HomeEntertainmentFilmJennifer Lopez နဲ့ Simu Liu တို့ ပါဝင်သွားမယ့် ရုပ်ရှင်ကားသစ် Atlas

Jennifer Lopez နဲ့ Simu Liu တို့ ပါဝင်သွားမယ့် ရုပ်ရှင်ကားသစ် Atlas

MCU ထဲမှာ Shang-Chi နေရာက သရုပ်ဆောင်ခဲ့တဲ့ Simu Liu နဲ့ နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Jennifer Lopez တို့ကတော့ Netflix ရဲ့ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်အသစ် ဖြစ်တဲ့ Atlas ရုပ်ရှင်ကားထဲမှာ ပါဝင်လာမယ်လို့ သိရပါတယ်။ Simu Liu ကတော့ Shang-Chi မတိုင်ခင်မှာ Kim’s Convenience ဆိုတဲ့ Sitcom ထဲမှာ ပါဝင်ခဲ့ဖူးပြီး Shang-Chi အနေနဲ့ သရုပ်ဆောင်ပြီး နောက်မှာတော့ ပိုမိုအောင်မြင်လာပါတယ်။

photo via screenrant

Simu Liu ရဲ့ Shang-Chi ရုပ်ရှင်ကတော့ ကိုဗစ်ကာလအပြီး ဝင်ငွေအများဆုံးရရှိထားတဲ့ ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့ပြီး MCU ရဲ့ Phase 5 နဲ့ 6 မှာလည်း သူဟာ Shang-Chi အနေနဲ့ ဆက်လက် ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Shang-Chi ရုပ်ရှင်ဟာ ပရိသတ်တွေအကြိုက် ဖြစ်ခဲ့သလို ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရရှိထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

Netflix ရဲ့ ကြေညာချက်အရ Simu Liu ဟာ Atlas ရုပ်ရှင်ထဲမှာ ဗီလိန်အနေနဲ့ ပါဝင်လာမယ်လို့ သိရပါတယ်။ ဇာတ်လမ်းကိုတော့ AI တွေက လူသားတွေအတွက် တိုက်ခိုက်ပေးနေတဲ့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ AI စစ်သားတစ်ယောက်ဟာ လူသားမျိူးနွယ်ကို အဆုံးသတ်လိုက်တာဟာ စစ်ပွဲတွေကို အဆုံးသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လောလောဆယ်အထိတော့ Jennifer Lopez က ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်သွားမယ်ဆိုတာကို မကြေညာသေးပါဘူး။

photo via jlo/instagram

Jennifer Lopez ရဲ့ Nuyorican Productions နဲ့ Netflix တို့ဟာ အမျိူးသမီးသရုပ်ဆောင်တွေ၊ ဇာတ်ညွှန်းရေးဆရာတွေနဲ့ ဒါရိုက်တာတွေကို Support ပေးမယ့် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများစွာ ဖန်တီးသွားဖို့ သဘောတူထားကြပါတယ်။ ဒီရုပ်ရှင်ကလည်း အဲဒီသဘောတူညီမှုထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Sterling K. Brown နဲ့ Abraham Popoola တို့လည်း ပါဝင်ထားကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular