HomeCelebs Update NewsInternationalရိုက်ကွင်းက အဖွဲ့သားတွေကို ကားတစ်စီး မဲဖောက်ပေးခဲ့တဲ့ Jim Carrey

ရိုက်ကွင်းက အဖွဲ့သားတွေကို ကားတစ်စီး မဲဖောက်ပေးခဲ့တဲ့ Jim Carrey

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မင်းသားကြီး Jim Carrey ကတော့ တကယ် ရက်ရောသူတစ်ယောက် ဖြစ်ပါတယ်။ အကြောင်းကတော့ Jim ဟာ Sonic The Hedgehod 2 ရိုက်ကွင်းအဖွဲ့သားတွေကို အသစ်စက်စက် ကားသစ်တစ်စီး မဲဖောက်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ ရိုက်ကူးရေးကာလအတွင်း အလုပ်ကြိုးစားခဲ့ကြတဲ့ အဖွဲ့သားတွေကို ကျေးဇူးတင်တဲ့အနေနဲ့ အခုလို ကားသစ်တစ်စီးကို မဲဖောက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Jim ဟာ ဟောလိဝုဒ်ရဲ့ မီးရောင်တွေအောက်ကနေ ရှောင်ဖယ်ပြီး နာမည်ကြီး ထုတ်လုပ်ရေးတွေနဲ့ အလုပ်မလုပ်ဘဲ နေလာခဲ့တာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၂၀ မှာတော့ Sonic The Hedgehog ရုပ်ရှင်နဲ့ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Sonic ထဲမှာတော့ Jim ဟာ Doctor Eggman ဆိုတဲ့ ဗီလိန်နေရာကနေ ပါဝင်ထားတာ ‌ဖြစ်ပါတယ်။

Photo via IMDb

ပထမဇာတ်ကား Sonic 1 ဟာ ကိုဗစ်ကပ်ရောဂါကြားထဲက ရုံတင်ခဲ့တာတောင် ဝင်ငွေ ဒေါ်လာသန်း(၃၀၀)ကျော် ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒုတိယဇာတ်ကားကို ထပ်မံ ရိုက်ကူးဖို့ Paramount စတူဒီယိုက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒုတိယဇာတ်ကား Sonic 2 ဟာလည်း ရိုက်ကူးရေး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

Sonic 2 ရဲ့ ရိုက်ကူးရေး အမှတ်တရတစ်ခုကတော့ မင်းသားကြီး Jim ဟာ ရိုက်ကွင်းပေါ်က အဖွဲ့သားတွေကို ကားအသစ်တစ်စီး မဲဖောက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ TMZ သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပြီး ဒေါ်လာလေးသောင်းကျော် တန်တဲ့ Chevy Blazer RS ကားအသစ်တစ်စီးကို မဲဖောက်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

Jim ဟာ အဖွဲ့သားတွေထဲက ကံထူးသူကို သောကြာနေ့ မနက်ခင်းမှာ ကြေညာပေးခဲ့တာ ဖြစ်လို့ ကံထူးရှင်ကတော့ တကယ်ကို ပျော်ရွှင်ရမယ်ဆိုတာ မလွဲပါဘူး။ နာမည်ကြီး မင်းသားတစ်လက်ဆီက စေတနာနဲ့ အသိအမှတ်ပြုမှုကို ရရှိတဲ့အပြင် ပိတ်ရက်မတိုင်ခင် သောကြာနေ့ မနက်မှာ ကားအသစ်တစ်စီးကို ပိုင်ဆိုင်လိုက်ရတဲ့ ဖြစ်ရပ်ဟာ သာမန် ရိုက်ကူးရေး အဖွဲ့သားတစ်ယောက်အတွက်တော့ တကယ် မမျှော်လင့်ထားတဲ့ ဘောနက်စ် ဖြစ်မှာပါ။

Jim အတွက်တော့ ဒေါ်လာလေးသောင်းလောက်ဆိုတာ မပြောပလောက်တဲ့ ငွေကြေးဖြစ်ပြီး အပျော်အနေနဲ့ပဲ ဖြစ်ဖြစ် လုပ်ပေးခဲ့တယ်ဆိုရင်တောင် ရုပ်ရှင်တစ်ကားလုံးကို အဖက်ဖက်က ပြည့်စုံအောင် အပင်ပန်းခံ ကြိုးစားပေးကြတဲ့ အဖွဲ့သားတွေအတွက်ကတော့ တစ်သက်လုံး မမေ့နိုင်မယ့် အမှတ်တရတစ်ခုဆိုတာ အသေအချာပါပဲ။

Linda December

Source: TMZ, screenrant

(Zawgyi Version)

နာမည္ေက်ာ္ မင္းသားႀကီး Jim Carrey ကေတာ့ တကယ္ ရက္ေရာသူတစ္ေယာက္ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Jim ဟာ Sonic The Hedgehod 2 ႐ိုက္ကြင္းအဖြဲ႕သားေတြကို အသစ္စက္စက္ ကားသစ္တစ္စီး မဲေဖာက္ေပးခဲ့လို႔ပဲ ျဖစ္ပါတယ္။ ႐ိုက္ကူးေရးကာလအတြင္း အလုပ္ႀကိဳးစားခဲ့ၾကတဲ့ အဖြဲ႕သားေတြကို ေက်းဇူးတင္တဲ့အေနနဲ႔ အခုလို ကားသစ္တစ္စီးကို မဲေဖာက္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

Jim ဟာ ေဟာလိဝုဒ္ရဲ႕ မီးေရာင္ေတြေအာက္ကေန ေရွာင္ဖယ္ၿပီး နာမည္ႀကီး ထုတ္လုပ္ေရးေတြနဲ႔ အလုပ္မလုပ္ဘဲ ေနလာခဲ့တာ ႏွစ္အတန္ၾကာခဲ့ၿပီ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၂၀၂၀ မွာေတာ့ Sonic The Hedgehog ႐ုပ္ရွင္နဲ႔ ပရိသတ္ေရွ႕ကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ Sonic ထဲမွာေတာ့ Jim ဟာ Doctor Eggman ဆိုတဲ့ ဗီလိန္ေနရာကေန ပါဝင္ထားတာ ‌ျဖစ္ပါတယ္။

Photo via IMDb

ပထမဇာတ္ကား Sonic 1 ဟာ ကိုဗစ္ကပ္ေရာဂါၾကားထဲက ႐ုံတင္ခဲ့တာေတာင္ ဝင္ေငြ ေဒၚလာသန္း(၃၀၀)ေက်ာ္ ရရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဒုတိယဇာတ္ကားကို ထပ္မံ ႐ိုက္ကူးဖို႔ Paramount စတူဒီယိုက ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ဒုတိယဇာတ္ကား Sonic 2 ဟာလည္း ႐ိုက္ကူးေရး ၿပီးဆုံးသြားခဲ့ၿပီ ျဖစ္ပါတယ္။

Sonic 2 ရဲ႕ ႐ိုက္ကူးေရး အမွတ္တရတစ္ခုကေတာ့ မင္းသားႀကီး Jim ဟာ ႐ိုက္ကြင္းေပၚက အဖြဲ႕သားေတြကို ကားအသစ္တစ္စီး မဲေဖာက္ေပးလိုက္တာပဲ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ TMZ သတင္းဌာနက ေဖာ္ျပခဲ့တာ ျဖစ္ၿပီး ေဒၚလာေလးေသာင္းေက်ာ္ တန္တဲ့ Chevy Blazer RS ကားအသစ္တစ္စီးကို မဲေဖာက္ေပးခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

Jim ဟာ အဖြဲ႕သားေတြထဲက ကံထူးသူကို ေသာၾကာေန႔ မနက္ခင္းမွာ ေၾကညာေပးခဲ့တာ ျဖစ္လို႔ ကံထူးရွင္ကေတာ့ တကယ္ကို ေပ်ာ္႐ႊင္ရမယ္ဆိုတာ မလြဲပါဘူး။ နာမည္ႀကီး မင္းသားတစ္လက္ဆီက ေစတနာနဲ႔ အသိအမွတ္ျပဳမႈကို ရရွိတဲ့အျပင္ ပိတ္ရက္မတိုင္ခင္ ေသာၾကာေန႔ မနက္မွာ ကားအသစ္တစ္စီးကို ပိုင္ဆိုင္လိုက္ရတဲ့ ျဖစ္ရပ္ဟာ သာမန္ ႐ိုက္ကူးေရး အဖြဲ႕သားတစ္ေယာက္အတြက္ေတာ့ တကယ္ မေမွ်ာ္လင့္ထားတဲ့ ေဘာနက္စ္ ျဖစ္မွာပါ။

Jim အတြက္ေတာ့ ေဒၚလာေလးေသာင္းေလာက္ဆိုတာ မေျပာပေလာက္တဲ့ ေငြေၾကးျဖစ္ၿပီး အေပ်ာ္အေနနဲ႔ပဲ ျဖစ္ျဖစ္ လုပ္ေပးခဲ့တယ္ဆိုရင္ေတာင္ ႐ုပ္ရွင္တစ္ကားလုံးကို အဖက္ဖက္က ျပည့္စုံေအာင္ အပင္ပန္းခံ ႀကိဳးစားေပးၾကတဲ့ အဖြဲ႕သားေတြအတြက္ကေတာ့ တစ္သက္လုံး မေမ့ႏိုင္မယ့္ အမွတ္တရတစ္ခုဆိုတာ အေသအခ်ာပါပဲ။

Linda December

Source: TMZ, screenrant

 

RELATED ARTICLES

Most Popular