HomeCharacterGuardians of the Galaxy Vol.3 ထဲက Lylla ဆိုတာ ဘယ်သူလဲ?

Guardians of the Galaxy Vol.3 ထဲက Lylla ဆိုတာ ဘယ်သူလဲ?

Guardians of the Galaxy Vol.3 ထဲမှာတော့ Rocket ရဲ့ Origin ကိုပြသခဲ့ပြီး သူ့ရဲ့ကောမစ်ထဲက Soulmate ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Rocket ကို အဓိကအနေနဲ့ ပြသခဲ့ပြီး သူ့ရဲ့အတိတ်က သူငယ်ချင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ သူတို့အားလုံးကတော့ High Evolutionary ရဲ့စမ်းသပ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ စိတ်မကောင်းစရာကံကြမ္မာနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကောမစ်ထဲက Lylla ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

photo credit Marvel Comics

ဖျံလေး Lylla ကတော့ The Incredible Hulk #271 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကောမစ်ဟာ Rocket အတွက်တော့ Second Appearance ဖြစ်ပါတယ်။ Lylla ဟာ Halfworld မှာ နေထိုင်သူ ဖြစ်ပါတယ်။ Halfworld ကတော့ Lylla လိုတိရစ္ဆာန်တွေကို လူသားတွေနဲ့ ဆင်တူလာအောင် မျိူးရိုးဗီဇပြောင်းလဲထားတဲ့ တိရစ္ဆာန်တွေ နေထိုင်ကြတဲ့နေရာ ဖြစ်ပါတယ်။ သူမရဲ့မိဘတွေကတော့ Mayhem Mekaniks ဆိုတဲ့ Halfworld ရဲ့ အကြီးမားဆုံးအရုပ်ကုမ္ပဏီကို ပိုင်ဆိုင်ကြပါတယ်။

ဒါကြောင့်ပဲ Lylla ဟာ ဒီကုမ္ပဏီကို အမွေဆက်ခံရမှာ ဖြစ်ပေမယ့် သူမရဲ့မိဘတွေ အသတ်ခံလိုက်ရချိန်မှာတော့ အရာရာဟာ ပြောင်းလဲသွားပါတယ်။ သူမရဲ့မိဘတွေကိုတော့ စီးပွားပြိုင်ဘက်ဖြစ်တဲ့ Judson Jakes က သတ်လိုက်တာဖြစ်ပြီး သူမ အမွေဆက်ခံရမယ့် ကုမ္ပဏီကိုပါ လက်ဝါးကြီးအုပ်သွားတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Judson ရဲ့စီးပွားပြိုင်ဘက် Lord Dyvyne ကလည်း Lylla ရဲ့ကုမ္ပဏီကို လိုချင်နေပါတယ်။ ဒါကြောင့်ပဲ Judson နဲ့ Lord Dyvyne တို့ကလည်း အချင်းချင်းပြိုင်ဆိုင်မှုတွေ ရှိနေပြီး တိုက်ခိုက်မှုတွေပါ ရှိလာပါတယ်။

photo credit Marvel Comics

Judson ကတော့ Lylla ရဲ့ကုမ္ပဏီကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် Lylla ကို ဖမ်းထားပါတယ်။ အဲဒီနောက်မှာတော့ Halfworld ရဲ့ကာကွယ်သူဖြစ်တဲ့ Rocket က Lylla ကို ကယ်တင်ခဲ့ပြီး သူတို့နှစ်ယောက် ပူးပေါင်းကာ Judson နဲ့ Lord Dyvyne တို့ကိုလည်း ရှင်းပစ်ခဲ့ပါတယ်။ Rocket နဲ့ Lylla တို့ဟာ Judson နဲ့ Lord Dyvyne တို့ကို အတူတကွ တိုက်ခိုက်နေရင်းပဲ အချင်းချင်း ချစ်ကြိုက်သွားကြပါတယ်။ နောက်ဆုံးမှာတော့ Lylla ကလည်း လွတ်လပ်သွားပြီး သူမဟာ Rocket နဲ့အတူ Halfworld ကနေ ထွက်ခွာလာပါတော့တယ်။

photo credit Marvel Studios

Lylla ဟာ Halfworld ဂြိုဟ်မှာ နေထိုင်သူ ဖြစ်တာကြောင့် ငယ်ငယ်ကတည်းက မျိူးရိုးဗီဇအပိုင်းမှာ ပြုပြင်ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ Rocket လိုပဲ ဉာဏ်ရည်ကောင်းပြီး လက်ဗလာနဲ့ တိုက်ခိုက်နည်းတွေလည်း တတ်မြောက်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အခြေအနေတွေအရ လိုအပ်လာရင် သေနတ်တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပါသေးတယ်။ ဒါတင်မကသေးဘဲ သူမဟာ ဖျံဖြစ်တာကြောင့် ရေကူးတဲ့နေရာမှာလည်း အလွန်ကျွမ်းကျင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular