HomeBiographyအားကျလောက်စရာ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြတဲ့ ကိုရီးယားဆယ်လီစုံတွဲများ

အားကျလောက်စရာ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြတဲ့ ကိုရီးယားဆယ်လီစုံတွဲများ

ကိုရီးယားဖျော်ဖြေရေးလောကမှာ Idol ပဲဖြစ်ဖြစ်၊ သရုပ်ဆောင်ပဲဖြစ်ဖြစ် အောင်မြင်ကျော်ကြားလာပြီဆိုရင် လူသိရှင်ကြား ဒိတ်မလုပ်ရဲကြပါဘူး။ အကြောင်းကတော့ ပရိသတ်အများစုဟာ ဆယ်လီတွေ ဒိတ်လုပ်တာကို မနှစ်သက်ကြဘဲ နောက်ဆက်တွဲအနေနဲ့ သူတို့ရဲ့အလုပ်တွေကိုပါ ထိခိုက်စေလာနိုင်လို့ ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ချို့ဆယ်လီတွေကတော့ သတ္တိရှိရှိနဲ့ ချစ်ပြပြီး အားကျလောက်စရာ အိမ်ထောင်ရေးကို ထူထောင်ထားနိုင်ကြပါတယ်။ သူတို့စုံတွဲတွေကို မြင်လိုက်ရတာနဲ့ ရင်ထဲမှာနွေးထွေးသွားရတဲ့အထိ နှစ်ဦးကြားက ချစ်မေတ္တာတွေကို ကူးစပ်ခံစားရစေတဲ့ ဆယ်လီမောင်နှံစုံတွဲတွေကတော့ …

(၁) Lee Bo Young နဲ့ Ji Sung တို့စုံတွဲ
Photo: castko

သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသား Ji Sung နဲ့ မင်းသမီး Lee Bo Young တို့ဟာ ၂၀၀၇ခုနှစ်မှာ စတွဲခဲ့ကြပြီး ၂၀၁၃ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ စုံတွဲ ဖြစ်ပါတယ်။ Ji Sung က မိန်းမဖြစ်သူ Lee Bo Young ထက် အသက်နှစ်နှစ် ပိုကြီးပါတယ်။ အခုဆိုရင်တော့ ကလေးနှစ်ယောက် ရထားပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြပါတယ်။

(၂) Eugene နဲ့ Ki Tae Young တို့စုံတွဲ
Photo: kitaeyoung/ Instagram

ဒါကလည်း သရုပ်ဆောင်စုံတွဲပါ။ Ki Tae Young နဲ့ Eugene တို့ဟာ Creating Destiny ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲမှာ တွေ့ဆုံရင်း ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး Ki Tae Young က Eugene ထက် အသက်နှစ်နှစ်ကြီးပါတယ်။ Ro-hee နဲ့ Ro-rin လို့ခေါ်တဲ့ သမီးလေးနှစ်ယောက် ထွန်းကားထားပါတယ်။

(၃) Haha နဲ့ Byul တို့စုံတွဲ
Photo: quanhaha79/ Instagram

အဆိုတော်၊ သရုပ်ဆောင်နဲ့ နာမည်ကျော် ရသစုံရှိုး Running Man ရဲ့ ပင်တိုင်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Haha နဲ့ ဒရာမာဇာတ်လမ်းတွဲတွေရဲ့ နောက်ကွယ်က ဇာတ်ဝင်သီချင်းကောင်းတွေကို သီဆိုနေတဲ့ အဆိုတော် Byul တို့ဟာ သိပ်ချစ်ကြတဲ့ အကြင်လင်မယားတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၂ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး Haha က Byul ထက် အသက်လေးနှစ် ပိုကြီးပါတယ်။ အခုဆိုရင်တော့ သားလေးနှစ်ယောက်နဲ့ သမီးလေးတစ်ယောက် ထွန်းကားထားပါတယ်။

(၄) Rain နဲ့ Kim Tae Hee တို့စုံတွဲ
Photo: koreaboo

လူတိုင်းအားကျရတဲ့ နောက်ထပ်နာမည်ကြီး ဆယ်လီစုံတွဲကတော့ Rain နဲ့ Kim Tae Hee တို့စုံတွဲပါ။ ၂၀၁၇ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး Rain က Kim Tae Hee ထက် သုံးနှစ်ငယ်ပါတယ်။ အခုအချိန်အထိ ကလေးနှစ်ယောက် ထွန်းကားထားပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ်။

(၅) Won Bin နဲ့ Lee Na Young တို့စုံတွဲ
Photo: channel korea

မင်းသားချော Won Bin နဲ့ မင်းသမီး Lee Na Young တို့ဟာ ချစ်သူသက်တမ်း နှစ်နှစ်အကြာ ၂၀၁၅ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ Won Bin က မိန်းမဖြစ်သူထက် အသက်တစ်နှစ်သာ ပိုကြီးပါတယ်။ ကလေးတစ်ယောက် ထွန်းကားထားပြီး အေးချမ်းပျော်ရွှင်စွာနဲ့ နေထိုင်နေကြပါတယ်။

(၆) Yeon Jung Hoon နဲ့ Han Ga In တို့စုံတွဲ
Photo: soompi

မင်းသမီးချောလေး Han Ga In နဲ့ မင်းသား Yeon Jung Hoon တို့ဟာ Yellow Handkerchief ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ အတူတူ သရုပ်ဆောင်ရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ အဲ့ဒီ့နောက် ၂၀၀၅ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ကလေးနှစ်ယောက် ထွန်းကားထားပါတယ်။ Yeon Jung Hoon ဟာ မိန်းမဖြစ်သူထက် သုံးနှစ်ကြီးပါတယ်။

(၇) Jo Jung Suk နဲ့ Gummy တို့စုံတွဲ
Photo: koreaboo

မင်းသား Jo Jung Suk နဲ့ နာမည်ကျော် အဆိုတော် Gummy တို့ဟာ ၂၀၁၈ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ အသက်လပိုင်းသာ ကွာလို့ ရွယ်တူတွေလို့ ပြောရမှာပါ။ သားသမီးကတော့ လောလောဆယ်မှာ ပထမဆုံး ကိုယ်ဝန်ကို ဆောင်နေပါတယ်။

(၈) Ryu Soo Young နဲ့ Park Ha-sun တို့စုံတွဲ
Photo: koreaboo

ဒီသရုပ်ဆောင်စုံတွဲကတော့ Two Weeks ဆိုတဲ့ ဒရာမာထဲမှာ တူတူသရုပ်ဆောင်ပြီး တစ်နှစ်လောက်အကြာ ၂၀၁၄ခုနှစ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ၂၀၁၇ခုနှစ်မှာ လက်ထပ်ဖြစ်ခဲ့ကြပြီး မင်းသား Ryu Soo Young က မိန်းမဖြစ်သူထက် အသက်ရှစ်နှစ်ကြီးပါတယ်။

(၉) Kim So Yeon နဲ့ Lee Sang Woo တို့စုံတွဲ
Photo: sysysy1102/ Instagram

မင်းသမီးချော Kim So Yeon နဲ့ မင်းသား Lee Sang Woo တို့ဟာ ၂၀၁၇ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ Happy Home ဆိုတဲ့ ဒရာမာထဲမှာ ဆုံပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ မင်းသားက သူ့မိန်းမထက် အသက်တစ်နှစ်သာ ကြီးပါတယ်။

(၁၀) Joo Sang Wook နဲ့ Cha Ye Ryun တို့စုံတွဲ
Photo: chayeryun/ Instagram

မင်းသား Joo Sang Wook နဲ့ မင်းသမီး Cha Ye Ryun တို့ဟာ ၂၀၁၆ခုနှစ်တည်းက တွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ လက်ရှိမှာ သမီးလေးတစ်ယောက် ထွန်းကားထားပါတယ်။ အသက်ကတော့ မင်းသားက မိန်းမဖြစ်သူထက် ခုနှစ်နှစ်ကြီးပါတယ်။

ဒါကတော့ လက်ရှိအချိန်အထိ အေးချမ်းပျော်ရွှင်စွာနဲ့ ပေါင်းဖက်နေကြတဲ့ အားကျစရာ ကိုရီးယားဆယ်လီစုံတွဲတွေပဲ ဖြစ်ပါတယ်။ ဘယ်အတွဲလေးကို ချစ်လည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina

 

RELATED ARTICLES

Most Popular