HomeCelebs Update NewsInternationalTaylor Swift နဲ့အချစ်ရေးကို သိုသိပ်ထားရတဲ့ တကယ့်အကြောင်းရင်းကို ပြောပြလာတဲ့ Joe Alwyn

Taylor Swift နဲ့အချစ်ရေးကို သိုသိပ်ထားရတဲ့ တကယ့်အကြောင်းရင်းကို ပြောပြလာတဲ့ Joe Alwyn

Taylor Swift နဲ့ Joe Alwyn တို့ဟာ ၂၀၁၆ ခုနှစ် နှောင်းပိုင်းလောက်တည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပြီး ယနေ့အချိန်ထိ ခိုင်မြဲနေကြဆဲ ဖြစ်ပေမယ့် သူတို့ရဲ့အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ လူရှေ့ကို ထုတ်ပြလာတာ သိပ်မရှိပါဘူး။ လူမြင်ကွင်းကနေ ရှောင်ဖယ်ပြီး သိုသိုသိပ်သိပ် နေထိုင်ရတဲ့ တကယ့် အကြောင်းရင်းကိုတော့ သရုပ်ဆောင် Joe Alwyn က မကြာသေးခင်ကပဲ ပြောပြလာပါတယ်။

Joe Alwyn ဟာ သူ့ရဲ့ ဇာတ်လမ်းတွဲအသစ် ဖြစ်တဲ့ Conversations with Friends နဲ့ ပတ်သက်ပြီး Elle မဂ္ဂဇင်းနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာမှာ Taylor Swift နဲ့ အချစ်ရေးအကြောင်းကိုပါ ပြောသွားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို မီဒီယာတွေရှေ့မှာ သိပ်ထုတ်မပြဘဲ သိုသိုသိပ်သိပ် နေရတဲ့ အကြောင်းကတော့ တချို့လူတွေ ထင်ထားသလို မဟုတ်ဘဲ စပ်စုလွန်းပြီး တပါးသူရဲ့ ဘဝကို နှောင့်ယှက်လွန်းတဲ့ လူတွေရဲ့ ရန်က ကင်းဝေးချင်လို့ပါလို့ Joe က ပြောပါတယ်။

Photo: taylorswift13._.merve/ Instagram

“ပြောရရင် ကျွန်တော်က သိပ်ပြီးသတိထားနေလို့၊ private ဆန်ဆန် နေချင်လို့ရယ် မဟုတ်ပါဘူး။ တခြားကိစ္စတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို နေထိုင်တဲ့ သဘောပါပဲ။ ကျွန်တော်တို့ နေထိုင်နေတဲ့ culture ကိုက တခြားသူရဲ့အကြောင်းကို ကြိုက်လားမသိ၊ မကြိုက်လား မသိ၊ အရမ်းကြီး စပ်စုချင်၊ နှောင့်ယှက်ချင်ကြတာလေ။ ကိုယ်က ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြလေ၊ နေထိုင်လေ၊ ကိုယ်က မရည်ရွယ်ဘဲနဲ့တောင် ကိုယ့်ဆီက တစုံတခုက သူတို့ဆီ ပါသွားကြတာမျိုး မဟုတ်လား … ” လို့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို မီဒီယာတွေရှေ့မှာ မချပြတဲ့ အကြောင်းရင်းကို Joe က ရှင်းပြထားပါတယ်။

Photo: swift89world/ Instagram

Joe ဟာ Taylor အကြာဆုံး တွဲဖူးတဲ့ ပထမဆုံးချစ်သူ ဖြစ်ပြီး ယခုဆိုရင် သူတို့ရဲ့ ချစ်သူသက်တမ်းဟာ ခြောက်နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဒီလို ကာလကြာရှည် တွဲလာခဲ့ပေမယ့် သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ မီဒီယာတွေကိုလည်း သိပ်ပြီးပြောပြလေ့ မရှိသလို လူရှေ့မှာလည်း သိပ်ပြီး ထင်ထင်ပေါ်ပေါ် နေထိုင်လေ့ မရှိပါဘူး။ Joe နဲ့ ချစ်သူဖြစ်ရတဲ့ ခံစားချက်ကိုတော့ ၂၀၂၀ ခုနှစ်တုန်းက Taylor က အခုလို ပြောပြထားဖူးပါတယ်။

Photo: swiftie_fandom_13/ Instagram

“တကယ့် အံ့ဩစရာကောင်းပြီး balance ဖြစ်တဲ့ သာမန်ဘဝနဲ့ နေထိုင်နေတဲ့ လူတစ်ယောက်နဲ့ ကျွန်မက ချစ်ခဲ့မိတာလေ။ ကျွန်မတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သိုသိုသိပ်သိပ်လေးပဲ ထားဖို့ နှစ်ယောက်စလုံးက သဘောတူခဲ့ကြတာပါ။ ကျွန်မ ပျော်ပါတယ်။ ဒါပေမယ့် ကျွန်မ train လုပ်ခံထားရတဲ့ ပျော်ရွှင်ပုံ ပျော်ရွှင်နည်းမျိုးနဲ့တော့ မဟုတ်ပါဘူး။ တခြား မည်သူတစ်ဦးတစ်ယောက်မှ ပါဝင်စွက်ဖက်ခြင်း မရှိတဲ့ ပျော်ရွှင်မှုမျိုးပါ။ ပြောရရင် ကျွန်မတို့က ဒီတိုင်းလေးပဲ ပျော်ရွှင်နေကြတာပါ … ” လို့ Taylor က Joe နဲ့ အချစ်ရေးအကြောင်း ပြောပြထားပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular