HomeEntertainmentFilmZoe Kravitz နဲ့ Robert Pattinson တို့ကို မြင်တွေ့ရမယ့် The Batman ရုပ်ရှင်ရဲ့ ဒုတိယထွေလာ 

Zoe Kravitz နဲ့ Robert Pattinson တို့ကို မြင်တွေ့ရမယ့် The Batman ရုပ်ရှင်ရဲ့ ဒုတိယထွေလာ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Warner Bros. နဲ့ DC ရဲ့ The Batman ရုပ်ရှင်ကတော့ ဒုတိယမြောက် ထွေလာ ထပ်မံထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ မင်းသား Robert Pattinson ကို Dark Knight အဖြစ် မြင်တွေ့ရမှာ ဖြစ်ပြီး Matt Reeves က ဇာတ်လမ်းရော၊ ရိုက်ကူးရေးမှာပါ ပူးတွဲ တာဝန်ယူပေးထားပါတယ်။

ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ် မတ်လမှာ ရုံတင်ပြသမှာ ဖြစ်ပြီး Robert Pattinson နဲ့အတူ Catwoman အဖြစ် Zoe Kravitz ၊ The Riddler အဖြစ် Paul Dano ၊ Alfred Pennyworth အဖြစ် Andy Serkis ၊ ရဲမှူး Jim Gordon အဖြစ် Jeffrey Wright နဲ့ Penguin အဖြစ် Colin Farrell တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

2020 DC FanDome မှာ ထွက်ရှိလာတဲ့ The Batman ရဲ့ ပထမဆုံးထွေလာထဲမှာတော့ The Riddler ကို မိန်းဗီလိန်ပုံစံမျိုးနဲ့ ပုံဖော်သွားတာ တွေ့ရပါတယ်။ သို့သော်လည်း အဲဒီအချိန်တုန်းက ဒီရုပ်ရှင်ဟာ ရိုက်ကူးဆဲပဲ ရှိသေးတာကြောင့် ထွေလာအနေနဲ့ ထုတ်ပေးဖို့ရာ ဖြတ်ညှပ်ကပ် လုပ်စရာ သိပ်မရှိသေးပါဘူး။ ယခုဆိုရင်တော့ ရိုက်ကူးရေးအားလုံး ပြီးစီးသွားပြီ ဖြစ်တာကြောင့် ဒုတိယထွေလာမှာတော့ ပရိသတ်တွေကို ပိုပြီးမေးခွန်းတွေ ထုတ်စရာ ပေးထားတာ တွေ့ရပါတယ်။

Photo via IMDb

ဒီတစ်ခေါက် ထွေလာထဲမှာတော့ The Riddler ထက် Catwoman နဲ့ Penguin တို့ရဲ့ ကာရိုက်တာတွေကို ပိုပြီးအာရုံစိုက် ပြသထားတာ တွေ့ရပါတယ်။ Collin Farrell ကတော့ သူ့ရဲ့ကာရိုက်တာ Oswald Cobblepot ဟာ ကောမစ်ထဲကအတိုင်း တပုံစံတည်း တူမှာမဟုတ်ကြောင်း ပြောထားပေမယ့် ထွေလာမှာ ပြထားသလောက်ထိကတော့ သူဟာ Batman ရဲ့ အတိုက်အခံဇာတ်ကောင်ဆိုတာ ရှင်းပါတယ်။

The Batman ရုပ်ရှင်ကတော့ ဒါရိုက်တာ Matt Reeves ရဲ့ လက်ရာကို ခံစားကြည့်ရှုရမှာ ဖြစ်ပြီး Robert Pattinson ရဲ့ ပွဲဦးထွက် Dark Knight ဇာတ်ရုပ်ကို ကြည့်ရှုရမှာလည်း ဖြစ်တာကြောင့် တကယ် စိတ်ဝင်စားစရာကောင်းနေပါတယ်။

Linda December

Source: screenrant

(Zawgyi Version)

Warner Bros. နဲ႔ DC ရဲ့ The Batman ႐ုပ္ရွင္ကေတာ့ ဒုတိယေျမာက္ ေထြလာ ထပ္မံထြက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ မင္းသား Robert Pattinson ကို Dark Knight အျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ၿပီး Matt Reeves က ဇာတ္လမ္းေရာ၊ ရိုက္ကူးေရးမွာပါ ပူးတြဲ တာဝန္ယူေပးထားပါတယ္။

ဒီဇာတ္ကားကေတာ့ ၂၀၂၂ ခုႏွစ္ မတ္လမွာ ႐ုံတင္ျပသမွာ ျဖစ္ၿပီး Robert Pattinson နဲ႔အတူ Catwoman အျဖစ္ Zoe Kravitz ၊ The Riddler အျဖစ္ Paul Dano ၊ Alfred Pennyworth အျဖစ္ Andy Serkis ၊ ရဲမွူး Jim Gordon အျဖစ္ Jeffrey Wright နဲ႔ Penguin အျဖစ္ Colin Farrell တို႔က ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

2020 DC FanDome မွာ ထြက္ရွိလာတဲ့ The Batman ရဲ့ ပထမဆုံးေထြလာထဲမွာေတာ့ The Riddler ကို မိန္းဗီလိန္ပုံစံမ်ိဳးနဲ႔ ပုံေဖာ္သြားတာ ေတြ႕ရပါတယ္။ သို႔ေသာ္လည္း အဲဒီအခ်ိန္တုန္းက ဒီ႐ုပ္ရွင္ဟာ ရိုက္ကူးဆဲပဲ ရွိေသးတာေၾကာင့္ ေထြလာအေနနဲ႔ ထုတ္ေပးဖို႔ရာ ျဖတ္ညႇပ္ကပ္ လုပ္စရာ သိပ္မရွိေသးပါဘူး။ ယခုဆိုရင္ေတာ့ ရိုက္ကူးေရးအားလုံး ၿပီးစီးသြားၿပီ ျဖစ္တာေၾကာင့္ ဒုတိယေထြလာမွာေတာ့ ပရိသတ္ေတြကို ပိုၿပီးေမးခြန္းေတြ ထုတ္စရာ ေပးထားတာ ေတြ႕ရပါတယ္။

Photo via IMDb

ဒီတစ္ေခါက္ ေထြလာထဲမွာေတာ့ The Riddler ထက္ Catwoman နဲ႔ Penguin တို႔ရဲ့ ကာရိုက္တာေတြကို ပိုၿပီးအာ႐ုံစိုက္ ျပသထားတာ ေတြ႕ရပါတယ္။ Collin Farrell ကေတာ့ သူ႔ရဲ့ကာရိုက္တာ Oswald Cobblepot ဟာ ေကာမစ္ထဲကအတိုင္း တပုံစံတည္း တူမွာမဟုတ္ေၾကာင္း ေျပာထားေပမယ့္ ေထြလာမွာ ျပထားသေလာက္ထိကေတာ့ သူဟာ Batman ရဲ့ အတိုက္အခံဇာတ္ေကာင္ဆိုတာ ရွင္းပါတယ္။

The Batman ႐ုပ္ရွင္ကေတာ့ ဒါရိုက္တာ Matt Reeves ရဲ့ လက္ရာကို ခံစားၾကည့္ရွုရမွာ ျဖစ္ၿပီး Robert Pattinson ရဲ့ ပြဲဦးထြက္ Dark Knight ဇာတ္႐ုပ္ကို ၾကည့္ရွုရမွာလည္း ျဖစ္တာေၾကာင့္ တကယ္ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

Linda December

Source: screenrant

RELATED ARTICLES

Most Popular