HomeEntertainmentFilmHouse of the Dragon အပိုင်း(၃)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

House of the Dragon အပိုင်း(၃)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

House of the Dragon ဇာတ်လမ်းတွဲရဲ့ အပိုင်း(၃)ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါပြီ။ ဒီအပိုင်းကတော့ အပိုင်း(၂)အပြီး (၂)နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ King Viserys ဟာ Alicent Hightower နဲ့ သားတစ်ယောက် ရထားတဲ့အပြင် နောက်ထပ်ကိုယ်ဝန်ကိုပါ လွယ်ထားရတာ တွေ့ရပါတယ်။ ဒီအပိုင်းထဲမှာလည်း Game of Thrones ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ Easter Egg တွေ ပါဝင်နေပါတယ်။

(1) Nymeria Reference

photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ Rhaenyra ဟာ သီချင်းတစ်ပုဒ်တည်းကို ထပ်ခါထပ်ခါ နားထောင်နေပါတယ်။ ဒီသီချင်းကတော့ အမျိူးသမီးစစ်သည်တော် Nymeria ရဲ့အကြောင်းကို စပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ စာသားထဲမှာတော့ “သူမဟာ နဂါးတွေရဲ့လက်ထဲကနေ သူမရဲ့လူတွေ၊ သင်္ဘောတွေနဲ့ ထွက်ခွာခဲ့တယ်” လို့ ပါဝင်ပါတယ်။

Nymeria ကတော့ Valyrian တွေနဲ့ စစ်ပွဲအပြီးမှာ Rhoyar လူမျိူး ဒုက္ခသည်တွေကို Dorne ဆီ ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သင်္ဘောအစင်းရေ တစ်သောင်းနဲ့ ခရီးထွက်လာခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ HBO ဟာ 10000 Ships ဆိုတဲ့ ဇာတ်လမ်းကို ဖန်တီးနေပြီး House of the Dragon ကလည်း ဒီဇာတ်လမ်းတွဲကို Setup ပြုလုပ်နေတာ တွေ့ရပါတယ်။

(2) Larys Clubfoot နဲ့ Harwin Breakbones

photo via screenrant

ဒီအပိုင်းထဲမှာ ဇာတ်ကောင်အသစ် အနည်းငယ်ကိုလည်း မြင်တွေ့ခဲ့ရပြီး Lyonel Strong ရဲ့ သားနှစ်ယောက်ကိုလည်း မိတ်ဆက်သွားပါတယ်။ တစ်ယောက်ကတော့ Larys ဖြစ်ပြီး သူဟာ ခြေထောက်တစ်ဘက် မသန်တာကြောင့် Larys Clubfoot လို့ နာမည်ပြောင်နဲ့ ခေါ်ကြပါတယ်။ နောက်တစ်ယောက်ကိုတော့ လူကိုမပြသွားဘဲ နာမည်ကိုသာ Mention လုပ်သွားပါတယ်။ သူကတော့ Harwin Breakbones ပဲ ဖြစ်ပြီး သူ့ရဲ့ခွန်အားဟာ အလွန်ကြီးမားတာကြောင့် အဲဒီနာမည်ကို ရရှိထားတာ ဖြစ်ပါတယ်။ သူကတော့ City Watch ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ပြီး Rhaenyra ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေမှာ အရေးပါလာမယ့် ဇာတ်ကောင်လည်း ဖြစ်ပါတယ်။

(3) Lannister အမွှာသရုပ်ဆောင်ဟာ Game of Thrones ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

photo via screenrant

ဒီအပိုင်းထဲမှာတော့ Jason Lannister နဲ့ သူ့ရဲ့အမွှာဖြစ်တဲ့ Tyland Lannister တို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားသူကတော့ Jefferson Hall ဖြစ်ပြီး Game of Thrones Season 1 ထဲမှာ Minor Role နေရာက ပါဝင်ခဲ့ဖူးပါသေးတယ်။ GoT ထဲမှာတော့ သူဟာ Ser Hugh of the Vale နေရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Vikings ဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေကတော့ သူ့ကို Torstein အဖြစ် သိကြပါလိမ့်မယ်။

(4) အဖြူရောင်သမင်

photo via screenrant

ဒီအပိုင်းထဲမှာတော့ အဖြူရောင်သမင်တစ်ကောင် ပါဝင်နေပြီး ဒီသမင်ဟာ Rhaenyra ဆီကို ရောက်လာခဲ့ပါတယ်။ ဒီအချက်ကတော့ နိမိတ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ A Song of Ice and Fire ရဲ့ ရာဇဝင်မှာတော့ အဖြူရောင်သမင်တွေကို မှော်ဝင်သတ္တဝါတွေအဖြစ် သတ်မှတ်ကြပါတယ်။

ဒါ့အပြင် Game of Thrones ထဲက Joffrey Baratheon ရဲ့ တော်ဝင်ရေတပ်ထဲက သင်္ဘောတစ်စီးရဲ့ နာမည်ဟာလည်း အဖြူရောင်သမင်ပဲ ဖြစ်ပါတယ်။ ဒီသင်္ဘောကတော့ ထီးနန်းကို လုယူဖို့အတွက် Battle of Blackwater ထဲမှာ ပျက်စီးသွားခဲ့ပါတယ်။ ဒီအဖြူရောင်သမင်ဟာ Foreshadow အဖြစ် ပြသထားတာလည်း ဖြစ်နိုင်ပြီး Dance of the Dragons ဖြစ်ရပ်ကလည်း မကြာခင်မှာ ဖြစ်လာတော့မယ်လို့ ယူဆရပါတယ်။

(5) The Kingsguard’s White Book

photo via screenrant

ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Ser Criston ဟာ Rhaenyra က သူ့ရဲ့ နာမည်ကို White Book မှာ ရေးချပေးနိုင်တဲ့ အာဏာရှိတယ်လို့ ပြောခဲ့ပါတယ်။ The White Book ကတော့ Kingsguard တွေရဲ့ အထင်ကရလုပ်ရပ်တွေကို ချရေးထားတဲ့ စာအုပ်ပဲ ဖြစ်ပြီး Game of Thrones ထဲမှာလည်း မကြာခဏ Mention ပြုလုပ်ခဲ့ပါတယ်။ GoT ရဲ့ အဆုံးသတ်မှာတော့ Brienne of Tarth ဟာ Jamie Lannister သေဆုံးသွားပြီးနောက်မှာ သူ့အကြောင်းတွေကို White Book ထဲမှာ ရေးသားခဲ့ပါတယ်။

(6) Robert Baratheon ရဲ့ သေဆုံးမှု

photo via screenrant

Game of Thrones ထဲမှာတော့ King Robert Baratheon ဟာ တောဝက်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဒီအပိုင်းထဲမှာလည်း Rhaenyra နဲ့ Ser Criston တို့ဟာ ရုတ်တရက် တောဝက်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါသေးတယ်။ ရုတ်တရက် တိုက်ခိုက်ခံရတာကြောင့်လည်း သူတို့နှစ်ယောက်လုံးဟာ ဒီတောဝက်ကိုသတ်ဖို့ အတော်ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့်ပဲ GoT ထဲမှာလည်း Robert Baratheon ဟာ အလားတူပဲ တိုက်ခိုက်ခံရပြီး ဒဏ်ရာရကာ သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်။

(7) The Realm’s Delight

photo via screenrant

ဒီအပိုင်းထဲမှာတော့ King Viserys ဟာ Rhaenyra ကို Realm’s Delight လို့ ခေါ်ဆိုခဲ့ပါတယ်။ စာအုပ်ထဲမှာတော့ Rhaenyra ရဲ့ ငယ်ဘဝတုန်းက King’s Landing မှာရှိတဲ့ ပြည်သူတွေဟာ သူမကို အလွန်ချစ်ခင်ခဲ့ကြပြီး Realm’s Delight လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါ့အပြင် စာအုပ်ထဲမှာတော့ သူမကို ထီးနန်းဆက်ခံသူအဖြစ် သတ်မှတ်ခဲ့တဲ့အချိန်မှာ သူမဟာ အသက်(၈)နှစ်ပဲ ရှိသေးပြီး လူအများစုကလည်း သူမကို ထောက်ခံခဲ့ကြပါတယ်။

(8) Targaryen Dreamers

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ King Viserys ဟာ သူ့ရဲ့သားကို ထီးနန်းပေးအပ်လိုက်တယ်လို့ အိပ်မက်မက်ခဲ့တဲ့ အကြောင်း ပြောပြခဲ့ပြီး Targaryen Dreamer တွေကိုလည်း Mention လုပ်သွားပါတယ်။ Targaryen Dreamers တွေကတော့ Targaryen တွေရဲ့ သမိုင်းတွေကို ကြီးကျယ်ခမ်းနားအောင် ကူညီပေးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ Aegon the Conqueror ကတော့ White Walker တွေအကြောင်း အိပ်မက်ကြောင့် Westeros ကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါမတိုင်ခင်ကလည်း Daenys ဟာ Valyria ရဲ့ ပျက်စီးမှုကို အိပ်မက်မက်ခဲ့တာကြောင့် Targaryen တွေကို Dragonstone ဆီ ပြောင်းရွှေ့စေခဲ့ပါတယ်။

(9) Battle of Bastards နဲ့ ဆင်တူမှုတွေရှိနေတဲ့ Stepstones တိုက်ပွဲ

photo via screenrant

House of the Dragon ထဲက ပထမဆုံး Battle ကတော့ GoT ထဲက Battle of Bastards နဲ့ ဆင်တူမှုတွေ ရှိနေပါတယ်။ Daemon က Crabfeeder ဆီကို တိုက်ရိုက်သွားခဲ့ပုံဟာ Jon Snow က Ramsay ဆီကို သွားခဲ့ပုံနဲ့ ဆင်တူနေပါတယ်။ ဒါ့အပြင် Daemon ဟာ ရန်သူတွေရဲ့ အဝိုင်းခံထားရတဲ့ အချိန်ကလည်း Jon နဲ့ ဖြစ်ရပ်ချင်း တူနေပြီး တပ်ကူတွေ ရောက်လာတဲ့ ပုံစံကလည်း ဆင်တူနေပါတယ်။ ဒါ့အပြင် Daemon ဟာ သူ့ကိုပစ်လိုက်တဲ့ မြားတွေအများစုကို ရှောင်တိမ်းနိုင်ခဲ့ပုံဟာလည်း Rickon Stark ရဲ့ သေဆုံးမှုကို ပြန်ပြီးအမှတ်ရစေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular