HomeEntertainmentFilmDonnie Yen နဲ့ Keanu Reeves တို့ အပြိုင်ကြမ်းထားတဲ့ John Wick 4 ထွေလာ

Donnie Yen နဲ့ Keanu Reeves တို့ အပြိုင်ကြမ်းထားတဲ့ John Wick 4 ထွေလာ

Keanu Reeves ရဲ့ John Wick 4 ကတော့ မကြာသေးခင်ကပဲ ထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ John Wick 4 ထဲမှာတော့ Keanu Reeves အပြင် Laurence Fishburne ၊ Ian McShane နဲ့ Lance Reddick တို့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး နာမည်ကြီး အက်ရှင်သရုပ်ဆောင်တွေ ဖြစ်တဲ့ Donnie Yen ၊ Shamier Anderson ၊ Hiroyuki Sanada ၊ Scott Adkins ၊ Rina Sawayama ၊ Bill Skarsgard နဲ့ Clancy Brown တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

John Wick: Chapter 3 – Parabellum ရဲ့ Opening Weekend အပြီးမှာပဲ Lionsgate ဟာ John Wick 4 ထွက်ရှိလာဦးမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ John Wick 5 အတွက်ပါ အတည်ပြုခဲ့ပါတယ်။ မူလတုန်းကတော့ ဒီရုပ်ရှင်နှစ်ကားလုံးကို တောက်လျှောက် ရိုက်ကူးသွားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ရောဂါကြောင့်ရော Keanu Reeves ရဲ့ The Matrix Resurrections ရိုက်ကူးရေးတို့ကြောင့်ရော အဲဒီအစီအစဉ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ John Wick 4 ကတော့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ စတင်ရိုက်ကူးခဲ့ပြီး  အောက်တိုဘာလမှာ ရိုက်ကူးရေး ပြီးဆုံးခဲ့ပါတယ်။

ယခုအချိန်မှာတော့ Lionsgate စတူဒီယိုဟာ John Wick 4 ရဲ့ ထွေလာကို Comic-Con ပွဲမှာ ပြသသွားပါတယ်။ ဒီထွေလာထဲမှာတော့ John Wick ဟာ High Table နဲ့ ဆက်လက် ရင်ဆိုင်ရတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် John Wick ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဒီထွေလာထဲမှာလည်း ပရိသတ်တွေကို ဖမ်းစားသွားမယ့် အက်ရှင်ဇာတ်ဝင်ခန်းတွေများစွာကို မြင်တွေ့လိုက်ရပါသေးတယ်။

John Wick 4 ထဲမှာတော့ John Wick ဟာ High Table ရဲ့ အဖွဲ့ဝင်အသစ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဲဒီအဖွဲ့ဝင်အသစ်တွေကတော့ Donnie Yen နဲ့ Bill Skarsgard တို့ သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Bill Skarsgard ရဲ့ ဇာတ်ကောင်ဟာ Screen Time တော်တော်ရရှိထားတာကြောင့် ဒီရုပ်ရှင်ထဲမှာ သူဟာ အဓိကကျတဲ့နေရာက ပါဝင်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

Donnie Yen ရဲ့ ဇာတ်ကောင်ကလည်း High Table ရဲ့ အဆင့်မြင့်အဖွဲ့ဝင် ဖြစ်ပြီး John Wick အတွက် အနိုင်ယူရတာ ခက်ခဲမယ့်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ John Wick 4 ကို ၂၀၂၃ ခုနှစ် မတ်လ (၂၄)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular