HomeEntertainmentFilmပထမဆုံး Teaser ထွက်ရှိလာတဲ့ John Cena ရဲ့ Peacemaker ဇာတ်လမ်းတွဲ

ပထမဆုံး Teaser ထွက်ရှိလာတဲ့ John Cena ရဲ့ Peacemaker ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Cena ဟာ ယခုနှစ်မှာ ထွက်ရှိထားတဲ့ The Suicide Squad ရုပ်ရှင်ဇာတ်ကားထဲက Peacemaker ဇာတ်ရုပ်နဲ့ DCEU ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။

အသက်(၄၄)နှစ်ရှိပြီ ဖြစ်တဲ့ John Cena ဟာ Suicide Squad ထဲက သူ့ရဲ့ဇာတ်ကောင်အတွက် Spin-off စီးရီးတစ်ခု ရရှိထားတာ ဖြစ်ပါတယ်။ သူ့ရဲ့  Peacemaker ဇာတ်လမ်းတွဲကိုတော့ လာမယ့် ဇန်နဝါရီလ(၁၃)ရက်နေ့မှာ HBO Max မှာ streaming ပြသမှာ ဖြစ်ပါတယ်။

ယခုပထမဆုံး ထွက်ရှိလာတဲ့ Teaser ထွေလာထဲမှာတော့ အဖြူရောင်အတွင်းခံနဲ့ Peacemaker ရဲ့ အမိုက်စားကကွက်တွေက ပရိသတ်တွေကို ထပ်ပြီးပွဲကျစေခဲ့ပါတယ်။ ဒါတင်မက သိမ်းငှက်ကြီးတစ်ကောင်လည်း cameo အနေနဲ့ ပါဝင်ထားသလို အဲဒီသိမ်းငှက်ကြီးက Peacemaker ကို အတောင်ပံတွေ ဖြန့်ကာ တရင်းတနှီး ပွေ့ဖက်ထားတဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ထားပါတယ်။

Peacemaker ကိုတော့ Suicide Squad ဖြစ်ရပ်အပြီး ထောင်ထဲမှာ ဆက်မနေရဖို့နဲ့ ကမ္ဘာကြီးကို ကူညီကယ်တင်ပေးဖို့ အခွင့်အရေး ပေးတဲ့အနေနဲ့ Task Force X အဖွဲ့မှာ ပါဝင်ဖို့ Clemson Murn က ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာတော့ Peacemaker နဲ့အတူ ဖိုက်တာမလေး Emilia Harcourt ၊ နည်းပညာနဲ့ ဗျူဟာကျွမ်းကျင်သူ John Economos နဲ့ အဖွဲ့ကို အသစ်ရောက်လာတဲ့ Adebayo တို့ ပါဝင်ပါတယ်။

Photo Credit: HBO Max

ဒီစီးရီးနဲ့ ပတ်သက်ပြီး ဩဂုတ်လမှာ ထွက်ရှိခဲ့တဲ့ Suicide Squad ရုပ်ရှင်ထဲမှာ credit scenes ထည့်သွင်းပြီး ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီစီးရီးဟာ အပိုင်း(၈)ပိုင်း ပါဝင်မှာ ဖြစ်ပြီး အပိုင်းအားလုံးကို ဒါရိုက်တာ James Gunn က ဇာတ်လမ်းရေးသားပေးထားပါတယ်။ ဒါ့အပြင် ပထမဆုံးအပိုင်း အပါအဝင် (၅)ပိုင်းကို သူကပဲ ရိုက်ကူးပေးထားပါတယ်။

Linda December

Source: people

(Zawgyi Version)

John Cena ဟာ ယခုႏွစ္မွာ ထြက္ရွိထားတဲ့ The Suicide Squad ႐ုပ္ရွင္ဇာတ္ကားထဲက Peacemaker ဇာတ္႐ုပ္နဲ႔ DCEU ထဲကို ဝင္ေရာက္လာသူ ျဖစ္ပါတယ္။

အသက္(၄၄)ႏွစ္ရွိၿပီ ျဖစ္တဲ့ John Cena ဟာ Suicide Squad ထဲက သူ႔ရဲ့ဇာတ္ေကာင္အတြက္ Spin-off စီးရီးတစ္ခု ရရွိထားတာ ျဖစ္ပါတယ္။ သူ႔ရဲ့  Peacemaker ဇာတ္လမ္းတြဲကိုေတာ့ လာမယ့္ ဇန္နဝါရီလ(၁၃)ရက္ေန႔မွာ HBO Max မွာ streaming ျပသမွာ ျဖစ္ပါတယ္။

ယခုပထမဆုံး ထြက္ရွိလာတဲ့ Teaser ေထြလာထဲမွာေတာ့ အျဖဴေရာင္အတြင္းခံနဲ႔ Peacemaker ရဲ့ အမိုက္စားကကြက္ေတြက ပရိသတ္ေတြကို ထပ္ၿပီးပြဲက်ေစခဲ့ပါတယ္။ ဒါတင္မက သိမ္းငွက္ႀကီးတစ္ေကာင္လည္း cameo အေနနဲ႔ ပါဝင္ထားသလို အဲဒီသိမ္းငွက္ႀကီးက Peacemaker ကို အေတာင္ပံေတြ ျဖန႔္ကာ တရင္းတႏွီး ေပြ႕ဖက္ထားတဲ့ ဇာတ္ဝင္ခန္းလည္း ပါဝင္ထားပါတယ္။

Peacemaker ကိုေတာ့ Suicide Squad ျဖစ္ရပ္အၿပီး ေထာင္ထဲမွာ ဆက္မေနရဖို႔နဲ႔ ကမၻာႀကီးကို ကူညီကယ္တင္ေပးဖို႔ အခြင့္အေရး ေပးတဲ့အေနနဲ႔ Task Force X အဖြဲ႕မွာ ပါဝင္ဖို႔ Clemson Murn က ခန႔္အပ္လိုက္တာ ျဖစ္ပါတယ္။ အဲဒီအဖြဲ႕ထဲမွာေတာ့ Peacemaker နဲ႔အတူ ဖိုက္တာမေလး Emilia Harcourt ၊ နည္းပညာနဲ႔ ဗ်ဴဟာကၽြမ္းက်င္သူ John Economos နဲ႔ အဖြဲ႕ကို အသစ္ေရာက္လာတဲ့ Adebayo တို႔ ပါဝင္ပါတယ္။

Photo Credit: HBO Max

ဒီစီးရီးနဲ႔ ပတ္သက္ၿပီး ဩဂုတ္လမွာ ထြက္ရွိခဲ့တဲ့ Suicide Squad ႐ုပ္ရွင္ထဲမွာ credit scenes ထည့္သြင္းၿပီး ပရိသတ္ေတြကို အသိေပးခဲ့တာ ျဖစ္ပါတယ္။ ဒီစီးရီးဟာ အပိုင္း(၈)ပိုင္း ပါဝင္မွာ ျဖစ္ၿပီး အပိုင္းအားလုံးကို ဒါရိုက္တာ James Gunn က ဇာတ္လမ္းေရးသားေပးထားပါတယ္။ ဒါ့အျပင္ ပထမဆုံးအပိုင္း အပါအဝင္ (၅)ပိုင္းကို သူကပဲ ရိုက္ကူးေပးထားပါတယ္။

Linda December

Source: people

RELATED ARTICLES

Most Popular