HomeEntertainmentFilmပြသချိန် Runtime အကြာဆုံး ဖြစ်လာမယ့် John Wick 4

ပြသချိန် Runtime အကြာဆုံး ဖြစ်လာမယ့် John Wick 4

ဒါရိုက်တာ Chad Stahelski ကတော့ John Wick 4 ဟာ Runtime အကြာဆုံး ဖြစ်လိမ့်မယ်လို့ ပြောသွားပါတယ်။ ဒါရိုက်တာ Chad Stahelski ဟာ John Wick Franchise ရဲ့ အစကတည်းက ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပဲ ဖြစ်ပြီး အသစ်ထွက်ရှိလာမယ့် လေးကားမြောက်မှာလည်း ဒါရိုက်တာအနေနဲ့ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းနေရာမှာတော့ Shay Hatten နဲ့ Michael Finch တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Keanu Reeves က ပြန်လည်ပါဝင်လာမှာ ဖြစ်သလို တခြားနာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Laurence Fishburne ၊ Ian McShane ၊ Lance Reddick ၊ Rina Sawayama ၊ Donnie Yen ၊ Shamier Anderson ၊ Bill Skarsgard ၊ Hiroyuki Sanada ၊ Scott Adkins နဲ့ Clancy Brown တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Chapter 3 ရဲ့ အဆုံးသတ်မှာ John Wick ဟာ သေနတ်နဲ့ ပစ်ခံခဲ့ရပြီး Bowery King က John Wick ကို ကယ်တင်ခဲ့တာကြောင့် သူတို့နှစ်ယောက်လုံးဟာ High Table နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

မကြာခင်ကပဲ ဒါရိုက်တာ Chad Stahelski ဟာ Collider နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ Netflix ရဲ့ Day Shift ရုပ်ရှင်ကားအတွက် ပရိုမိုးရှင်းဆင်းဖို့ အင်တာဗျူးခဲ့တာ ဖြစ်ပြီး တဆက်တည်းမှာပဲ John Wick 4 ရဲ့ သတင်းကိုပါ ပြောပြခဲ့ပါတယ်။ “ဒီရုပ်ရှင်ကတော့ အရင်က ထွက်ခဲ့တဲ့ သုံးကားလုံးထက် ပိုရှည်ပါမယ်။ ဒါပေမယ့်လည်း အရမ်းအရှည်ကြီးတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ ဖန်တီးမှုဟာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ …” လို့ ပြောခဲ့ပါတယ်။

photo via screenrant

ပထမဆုံး John Wick ရုပ်ရှင်ကတော့ ပြသချိန် (၁၀၁)မိနစ် ရှိပြီး ဒုတိယရုပ်ရှင်ကတော့ (၁၂၂)မိနစ်ရှိပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Chapter 3 ကတော့ ပြသချိန် (၁၃၁)မိနစ် ရှိပါတယ်။ ဒါရိုက်တာ Chad Stahelski ကတော့ သိပ်အရှည်ကြီးလည်း မဟုတ်ပါဘူးလို့ ပြောထားတာကြောင့် ဒီရုပ်ရှင်ဟာ ပြသချိန် သုံးနာရီလောက်အထိတော့ မရှည်သွားနိုင်ပါဘူး။ ဖြစ်နိုင်ချေ ရှိတာကတော့ ဒီရုပ်ရှင်ဟာ နှစ်နာရီခွဲ ပတ်ဝန်းကျင်လောက် ရှိသွားမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular