HomeEntertainmentFilmRyan Gosling ရဲ့ဇာတ်ကားတွေထဲက ကြည့်ထားသင့်တဲ့ ရုပ်ရှင်(၈)ကား

Ryan Gosling ရဲ့ဇာတ်ကားတွေထဲက ကြည့်ထားသင့်တဲ့ ရုပ်ရှင်(၈)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ryan Gosling ဟာ ကာရိုက်တာပေါင်းစုံကို သရုပ်ဆောင်ထားပြီး ဒီနေ့ခေတ်ရဲ့ ချစ်ခင်တန်ဖိုးထားရမယ့် သရုပ်ဆောင်တွေထဲက တစ်ယောက်ဆိုတာကို သက်သေပြထားပြီး ဖြစ်ပါတယ်။ ဒီတော့ Ryan Gosling ရဲ့ ရုပ်ရှင်ကားတွေထဲက မကြည့်မဖြစ် ကြည့်ထားသင့်တဲ့ ဇာတ်ကား(၈)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(8) The Believer
Photo via screenrant

Dan Burros ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းအပေါ် တစ်ဝက်တစ်ပျက် အခြေခံ ရိုက်ကူးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ Gosling ဟာ ဒီဇာတ်ကားထဲမှာတော့ နီယိုနာဇီအဖွဲ့ဝင်တစ်ယောက် ဖြစ်သွားတဲ့ ဂျူးလူမျိုး အမေရိကန်နိုင်ငံသားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

၂၀၀၁ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်လို့ Gosling ရဲ့ အစောပိုင်းဇာတ်ကားတွေထဲမှာ ပါဝင်ပြီး ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ concept ဟာ အနည်းငယ် အငြင်းပွားရဖွယ်ရှိပေမယ့် ဒါရိုက်တာ Henry Bean က လှလှပပ၊ သေသေသပ်သပ်နဲ့ ကိုင်တွယ်ပြီး ရိုက်ကူးပြသထားနိုင်ပါတယ်။ IMDb rating ကတော့ (7.2) ရရှိထားပါတယ်။

(7) Half Nelson
photo via screenrant

ဒီကားကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.2) ရရှိထားတဲ့ ဒရာမာဇာတ်ကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Ryan Gosling ဟာ ဆေးစွဲနေတဲ့ သမိုင်းဆရာ နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒီလိုနဲ့ သမိုင်းဆရာဟာ (၁၃)နှစ်အရွယ် ကျောင်းသားတစ်ယောက်နဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ အဲ့ဒီကျောင်းသားရဲ့ အစ်ကိုကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ထောင်ကျနေပါတယ်။ ဒီလို အသက်အရွယ်လည်းမတူ ၊ အကျင့်စရိုက်လည်း မတူတဲ့ နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်သွားပြီးတော့ အချင်းချင်းကူညီကြပါတော့တယ်။ တစ်ယောက်ရဲ့ ပြဿနာကို နောက်တစ်ယောက်က ကူညီပြီး ဖြေရှင်းပေးပုံတို့ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဘတ်ဂျက် ဒေါ်လာ(၇)သိန်းတည်းနဲ့ ရိုက်ကူးထားတဲ့ အင်ဒီးရုပ်ရှင်ဖြစ်ပြီး box-office ဝင်ငွေကတော့ ဒေါ်လာ(၄.၉)သန်းနီးပါး ရရှိခဲ့ပါတယ်။ Gosling ကလည်း ဒီဇာတ်ကားနဲ့ အော်စကာ စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။

(6) First Man
photo via screenrant

ဒီကားကတော့ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။ ရုပ်ရုပ်အမျိုးအစားကတော့ မှတ်တမ်းတင်၊ ဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လပေါ်ကို ပထမဦးဆုံး ခြေချနိုင်ခဲ့တဲ့ Neil Armstrong အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ Gosling ဟာ La La Land ရဲ့ဒါရိုက်တာ Damien Chazelle နဲ့ ပြန်လည်တွေ့ဆုံ ပူးပေါင်းပြီး အလုပ်လုပ်ထားပါတယ်။ လပေါ်ကို ရောက်တဲ့အခန်းတွေမှာ ရင်သပ်ရှုမောဖြစ်အောင် ရိုက်ကူးထားနိုင်တာကြောင့် Best Visual Effects နဲ့ အော်စကာဆု ရရှိထားပါတယ်။

(5) Blue Valentine
photo via screenrant

ဒီကားကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.4) ရရှိထားတဲ့ ရိုမန့်စ်ဒရာမာ အမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အိမ်ထောင်တစ်ခုရဲ့ ငြီးငွေ့ဖွယ်ရာကောင်းမှု၊ တစ်ဘက်နဲ့တစ်ဘက် တင်းမာမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ချစ်သူနှစ်ဦးရဲ့ တွဲကာစ ကြည်နူးဖို့ကောင်းတဲ့အချိန်နဲ့ ပြိုပျက်တော့မယ့် အိမ်ထောင်ရေးတစ်ခုရဲ့ အခြေအနေတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ထူးခြားတာတစ်ခုကတော့ ဇာတ်ကားရဲ့ဒါရိုက်တာ Derek Cianfrance ဟာ ဒီရုပ်ရှင်ရိုက်ကူးဖို့အတွက် ငွေကြေးနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတာပါပဲ။ သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Ryan Gosling နဲ့ Michelle Williams တို့နှစ်ယောက်ဟာလည်း ရုပ်ရှင်အတွက် စာချုပ်ချုပ်ပြီး တကယ်ရိုက်ကူးဖြစ်တဲ့အထိ ဆယ်နှစ်လောက်ကြာအောင် စောင့်ဆိုင်းခဲ့ရပါတယ်။ ဒါရိုက်တာဟာ နောက်ဆုံးမှာ ဇာတ်ကားရိုက်ဖြစ်သွားအောင် သူ့အတွက် ရိုက်ကူးခကို လုံးဝမယူထားဘဲ ရိုက်ကူးခဲ့ရတာပါ။ ဘတ်ဂျက် ဒေါ်လာတစ်သန်းတည်းနဲ့ ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ (၁၆.၆)သန်းကျော်  ဝင်ငွေရရှိခဲ့လို့ ရုန်းကန်ခဲ့ရကျိုး နပ်တယ်လို့ ပြောရမှာပါ။

(4) The Nice Guys
photo via screenrant

ဒီကားကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ပျောက်ဆုံးနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆန်းကြယ်စွာ သေဆုံးသွားတဲ့ အပြာမင်းသမီးတစ်ယောက်ရဲ့အမှုကို အလွတ်စုံထောက်နှစ်ယောက်က လိုက်လံစုံစမ်းတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

Ryan Gosling နဲ့ Russell Crowe တို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Shane Black ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ box-office မှာ ထင်သလောက် မဖြစ်ထွန်းခဲ့တာဟာ နှမျောစရာကောင်းလှပါတယ်။ ၁၉၇၀ပြည့်နှစ်ဝန်းကျင်မှာ အခြေတည်ထားပြီး အိပ်မက်ဆန်ဆန် စွန့်စားခန်း ခရီးရှည်တွေ၊ အိပ်မက်ကွင်းဆက်လိုပုံစံတွေနဲ့ ပုံဖော်ထားတဲ့ ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ် နွေရာသီရဲ့ ဟစ်ဇာတ်ကားတွေဖြစ်ခဲ့တဲ့ Captain America: Civil War နဲ့ Me Before You တို့ကြောင့် ကြားညပ်ခဲ့ရပါတယ်။

(3) The Big Short
photo via screenrant

ဒီကားကတော့ ၂၀၁၅ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.8) ရရှိထားတဲ့ ဟာသဒရာမာ အမျိုးအစား ဖြစ်ပါတယ်။ Gosling ဟာ ဒီကားထဲမှာ Christian Bale ၊ Brad Pitt တို့နဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၂၀၀၀ပြည့်နှစ်အလွန်မှာ အခြေတည်ထားပါတယ်။ ငွေကြေးကျွမ်းကျင်ပညာရှင်တစ်စုက အမေရိကန်ရဲ့ မတည်ငြိမ်တဲ့ အိမ်ရာဈေးကွက်အကြောင်းကို လေ့လာ တွေ့ရှိသွားကြပြီး စနစ်ထဲမှာ လည်ပတ်နေတဲ့ ခြစားမှုတွေကိုပါ တွေ့ရှိလာကြပါတော့တယ်။

ဇာတ်ညွှန်းဆုနဲ့ အော်စကာရရှိထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် အမေရိကန်ရဲ့ စီးပွားရေးအကြောင်းတွေ၊ အိမ်ရာစျေးကွက်အကြောင်းတွေကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမယ့်ဇာတ်ကား ဖြစ်ပါတယ်။

(2) Drive
photo via screenrant

ဒီကားကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.8) ရရှိထားတဲ့ မှုခင်းဒရာမာ အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စတန့်သမားတစ်ယောက်လည်းဖြစ်၊ ဒရိုင်ဘာတစ်ယောက်လည်းဖြစ်တဲ့ လူတစ်ယောက်ဟာ ရာဇဝတ်သမားတစ်ယောက်ရဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်မိသွားပါတယ်။ သူချစ်မိနေတဲ့ မိန်းကလေးကို အကြမ်းဖက်တဲ့ ခင်ပွန်းသည်နဲ့ ဂိုဏ်းစတားတွေရဲ့ ရန်ကနေ ကာကွယ်ပေးဖို့အတွက် ဥပဒေရဲ့ တစ်ဘက်ခြမ်းကို ကူးပြောင်းဖို့ ဆုံးဖြတ်ရပါတော့တယ်။

Gosling ဟာ ဒီဇာတ်ကားထဲမှာ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုနဲ့ အစွမ်းတွေ ပြထားပါတယ်။ ရုပ်ရှင်အကဲဖြတ် အဖွဲ့အစည်းများစွာကလည်း ဒီဇာတ်ကားကို ၂၀၁၁ခုနှစ်ရဲ့ အကောင်းဆုံးဇာတ်ကားအဖြစ် သတ်မှတ်ပေးထားကြပါတယ်။ အသံဆုနဲ့ အော်စကာရရှိထားပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးထားပါတယ်။

(1) La La Land
photo via imdb

ဒီကားကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားတဲ့ ရိုမန့် အမျိုးအစား ဖြစ်ပါတယ်။ ဒါရိုက်တာဆု၊ မင်းသမီးဆု အပါအဝင် အော်စကာ(၆)ဆု ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ တော်တော်များများလည်း ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းကတော့ ရည်မှန်းချက်ကြီးမားတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်နဲ့ ဂီတမှာ နှစ်မြုပ်ထားတဲ့ Jazz ဂီတသမားတစ်ယောက်တို့ဟာ အိပ်မက်တွေ၊ နှလုံးသားတွေ ကွဲကြေလေ့ရှိတယ်လို့ နာမည်ကြီးတဲ့ မြို့တစ်မြို့မှာ ရပ်တည်နိုင်အောင် ကြိုးစားရတဲ့အကြောင်း အနုပညာရသမြောက်စွာ ရိုက်ကူးထားပါတယ်။

Gosling နဲ့ Emma Stone တို့ဟာ ဒီဇာတ်ကားထဲမှာ အတွဲညီညီနဲ့ ဆွဲဆောင်မှုရှိစွာ သရုပ်ဆောင်ထားကြပါတယ်။ ဘတ်ဂျက် ဒေါ်လာသန်း(၃၀)နဲ့ ရိုက်ကူးခဲ့ပြီး box-office ဝင်ငွေ (၄၄၆.၁)သန်းကျော် ရရှိထားတဲ့ ဟစ်ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Ryan Gosling ဟာ ကာ႐ိုက္တာေပါင္းစုံကို သ႐ုပ္ေဆာင္ထားၿပီး ဒီေန႔ေခတ္ရဲ႕ ခ်စ္ခင္တန္ဖိုးထားရမယ့္ သ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္ဆိုတာကို သက္ေသျပထားၿပီး ျဖစ္ပါတယ္။ ဒီေတာ့ Ryan Gosling ရဲ႕ ႐ုပ္ရွင္ကားေတြထဲက မၾကည့္မျဖစ္ ၾကည့္ထားသင့္တဲ့ ဇာတ္ကား(၈)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(8) The Believer
Photo via screenrant

Dan Burros ရဲ႕ ျဖစ္ရပ္မွန္ဘဝဇာတ္ေၾကာင္းအေပၚ တစ္ဝက္တစ္ပ်က္ အေျခခံ ႐ိုက္ကူးထားတဲ့ဇာတ္ကား ျဖစ္ပါတယ္။ Gosling ဟာ ဒီဇာတ္ကားထဲမွာေတာ့ နီယိုနာဇီအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္သြားတဲ့ ဂ်ဴးလူမ်ိဳး အေမရိကန္ႏိုင္ငံသားတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ၂၀၀၁ခုႏွစ္က ထြက္ရွိထားတဲ့ ဇာတ္ကားျဖစ္လို႔ Gosling ရဲ႕ အေစာပိုင္းဇာတ္ကားေတြထဲမွာ ပါဝင္ၿပီး ၾကည့္သင့္တဲ့ ဇာတ္ကားတစ္ခုလို႔ ေျပာရမွာပါ။ ႐ုပ္ရွင္ရဲ႕ concept ဟာ အနည္းငယ္ အျငင္းပြားရဖြယ္ရွိေပမယ့္ ဒါ႐ိုက္တာ Henry Bean က လွလွပပ၊ ေသေသသပ္သပ္နဲ႔ ကိုင္တြယ္ၿပီး ႐ိုက္ကူးျပသထားႏိုင္ပါတယ္။ IMDb rating ကေတာ့ (7.2) ရရွိထားပါတယ္။

(7) Half Nelson
photo via screenrant

ဒီကားကေတာ့ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.2) ရရွိထားတဲ့ ဒရာမာဇာတ္ကား ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ Ryan Gosling ဟာ ေဆးစြဲေနတဲ့ သမိုင္းဆရာ ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ ဒီလိုနဲ႔ သမိုင္းဆရာဟာ (၁၃)ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ေယာက္နဲ႔ သူငယ္ခ်င္းေတြ ျဖစ္သြားၾကပါတယ္။ အဲ့ဒီေက်ာင္းသားရဲ႕ အစ္ကိုကေတာ့ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈနဲ႔ ေထာင္က်ေနပါတယ္။ ဒီလို အသက္အ႐ြယ္လည္းမတူ ၊ အက်င့္စ႐ိုက္လည္း မတူတဲ့ ႏွစ္ေယာက္ဟာ သူငယ္ခ်င္းေတြ ျဖစ္သြားၿပီးေတာ့ အခ်င္းခ်င္းကူညီၾကပါေတာ့တယ္။ တစ္ေယာက္ရဲ႕ ျပႆနာကို ေနာက္တစ္ေယာက္က ကူညီၿပီး ေျဖရွင္းေပးပုံတို႔ကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ဒီဇာတ္ကားဟာ ဘတ္ဂ်က္ ေဒၚလာ(၇)သိန္းတည္းနဲ႔ ႐ိုက္ကူးထားတဲ့ အင္ဒီး႐ုပ္ရွင္ျဖစ္ၿပီး box-office ဝင္ေငြကေတာ့ ေဒၚလာ(၄.၉)သန္းနီးပါး ရရွိခဲ့ပါတယ္။ Gosling ကလည္း ဒီဇာတ္ကားနဲ႔ ေအာ္စကာ စံကာတင္စာရင္း ဝင္ခဲ့ပါေသးတယ္။

(6) First Man
photo via screenrant

ဒီကားကေတာ့ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (7.3) ရရွိထားပါတယ္။ ႐ုပ္႐ုပ္အမ်ိဳးအစားကေတာ့ မွတ္တမ္းတင္၊ ဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ လေပၚကို ပထမဦးဆုံး ေျခခ်ႏိုင္ခဲ့တဲ့ Neil Armstrong အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားမွာ Gosling ဟာ La La Land ရဲ႕ဒါ႐ိုက္တာ Damien Chazelle နဲ႔ ျပန္လည္ေတြ႕ဆုံ ပူးေပါင္းၿပီး အလုပ္လုပ္ထားပါတယ္။ လေပၚကို ေရာက္တဲ့အခန္းေတြမွာ ရင္သပ္ရႈေမာျဖစ္ေအာင္ ႐ိုက္ကူးထားႏိုင္တာေၾကာင့္ Best Visual Effects နဲ႔ ေအာ္စကာဆု ရရွိထားပါတယ္။

(5) Blue Valentine
photo via screenrant

ဒီကားကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားတာျဖစ္ၿပီး IMDb (7.4) ရရွိထားတဲ့ ႐ိုမန႔္စ္ဒရာမာ အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ အိမ္ေထာင္တစ္ခုရဲ႕ ၿငီးေငြ႕ဖြယ္ရာေကာင္းမႈ၊ တစ္ဘက္နဲ႔တစ္ဘက္ တင္းမာမႈေတြကို ခံစားရမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ခ်စ္သူႏွစ္ဦးရဲ႕ တြဲကာစ ၾကည္ႏူးဖို႔ေကာင္းတဲ့အခ်ိန္နဲ႔ ၿပိဳပ်က္ေတာ့မယ့္ အိမ္ေထာင္ေရးတစ္ခုရဲ႕ အေျခအေနေတြကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားနဲ႔ ပတ္သက္ၿပီး ထူးျခားတာတစ္ခုကေတာ့ ဇာတ္ကားရဲ႕ဒါ႐ိုက္တာ Derek Cianfrance ဟာ ဒီ႐ုပ္ရွင္႐ိုက္ကူးဖို႔အတြက္ ေငြေၾကးနဲ႔ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာ ႐ုန္းကန္ခဲ့ရတာပါပဲ။ သ႐ုပ္ေဆာင္ႏွစ္ေယာက္ျဖစ္တဲ့ Ryan Gosling နဲ႔ Michelle Williams တို႔ႏွစ္ေယာက္ဟာလည္း ႐ုပ္ရွင္အတြက္ စာခ်ဳပ္ခ်ဳပ္ၿပီး တကယ္႐ိုက္ကူးျဖစ္တဲ့အထိ ဆယ္ႏွစ္ေလာက္ၾကာေအာင္ ေစာင့္ဆိုင္းခဲ့ရပါတယ္။ ဒါ႐ိုက္တာဟာ ေနာက္ဆုံးမွာ ဇာတ္ကား႐ိုက္ျဖစ္သြားေအာင္ သူ႔အတြက္ ႐ိုက္ကူးခကို လုံးဝမယူထားဘဲ ႐ိုက္ကူးခဲ့ရတာပါ။ ဘတ္ဂ်က္ ေဒၚလာတစ္သန္းတည္းနဲ႔ ႐ိုက္ကူးခဲ့တဲ့ ဒီဇာတ္ကားဟာ (၁၆.၆)သန္းေက်ာ္  ဝင္ေငြရရွိခဲ့လို႔ ႐ုန္းကန္ခဲ့ရက်ိဳး နပ္တယ္လို႔ ေျပာရမွာပါ။

(4) The Nice Guys
photo via screenrant

ဒီကားကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိထားတာျဖစ္ၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေပ်ာက္ဆုံးေနတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ ဆန္းၾကယ္စြာ ေသဆုံးသြားတဲ့ အျပာမင္းသမီးတစ္ေယာက္ရဲ႕အမႈကို အလြတ္စုံေထာက္ႏွစ္ေယာက္က လိုက္လံစုံစမ္းတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

Ryan Gosling နဲ႔ Russell Crowe တို႔ သ႐ုပ္ေဆာင္ထားၿပီး ဒါ႐ိုက္တာ Shane Black ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားဟာ box-office မွာ ထင္သေလာက္ မျဖစ္ထြန္းခဲ့တာဟာ ႏွေမ်ာစရာေကာင္းလွပါတယ္။ ၁၉၇၀ျပည့္ႏွစ္ဝန္းက်င္မွာ အေျခတည္ထားၿပီး အိပ္မက္ဆန္ဆန္ စြန႔္စားခန္း ခရီးရွည္ေတြ၊ အိပ္မက္ကြင္းဆက္လိုပုံစံေတြနဲ႔ ပုံေဖာ္ထားတဲ့ ဒီဇာတ္ကားဟာ ၂၀၁၆ခုႏွစ္ ေႏြရာသီရဲ႕ ဟစ္ဇာတ္ကားေတြျဖစ္ခဲ့တဲ့ Captain America: Civil War နဲ႔ Me Before You တို႔ေၾကာင့္ ၾကားညပ္ခဲ့ရပါတယ္။

(3) The Big Short
photo via screenrant

ဒီကားကေတာ့ ၂၀၁၅ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.8) ရရွိထားတဲ့ ဟာသဒရာမာ အမ်ိဳးအစား ျဖစ္ပါတယ္။ Gosling ဟာ ဒီကားထဲမွာ Christian Bale ၊ Brad Pitt တို႔နဲ႔အတူ တြဲဖက္ၿပီး သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ ၂၀၀၀ျပည့္ႏွစ္အလြန္မွာ အေျခတည္ထားပါတယ္။ ေငြေၾကးကြၽမ္းက်င္ပညာရွင္တစ္စုက အေမရိကန္ရဲ႕ မတည္ၿငိမ္တဲ့ အိမ္ရာေဈးကြက္အေၾကာင္းကို ေလ့လာ ေတြ႕ရွိသြားၾကၿပီး စနစ္ထဲမွာ လည္ပတ္ေနတဲ့ ျခစားမႈေတြကိုပါ ေတြ႕ရွိလာၾကပါေတာ့တယ္။

ဇာတ္ၫႊန္းဆုနဲ႔ ေအာ္စကာရရွိထားတဲ့ ဇာတ္ကားျဖစ္တာေၾကာင့္ အေမရိကန္ရဲ႕ စီးပြားေရးအေၾကာင္းေတြ၊ အိမ္ရာေစ်းကြက္အေၾကာင္းေတြကို စိတ္ဝင္စားဖြယ္ရာ ၾကည့္ရႈရမယ့္ဇာတ္ကား ျဖစ္ပါတယ္။

(2) Drive
photo via screenrant

ဒီကားကေတာ့ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.8) ရရွိထားတဲ့ မႈခင္းဒရာမာ အမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ စတန႔္သမားတစ္ေယာက္လည္းျဖစ္၊ ဒ႐ိုင္ဘာတစ္ေယာက္လည္းျဖစ္တဲ့ လူတစ္ေယာက္ဟာ ရာဇဝတ္သမားတစ္ေယာက္ရဲ႕ အမ်ိဳးသမီးနဲ႔ ခ်စ္ႀကိဳက္မိသြားပါတယ္။ သူခ်စ္မိေနတဲ့ မိန္းကေလးကို အၾကမ္းဖက္တဲ့ ခင္ပြန္းသည္နဲ႔ ဂိုဏ္းစတားေတြရဲ႕ ရန္ကေန ကာကြယ္ေပးဖို႔အတြက္ ဥပေဒရဲ႕ တစ္ဘက္ျခမ္းကို ကူးေျပာင္းဖို႔ ဆုံးျဖတ္ရပါေတာ့တယ္။

Gosling ဟာ ဒီဇာတ္ကားထဲမွာ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈနဲ႔ အစြမ္းေတြ ျပထားပါတယ္။ ႐ုပ္ရွင္အကဲျဖတ္ အဖြဲ႕အစည္းမ်ားစြာကလည္း ဒီဇာတ္ကားကို ၂၀၁၁ခုႏွစ္ရဲ႕ အေကာင္းဆုံးဇာတ္ကားအျဖစ္ သတ္မွတ္ေပးထားၾကပါတယ္။ အသံဆုနဲ႔ ေအာ္စကာရရွိထားၿပီး ကိန္းစ္႐ုပ္ရွင္ပြဲေတာ္မွာေတာ့ အေကာင္းဆုံးဒါ႐ိုက္တာဆုကို ဆြတ္ခူးထားပါတယ္။

(1) La La Land
photo via imdb

ဒီကားကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.0) ရရွိထားတဲ့ ႐ိုမန႔္ အမ်ိဳးအစား ျဖစ္ပါတယ္။ ဒါ႐ိုက္တာဆု၊ မင္းသမီးဆု အပါအဝင္ ေအာ္စကာ(၆)ဆု ရရွိထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားလည္း ၾကည့္ဖူးၾကမယ္လို႔ ထင္ပါတယ္။ ဇာတ္လမ္းကေတာ့ ရည္မွန္းခ်က္ႀကီးမားတဲ့ သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္နဲ႔ ဂီတမွာ ႏွစ္ျမဳပ္ထားတဲ့ Jazz ဂီတသမားတစ္ေယာက္တို႔ဟာ အိပ္မက္ေတြ၊ ႏွလုံးသားေတြ ကြဲေၾကေလ့ရွိတယ္လို႔ နာမည္ႀကီးတဲ့ ၿမိဳ႕တစ္ၿမိဳ႕မွာ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားရတဲ့အေၾကာင္း အႏုပညာရသေျမာက္စြာ ႐ိုက္ကူးထားပါတယ္။

Gosling နဲ႔ Emma Stone တို႔ဟာ ဒီဇာတ္ကားထဲမွာ အတြဲညီညီနဲ႔ ဆြဲေဆာင္မႈရွိစြာ သ႐ုပ္ေဆာင္ထားၾကပါတယ္။ ဘတ္ဂ်က္ ေဒၚလာသန္း(၃၀)နဲ႔ ႐ိုက္ကူးခဲ့ၿပီး box-office ဝင္ေငြ (၄၄၆.၁)သန္းေက်ာ္ ရရွိထားတဲ့ ဟစ္႐ုပ္ရွင္တစ္ကားလည္း ျဖစ္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular