HomeCelebs Update NewsInternationalတစ်ယောက်တည်း ပျော်နေရမှာထက် RDJ နဲ့ ထောင်တူတူကျတာက ပိုကောင်းတယ်ဆိုတဲ့ Jeremy Renner

တစ်ယောက်တည်း ပျော်နေရမှာထက် RDJ နဲ့ ထောင်တူတူကျတာက ပိုကောင်းတယ်ဆိုတဲ့ Jeremy Renner

Avengers သရုပ်ဆောင်တွေကြားက ခင်မင်ရင်းနှီးမှုဟာ ဆိုရှယ်မီဒီယာပေါ်မှာပဲရှိတဲ့ အပေါ်ယံမဟုတ်ဘဲ တကယ့်အပြင်ဘဝမှာပါ နှစ်နှစ်ကာကာ ရှိကြတဲ့အရာပါလို့ Men’s Health နဲ့ အင်တာဗျူးမှာ Jeremy Renner က ပြောလိုက်ပါတယ်။

Jeremy Renner ဟာ နှင်းရှင်းတဲ့စက်နဲ့ တို-က်မိပြီး အက်ဆီးဒင့်ဖြစ်ပြီးတည်းက recovery ပြန်လုပ်နေရတဲ့ ကာလတလျှောက်လုံးမှာ Avengers co-star တွေက သူ့အတွက် ရှိနေပေးခဲ့တယ်လို့ ဆိုပါတယ်။

“ကျုပ်တို့ရဲ့ခင်မင်မှုက တကယ့်အစစ်လေ။ Instagram မှာ ပို့စ်တင်ရုံပဲ မဟုတ်ပါဘူး။ အဲလိုအပေါ်ယံတွေကို ကျုပ်တို့ သောက်ရမ်းမုန်းတာဗျ …”

“ကျုပ်တို့မှာ family chat တစ်ခုရှိတယ်။ ကြာလှပြီ။ လူတွေနဲ့အတူ အလုပ်တွဲလုပ်ပြီဆိုရင် culture အရပါ အရေးပါတဲ့ အတွေ့အကြုံတွေကို အတူတူ ကျော်ဖြတ်ကြရတာလေ …”

“ပြီးတော့ဗျာ ကွာရှင်းတာတွေရော၊ မင်္ဂလာဆောင်တာတွေရော၊ ကလေးမွေးတာတွေရော အဲဒီ(၁၂)နှစ်ဆိုတဲ့ ကာလအတွင်းမှာ အများကြီး ဖြစ်ပျက်ခဲ့ကြတာ …”

“ရုပ်ရှင်တွေ ရိုက်နေတဲ့အချိန် ဆိုရင်တော့ ကျုပ်တို့က costume party ထဲ ရောက်နေသလိုပဲ။ ထူးထူးဆန်းဆန်း props တွေနဲ့ ထူးထူးဆန်းဆန်းအရာတွေ လုပ်ကြရတာပေါ့။ ဒါပေမယ့် အကုန်လုံးက ရင်ဘတ်ချင်းလည်း နီးခဲ့ကြတဲ့အတွက် လှပတဲ့ အတွေ့အကြုံလို့ ပြောရမှာပေါ့ … ”

“ကျုပ်တို့ကြားမှာက brotherhood လို့ပဲပြောပြော၊ sisterhood လို့ပဲခေါ်ခေါ် ဘယ်လိုပဲ နာမည်တပ်တပ်ဗျာ။ အဲလိုအရာ ရှိတယ်။ ကျုပ်ကတော့ အဲဒါကို ချစ်ခြင်းမေတ္တာလို့ပဲ ခေါ်ချင်တယ်။ သူတို့အားလုံးကို ချစ်တယ် …”

“ကိုယ့်ဘာသာ တစ်ယောက်တည်း သောက်ရမ်းမိုက်တဲ့အရာတွေနဲ့ ပျော်ရမှာထက် Downey နဲ့တူတူ ထောင်ထဲပဲ သွားလိုက်ချင်တယ်။ ဒါမှမဟုတ် Evans နဲ့တူတူ ကားပဲ ပြေးတို-က်ခံလိုက်မယ် …”လို့ Jeremy Renner က Avengers co-stars တွေကြားက ခင်မင်ရင်းနှီးမှုအကြောင်းကို ပြောပြထားပါတယ်။

Vancouver

Source: deadline

RELATED ARTICLES

Most Popular