HomeEntertainmentFilmJohn Cena ကို သမ္မတလောင်းအဖြစ် မြင်တွေ့ရမယ့် The Independent ရုပ်ရှင်ကားသစ် 

John Cena ကို သမ္မတလောင်းအဖြစ် မြင်တွေ့ရမယ့် The Independent ရုပ်ရှင်ကားသစ် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Cena ကိုတော့ ပရိသတ်တွေ အရင်က မမြင်ရသေးတဲ့ ပုံစံသစ်တစ်မျိုးနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ အဲဒါကတော့ John Cena ဟာ ဝါရင့်အော်စကာဆုရ သရုပ်ဆောင် Kathy Bates နဲ့အတူ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ သမ္မတလောင်းတစ်ယောက်အဖြစ် နိုင်ငံရေးဒရာမာ ရုပ်ရှင်သစ်တစ်ခုမှာ သရုပ်ဆောင်ဖို့ ရှိနေတာကြောင့်ပါပဲ။

The Independent လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ John Cena ဟာ မင်းသမီးကြီး Kathy Bates နဲ့အပြိုင် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးနဲ့အတူ အခြားသော နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Brian Cox နဲ့ Jodie Turner-Smith တို့လည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်ဦးမှာ ဖြစ်ပါတယ်။

Photo: johncenaoffiicial/ Instagram

ဇာတ်လမ်းကတော့ သမ္မတရွေးကောက်ပွဲရဲ့ အရေးကြီးဆုံးအချိန်ဖြစ်တဲ့ ရွေးကောက်ပွဲ နောက်ဆုံး ရက်သတ္တပတ်တွေမှာ ဇာတ်အိမ်တည်ထားပါတယ်။ လောကကြီးကို အကောင်းဆုံး ပြီးပြည့်စုံစေချင်တဲ့ စိတ်ဆန္ဒနဲ့ လူငယ်ဂျာနယ်လစ်မလေး (Jodie Turner-Smith)ဟာ သူမရဲ့ စံပြပုဂ္ဂိုလ်(Cox)နဲ့အတူ ရွေးကောက်ပွဲရဲ့ ကံတရားကို ကပြောင်းကပြန် လုပ်နိုင်တဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုကို လက်တွဲကာ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

John Cena နဲ့ Kathy Bates တို့ကတော့ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်အရွေးခံတဲ့ ပြိုင်ဘက်တွေအဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Photo: _kathybates/ Instagram

ဒီဇာတ်ကားကိုတော့ ယခုနှစ် နိုဝင်ဘာလမှာ နယူးယော့ခ်မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ရိုက်ကူးပေးမယ့် ဒါရိုက်တာကတော့ By The People: The Election Of Barack Obama မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးပေးခဲ့တဲ့ Amy Rice ဖြစ်ပါတယ်။

တကယ်တော့ ဒီဇာတ်ကားရဲ့ အမျိုးသား သမ္မတလောင်းဇာတ်ရုပ်နေရာမှာ မူလက The Rock လို့ သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း တကယ် သရုပ်ဆောင်ရွေးချယ်ပြီးချိန်မှာတော့ ဒီဇာတ်ရုပ်ကို John Cena က ရရှိသွားတာ ဖြစ်ပါတယ်။ ယခင်က John Cena ကို တိုက်ခိုက်ခန်းတွေမှာပဲ မြင်ခဲ့ရရာက အခုဆိုရင်တော့ နိုင်ငံရေးဒရာမာတစ်ခုမှာ မတူညီတဲ့ ဇာတ်ရုပ်နဲ့ မြင်တွေ့ရတော့မှာ ဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပါပဲ။

Glasgow

Source: deadline

(Zawgyi Version)

John Cena ကိုေတာ့ ပရိသတ္ေတြ အရင္က မျမင္ရေသးတဲ့ ပုံစံသစ္တစ္မ်ိဳးနဲ႔ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ John Cena ဟာ ဝါရင့္ေအာ္စကာဆုရ သ႐ုပ္ေဆာင္ Kathy Bates နဲ႔အတူ သမၼတေရြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ သမၼတေလာင္းတစ္ေယာက္အျဖစ္ နိုင္ငံေရးဒရာမာ ႐ုပ္ရွင္သစ္တစ္ခုမွာ သ႐ုပ္ေဆာင္ဖို႔ ရွိေနတာေၾကာင့္ပါပဲ။

The Independent လို႔ အမည္ရတဲ့ ဒီ႐ုပ္ရွင္ထဲမွာေတာ့ John Cena ဟာ မင္းသမီးႀကီး Kathy Bates နဲ႔အၿပိဳင္ သမၼတေရြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ေနတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးနဲ႔အတူ အျခားေသာ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Brian Cox နဲ႔ Jodie Turner-Smith တို႔လည္း ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ဦးမွာ ျဖစ္ပါတယ္။

Photo: johncenaoffiicial/ Instagram

ဇာတ္လမ္းကေတာ့ သမၼတေရြးေကာက္ပြဲရဲ့ အေရးႀကီးဆုံးအခ်ိန္ျဖစ္တဲ့ ေရြးေကာက္ပြဲ ေနာက္ဆုံး ရက္သတၱပတ္ေတြမွာ ဇာတ္အိမ္တည္ထားပါတယ္။ ေလာကႀကီးကို အေကာင္းဆုံး ၿပီးျပည့္စုံေစခ်င္တဲ့ စိတ္ဆႏၵနဲ႔ လူငယ္ဂ်ာနယ္လစ္မေလး (Jodie Turner-Smith)ဟာ သူမရဲ့ စံျပပုဂၢိဳလ္(Cox)နဲ႔အတူ ေရြးေကာက္ပြဲရဲ့ ကံတရားကို ကေျပာင္းကျပန္ လုပ္နိုင္တဲ့ လၽွို႔ဝွက္ႀကံစည္မွုတစ္ခုကို လက္တြဲကာ ေဖာ္ထုတ္သြားမွာ ျဖစ္ပါတယ္။

John Cena နဲ႔ Kathy Bates တို႔ကေတာ့ ေရြးေကာက္ပြဲမွာ သမၼတအျဖစ္ ဝင္ေရာက္အေရြးခံတဲ့ ၿပိဳင္ဘက္ေတြအျဖစ္ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

Photo: _kathybates/ Instagram

ဒီဇာတ္ကားကိုေတာ့ ယခုႏွစ္ နိုဝင္ဘာလမွာ နယူးေယာ့ခ္မွာ ရိုက္ကူးသြားမယ္လို႔ သိရပါတယ္။ ရိုက္ကူးေပးမယ့္ ဒါရိုက္တာကေတာ့ By The People: The Election Of Barack Obama မွတ္တမ္း႐ုပ္ရွင္ကို ရိုက္ကူးေပးခဲ့တဲ့ Amy Rice ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီဇာတ္ကားရဲ့ အမ်ိဳးသား သမၼတေလာင္းဇာတ္႐ုပ္ေနရာမွာ မူလက The Rock လို႔ သတင္းထြက္ေနခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း တကယ္ သ႐ုပ္ေဆာင္ေရြးခ်ယ္ၿပီးခ်ိန္မွာေတာ့ ဒီဇာတ္႐ုပ္ကို John Cena က ရရွိသြားတာ ျဖစ္ပါတယ္။ ယခင္က John Cena ကို တိုက္ခိုက္ခန္းေတြမွာပဲ ျမင္ခဲ့ရရာက အခုဆိုရင္ေတာ့ နိုင္ငံေရးဒရာမာတစ္ခုမွာ မတူညီတဲ့ ဇာတ္႐ုပ္နဲ႔ ျမင္ေတြ႕ရေတာ့မွာ ျဖစ္တာေၾကာင့္ စိတ္ဝင္စားစရာေကာင္းတာေတာ့ အမွန္ပါပဲ။

Glasgow

Source: deadline

RELATED ARTICLES

Most Popular