HomeCelebs Update NewsInternationalSupernatural ရဲ့ ရိုက်ကူးရေးနောက်ဆုံးနေ့မှာ fanတွေကိုနှုတ်ဆက်လိုက်တဲ့ Jensen Ackles 

Supernatural ရဲ့ ရိုက်ကူးရေးနောက်ဆုံးနေ့မှာ fanတွေကိုနှုတ်ဆက်လိုက်တဲ့ Jensen Ackles 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Jensen Ackles ဟာ Supernatural ဇာတ်လမ်းတွဲမှာ (၁၅)နှစ်ကြာ သရုပ်ဆောင်ခဲ့ပြီး ယခုဇာတ်သိမ်းပိုင်းအတွက် နောက်ဆုံးရိုက်ကူးရေး ပြုလုပ်မယ့်နေ့ရက်မှာတော့ သူ့ရဲ့ပရိသတ်တွေအားလုံးကို ရင်နင့်စွာနဲ့ နှုတ်ဆက်လိုက်ပါတယ်။

Jensen ဟာ Supernatural ရဲ့ ပရိသတ်တွေအားလုံး ရင်နင့်အောင် ခံစားရမယ့် နှုတ်ဆက်စကားကို သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ပို့စ်တင်ပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ CW ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ Dean နဲ့ Sam Winchester တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ နိုင်ငံပတ်ပြီး မကောင်းဆိုးဝါးတွေနဲ့ မိစ္ဆာမျိုးစုံကို နှိမ်နင်းတဲ့ ဇာတ်လမ်းတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။

Photo: jensenackles/ Instagram

နှစ်ပေါင်းများစွာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့တဲ့ Supernatural စီးရီးဟာ နောက်ဆုံးမှာတော့ နှုတ်ဆက်ရမယ့်အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တကယ်တမ်းမှာ ရှိုးရဲ့ ဇာတ်သိမ်းပိုင်းတွေဟာ ပြီးခဲ့တဲ့လတွေတည်းက ရိုက်ကူးရေး ပြီးရမှာဖြစ်ပြီး ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေ ရပ်နားခဲ့ရလို့ အခုလို ကြ့န်ကြာနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကစတင်ပြီး ရိုက်ကူးရေး ပြန်စဖို့ မီးစိမ်းပြခဲ့တဲ့အတွက် Jensen ရော Padalecki ရောဟာ ဝမ်းမြောက်စွာနဲ့ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ပြီး ပရိသတ်တွေကို အသိပေးခဲ့ကြပါသေးတယ်။

Supernatural အဖွဲ့သားတွေထဲမှာတော့ Jensen ဟာ နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကား ဆိုထားသူဖြစ်ပြီး သူတို့တစ်ဦးစီတိုင်းက နှုတ်ဆက်စကား ဆိုတိုင်းမှာ ပရိသတ်တွေဟာလည်း ဝမ်းနည်းခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်က တင်ထားတဲ့ Jensen ရဲ့ အင်စတာဂရမ်ပို့စ်မှာတော့ Dean ရဲ့ ချစ်လှစွာသော Impala ကားကြီးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံသုံးပုံကို တင်ထားပြီး နောက်ဆုံးတစ်ပုံမှာတော့ Padalecki နဲ့အတူ ရိုက်ကူးထားတာကို တွေ့ရပါတယ်။

Photo: jensenackles/ Instagram

အဆိုပါ ဓာတ်ပုံတွေနဲ့ တွဲတင်ထားတဲ့ caption မှာတော့ Jensen ဟာ စီးရီးကို နှစ်ပေါင်းအကြာကြီး အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ကြောင်း နှုတ်ဆက်စကားဆိုထားပါတယ်။

“ဒီနေ့ မနက်(၆)နာရီမှာ ကျွန်တော် အိပ်ရာက နိုးလာပါတယ်။ နှိုးစက်အသံဟာ လေးလေးပင်ပင်နဲ့ပဲ ပိတ်သွားခဲ့ပါတယ်။ ဒီနေ့ဟာ (၁၅)နှစ်ကြာ ခရီးလမ်းရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ကျွန်တော့်ဘဝကို ထာဝရ ပြောင်းလဲပေးခဲ့တဲ့ ခရီးလမ်းပေါ့ဗျာ။ ဒီခရီးမှာ အတူတူ လက်တွဲပြီး အလုပ်လုပ်ခဲ့ကြဖူးသူတွေရော၊ တစ်လျှောက်လုံး ကြည့်ရှုပြီး အားပေးလာခဲ့ကြသူတွေရော ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ… ”

Photo: jensenackles/ Instagram

“ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလောက်နဲ့ မလုံလောက်ပါဘူး။ ပြောပြဖို့ စကားလုံးကို မရှိတာပါ။ ကျွန်တော်နဲ့အတူ ထာဝရ သယ်ဆောင်သွားမယ့် အမှတ်တရအားလုံးအတွက် ကျွန်တော် တကယ်ကို ဝမ်းမြောက်ရပါတယ်။ တကယ့် ခရီးတစ်ခုပါပဲဗျာ။ ပြီးတော့ တကယ့် အလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေလည်း ဖြစ်ပါတယ်။ ဒါကတော့ ဒီနေ့အပါအဝင် နောက်ဆုံးရိုက်ကူးရေးတုန်းက ဓာတ်ပုံလေးတွေပါ။ နောက်ထပ်လည်း ထပ်ပြီး တင်ပေးဖို့ ကြိုးစားပါဦးမယ်။ ဒါပေမယ့် SPN ရဲ့ တကယ့်ပုံစံအတိုင်းဆိုရင်တော့ ကျွန်တော်တို့က ဘယ်မှမရောက်သေးပါဘူး။ ပြီးတော့ ဘာဆားဗစ်မှလည်း လုပ်ပေးရသေးတာ မဟုတ်ပါဘူး။ အားလုံးပဲ ဆက်လက်စောင့်ကြည့်ကြပါဦး… ” လို့ ဆိုထားပါတယ်။

Supernatural Season (15) ဟာ CW ရုပ်သံလိုင်းမှာ အောက်တိုဘာလ(၈)ရက်နေ့မှာ ပြန်လည်ပြသတော့မှာ ဖြစ်ပါတယ်။ အချိန်ကာလကြာမြင့်စွာ ပြသလာတဲ့ ဇာတ်လမ်းတွဲတိုင်းရဲ့ နောက်ဆုံးနှုတ်ဆက်ချိန်ကတော့ ချိုမြိန်တယ်ရယ်လို့ မရှိခဲ့ပါဘူး။ သို့ပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အမြဲစွဲလန်းပြီး အမှတ်ရနေဦးမှာ မလွဲပါပဲ။

Glasgow
(Zawgyi Version)

မင္းသား Jensen Ackles ဟာ Supernatural ဇာတ္လမ္းတြဲမွာ (၁၅)ႏွစ္ၾကာ သ႐ုပ္ေဆာင္ခဲ့ၿပီး ယခုဇာတ္သိမ္းပိုင္းအတြက္ ေနာက္ဆုံး႐ိုက္ကူးေရး ျပဳလုပ္မယ့္ေန႔ရက္မွာေတာ့ သူ႔ရဲ႕ပရိသတ္ေတြအားလုံးကို ရင္နင့္စြာနဲ႔ ႏႈတ္ဆက္လိုက္ပါတယ္။

Jensen ဟာ Supernatural ရဲ႕ ပရိသတ္ေတြအားလုံး ရင္နင့္ေအာင္ ခံစားရမယ့္ ႏႈတ္ဆက္စကားကို သူ႔ရဲ႕အင္စတာဂရမ္အေကာင့္ကေန ပို႔စ္တင္ၿပီး ေျပာလိုက္တာ ျဖစ္ပါတယ္။ CW ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တဲ့ ဒီဇာတ္လမ္းတြဲဟာ Dean နဲ႔ Sam Winchester တို႔ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ႏိုင္ငံပတ္ၿပီး မေကာင္းဆိုးဝါးေတြနဲ႔ မိစာၦမ်ိဳးစုံကို ႏွိမ္နင္းတဲ့ ဇာတ္လမ္းေတြကို ျပသခဲ့တာ ျဖစ္ပါတယ္။

Photo: jensenackles/ Instagram

ႏွစ္ေပါင္းမ်ားစြာ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိလာခဲ့တဲ့ Supernatural စီးရီးဟာ ေနာက္ဆုံးမွာေတာ့ ႏႈတ္ဆက္ရမယ့္အခ်ိန္ကို ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ တကယ္တမ္းမွာ ရႈိးရဲ႕ ဇာတ္သိမ္းပိုင္းေတြဟာ ၿပီးခဲ့တဲ့လေတြတည္းက ႐ိုက္ကူးေရး ၿပီးရမွာျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရးေတြ ရပ္နားခဲ့ရလို႔ အခုလို ၾက့န္ၾကာေနတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္ကစတင္ၿပီး ႐ိုက္ကူးေရး ျပန္စဖို႔ မီးစိမ္းျပခဲ့တဲ့အတြက္ Jensen ေရာ Padalecki ေရာဟာ ဝမ္းေျမာက္စြာနဲ႔ ဆိုရွယ္မီဒီယာမွာ ပို႔စ္တင္ၿပီး ပရိသတ္ေတြကို အသိေပးခဲ့ၾကပါေသးတယ္။

Supernatural အဖြဲ႕သားေတြထဲမွာေတာ့ Jensen ဟာ ေနာက္ဆုံးအေနနဲ႔ ႏႈတ္ဆက္စကား ဆိုထားသူျဖစ္ၿပီး သူတို႔တစ္ဦးစီတိုင္းက ႏႈတ္ဆက္စကား ဆိုတိုင္းမွာ ပရိသတ္ေတြဟာလည္း ဝမ္းနည္းခဲ့ၾကရပါတယ္။ လြန္ခဲ့တဲ့ နာရီအနည္းငယ္က တင္ထားတဲ့ Jensen ရဲ႕ အင္စတာဂရမ္ပို႔စ္မွာေတာ့ Dean ရဲ႕ ခ်စ္လွစြာေသာ Impala ကားႀကီးနဲ႔အတူ ႐ိုက္ကူးထားတဲ့ ပုံသုံးပုံကို တင္ထားၿပီး ေနာက္ဆုံးတစ္ပုံမွာေတာ့ Padalecki နဲ႔အတူ ႐ိုက္ကူးထားတာကို ေတြ႕ရပါတယ္။

Photo: jensenackles/ Instagram

အဆိုပါ ဓာတ္ပုံေတြနဲ႔ တြဲတင္ထားတဲ့ caption မွာေတာ့ Jensen ဟာ စီးရီးကို ႏွစ္ေပါင္းအၾကာႀကီး အားေပးလာခဲ့ၾကတဲ့ ပရိသတ္ေတြအားလုံးကို ခ်စ္ခင္စြာနဲ႔ ေက်းဇူးတင္ေၾကာင္း ႏႈတ္ဆက္စကားဆိုထားပါတယ္။

“ဒီေန႔ မနက္(၆)နာရီမွာ ကြၽန္ေတာ္ အိပ္ရာက ႏိုးလာပါတယ္။ ႏႈိးစက္အသံဟာ ေလးေလးပင္ပင္နဲ႔ပဲ ပိတ္သြားခဲ့ပါတယ္။ ဒီေန႔ဟာ (၁၅)ႏွစ္ၾကာ ခရီးလမ္းရဲ႕ ေနာက္ဆုံးေန႔ ျဖစ္ပါတယ္။ ကြၽန္ေတာ့္ဘဝကို ထာဝရ ေျပာင္းလဲေပးခဲ့တဲ့ ခရီးလမ္းေပါ့ဗ်ာ။ ဒီခရီးမွာ အတူတူ လက္တြဲၿပီး အလုပ္လုပ္ခဲ့ၾကဖူးသူေတြေရာ၊ တစ္ေလွ်ာက္လုံး ၾကည့္ရႈၿပီး အားေပးလာခဲ့ၾကသူေတြေရာ ကြၽန္ေတာ့္ရင္ထဲမွာ ဘယ္ေလာက္ထိ တန္ဖိုးထားတယ္ဆိုတာ ေျပာမျပတတ္ေအာင္ပါပဲ… ”

Photo: jensenackles/ Instagram

“ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားေလာက္နဲ႔ မလုံေလာက္ပါဘူး။ ေျပာျပဖို႔ စကားလုံးကို မရွိတာပါ။ ကြၽန္ေတာ္နဲ႔အတူ ထာဝရ သယ္ေဆာင္သြားမယ့္ အမွတ္တရအားလုံးအတြက္ ကြၽန္ေတာ္ တကယ္ကို ဝမ္းေျမာက္ရပါတယ္။ တကယ့္ ခရီးတစ္ခုပါပဲဗ်ာ။ ၿပီးေတာ့ တကယ့္ အလုပ္လုပ္ခဲ့ရတဲ့ အခ်ိန္ေတြလည္း ျဖစ္ပါတယ္။ ဒါကေတာ့ ဒီေန႔အပါအဝင္ ေနာက္ဆုံး႐ိုက္ကူးေရးတုန္းက ဓာတ္ပုံေလးေတြပါ။ ေနာက္ထပ္လည္း ထပ္ၿပီး တင္ေပးဖို႔ ႀကိဳးစားပါဦးမယ္။ ဒါေပမယ့္ SPN ရဲ႕ တကယ့္ပုံစံအတိုင္းဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က ဘယ္မွမေရာက္ေသးပါဘူး။ ၿပီးေတာ့ ဘာဆားဗစ္မွလည္း လုပ္ေပးရေသးတာ မဟုတ္ပါဘူး။ အားလုံးပဲ ဆက္လက္ေစာင့္ၾကည့္ၾကပါဦး… ” လို႔ ဆိုထားပါတယ္။

Supernatural Season (15) ဟာ CW ႐ုပ္သံလိုင္းမွာ ေအာက္တိုဘာလ(၈)ရက္ေန႔မွာ ျပန္လည္ျပသေတာ့မွာ ျဖစ္ပါတယ္။ အခ်ိန္ကာလၾကာျမင့္စြာ ျပသလာတဲ့ ဇာတ္လမ္းတြဲတိုင္းရဲ႕ ေနာက္ဆုံးႏႈတ္ဆက္ခ်ိန္ကေတာ့ ခ်ိဳၿမိန္တယ္ရယ္လို႔ မရွိခဲ့ပါဘူး။ သို႔ေပမယ့္ ပရိသတ္ေတြရဲ႕ ရင္ထဲမွာေတာ့ အၿမဲစြဲလန္းၿပီး အမွတ္ရေနဦးမွာ မလြဲပါပဲ။

Glasgow

 

 

RELATED ARTICLES

Most Popular