ဇာတ်လမ်းတွဲကို Canon အဖြစ် ကြေညာဖို့ အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြထားသလို Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲကိုတောင် Canon ပြုလုပ်ခဲ့ပြီး Sony ရဲ့ Spider-Man Trilogy နဲ့ The Amazing Spider-Man နှစ်ကားတို့ကိုတောင် MCU ထဲမှာ ထည့်သွင်းခဲ့တာကြောင့် အနာဂတ်မှာတော့ Agents of S.H.I.E.L.D ဇာတ်လမ်းတွဲဟာလည်း Canon ဖြစ်လာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular