HomeCelebs Update NewsBollywoodဂႏၵီရဲ႕ ႏွစ္(၁၅၀)ေျမာက္ေမြးေန႔ပြဲအတြက္ အတူဆုံစည္းက်င္းပခဲ့ၾကတဲ့ ေဘာလိ၀ုဒ္စတားမ်ား

ဂႏၵီရဲ႕ ႏွစ္(၁၅၀)ေျမာက္ေမြးေန႔ပြဲအတြက္ အတူဆုံစည္းက်င္းပခဲ့ၾကတဲ့ ေဘာလိ၀ုဒ္စတားမ်ား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အောက်တိုဘာလ(၂)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ငြိမ်းချမ်းရေးခေါင်းဆောင် မဟတ္တမ ဂန္ဒီရဲ့ နှစ်(၁၅၀)မြောက်မွေးနေ့ပွဲကို အောက်တိုဘာလ(၁၉)ရက်၊ စနေနေ့က နယူးဒေလီမြို့မှာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်နဲ့အတူ ဘောလိဝုဒ်စတားများက စုပေါင်းကျင်းပခဲ့ကြပါတယ်။ ပွဲကိုတော့ ဘောလိဝုဒ်ရဲ့ အကျော်အမော်တွေဖြစ်တဲ့ ရှာရွတ်ခန်း၊ အာမေးခန်း၊ ကန်ဂါနာ ရနော့၊ အာကတာ ကပူးရ် အစရှိတဲ့ ဆယ်လီများစွာ တက်ရောက်ခဲ့ကြပါတယ်။

Photo: iamsrk/ Instagram

ဒီပွဲဟာ သာမန်မွေးနေ့ပွဲ ကျင်းပရုံတင် မဟုတ်ဘဲ ဂန္ဒီရဲ့ ဂုဏ်သတင်းကို ကမ္ဘာက ယခုထက်ပိုမိုသိရှိနိုင်ရန်နဲ့ အိန္ဒိယနိုင်ငံရဲ့ ဂုဏ်ကိုဖော်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ နယူးဒေလီမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဘောလိဝုဒ်က စတားတွေကို ဖိတ်ကြားခဲ့ပြီး “Change Within” လို့ အမည်ပေးထားတဲ့ ဗွီဒီယိုတစ်ခုကိုပါ စတားတွေရဲ့အကူအညီနဲ့ ရိုက်ကူးထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

Photo: narendramodi/ Instagram

“တီထွင်ဖန်တီးမှုရဲ့စွမ်းအားက တကယ့်ကို ကျယ်ပြန့်ကြီးမားပါတယ်။ ကျွန်တော်တို့တိုင်းပြည်အတွက်ဆိုရင် ဒီတီထွင်ဖန်တီးမှုစွမ်းအားတွေကို အချက်ကျကျ အသုံးချတတ်ဖို့ ပိုပြီးတော့ လိုအပ်ပါတယ်။ မဟတ္တမ ဂန္ဒီရဲ့ ပုံရိပ်ကို လူတွေပိုသိလာဖို့ ဆောင်ရွက်ရာမှာ နိုင်ငံတကာက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားနယ်ပယ်က လူတွေဟာ တကယ်ကို အံ့သြစရာကောင်းလောက်အောင် စွမ်းဆောင်ထားကြတာကိုလည်း တွေ့ရပါတယ်” လို့ ဝန်ကြီးချုပ်မိုဒီက အဆိုပါပွဲမှာ ပြောကြားသွားပါတယ်။

နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ အနုပညာစွမ်းအားတွေ ပိုမိုမြင့်တက်ဖို့အတွက် နာမည်ကျော်စတားတွေဘက်က အခုလို ပူးပေါင်းဆောင်ရွက်တာကိုလည်း သိပ်ပြီးကျေးဇူးတင်ကြောင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ တီထွင်ဖန်တီးမှုစွမ်းအားတွေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ အနုပညာအရ ပိုပြီးထိထိရောက်ရောက် လွှမ်းမိုးနိုင်အောင် ကြိုးစားသွားဦးမယ်လို့လည်း ဆိုထားပါတယ်။

LaNina

Ref: indianexpress

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေအာက္တုိဘာလ(၂)ရက္ေန႔မွာ က်ေရာက္ခဲ့တဲ့ အိႏိၵယႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးေခါင္းေဆာင္ မဟတၱမ ဂႏၵီရဲ႕ ႏွစ္(၁၅၀)ေျမာက္ေမြးေန႔ပြဲကို ေအာက္တိုဘာလ(၁၉)ရက္၊ စေနေန႔က နယူးေဒလီၿမိဳ႕မွာ အိႏိၵယႏိုင္ငံရဲ႕ ၀န္ႀကီးခ်ဳပ္နဲ႔အတူ ေဘာလိ၀ုဒ္စတားမ်ားက စုေပါင္းက်င္းပခဲ့ၾကပါတယ္။ ပြဲကိုေတာ့ ေဘာလိ၀ုဒ္ရဲ႕ အေက်ာ္အေမာ္ေတြျဖစ္တဲ့ ရွာရြတ္ခန္း၊ အာေမးခန္း၊ ကန္ဂါနာ ရေနာ႔၊ အာကတာ ကပူးရ္ အစရိွတဲ့ ဆယ္လီမ်ားစြာ တက္ေရာက္ခဲ့ၾကပါတယ္။

Photo: iamsrk/ Instagram

ဒီပြဲဟာ သာမန္ေမြးေန႔ပြဲ က်င္းပရုံတင္ မဟုတ္ဘဲ ဂႏၵီရဲ႕ ဂုဏ္သတင္းကို ကမာၻက ယခုထက္ပိုမိုသိရိွႏိုင္ရန္နဲ႔ အိႏိၵယႏိုင္ငံရဲ႕ ဂုဏ္ကိုေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ ရည္ရြယ္ပါတယ္။ ဒါေၾကာင့္လည္း အိႏိၵယ၀န္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီဟာ နယူးေဒလီၿမိဳ႕မွာရိွတ့ဲ သူ႔ရဲ႕ေနအိမ္မွာ ေဘာလိ၀ုဒ္က စတားေတြကို ဖိတ္ၾကားခဲ့ၿပီး “Change Within” လို႔ အမည္ေပးထားတဲ့ ဗီြဒီယိုတစ္ခုကိုပါ စတားေတြရဲ႕အကူအညီနဲ႔ ရိုက္ကူးထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္။

Photo: narendramodi/ Instagram

“တီထြင္ဖန္တီးမႈရဲ႕စြမ္းအားက တကယ့္ကို က်ယ္ျပန္႔ႀကီးမားပါတယ္။ ကၽြန္ေတာ္တို႔တိုငး္ျပည္အတြက္ဆိုရင္ ဒီတီထြင္ဖန္တီးမႈစြမ္းအားေတြကို အခ်က္က်က် အသုံးခ်တတ္ဖို႔ ပိုၿပီးေတာ့ လိုအပ္ပါတယ္။ မဟတၱမ ဂႏၵီရဲ႕ ပုံရိပ္ကို လူေတြပိုသိလာဖို႔ ေဆာင္ရြက္ရာမွာ ႏိုင္ငံတကာက ရုပ္ရွင္နဲ႔ ရုပ္ျမင္သံၾကားနယ္ပယ္က လူေတြဟာ တကယ္ကို အ့ံၾသစရာေကာင္းေလာက္ေအာင္ စြမ္းေဆာင္ထားၾကတာကိုလည္း ေတြ႕ရပါတယ္” လို႔ ၀န္ႀကီးခ်ဳပ္မိုဒီက အဆိုပါပြဲမွာ ေျပာၾကားသြားပါတယ္။

ႏိုင္ငံရဲ႕ဂုဏ္သိကၡာနဲ႔ အႏုပညာစြမ္းအားေတြ ပိုမိုျမင့္တက္ဖို႔အတြက္ နာမည္ေက်ာ္စတားေတြဘက္က အခုလို ပူးေပါင္းေဆာင္ရြက္တာကိုလည္း သိပ္ၿပီးေက်းဇူးတင္ေၾကာင္းနဲ႔ အိႏိၵယႏိုင္ငံရဲ႕ တီထြင္ဖန္တီးမႈစြမ္းအားေတြနဲ႔ ကမာၻ႕စင္ျမင့္ေပၚမွာ အႏုပညာအရ ပိုၿပီးထိထိေရာက္ေရာက္ လႊမ္းမိုးႏိုင္ေအာင္ ႀကိဳးစားသြားဦးမယ္လို႔လည္း ဆိုထားပါတယ္။

LaNina

Ref: indianexpress

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular