HomeCelebs Update NewsInternationalInstagram စသုံးတဲ့ရက္မွာပဲ ဂင္းနစ္စံခ်ိန္တင္သြားတဲ့ မင္းသမီး Jennifer Aniston

Instagram စသုံးတဲ့ရက္မွာပဲ ဂင္းနစ္စံခ်ိန္တင္သြားတဲ့ မင္းသမီး Jennifer Aniston

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီး Jennifer Aniston ဟာ မြန်မာပရိသတ်တွေကြားမှာတော့ Friends ရုပ်သံဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ကြားသလို မင်းသား Brad Pitt ရဲ့ ဇနီးဟောင်းဆိုပြီးတော့လည်း လူသိများကြပါတယ်။ Jennifer ဟာ ဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွေကို မသုံးစွဲဘဲ နှစ်ပေါင်းများစွာ နေလာခဲ့ရာကနေ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ Instagram ကို စိတ်ကူးပေါက်ပြီး စတင်သုံးစွဲခဲ့ပါတယ်။ Jennifer ရဲ့ ပရိသတ်အခိုင်အမာ ရရှိထားမှုကိုတော့ အကောင့်ဖွင့်ပြီး  (၅)နာရီနဲ့ (၁၆)မိနစ်အတွင်း follower တစ်သန်း ရရှိသွားတာက သက်သေပါပဲ။

Photo: jenniferaniston/ Instagram

သူမဟာ အကောင့်စဖွင့်အပြီးမှာ Friends ရုပ်သံဇာတ်လမ်းတွဲထဲက တွဲဖက်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ဆယ်လ်ဖီပုံတစ်ပုံကို တင်ပြီး “Hello Instagram” ဆိုတဲ့ caption နဲ့ နှုတ်ဆက်ခဲ့ရာမှာ အခုလို follower တွေ ရုတ်ချည်းရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ follower တစ်သန်းကို အမြန်ဆုံးသော အချိန်အတိုင်းအတာနဲ့ ရရှိသွားတဲ့စံချိန်တင်သွားပြီး ကမ္ဘာ့ဂင်းနစ်စံချိန်လည်း တင်သွားခဲ့ပါတယ်။

Photo: wikipedia

အဲ့ဒီ့နောက်ပိုင်းရက်မှာတော့ Jimmy Kimmel’s show ကို လာရောက်ခဲ့ပြီး အင်တာဗျူးလုပ်ခဲ့ရာမှာ ဘာစိတ်ကူးနဲ့ ဆိုရှယ်မီဒီယာသုံးမိသွားမှန်း မသိဘူးလို့ ဆိုပါတယ်။ Jennifer ဟာ နောက်ထပ် ဓာတ်ပုံလေးနှစ်ပုံကိုလည်း ဆက်လက်ဝေမျှထားပြီး လက်ရှိမှာတော့ သူမရဲ့ IG ဟာ follower (၁၄.၆)သန်းရှိနေပါပြီ။ ဒါဟာ အကောင့်စဖွင့်ပြီး လေးရက်အတွင်း ရရှိထားတဲ့ Follower အရေအတွက်လည်း ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးမြင့်လာဖို့လည်း ရှိနေပါတယ်ဆိုတာ တင်ပြရင်း …။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

မင္းသမီး Jennifer Aniston ဟာ ျမန္မာပရိသတ္ေတြၾကားမွာေတာ့ Friends ရုပ္သံဇာတ္လမ္းတြဲနဲ႔ နာမည္ေက်ာ္ၾကားသလို မင္းသား Brad Pitt ရဲ႕ ဇနီးေဟာင္းဆိုၿပီးေတာ့လည္း လူသိမ်ားၾကပါတယ္။ Jennifer ဟာ ဆိုရွယ္မီဒီယာ လူမႈကြန္ယက္ေတြကို မသုံးစြဲဘဲ ႏွစ္ေပါင္းမ်ားစြာ ေနလာခဲ့ရာကေန လြန္ခဲ့တဲ့ ရက္အနည္းငယ္ကမွ Instagram ကို စိတ္ကူးေပါက္ၿပီး စတင္သုံးစြဲခဲ့ပါတယ္။ Jennifer ရဲ႕ ပရိသတ္အခိုင္အမာ ရရိွထားမႈကိုေတာ့ အေကာင့္ဖြင့္ၿပီး  (၅)နာရီနဲ႔ (၁၆)မိနစ္အတြင္း follower တစ္သန္း ရရိွသြားတာက သက္ေသပါပဲ။

Photo: jenniferaniston/ Instagram

သူမဟာ အေကာင့္စဖြင့္အၿပီးမွာ Friends ရုပ္သံဇာတ္လမ္းတြဲထဲက တြဲဖက္သရုပ္ေဆာင္ေတြနဲ႔အတူ ရိုက္ကူးထားတဲ့ ဆယ္လ္ဖီပုံတစ္ပုံကို တင္ၿပီး “Hello Instagram” ဆိုတဲ့ caption နဲ႔ ႏႈတ္ဆက္ခဲ့ရာမွာ အခုလို follower ေတြ ရုတ္ခ်ည္းရရိွခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ follower တစ္သန္းကို အျမန္ဆုံးေသာ အခ်ိန္အတိုင္းအတာနဲ႔ ရရိွသြားတဲ့စံခ်ိန္တင္သြားၿပီး ကမာၻ႕ဂင္းနစ္စံခ်ိန္လည္း တင္သြားခဲ့ပါတယ္။

Photo: wikipedia

အဲ့ဒီ့ေနာက္ပိုင္းရက္မွာေတာ့ Jimmy Kimmel’s show ကို လာေရာက္ခဲ့ၿပီး အင္တာဗ်ဴးလုပ္ခဲ့ရာမွာ ဘာစိတ္ကူးနဲ႔ ဆိုရွယ္မီဒီယာသုံးမိသြားမွန္း မသိဘူးလို႔ ဆိုပါတယ္။ Jennifer ဟာ ေနာက္ထပ္ ဓာတ္ပုံေလးႏွစ္ပုံကိုလည္း ဆက္လက္ေ၀မွ်ထားၿပီး လက္ရိွမွာေတာ့ သူမရဲ႕ IG ဟာ follower (၁၄.၆)သန္းရိွေနပါၿပီ။ ဒါဟာ အေကာင့္စဖြင့္ၿပီး ေလးရက္အတြင္း ရရိွထားတဲ့ Follower အေရအတြက္လည္း ျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့ အရိွန္အဟုန္ျပင္းျပင္းနဲ႔ တိုးျမင့္လာဖို႔လည္း ရိွေနပါတယ္ဆိုတာ တင္ျပရင္း …။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular