HomeCelebs Update NewsInternationalSonic the Hedgehog 2 ပြီးရင် သရုပ်ဆောင်ဘဝက အနားယူသွားနိုင်တဲ့ Jim Carrey

Sonic the Hedgehog 2 ပြီးရင် သရုပ်ဆောင်ဘဝက အနားယူသွားနိုင်တဲ့ Jim Carrey

ပရိသတ်အချစ်တော် မင်းသားကြီး Jim Carrey ဟာ Sonic the Hedgehog 2 ရုပ်ရှင် ပြီးသွားရင် သရုပ်ဆောင်ဘဝက အနားယူသွားနိုင်တယ်လို့ ပြောနေပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် ဧပြီလ (၈)ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။

Jim Carrey ဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dumb and Dumber 2 ပြီးကတည်းက ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်တာကို အနားယူထားပြီး ၂၀၂၀ ခုနှစ်ကျမှ Sonic ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန် ကြားထဲမှာတော့ Kidding လိုမျိူး Live Show အတိုလေးတွေမှာ ခဏတာ ပါဝင်ခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း ၂၀၁၆ ခုနှစ်လောက်က စတင်ပြီး နောက်ထပ်ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။

photo via screenrant

မကြာသေးခင်ကတော့ Access Hollywood နဲ့ အင်တာဗျူးမှာ Jim Carrey ဟာ သရုပ်ဆောင်ဘဝက အနားယူသွားနိုင်တဲ့အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အနားယူသွားမှာပါ။ ဖြစ်နိုင်ချေ ရှိပါတယ်။ ကျွန်တော် ဒါ မယုတ်မလွန် ပြောထားတာပေါ့နော်။ အခြေအနေပေါ်လည်း မူတည်သေးတယ်လေ။ အကယ်၍ နတ်သမီးတွေက ရွှေမှင်နဲ့ ရေးထားတဲ့ ဇာတ်ညွှန်းမျိုး လာပြပြီး ပရိသတ်တွေအတွက်လည်း ကြည့်ရှုသင့်တဲ့၊ အရေးပါတဲ့ ဇာတ်လမ်းမျိုးဆိုရင်တော့ ကျွန်တော် ဆက်ပြီး သရုပ်ဆောင်ဖြစ်လောက်ပါတယ်။။ ဒါပေမယ့် ကျွန်တော် ဒီရုပ်ရှင်လောက,ကနေ ခေတ္တယာယီ အနားယူဖြစ်မှာတော့ သေချာပါတယ် … ”

“ကျွန်တော့်ရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝလေးကို တကယ်သဘောကျပါတယ်။ ပြီးတော့ ကျွန်တော် ကင်းဗတ်စပေါ်မှာ ပန်းချီရေးဆွဲရတာကို သဘောကျတယ်။ ကျွန်တော့်ရဲ့ ဘုရားတရားနဲ့ နေထိုင်တဲ့ ဘဝလေးကိုလည်း သဘောကျတယ်။ ပြီးတော့ ကျွန်တော်ခံစားမိတာ တစ်ခုရှိတယ်။ အချိန်ဆိုတာ ရှိနေသေးသရွေ့ တခြားနာမည်ကျော်နေတဲ့ သူတွေဆီကတော့ ခင်ဗျားတို့ ဒီလိုစကားမျိုး ကြားရမှာ မဟုတ်လောက်ဘူးဗျ။ အဲဒါကတော့ ကျွန်တော့်မှာ ရှိတာတွေနဲ့ လုံလောက်နေပါပြီ။ ကျွန်တော် လုံလုံလောက်လောက် လုပ်ခဲ့ပြီးပြီ။ ဒီလောက်ဆို ကျွန်တော့်အတွက် တကယ် လုံလောက်ပါပြီ … “

photo via screenrant

သူပြောသွားတဲ့ စကားအတိုင်း ဆိုရင်တော့ Sonic the Hedgehog 2 အပြီးမှာ လုံးဝအနားယူသွားတာမျိူး မဟုတ်ရင်တောင် အရင်တစ်ခါကအတိုင်း အချိန်တစ်ခုထိ အနားယူသွားမှာ ဖြစ်လောက်ပါတယ်။ Jim Carrey ဟာ ပရိသတ်တွေ ချစ်ခင်လေးစားကြတဲ့ ဝါရင့်သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်တာကြောင့် သူ သရုပ်ဆောင်ဘဝကနေ အနားယူတော့မယ့်သတင်းဟာ သူ့ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular